Friday, January 24, 2014

**နိုင်ငံ တကာပြိုင်ပွဲ**

**နိုင်ငံ တကာပြိုင်ပွဲ**

ကမ္ဘာ့တပ်မတော်များအကြား ပေါင်မုန့်စား ပြိုင်ပွဲတစ်ခု ကျင်းပသည်။
တစ်ကြိမ်တည်းနှင့် မည်သည့်တပ်မတော်သားက အများဆုံး စားနိုင်သနည်း
ဆိုသည်ကို ဖော်ထုတ်မည့်ပွဲဖြစ်သည်။
ပထမဆုံး ဗလကောင်းသော အမေရိကန်စစ်သား ထွက်လာသည်။
ပေါင်မုန့် နှစ်လုံးကို စားလိုက်သည။် နောက်ထ ပ် မစားနိုင်တော့။
ပြင်သစ်စစ်သား ထွက်လာသည်။ပေါင်မုန့် နှစ်လုံးခွဲ စားလိုက်သည်။
နောက်ထပ်မစားနိုင်။
ဂျာမန်စစ်သား အလှည့်ရောက်လာသည်။ ပေါင်မုန့်လေးလုံး ကုန်အောင်
စားပြသည်။ သို့သော် နောက်ထပ် မစားနိုင်။
ရုရှားစစ်သားထွက်လာသည်။ တစ်လုံးကုန်အောင် မပြောနှင့၊် လေးပုံတစ်ပုံကိုပင်
အနိုင်နိုင် စားရသည်။
၎င်းစစ်သားကို ပြိုင်ပွဲဝင်ရန်အတွက် ရွေးချယ်စေလွှတ်လိုက်သည့်
တာဝန်ခံအရာရှိအား ရုရှားကာကွယ်ရေးဝန်ကြီး ဆင့်ခေါ်ပြီး ကြိမ်းသည်။
“ဘယ်လိုကောင်မျိုးကို မင်း ရွေးလွှတ်လိုက်တာလဲကွ ဟေ၊ ငါလို
အသက်ကြီးတဲ့လူတောင် ကြိုးစား စားရင် ပေါင်မုန့်တစ်လုံးတော့ ကုန်အောင်
စားနိုင်ပါတယ်ကွ”
တာဝန်ခံဗိုလ်မှူးက ပြန်ပြောသည်။
“တပ်သား အီဗန်နော့ အခုလို ဖြစ်သွားတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့လည်း
မစဉ်စားတတ်အောင် ဖြစ်ရပါတယ်။ ပြိုင်ပွဲ မစမီ ၁၀ မိနစ် အလိုမှာ ကျွန်တော်တို့
သူ့ကို ကြိုတင် လေ့ကျင့်ခိုင်းတုန်း ကတောင် တစ်ခါတည်းနဲ့ ၁၂ လုံးကုန်အောင်
စားပြလိုက်သေးတယ် ခင်ဗျ”

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...