"ပေါက်ကရဘာသာပြန်-ဟာသများ"
===========
1. များနေသေးတယ်
===========
မောင်ကျေးညိုတစ်ယောက် လပတ်စာမေးပွဲမှာ 'သုည' ရလာတယ်။
ဒါကို သူ့အမေက မကျေနပ်တော့ ဆရာမကို လာတွေ့တယ်... ...
"ကျမသားလေး စာမေးပွဲမှာ သုည ရတာ မလွန်လွန်းဘူးလား"
ဒီတော့ ဆရာမက ပြန်ပြောတယ်... ...
"ဒီထက်နည်းအောင်တော့ ပေးလို့ မရတော့ဘူး အစ်မကြီး"
"ရွှမ်..."
===========
2. စိတ်ဝင်စားတာက
===========
ယောက်ျားက နာမည်ကြီး စာရေးဆရာ။
သူရေးတဲ့ စာအုပ်တွေကို သူ့မိန်းမက လှန်တောင်မကြည့်ဘူး။
ဒီတော့ ယောက်ျားလုပ်သူက မေးတယ်... ...
"မင်း... င့ါရဲ့ စာအုပ်တွေထဲမှာ ဘယ်စာအုပ်ကို သဘောအကျဆုံးလဲ"
မိန်းမက တစ်ခွန်းထဲ ပြန်ပြောတယ်... ...
"ဘဏ်စာအုပ်"
=========
3. မမြင်တော့ဘူး
=========
လေးနှစ်အရွယ် ကလေးလူနာကို စစ်ဆေးဖို့ အခန်းထဲကို ဆရာဝန် ဝင်လာတယ်။
ဆရာဝန်က ကလေးရဲ့ ကုတင်ဘေးမှာလည်း ရပ်လိုက်ရော ကလေးလေးက ထပြီး အော်ငိုပါလေရော…
“ဝါး မမြင်ရဘူး၊ မမြင်ရဘူး၊ အီးဝါး ဝါး”
ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုက္ခိတဖြစ်သွားရှာတယ်ဆိုပြီး ဆရာဝန်လည်း ကလေးကို တော်တော်သနားသွားတယ်။
ဒါနဲ့ ဘေးနားက ကလေးအမေကို မေးကြည့်တယ်… …
“ကလေးက ဘယ်တုန်းက မမြင်တာလဲဗျ”
“ခုလေးတင်လေ ဆရာရဲ့”
“ဟင်… ဘာဖြစ်လို့ ချင်ခြင်းကြီး မမြင်ရ ဖြစ်သွားတာလဲ”
ဒီတော့ ကလေးအမေက အေးဆေးပဲ ပြန်ပြောတယ်… …
“ဆရာက သူကြည့်နေတဲ့ တီဗွီရှေ့မှာ ကွယ်လိုက်တာကိုး”
“ဂျာ…”
သန်၎ကို-ရမ်းဘာသာပြန်သည်။
https://www.facebook.com/thanlayko
0 comments:
Post a Comment