Saturday, January 25, 2014

Gmail အကောင့်ဟောင်းမှ လူများကို အကောင့်အသစ်ထဲသို့ ပြောင်းနည်း


 Gtalk အသုံးပြုသူတိုင်းမှာ အကောင့်တစ်ခုထက် ပိုပြီးရှိကြပါတယ်. အကောင့်အဟောင်းထဲက သူငယ်ချင်းတွေအားလုံးကို အကောင့်အသစ်ကို တစ်ယောက်ချင်း စီ ပြန်ပြီး လိုက်အပ်နေစရာ မလိုပါဘူး ။ အကောင့်တစ်ခု က သူငယ်ချင်းအကုန်လုံးကို နောက်အကောင့် တစ်ခုကို ပြောင်းထည့်တာပေါ့ ။
အရင်ဆုံးgmail ထဲကို ၀င် ။(အကောင့်အဟောင်းနော်) ။ အခု နောက်ပိုင်း mailကstyle တစ်မျိုး ပြောင်းသွားတော့ mail ရဲ့ ဘယ်ဘက် အပေါ်ထောင့် compose mail,inbox တို့ အပေါ်မှာ Contact ဆိုပြီး ရှိပါတယ် ။ အဲ့ထဲကို ၀င် .. ။အဲ့ဒါဆိုရင်အဲ့မှာ ကိုယ့်သူငယ်ချင်းတွေ အားလုံး ပေါ်လာပါလိမ့်မယ်။ အဲ့နေရာမှာ More Action ဆိုတဲ့ နေရာလေးကို နှိပ် ပြီးရင် export ...။ အဲ့လို export လုပ်လိုက်ရင်တော့ google က ဒေါင်းလုပ် ဖိုင်လေး တစ်ခုပေးပါလိမ့်မယ် ။ သူ့ အလိုလို .csv file ကို ရွေးပြီးသားမိုဒေါင်းလုပ်လုပ်လိုက်ပါ ။ တစ်နေရာရာမှာ saveလိုက်ပေါ့ ။ ပြီးရင် ပြောင်းထည့်ချင်တဲ့ အကောင့် အသစ်ထဲကို ၀င် ..။ ခုန က အဆင့်တွေအတိုင်း ပြန်သွား ။ ပြီးရင် More Action ထဲမှာ Import ကို နှိပ်။ပြီးရင် ခုန က ဒေါင်းလုပ် လုပ်ထားတဲ့ google.csv file ကိုရွေးပေးလိုက်ရင် မိမိရဲ့ အကောင့်အဟောင်းထဲက သူငယ်ချင်းတွေ အားလုံးအကောင့်အသစ်ထဲကို တစ်ဦးချင်းစီ လိုက်အပ်နေစရာမလိုတော့ပဲ ရောက်ရှိသွားပါလိမ့်မယ် ။ သူငယ်ချင်းတွေအားလုံးအဆင်ပြေကြပါစေ။

 မောင်(စွယ်စုံကျမ်း)
 https://www.facebook.com/photo.php?fbid=660346540672654&set=a.572785052762137.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...