Thursday, January 23, 2014

Myanmar Youth Media Club 22 Jan 2014

MYMC - MYMHOT



Posted: 22 Jan 2014 06:48 PM PST
Broken Heart Syndrome

လူတွေမှာ အသည်းကွဲလို့ သေနိုင်ပါသလား။ အချိန်က အကောင်းဆုံး သမားတော် ဆိုပေမယ့် တချို့လူတွေ အတွက်ကတော့ အသည်းကွဲတာဟာ အသက်ဆုံးတဲ့ အထိ ဖြစ်နိုင်ပါတယ်တဲ့။
အရွယ်ရောက် ပြီးသား လူတစ်ယောက်အဖို့ အသည်းကွဲတယ် ဆိုတဲ့ ခံစားချက်ကို ခံစားဖူး ကြမှာပါ။
အသည်းကွဲတဲ့ ခံစားချက်ပာာ ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ပါဝင်သလို ဆက်ဆံရေး တစ်ခုမှာ မေ့ထားလို့ မရတဲ့ အချက် တစ်ခုပါ။ ကျွန်တော် အထက်တန်း ကျောင်းတက် တုန်း က သဘောကျတဲ့ ကောင်မလေး တစ်ယောက် ရှိခဲ့ဖူး ပါတယ်။ သူ့ကို ရုပ်ရှင် ခေါ်သွားဖို့ စိတ်ကူး ထားပေမယ့် နောက်တစ်ရက်မှာ သူမကို သူ့ ရဲ့ ရည်းစားလို့ ယူဆလို့ ရတဲ့ ငနဲတစ်ကောင်နဲ့ ကနေတာကို မြင်ခဲ့ရ ပါတယ်။ ဘယ်ပြော ကောင်းမလဲ။ အသည်းကွဲ သွားတာပေါ့ဗျာ။ ကျွန် တော် ကတော့ ရက်ပေါင်း များစွာ ကုစားပြီး တဲ့အခါ ခံစားရ သက်သာ သွားပေမယ့် လူတော်တော် များများကတော့ အဲ့လို မဟုတ်ပါဘူး။ ဒါဆို အသည်းကွဲလို့ သေတယ် ဆိုတာ ဖြစ်နိုင်သလား ဆိုတာ မေးခွန်း ထွက်လာပါတယ်။ ကံမကောင်း တာက ဖြစ်နိုင်ပါတယ်တဲ့။


ဒါကို broken heart syndrome ဒါမှမဟုတ် (stress-induced cardiomyopathy or takotsubo cardiomyopathy) လို့ခေါ်ပြီး ခံစားချက်ပြင်း ထန်ရာ ကနေ ရုတ်တရက် နှလုံးဖောက် လာတာပါ။ ပြင်းထန်တဲ့ ဖြစ်ရပ် တစ်ခုကိုက ဖြစ်လာတဲ့ ဖိအားကို stress hormones တွေက တုန့်ပြန် ရာကနေ ရင်ဘတ်မှာ ရုတ်ရက် နာကျင်မှုကို ခံစားလာ ရတာပါ။ အဲ့ပြင်းထန်တဲ့ ဖြစ်ရပ် တွေဆိုတာ ချစ်တဲ့သူကို ဆုံးရှုံးတာမျိုး၊ ကွာရှင်းတာ၊ ပြတ်စဲတာ၊ သစ္စာဖောက် ခံရတာ စတာ တွေပါ။ ဒီ broken heart syndrome ကိုဂျပန် နိုင်ငံက ဆရာဝန် တွေက ၁၉၉၀လောက်မှာ စတင် သ တိထား လာမိပြီး takotsubo cardiomyopathy လို့နာမည် ပေးခဲ့ပါတယ်။ takotsubo ဆိုတာ ဂျပန်နိုင်ငံမှာ ရေဘ၀ဲ ဖမ်းတဲ့ နေရာမှာ သုံးတဲ့ အိုးတစ်မျိုးပါ။ ဒီရောဂါဒဏ် ခံထားတဲ့ အသည်းကို xray ရိုက်ကြည့်ရင် အဲ့လို အိုးပုံစံမျိုးနဲ့ ဆင်တူတာကြောင့် ဒီနာမည် ပေးထား တာပါ။

Broken Heart Syndrome

ကံကောင်းတာ တစ်ခုက ဒီလို အခြေအနေမျိုးက ဖြစ်ခဲပါတယ်။ postmenopausal women သွေးဆုံးပြီး အမျိုးသမီး တွေမှာပဲ ဖြစ်လေ့ ရှိပြီး heart attack ရဲ့လက္ခဏာ တွေနဲ့ ဆင်တူ ပါတယ်။ heart attack လို့ရောဂါ နာမည် တပ်ခံရ သူတွေ အားလုံးရဲ့ ၁-၂ ရာခိုင်နှုန်းကပဲ broken heart syndrome ကိုခံစား ရတာပါ။ ဒါပေမယ့် နှလုံးမှာ ဘာဖြစ်သွား သလဲ ဆိုတာကတော့ ကွဲပြား ပါတယ်။ heart attack ဖြစ်တဲ့အခါ သွေး တွေကို ပို့လွှတ်ပေးတဲ့  arteries မှာ ပိတ်ဆို့တာ ကျဉ်းမြောင်းတာ ဖြစ်သွားလို့  နှလုံး ကြွက်သား တွေက အောက်စီဂျင် ပို့လွှတ်မှုတွေကို ဖြတ် တောက် လိုက်ပါတယ်။ အသဲကွဲတဲ့ ရောဂါလက္ခဏာစု မှာတော့ ရုတ်တရက် ဆောင့်တက် လာတဲ့ ဟော်မုန်းတွေက နှလုံး ကြွက်သားတွေ ခုန် တာကို ပြဿနာ ဖြစ်စေတာပါ။ များစွာသော stressors တွေက ဒီလို ဖြစ်စေတာပါ လို့  Johns Hopkins ဆေးရုံက researchers တွေက 2005 ခုနစ် New England Journal of Medicine မှာ ရေးခဲ့ ပါတယ်။ တချို့ stressors တွေက ၀မ်းနည်း မှုကြောင့် ဖြစ်တာပါ ဒါပေမဲ့ အ ကုန်လုံး တော့ မဟုတ်ပါဘူး။ ဟုတ်ပါတယ်။ လူတစ်ယောက်က မွေးနေ့ ပါတီ မှာ surprise အလုပ်ခံရလို့ နှလုံးရပ် သွားတာ ဖြစ်ဖူး ပါတယ်။

Broken Heart Syndrome

ဘာလို့ သက်လတ်ပိုင်း အရွယ် အမျိုးသမီးတွေက ဒီရောဂါ ဖြစ်ဖို့ အလားအလာ များလဲ ဆိုတာ မသေချာ သေးပါဘူး။ ဟော်မုန်း အချိုးအစား မညီမျှ မှုကြောင့် ဖြစ်နိုင်ပါတယ်။ တကယ်လို့များ ခင်ဗျားမှာ emotional stress ကြောင့် heart attack ရတော့မယ်လို့ ထင်ခဲ့ရင် အမေရိ ကန်မှာ ဆိုရင်တော့ ၉၁၁ ကိုခေါ်ပါ စင်ကာပူမှာ ဆိုရင်တော့ လူနာတင်ယဉ် ၉၉၅ ကိုခေါ်ပါ။ မြန်မာမှာ ဆိုရင်တော့ ဆေးရုံကြီးကို အမြန်ပြေး ပါ။ ဘာလို့လဲ ဆိုတော့ broken heart syndrome ကို သတိ အထူး ထားရမှာ မို့ပါပဲ။ ခင်ဗျားရဲ့ ဆရာဝန်မှပဲ ဘာလုပ်ရမလဲ ဆိုတာ ဆုံးဖြတ် နိုင်မှာမို့ပါ။ သတင်းကောင်းကတော့ broken heart syndrome ကြောင့် ဖြစ်တဲ့ heart attack က တကယ့် heart attack လို သေဖို့ အ ခြေအနေ နည်းပါတယ်။ ဒါကို ဘယ်လို ကာကွယ် မလဲ ဆိုတော့ အိမ်မှာ ပဲနေ။ ရုတ်တရက် စိတ်လှုပ်ရှား မိစေမဲ့ အပြုအမှု တွေကို ရှောင်ပါ လို့ ပြောရမှာပါ။ စိတ်နာကျင်စေမဲ့ အဖြစ်အပျက်တွေကို ရှောင်ပြီး ထိန်းချုပ်ပါ။ ဥပမာ တစ်ယောက်ယောက်ကို ချစ်မိတာ မျိုးလိုပေါ့။ ဒါဆိုရင် တော့ ဘ၀ကြီးက သိပ်ပျင်းစရာ ကောင်းသွား မလားပဲနော်။

Broken Heart Syndrome

Images from boro, factrange, liveeco, hdwallpaperszoo. Source: abcnews.go.com


Author

Mai Shine
Posted: 22 Jan 2014 07:19 AM PST
ဥရောပ တိုက်ရဲ့ အလယ်ခေါင် လောက်မှာ ရှိနေတဲ့ ကုန်းတွင်းပိတ် နိုင်ငံလေး ဖြစ်တဲ့ Czech Republic နိုင်ငံကို ကွန်ပျူ တာ ရှေ့က မခွာ၊ အလည်သွား ကြည့်ရအောင်။
ကျွန်မတို့ နေထိုင်နေတဲ့ ကမ္ဘာကြီးဟာ တစ်ခါတစ်လေမှာ မယုံနိုင်စရာ ကောင်းလောက်အောင် ရင်သပ် ရှုမောလောက်တဲ့ အလှတရား တွေနဲ့ အံ့မခန်း ပြည့်နှက် နေတာပါ။ အဲဒီ အလှတရား တွေကလည်း တစ်နေရာ တည်းမှာ ကွက်ကွက် ကလေး စုနေတာ မဟုတ်ပါဘူး။ ကမ္ဘာ တစ် ခုလုံးမှာ ဖြန့်ကျက်ပြီး လှနေတာ မျိုးပါ။ နိုင်ငံ ကိုယ်စီတိုင်းဟာ ထူးခြား လှပတဲ့ ရှုခင်း မျိုးစုံနဲ့ သဘာဝ မြတ်နိုးသူတွေ၊ ခရီးသွား ရတာ ၀ါသ နာ ပါတဲ့သူတွေ၊ ကမ္ဘာကြီးကို လှည့်ပတ် ကြည့်ရှုချင် တဲ့သူတွေကို သူ့နည်း သူ့ဟန်နဲ့ ဆွဲဆောင် နေတော့တာပါ။ စာရေးသူ ကိုယ်တိုင် လည်း အဲဒီလောက် လှတဲ့ ကမ္ဘာကြီးကို တစ်ကမ္ဘာလုံး လှည့်ပတ်ပြီး သွားလာ ပစ်လိုက် ချင်တဲ့ အိပ်မက်ကို အမြဲမက် နေခဲ့တာပါ။ အခု လော လောဆယ်တော့ တကယ် မသွားနိုင် သေးတော့ တစ်ချိန်မှာ သွားဖို့ စာရင်း ပြုစုထား ရုံပေါ့နော်။ နိုင်ငံ တစ်နိုင်ငံကို ခရီးသွားမယ် ဆိုပါစို့။ အဲဒီ နိုင်ငံမှာ ဘယ်နေရာ ဘယ်မြို့ က ကိုယ့် taste နဲ့အကိုက်ဆုံး ဖြစ်မလဲ ဆိုတာ သိထားရင် ခရီးစဉ်ကို စီစဉ်ရတာ ပိုအဆင် ပြေမယ်၊ ထိရောက် မယ်လို့ ထင်ပါတယ်။ ကဲကွန်ပျူတာ ရှေ့က မခွာ၊ ကမ္ဘာတစ်ပတ် ပတ်ရအောင်။

အခု ဥရောပ တိုက်ရဲ့ အလယ်ခေါင် လောက်မှာ ရှိနေတဲ့ ကုန်းတွင်းပိတ် နိုင်ငံလေး ဖြစ်တဲ့ Czech Republic နိုင်ငံကို ရွေးထား ပါတယ်။ အဲ ဒီနိုင်ငံက လှပထူးခြားတဲ့ Tourist Attraction တွေအကြောင်း ပြောပြချင် ပါတယ်။ Czech နိုင်ငံလေးဟာ ဧရိယာ 78,866 sq.km ရှိတယ် ဆို တော့ ဂျာမနီ၊ ပြင်သစ်၊ စပိန်နိုင်ငံ တို့နဲ့ ယှဉ်ရင်တော့ နိုင်ငံ အသေးစားလေး ပေါ့နော်။ ကုန်းတွင်းပိတ် နိုင်ငံလို့ ဆိုရတာ ကတော့ အနောက် ဘက်မှာ ဂျာမနီ နိုင်ငံ၊ တောင်ဘက်မှာ အော်စတြီးယား နိုင်ငံ၊ အရှေ့ ဘက်မှာ စလိုဗားကီးယားနဲ့ မြောက်ဘက် မှာတော့ ပိုလန် နိုင်ငံတို့ ၀န်းရံ ထားလို့ပါ။ Czech နိုင်ငံရဲ့ မြို့ တော် ကတော့ Prague (ပရာဟာ) မြို့ တော် ဖြစ်ပြီး လူဦးရေ ၁.၃သန်း လောက်နေထိုင် လျက်ရှိပါတယ်။ Czech နိုင်ငံမှာ ၈၀ရာခိုင်နှုန်း လောက်က ဘာသာမဲ့ သူတွေ ဖြစ်ပြီး ၁၀ရာခိုင်နှုန်း ကျော်ကျော် လောက်ကပဲ ရိုမန် ကက်သလစ် ဘာသာကို ကိုးကွယ် ကြပါတယ်။ ကဲဥရောပ တိုက်ရဲ့ အလယ်လေးမှာ ရှိနေတဲ့ Czech နိုင်ငံလေးရဲ့ ဘယ်နေရာ တွေကများ ကမ္ဘာလှည့် ခရီးသွား ချင်သူ တွေကို ဆွဲဆောင် နိုင်မလဲ။ ဘယ်နေရာ တွေကများ အံ့မခန်းတဲ့ ရှုခင်းတွေနဲ့ ရင်သပ် ရှုမော ကြရမလဲ။ ဘယ်နေရာ တွေကို အဓိက ထားသွား ကြမလဲ ကြည့်လိုက် ရအောင်။

Czech Republic နိုင်ငံအလှ

1. Křivoklát Castle (ကရှီဗို ကလာ့ခ် ရဲတိုက်)
သမိုင်းကို စိတ်ဝင်တစား ခြေရာကောက် ချင်တဲ့သူ တွေအတွက်တော့ Czech နိုင်ငံရဲ့ Central Bohemian Region မှာတည်ရှိတဲ့ Křivoklát Castle ကိုညွှန်းချင် ပါတယ်။ အဲဒီ ရဲတိုက်ကို ၁၂ရာစုမှာ တည်ဆောက် ခဲ့တာ ဖြစ်ပြီး ဘာမင် ဘုရင်တွေရဲ့ ရဲတိုက် ဖြစ်ပါတယ်တဲ့။ အဲဒီ ရဲ တိုက်ကြီးဟာ မီးအကြိမ်ကြိမ် သင့်ခံ ခဲ့ရပြီး နောက်ပိုင်း မှာတော့ သူ့ကို ထောင်အဖြစ် ပြောင်းလဲခဲ့ ကြတယ်။ နောက်တော့ ရဲတိုက်ကြီးက တ ဖြည်းဖြည်း ယိုယွင်းလာပြီး ၁၉ရာစု လောက်မှာ Fürstenberg Family ကပိုင်ဆိုင် ခဲ့ပါတယ်။ ၁၈၂၆ ခုနှစ်မှာ နောက်ထပ် မီးတစ်ကြိမ်လောင် ပြီးတဲ့ နောက်မှာတော့ ရဲတိုက်ကြီးကို ပြန်ပြင် ဆောက်ခဲ့ ကြပါတယ်။ အခုတော့ ပြတိုက် အဖြစ် ပြောင်းလဲ ထားပြီး ရှေးခေတ် အမဲလိုက် လက်နက်တွေ၊ ဂေါ့သစ် ပန်းချီကား တွေနဲ့ စာအုပ်တွေ ပြသထား ပါတယ်။

Křivoklát Castle

Křivoklát Castle

2. Lower Morava Biosphere Reserve
Lower Morava Biosphere Reserve ကတော့ သဘာဝကို မြတ်နိုး ခံစားတတ်သူ တွေအဖို့ စိတ်ချမ်းမြေ့ ဖွယ်ရာ နေရာလေး ဖြစ်မှာပါ။ သ ဘာဝ အတိုင်း ဖြစ်ပေါ်နေတဲ့ ကျောက်တုံး ကြီးတွေ၊ မြက်ခင်း စိမ်းစိမ်းတွေ၊ သလင်းလို ကြည်နေတဲ့ ရေကန် တွေအပြင် နွယ်ပင်ထူထူ ထပ် ထပ်တွေ ကြားထဲက ရဲတိုက် တွေလည်း ရှိသေးတာမို့ အဲဒီ နေရာလေးကို ရောက်သွား တဲ့အခါ ပြင်ပလောကကို တဒင်္ဂ မေ့သွားလောက် အောင် ဆွဲဆောင် ထားနိုင်မှာပါ။

Lower Morava Biosphere Reserve

Crystal-clear Lake

3. Krkonoše National Park (ကက်ကွန်းရှိ အမျိုးသားဥယျာဉ်)
တောင်တက် ရတာ ၀ါသနာ ပါတဲ့သူတွေ၊ တောင်တန်းတွေ ချစ်တတ် တဲ့သူတွေ ဆိုရင်တော့ Krkonoše National Park ကိုရောက်အောင် သွားလိုက် ပါလို့ ညွှန်းပါရစေ။ Krkonoše National Park ဟာ Czech နိုင်ငံရဲ့ အမြင့်ဆုံး တောင်တန်း ဖြစ်တဲ့ Krkonoše တောင်တန်းကြီး အနီးမှာ တည်ရှိ တာပါ။ တောင်တန်းကြီးက နိုင်ငံရဲ့ မြောက်ဘက် အစွန်ဆုံးမှာ ရှိနေတာမို့ တောင်တန်းကြီး တွေပေါ် ထိသာ တက်ကြည့် နိုင် မယ် ဆိုရင် Czech နိုင်ငံကို အပေါ်စီး ကနေ စီးမိုးပြီး မြင်နိုင်မှာပါ။ တစ်ခါတစ်လေ ၅မီတာ လောက်ထု ရှိတဲ့ နှင်းလွှာကြီးက တောင်တန်း တစ် လျှောက် တော်တော်နဲ့ ပျော်မကျဘဲ ရှိနေတတ် ပါသေးတယ်တဲ့။ အဲဒါကြောင့် Krkonoše National Park ကိုဆောင်းဥတုမှာ သွားဖို့ စိတ်ကူး တယ် ဆိုရင်တော့ အနွေးထည် ထူထူနဲ့ အအေးဒဏ် ခံမယ့် ပစ္စည်းတွေ ယူသွားကြဖို့ မမေ့နဲ့နော်။

Krkonoše National Park

Krkonoše National Park

Krkonoše Mountains in winter

Krkonoše National Park

Krkonoše Mountains in winter

တကယ်တော့ Czech နိုင်ငံလေးဟာ သေးငယ် ပေမယ့် သွားချင့်စဖွယ် နေရာတွေ အများကြီးပါ။ ဒဏ္ဍာရီ ထဲက ရဲတိုက်တွေ၊ နွေဦးမှာ လိ မ္မော်ရောင် တောက်နေတဲ့ သစ်ပင် သစ်ရွက် တွေနဲ့ ဆောင်းတွင်းမှာ ဖွေးနေအောင် ကျတဲ့ နှင်းတွေနဲ့ တကယ့်ကို ချစ်စဖွယ် နိုင်ငံလေး တစ် ခုပါ။ ကျွန်မ ကတော့ တစ်ချိန်ချိန် ကျရင် အဲဒီ ချစ်စရာ နိုင်ငံလေးကို ရောက်အောင် သွားလည် မယ်လို့ ဆုံးဖြတ် ထားပါတယ်။ MYMC ပရိ သတ် ကြီးရော အတူလိုက် ခဲ့ပါလား။



Author

Ei Pont

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...