Thursday, January 30, 2014

Myanmar Youth Media Club 28 Jan 2014

MYMC - MYMHOT



Posted: 28 Jan 2014 05:28 PM PST
Internship Challenges
လုပ်ငန်း အတွေ့အကြုံ ရယ်လို့ မရှိ သေးခင် အလုပ်သင် ဘ၀မှာ တွေ့ကြုံ နိုင်တဲ့ မမျှော်လင့် ထားတဲ့ အခက် အခဲတွေ စိန်ခေါ်မှု တွေကို ဘယ်လို ဖြေရှင်း ကြမလဲ။
လုပ်ငန်း အတွေ့အကြုံ ရယ်လို့ မရှိ သေးခင် အလုပ်သင်ကာလမှာ ကျွန်တော်တို့ဟာ မရည်ရွယ် မမျှော်လင့်ထားတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရပါတယ်။
ကျွန်တော်တို့ဟာ သာမာန်အားဖြင့် အခြေအနေ အသစ် တစ်ခုကို ရောက်ရှိ သွားတဲ့ အခါ အဆင်ပြေ ချောမွေ့ မှုတွေကို မျှော် လင့် ထားတတ် ပါတယ်။ ပြီးတော့ မျှော်လင့်သလို ဖြစ်လာ မယ်လို့လဲ တွေ့ထား ပါတယ်။ ဒီလို အခြေအနေဟာ ကျွန်တော်တို့ရဲ့ လုပ်ငန်း ဆိုင်ရာ မှာပဲ ဖြစ်ဖြစ် ပုဂ္ဂိုလ်ရေး ဆိုင်ရာမှာပဲ ဖြစ်ဖြစ် ကြီးပြင်း ရင့်ကျက် လာစေဖို့ အခွင့်အလမ်း တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကံမကောင်း စွာနဲ့ပဲ တစ်ခါ တစ်ခါမှာ ကျွန်တော် တို့ မလုပ် နိုင်သေးတဲ့ စိန်ခေါ်မှု တွေကို ကြုံတွေ့လာ တာမျိုးလဲ ရှိပါသေး တယ်။ ခင်ဗျား မှတ်ထား ရမဲ့ အရေးကြီးတဲ့ အရာ နှစ်မျိုး ကတော့ ဘယ်လို အခြေအနေမှာ ပဲဖြစ်ဖြစ် ခင်ဗျားရဲ့ professionalism ကိုထိန်း သိမ်းဖို့နဲ့ အလုပ်ရှင်နဲ့ ခင်ဗျား နှစ်ဦးလုံး အကျိုးအမြတ် ရှိစေမဲ့ နည်းလမ်း ကိုသာ ရွှေးချယ် ဖို့ပဲ ဖြစ်ပါတယ်။ အလုပ်သင် ဘ၀မှာ ကြုံတွေ့လာမဲ့ အခက်အခဲ တွေကို ဘယ်လို ဖြေရှင်း မလဲဆိုတာ အောက်မှာ ဖတ်ကြည့် ပါအုံး။



၁။ အလုပ်သင် ဘ၀ဆိုတာ ခင်ဗျား ထင်ထား သလို မဟုတ် ပါဘူး။
အလုပ် သင်ဘ၀ ကို ချောချောမွေ့မွေ့ ဖြတ်သန်း ဖို့အရေး ကြီးဆုံး အချက် ကတော့ ခင်ဗျား ဘာတွေ မျှော်လင့် ထားသလဲ ဆိုတာကို supe rvisor နဲ့ အတူတကွ ဆွေးနွေး ထားလို့ လိုပါမယ်။ ဒီလို ဆွေးနွေး ထားမယ် ဆိုရင် ခင်ဗျား အနေနဲ့ ခင်ဗျား လိုချင်တာနဲ့ မျှော်လင့်ထားတာ နဲ့ ကိုက်ညီ သလား ဆိုတာကို အမြဲတမ်း ညှိနှိုင်း နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့သာ အလုပ်ခွင် မစခင် အင်တာဗျုး ကတည်းက လိုချင်တဲ့ အ ချက်တွေ မရရှိ ထားဖူး ဆိုရင် အထက် အရာရှိနဲ့ တွေ့ဆုံ ပြီး နှစ်ဦးသား သဘောတူ ညီမှု ရယူ ထားနိုင် ပါတယ်။ ဒါပေမဲ့ အရေးကြီးတာ က ခင်ဗျားနဲ့ အထက် လူကြီးရဲ့ ဆွေးနွေး မှုဟာ အမြဲ အပြု သဘော ဆောင်တဲ့ အရာ တွေဖြစ် ရမှာပါ။ ဒါမှ ခင်ဗျား ဘယ်နေရာ မှာလိုအပ် တယ်။ ဘယ်နေရာ မှာတော့ သင်ကြားဖို့ လိုတယ်။ ဘယ်နေရာမှာ ပိုပြီး စိတ်ဝင်စား တယ်ဆိုတာ သူတို့ သိပြီးတော့ အလုပ်လုပ်တဲ့ အဖွဲ့အစည်း မှာပါ အကျိုး သက်ရောက် မှုရှိ မှာပါ။ များသော အားဖြင့် အလုပ်ရှင် တွေဟာ သူတို့ အလုပ်ခွင်မှာ တက်ကြွပြီး အပြုသဘော ဆောင်တဲ့ အလုပ်သ မား တွေ၊ အလုပ် သင်တွေ အပေါ် လေးစား ကြပါတယ်။ လိုအပ် ချက်တွေ၊ မျှော်လင့် ချက်တွေကို အပြု သဘော ဆောင်စွာ ဖွင့်ချ ဆွေးနွေး ခြင်းက နှစ်ဦး နှစ်ဖက် အတွက် ရလဒ် ကောင်းတွေ ဖြစ်ပေါ် စေပါတယ်။


Internship Challenges

၂။ တကယ် လို့များ ကိုယ်နဲ့ တိုက်ရိုက် ပတ်သတ် ရမဲ့ အထက် အရာရှိ နဲ့ အငြင်း ပွားမှု ဖြစ်ခဲ့ ရင် ဘယ်လို လုပ်မလဲ။
ဒီနေရာ မှာလဲ ခင်ဗျား လိုအပ် ချက်တွေ မျှော်လင့် ထားတာ တွေကို ရိုးရိုး သားသား ဆွေးနွေး ထားခြင်းက စိတ်ဖိစီး မှုများ စေတဲ့ အခြေအ နေကို ကျော်လွှား နိုင်ပါမယ်။ များသော အားဖြင့် အထက် အရာရှိ တွေက သူတို့ သင်ပေး နေတဲ့ အချိန်မှာ အလုပ်သင် တွေကို ကောင်းမွန်ပြီး အပြု သဘော ဆောင်တဲ့ အတွေ့ အကြုံတွေကို ရစေလို ကြပါတယ်။ ကွဲပြား တဲ့အမြင် ဆိုတာကတော့ ဘ၀ရဲ့ နေရာ တိုင်းမှာ ရှိပြီး ကိုယ် ပိုင် အရည်အသွေးကို လိုက်လို့ အခက်အခဲတွေ ကိုဘယ်လို ရင်ဆိုင် မလဲ ဆိုတာက အလုပ် သင်ဘ၀နဲ့ အနာဂါတ် career အတွက် ကြီးမား တဲ့ သင်ယူ လေ့လာမှု တစ်ရပ် လဲဖြစ်ပါတယ်။ နောက်ပြီးတော့ ခင်ဗျား အထက် လူကြီးရဲ့ ခင်ဗျား ဆီက လိုချင်တဲ့ အချက်တွေ မျှော်လင့်ထား တာ တွေကိုလဲ သတိပြု ထားရမှာပါ။ ပြဿနာ တစ်ရပ်ကို လျစ်လျူ မရှုပဲ ကိုယ်တွယ် ဖြေရှင်း  လိုက်တာက အဲ့ပြဿနာ ကိုပြေလည် စေဖို့ အ ကြောင်း တစ်ရပ် ဖြစ်ပါတယ်။


Internship Challenges

၃။ ဘာလုပ် ရမှန်း မသိပဲ ဖြစ်နေတတ် တာမျိုးကို ဘယ်လို ဖြေရှင်း မလဲ။
ဒါက လွယ်ကူတဲ့ အချက်ပါ။ လုပ်စရာ မရှိဘူးလို့ ခင်ဗျား ခံစား ရရင် အထက် လူကြီးကို တင်ပြ ပြီးအလုပ် တောင်းခံပါ။ အလုပ်သင် အချိန်ဟာ လေ့လာ ဖို့အတွက် အကောင်းဆုံး အခွင့် အရေး တစ်ရပ်ပါ။ တကယ်လို့များ ကိုယ့်အလုပ် နေရာ ဌာနမှာ တကယ်ပဲ အလုပ် မရှိဘူးဆို တစ်ခြား ဌာန သွားပြီး ကူညီဖို့ တင်ပြ တောင်းခံ နိုင်ပါတယ်။ ဒီအကြံ ပေးချက် ကအလုပ် မဖြစ်ခဲ့ဘူး ဆိုရင်တော့ အလုပ် ခွင်နဲ့ ပတ်သတ် တဲ့စာတွေကို ဖတ်ရင်း၊ သတင်း အချက် အလက် တွေကို လုပ်ဖော် ကိုင်ဖက် တွေဆီက ရယူရင်း ခင်ဗျား သိထား တာတွေနဲ့ သူတို့ သိထား တာတွေကို ဖ လှယ် ရင်းနဲ့ အချိန် ကုန်ဆုံး စေနိုင် ပါတယ်။


Internship Challenges

၎။ တကယ်လို့များ ရုံးရဲ့ အတွင်း ရေးရာ တွေက ကိုင်တွယ် ဖို့ခက်ခဲ နေခဲ့ရင် ဘယ်လို လုပ်မလဲ။
အလုပ် သင်တွေ၊ လူသစ် တွေအ နေနဲ့ အတွင်း အရေး အရာ တွေနဲ့ ဝေးနိုင် သမျှ ဝေးအောင် နေဖို့ အကြုံ ပြုလို ပါတယ်။ ကိုယ့်ကိုယ်ကိုယ် professional အနေနဲ့ မြှင့်တင် ချင်တယ် ဆိုရင် နောက်ကျော ကိုဓါးထိုး မှုတွေ၊ အနှတ် လက္ခာ ဆက်ဆံ ရေးတွေက ခင်ဗျားရဲ့ personal နဲ့ professional ရည်မှန်း ချက်တွေကို အနှောင့် အယှက် ဖြစ်စေ ပါမယ်။ တကယ်တော့ professional အသစ် တစ်ယောက် အနေနဲ့ ဒီလို အ ခက် အခဲတွေကို ကိုင်တွယ် စွမ်းရှိတာက သင်ကြားမှု အတွေ့ အကြုံ သစ် တစ်ခုပဲ ဖြစ်ပါတယ်။ ပွင့်လင်း ပြီးတော့ အပြု သဘော ဆောင်တဲ့ ရိုး သားတဲ့ ဆက်ဆံ ရေးတွေက လုပ်ငန်း ခွင်အခက် အခဲတွေကို စစ်ထုတ် ပေးသွား နိုင်ပါတယ်။ ခင်ဗျားရဲ့ ရင့်ကျက် မှုကို ဖော်ပြလို့ ခက်ခဲတဲ့ အနေ အထား တွေကို ကိုင်တွင် နိုင်တယ် ဆိုတာ ကလဲ အလုပ်ရှင် ကနေပြီး ခင်ဗျားရဲ့ လူမှု ဆက်ဆံ ရေး၊ ပြဿနာ ဖြေရှင်း နိုင်စွမ်းနဲ့ တစ် ယောက်နဲ့ တစ်ယောက် ဆက်သွယ် ရေး စွမ်းရည် အပေါ် အပြု သဘော ဆောင်တဲ့ အထင်ကြီး မှုကို ဖြစ်စေပြီး တခြား အရာတွေ အပေါ် ကိုင် တွယ် နိုင်စွမ်းကို အသိ အမှတ် ပြုခံ ရမှာ ဖြစ်ပါတယ်။


Internship Challenges

Images from internjustice, fastcompany, theprovince, brightfutura, rollins. Source: internships.about.com

Author

Mai Shine

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...