Tuesday, January 28, 2014

Myanmar Youth Media Club 26 Jan 2014

MYMC - MYMHOT



Posted: 26 Jan 2014 05:56 AM PST
City Life & Healthနှစ်ပေါင်းများစွာ လူပေါင်း အဆက်ဆက် ငြင်းခုန် လာကြတဲ့ အကြောင်းအရာလေး တစ်ခု ရှိပါတယ်။ အဲဒါကတော့ "မြို့ ပြမှာ နေတာ ကောင်းလား ဒါမှမဟုတ် ကျေးလက်မှာ နေတာ ကောင်းလား" ဆိုတဲ့ မေးခွန်းပါပဲ။
နှစ်ပေါင်းများစွာ လူပေါင်း အဆက်ဆက် ငြင်းခုန် လာကြတဲ့ အကြောင်းအရာလေး တစ်ခု ရှိပါတယ်။ အဲဒါကတော့ "မြို့ပြမှာ နေတာကောင်း လား ဒါမှမဟုတ် ကျေးလက်မှာ နေတာ ကောင်းလား" ဆိုတဲ့ မေးခွန်းပါပဲ။ အခုလဲ ဒီမေးခွန်းနဲ့ ပတ်သက်လို့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အ ကြောင်းအချက် လေးတွေနဲ့ နှိုင်းယှဉ်ပြီး ဆက်ငြင်း လိုက်ရ အောင်ဗျာ။



ကိုယ်ကျန်းမာရေး
ကျန်းမာရေး ဖက်က ကြည့်ရင် မြို့ပြဒေသ တွေဟာ ကျေးလက် ဒေသနဲ့ ယှဉ်ရင် သန့်ရှင်းတဲ့ သဘာဝ လေထု၊ ရေထု နည်းပါး ပါတယ်။ ဒါ ကြောင့် မြို့ပြ ဒေသနေ လူထုဟာ ပန်းနာ ရင်ကျပ်၊ ဓာတ်မတည့်မှု၊ မျက်စိ ခြောက်သွေ့မှု စတဲ့ ညစ်ညမ်းတဲ့ ပတ်ဝန်းကျင်က တစ်ဆင့် ဖြစ်တဲ့ ရောဂါတွေ အဖြစ်များ ပါတယ်။ အထူးသဖြင့် မြို့ပြနေ ၀င်ငွေ နည်းပါးတဲ့ မိသားစု တွေဟာ ကျန်းမာရေး စောင့်ရှောက်မှု မပြည့်စုံဘဲ ရောဂါ တွေ အဖြစ်များ ကြပါတယ်။ ကျေးလက် ဒေသနေ လူထု အတွက် ကျန်းမာရေး ဆုလာဒ် အဖြစ် အဖိုး မဖြတ် နိုင်တဲ့ သဘာဝ သန့်ရှင်းတဲ့ လေထု၊ ရေထု အပြင် လတ်ဆက်တဲ့ အသားငါး၊ အသီး အနှံတွေ ရှိနေ ပါတယ်။ မြို့ပြ နေသူတွေ အဖို့ အစားအသောက် လတ်ဆက်မှု ပြ ဿနာကို ရေခဲ သေတ္တာတွေ သုံးပြီး ဖြေရှင်း ကြပေမယ့် အစားအသောက် အတု ပြဿနာ ကိုတော့ ရှောင်ရှားလို့ မရပါဘူး။ ဆီ၊ ဆန် စတဲ့ အ ခြေခံ စားသောက်ကုန် တွေကပါ အတုတွေ၊ အရောတွေ ဖြစ်ကုန် ကြတာမို့ စိတ်မချ ရပါဘူး။ ကျေးလက် နေသူတွေ ကတော့ ကိုယ်တိုင် စိုက်ပျိုး မွေးမြူ စားသောက် တာကြောင့် အစား အသောက်နဲ့ ပတ်သက်လို့ ကျန်းမာရေး အရ ညီညွတ် ကြပါတယ်။ ဒါတင် မကပါဘူး။ ကျေး လက်နေ ကလေး တွေဟာ မြို့နေ ကလေး တွေထက် ကစား ခုန်ပေါက်ခွင့် ပိုရတာကြောင့် ပိုကျန်းမာ ကြပါတယ်။ တော်ရုံ တန်ရုံ ဖျားနာ တာလဲ ခံနိုင်ရည် ရှိကြ ပါတယ်။ မြို့နေ ကလေးတွေ ကတော့ တိုက်တာနဲ့ နေတာများပြီး အရုပ်၊ ဂိမ်းနဲ့ပဲ ဆော့နိုင် ကြပါတယ်။


City Life & Health

သို့ပေငြား သော်လည်း ရောဂါ ကြီးကြီးမားမား ဖြစ်ကြပြီ ဆိုပါတော့။ အဲဒီလို အခြေအနေ မျိုးကြတော့ ကျေးလက်နေ လူထုအတွက် သဘာဝ ဆေးမြစ် တွေက ရေတို ကုပေး နိုင်ပေမယ့် ရေရှည် အတွက် နေထိုင်ရာ ဒေသမှာပဲ ကောင်းမွန်တဲ့ ကျန်းမာရေး ကုသမှု ရဖို့ကတော့ မရှိသ လောက် ပါပဲ။ အဲဒီ အချိန် မျိုးမှာ မြို့ပြနေ လူထု အတွက် ကတော့ ပေါများ လှတဲ့ မြို့ပြ ကျန်းမာရေး ဆေးခန်း၊ ဆေးရုံ တွေက လက်လှမ်း မီမီနဲ့ အချိန်မီ ကုသလို့ ရတာကတော့ ကောင်းတဲ့ အချက် တစ်မျိုးပါပဲ။

City Life & Health

စိတ်ကျန်းမာရေး
ကမ္ဘာကြီးမှာ တိတ်ဆိတ် ငြိမ်သက်တဲ့ မြို့ပြ ရယ်လို့ မရှိပါဘူး။ မနက်တိုင်း ထကြွ လှုပ်ရှား နေကြတဲ့ လူသံ၊ ကားသံ၊ ဆူညံတွေနဲ့ ပြည့် နှက်နေပြီး ညဖက်ဆို ကောင်းကင် မှောင်မှောင် အောက်က စူးမြတဲ့ အလင်းရောင် တွေနဲ့ ထိန်ထိန်လင်း နေတဲ့ ဒီမြို့ပြ သဘာဝ ဖိအား တွေက လူ့စိတ် ကျန်းမာရေးကို အနည်းနဲ့အများ ထိခိုက်မှု ရှိပါတယ်။ ထိခိုက်မှု အကျိုးဆက် အနေနဲ့ စိတ်လှုပ်ရှားမှု၊ စိတ်ကျမှု စတဲ့ လက္ခဏာတွေ အပြင် စိတ်နဲ့ ပတ်သက်နဲ့ ရောဂါတွေ အထူးသဖြင့် ကင်ဆာလို ရောဂါ မျိုးတွေ ဖြစ်နိုင် ပါတယ်။ ကျေးလက် မှာတော့ တိတ်ဆိတ်တဲ့ ပတ် ၀န်းကျင်နဲ့ ခင်ကျင်း ထားတာမို့ စိတ်အေး လက်အေးနဲ့ နေထိုင် နိုင်တာကြောင့် မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်ဖို့ နည်းပါတယ်။ အထူးသ ဖြင့် အသက်ရှည်ရှည် နေနိုင်ပြီး အသက်ကြီး သူတွေ အနေနဲ့ ကြည့်ရင်လဲ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်က လူ့စိတ်ကို ကျန်းမာ စေပါတယ်။


City Life & Health

အထက်ပါ ဆွေးနွေး ခဲ့တဲ့ အချက်အလက် တွေမှာ ကျေးလက် ဒေသ ကောင်းကြောင်းတွေ များပေမယ့် ဘ၀ တိုးတက်ရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ချိန်ထိုးလိုက် ရင်တော့ မြို့ပြ ဒေသက အပြတ်အသတ် အသာရတာ တွေ့ရမှာပါ။ ဘယ်လိုပဲ ဆိုဆို ဘယ်လို ဒေသမှာပဲ နေနေ ကိုယ့်ကျန်းမာ ရေးနဲ့ နေထိုင်မှု ဘ၀ ဖြစ်စဉ် ကောင်းတာ၊ မကောင်းတာ တိုးတက်တာ၊ မတိုးတက် တာဟာ အဓိက ကိုယ်နဲ့ပဲ ဆိုင်တာ ကိုတော့ သတိပြုသင့် ပါတယ်။ "မိမိကိုယ်သာ အားကိုးရာ" ဆိုတဲ့ ဆောင်ပုဒ်လို ကိုယ့်ကိုကိုယ် အားကိုးပြီး ဂရုစိုက် ရှင်သန်ကြရင် ဘယ်သူမဆို ကျန်းကျန်းမာမာ ချမ်းချမ်း သာသာ နေနိုင်ကြမှာ ဖြစ်ပါကြောင်း တင်ပြလိုက် ရပါတယ်ဗျာ။

Images from io9. Source from io9.com


Author

Paing Hmu Ko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...