Friday, January 24, 2014

Finland နိုင်ငံရဲ့ ပညာရေးစနစ်


Finland နိုင်ငံရဲ့ ပညာရေးစနစ်ကတော့ထူးခြားတယ် ယူနီဖောင်းမရှိဘူး .. ၀င်ခွင့်စာမေးပွဲမရှိဘူး .. ၀င်ကြေးမပေးရဘူး .. အချိန်ဇယားတွေမရှိဘူး .. လူတန်းစားခွဲခြားတာမရှိဘူး ကျောင်းကို အသက် ၇ နှစ်မပြည့်ပဲ ဘယ်သူမှ တက်ခွင့်မရှိဘူး ပြီးတော့ ကလေးတွေကို သူတို့အရည်အသွေးအပေါ်မူတည်ပြီး အုပ်စုခွဲထားတယ်။
( ဥပမာ စာလုပ်တာ မလုပ်တာ ဥာဏ်လိုက်နိုင်တာမလိုက်နိုင်တာ လိမ္မာရေးခြားရှိမရှိ ) ကလေးတွေကို ဆရာဆရာမတွေက အနီးကပ်စောင့်ရှောက်ပြီး သူတို့ကိုခေါ်ရင် နာမည်ရှေ့ဆုံးစာလုံးပဲခေါ်တယ် ဘယ်ကျောင်းသားမှ ညဖက်ကို နာရီဝက်ကျော်ပြီး အိမ်စာမလုပ်ရဘူး ၂၀၀၀ ခုနှစ်ကတည်းက Finland နိုင်ငံက အချိန်ဇယားတွေနဲ့ပြည့်နှက်နေတဲ့ ပညာရေးစနစ်ကို ရပ်တန့်ခဲ့တာဖြစ်ပါတယ် ။
-------------------------------- ဒီသတင်းလေးဖတ်ပြီးတော့ ကိုယ့်ဆီကကလေးတွေ မနက်မိုးလင်းမိုးချုပ် တကုပ်ကုပ်နဲ့လူရုပ်တောင်မပေါ်တော့ ကျူရှင်-ကျောင်း ၊ ကျောင်း- ကျုရင် - ဒီကြားထဲ ဂိုက်တွေနဲ့ အချိန်တွေပြည့် နားချိန်မရှိ နွေရာသီကျောင်းပိတ်ရက်လေးတောင်အနားမရပဲနောက်တစ်တန်းအတွက် အချိန်ဇယားတွေအပြည့်နဲ့ဆိုတော့ ကလေးတို့ဘ၀ ဦးနှောက်ဖွံ့ဖြိုးမှုကို ဖိနှိပ်စေတဲ့ ဒီလို ပညာရေးစနစ်အချိန်ဇယားကြီးဖြစ်ထွန်းလာတာကို စိတ်ထဲဘ၀င်မကျမိတာတော့အမှန်ပါပဲ .. စာ ကြိုးစားတာတော့ကြိုးစားတာပေါ့ စာကို Pressure ကြီးတစ်ခုအနေနဲ့ပဲ စာဖတ်ရတာပျော်အောင် စာကျက်နေရတာကို ကလေးတွေကိုယ်တိုင်က လိုလိုလားလား နဲ့ ကျက်ချင်လာအောင်လုပ်နိုင်တဲ့ပညာရေးစနစ်မျိုး နောက်ပြီး ကလေးဆိုတာ ကစားရမှာပဲ ကလေးသဘာဝ ပျော်ပျော်ရွှင်ရွှင်နေရမှာပဲ အခုတော့ ၃ နှစ် ၄ နှစ်လောက်ဆို ဒီစာအုပ်တွေက သူတို့ဦးနှောက်ကို စတင်နှိပ်စက်ကြပြီ Brain Development ဆိုတာ ဘာ Pressure မှမရှိပဲ ကလေးတို့သူ့အသက်အရွယ်အလိုက် စူးစမ်းလေ့လာ သင်ယူလိုစိတ်ရှိတာပိုကောင်းပါတယ် “ အဖေ ဒါကို ဘယ်လိုခေါ်လဲဟင် ” “ သွားကွာ ..မင်းအမေသွားမေး ဒီမှာ ငါအလုပ်ရှုပ်နေတယ် မမြင်ဘူးလား တယ် ရိုက်လိုက်ရ ” ဆိုတဲ့ မိဘမျိုးတွေ များနေသရွေ့ ဒီကလေးတွေရဲ့ အနာဂါတ်ဟာ မှောင်မိုက်နေဦးမှာပါပဲ “ပညာရေးစနစ်ပြောင်းလဲလာမယ့် နိုင်ငံတကာနဲ့အဆင့်မှီ ရင်ဘောင်တန်းနိုင်မယ့် နေရောင်ခြည်သာမယ့်နေ့ကိုမျှော်လင့်နေမိပါကြောင်း ” ဒီက ဘွဲ့ရတွေ တခြားနိုင်ငံမှာ အတန်းနိမ့်တွေကနေပြန်တက်နေရတာတွေကြားမိတော့ ဘွဲ့ချင်းအတူတူ တို့ကပဲ ဥာဏ်ရည်နိမ့်နေလို့လား ဆိုတာ တွေးမိလာတယ် 

သက်တန့်ချို 

Photo : Almost Hit A Billion

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...