Thursday, January 16, 2014

Monopoly

Kyaw Ba Thit's status.
ဈေးပေါင်ကျိုးသွားတဲ့ ကာလတွေပဲ...
ရောက်လာတဲ့ ဖောက်သည်တိုင်းက
တစ်ပိဿာ ခြောက်ရာ့ငါးဆယ်နဲ့
ကျုပ်နားရွက်ကို ဈေးဆစ်ကြ...။



ကျုပ်စိတ်ထဲ ပြောပြချင်နေမိတာ
တကယ်တော့ ကျုပ်ဟာ
ခင်ဗျားတို့ထင်သလို
မွေးမြူရေးခြံထွက် ၀က်မဟုတ်ဘူးဆိုတာ။

ကျုပ်ဖွဲနု၊ ကျုပ်ကန်စွန်းရွက်၊ ကျုပ်ထမင်းရည်
ကျုပ်ကိုယ်တိုင် တဂျွီဂျွီအော်ရင်း ရှာဖွေခဲ့ရတယ်ဆိုတာ။

လူတစ်ယောက်က
ဈေးခုံပေါ်က ကျုပ်ခြေထောက်ရိုးကို မ,ကြည့်
ပြီးတော့ မတန်တဆ ဈေးညှိတယ်
“လေးရာ့ငါးဆယ် ရရင်ယူမယ်” တဲ့။

ဒီမှာမိတ်ဆွေ
သံသရာဟာ လည်နေသတဲ့
လည်နေတဲ့သံသရာထဲမှာ
တစ်ယောက်ပရိုတိန်းကို တစ်ယောက်
အလှည့်ကျ ဖောက်ယူစားသုံး
အခုလို ဈေးခုံပေါ်မှာ တုံးလုံးပက်လက်
ခင်ဗျားလည်း...
တစ်နေ့တော့ ကျုပ်လို ၀က်ဖြစ်ရဦးမှာ...။

အဒမ်စမစ်သ် ပြောတော့
ဈေးကွက်ဆိုတာ
မမြင်ရတဲ့ လက်ကြီးတစ်ချောင်း ကြီးစိုးရာတဲ့..
အခုတော့ဗျာ
ကျုပ်အိတ်ကပ်ထဲ
ပြောင်ပြောင်တင်းတင်း ထိုးထည့်ထားတာ
မြင်နေရတဲ့ ခင်ဗျားလက်ကြီး။ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...