Wednesday, January 22, 2014

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေးနိုဘယ်ဆုကြီး

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာကြောင့် ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေးနိုဘယ် ဆုကြီးကို ဘယ်လိုငြိမ်းချမ်းရေးစွမ်း စွမ်းတမန်ဆောင်ရွက် ချက် များ ကြောင့်ရခဲ့ တာပါလဲ ဘယ်ဒေသ ဘယ်အခြေအနေတွေ ငြိမ်းချမ်းသွားခဲ့ ပါသလဲ။

ဖြေ။ ။ အထူးထင်ရှားပြီး မြန်မာ ပြည်သူတွေ နဲ့သိပ်မစိမ်းတဲ့ သူကိုပြောပြမယ်နော်။ Ernest Hemingway က စာရေးဆရာ ပါ။ သူလည်း နိုဗယ်ဆုရခဲ့တယ်။ သူရခဲ့တဲ့ စာအုပ်က The Old Man and The Sea တဲ့ မြန်မာပြည်မှာ လည်း ဘာသာပြန် ကြပါတယ် ပင်လယ်ပြာနဲ့ တံငါအိုတဲ့ ဖတ်ဖြစ်အောင် တော့ ဖတ်ကြည့်လိုက်ပေါ။ ဘာသာပြန်သူလည်း ဆုရသွားပါတယ်။

ပြောပြချင်တဲ့အကြောင်းအရာက တော့ ရှင်းရှင်းလေးပါ။ အဖိုးကြီးတစ်ယောက်က ပင်လယ်ထဲထွက်ပြီး ငါးဖမ်းထွက်တဲ့ အကြောင်းလေးပါပဲ။ ဘာလို့ဆုရတာလဲ။ စာအုပ်က လေးစားစရာကောင်းတဲ့ စစ်နဲ့ငြိမ်းချမ်းရေးလို စာအုပ်ကြီး မဟုတ်ဘူး။ စာမျက်နှာ က ၁၂၇ မျက်နှာပဲ ရှိတယ်။ သူထဲပါတဲ့ အကြောင်းအရာကသာ မျိုးချစ်စိတ်ဓါတ်ရှင်သန်ရေးတရား ဆိုရင်လည်း ဟုတ်သေးတယ်။ ဘာမှ မဟုတ်တဲ့ အဖိုးအိုကြီး ငါးဖမ်းထွက်တဲ့ အကြောင်းအရာလေးက ဘာလို့ ကမ္ဘာကျော် နိုဗယ်ဆုရရှိသွားတာလဲ။

ပြောပြပါမယ်။ ပုံပြင်ရဲ့ ပေးချင်တဲ့ အဓိက Message ကြောင့်ပါ။ ပုံပြင်ထဲမှာ အဲဒီအဖိုးကြီးကို လူတော်တော်များက ကံမကောင်းတဲ့သူ ငါးမဖမ်း နိုင်တော့ဘူးလို့ ထင်မြင်လာကြတယ်။ ၈၄ ရက်လောက် ငါးမှမမိတာကိုး။ နောက်ဆုံးသူနောက်ကို လည်းဘယ်သူမှ မလိုက်တော့ဘူ။ မယုံကြည်ကြတော့လို့။တစ်ယောက်တည်းငါးဖမ်းထွက်ရတာပေါ့. အဘိုးကြီး ကံကောင်းသွားတာက ငါးမိသွားတယ်။မာလင်ငါးအကြီးစားလေ။ ဒီငါးမိလို့ကံဆိုးသွားတယ်။ သူမှာ အင်အားမရှိသလို လှေငယ်လေးကလည်း ချိနဲ့နေတယ်။ ငါးကို မဆွဲနိုင်ဘူး။ငါးဆွဲရာနောက်ပါသွားတယ် ၂ရက်၂ညတောင်။ စိတ်ဓါတ်ကျလွယ်သူသာဆို ငါးကိုလွှတ်ပေးလိုက်မှာ။ သူကတော့ ငါးကိုမလွှတ်ပေးဘူး။ ကံကောင်းသွားတယ် ငါးကို သူသတ်နိုင်ခဲ့တယ်။ ကံဆိုးတာက ငါးရဲ့သွေးကြောင်း ငါးမန်းတွေရောက်လာပြီး သူနဲ့တိုက်ခိုက်ရတယ်။ နောက်ဆုံးသူကမ်းပေါ်ပြန်ရောက်သွားတယ်။

ဒီပုံပြင်က လူတွေကို စိတ်ဓါတ်ခွန်အား အများကြီးဖြစ်စေခဲ့တယ်။ စာရေးသူရဲ့ မူလလိုရင်းကလည်းဒါပဲ။ အကြောက်တရားနဲ့သာ သူတိုက်ခဲ့ရင် အဖိုးကြီး ငါးကိုလည်း ရှုံးမှာပဲ။ ငါးမန်းတွေကိုလည်းရှုံးမှာပဲ။ ဇွဲကော သတ္တိကော ပန်းတိုင်ကိုပါ သူသိခဲ့တယ်။ သူဘာတစ်ခုကို မှ မစွန့်လွှတ်ခဲ့လို့ပဲ။ လူတွေကို စိတ်ဓါတ်ခွန်အားပေးနိုင်ခဲ့တယ်။ ဒါကြောင့် ဘာမှမဟုတ်တဲ့ ၁၂၇ ရွက်ရှိတဲ့ စာအုပ်သေးသေးလေးက စစ်နဲ့ ငြိမ်းချမ်းရေး စာအုပ်ကြီးလိုမျိုးဆုရ ခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည် သူဘာကြောင့်ဆုရခဲ့လဲ။ လူတွေကို စိတ်ဓါတ်ခွန်အား ပေးခဲ့တယ်။ သူမှာ ပန်းတိုင်ရှိတယ်။ သူမှာ ဇွဲရှိတယ် ။ သတ္တိရှိတယ်။ စစ်ဖိနပ်အောက် ပြားပြားဝပ်နေတဲ့ မြန်မာတွေ စိတ်ထဲမှာ မျော်လင့်ချက်ဆိုတဲ့ အရာကိုပေးခဲ့တယ်။ သူစိတ်ဓါတ်ကျသွားလား ။ လက်လျော့သွားလား။ သူအခုအချိန်အထိ သူရဲ့ ပန်းတိုင်ကို သူသွားနေတုန်းပဲ။ မြန်မာတိုင်းကို အိမ်မက်မက်ခွင့် ပေးခဲတယ်။ အဲဒါသူပဲ။

မေးတဲ့လူကမေးတတ်သလို ချက်ကျလက်ကျ ဖြေသွားတဲ့ SU Lay Yee ကိုလည်းလေးစားမိတယ်။ ရှယ်ပေးတဲ့ ကို Nay Zaw ကိုလည်း အထူးကျေးဇူးတင်ပါကြောင်း...

ရေးသူ - ကိုPyae Phyoe Aung
 
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာကြောင့် ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေးနိုဘယ် ဆုကြီးကို ဘယ်လိုငြိမ်းချမ်းရေးစွမ်း စွမ်းတမန်ဆောင်ရွက် ချက်များ ကြောင့်ရခဲ့ တာပါလဲ ဘယ်ဒေသ ဘယ်အခြေအနေတွေ ငြိမ်းချမ်းသွားခဲ့ ပါသလဲ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...