<<<<< `` ချစ်ခြင်း မုန်းခြင်း ကင်းရပါစေ ´´>>>>>
Author: lubo601 |
7:24 PM |
No မှတ်ချက် |
``သမုဒယသစ္စာ´´တဲ့၊ ဘုရားရှင်ဟောကြားထားခဲ့တယ်၊ ရစ်ပတ်နှောင်ဖွဲ့ခြင်းအကြောင်းတရားတွေပေါ့၊
အမှန်တကယ် ရှိနေခဲ့တဲ့ သံယောဇဉ်တွေရဲ့ အကြောင်းကို ဟောပြခဲ့တာပါ၊
သံယောဇဉ်ဆိုတာက တွယ်ယှက်မိသူတွေအတွက် ပြင်းထန်လွန်းလှပါတယ်၊ ဖြတ်တောက်ရ
ခက်ခဲလှပါတယ်၊ ရင်ဆိုင်ရခက်ခဲလှပါတယ်။
ဘုရားရှင် လက်ထက်တော် အခါက
ဧတဒဂ်ရ ရဟန္တာ မထေရ်ကြီးတစ်ပါး ရဟန္တာမဖြစ်မီ နုစဉ်အခါမှာ ``
ချစ်ခြင်းမုန်းခြင်း ကင်းရပါလို၏ ´´ ဆိုတဲ့ ဆုကို တောင်းခဲ့တယ်တဲ့။
ဒီမထေရ်ကြီးရဲ့ ပါရမီအရ ချစ်ခြင်းမုန်းခြင်းရဲ့ အကြောင်းတွေကို ကျင်လည်ခဲ့တဲ့ သံသရာ အဆက်ဆက်အတွက် သူနားလည်ခဲ့တယ် ထင်ပါတယ်၊
ဒါကြောင့်လည်း ဒီဆုကို တောင်းဖြစ်ခဲ့တာနေမှာလို့ တွေးဖြစ်သေးတယ်၊ ပူလောင်လွန်းလှတယ်၊ နောက်ပြီး နာကျင်လွန်းလှပါတယ်ကွယ်။
=====================
မမှတ်မိချင်တော့တဲ့ နွေကြိုကာလတစ်ခုမှာ အပြစ်ကင်းစွာချစ်ခဲ့ရတဲ့ ချစ်သူ နှင်းနှင်း စွန့်ခွါသွားခဲ့တယ်၊
နွေကြိုကာလရဲ့ ကန္တရ ထဲမှာ အတိုင်းအဆမဲ့ ပူလောင်စွာ ဖြတ်သန်းခဲ့ရတယ်၊
သေမလောက်အောင်ပါဘဲ၊ စဉ်းစားမိတိုင်းလည်း စူးအောင့် နာကျင်တဲ့ ရင်ဘတ်ကို
ဖိနှိပ်ရင်း သေသွားနိုင်တယ်လို့တောင် ခံစားခဲ့ရတယ်၊
ဒါပေမယ့်
သေဆုံး မသွားခဲ့ပါဘူး၊ လွမ်းစရာလေးတွေ ကျန်သေးလို့လေ။ တမ်းတစွာ၊ နောက်တော့
ကြေကွဲစွာ ဒဏ်ရာတွေကို ကုသပြီး သူနဲ့ထပ်တူ ချစ်နေခဲ့ပါတယ်၊
လွမ်းနေရတာလေးကိုလည်း ကျေနပ်နေခဲ့တယ်၊ ရွှင်လန်းတက်ကြွတဲ့ အရွယ်တွေကို
အေးစက်စွာ ကုန်လွန်စေခဲ့တယ်၊ ကျေနပ်စွာနဲ့ပါပဲ။
စိတ်ထဲမှာတော့
ချစ်ရတဲ့သူကို လွမ်းလို့ မ၀နိုင်သေးဘူးလို့ ခံယူရင်းနဲ့ပါ။ ချစ်သူထားခဲ့တဲ့
နွေကြိုကာလလေးက ခုချိန်ထိ အေးမြခြင်းတွေကို မပေးစွမ်းနိုင်သေးဘူး...။
==========================
ဒီလိုနဲ့ တည်ငြိမ်လာတဲ့အရွယ်မှာ အချစ်အကြောင်းတွေကိုလည်း သေသေချာချာ
နားမလည်တော့ဘူး၊ စိတ်ကူးလည်း မရှိတော့တဲ့ အချိန်ရောက်မှ ကလေးနဲ့
ဆုံဆည်းခဲ့ရတယ်၊
သတိထားနေတဲ့ကြားထဲကနေ ပုံမှန်မဟုတ်တဲ့ စိတ်ကူးတွေက ဖေါက်ပြန်လာတယ် ဒီကောင်မလေးကို ချစ်မိတော့မယ်ဆိုတာ သိလာတယ်၊
သွားနှင့်လေသော ချစ်သူ နှင်းနှင်းကိုလည်း အားနာနေမိတယ်၊
သူ့ကိုတိုင်တည်ပါတယ်၊ ခံစားချက်တွေကို အမှန် အတိုင်းသူ့ကိုပြောပြဖြစ်တယ်၊
စိတ်ထဲမှာပါပဲ။
နောက်တော့ ခလေးကို ချစ်မိသွားတယ်။ အကြိမ်ကြိမ်
အတန်တန် ထိန်းချုပ်ရင်း ကိုယ့်နှလုံးသားကို ကိုယ်တိုင် လိမ်ညာ
လှည့်ဖျားရင်းနဲ့ပေါ့...။
ခလေးမှာ ချစ်ရတဲ့သူ ရှိခဲ့တယ်တဲ့။ တစ်လလောက်ဘဲ ချစ်ခဲ့ကြပြီးတော့ ဘာသာမတူလို့လမ်းခွဲခဲ့ ကြတယ်တဲ့။
သူ့ကို ကလေးက တစ်ချက်ထဲ နမ်းခဲ့ဖူးတယ်တဲ့၊ တစ်ချက်ထဲပါပဲတဲ့။
ကလေးကိုယ်တိုင်ပြောပြခဲ့တာပါ။
ရင်ထဲမှာ နာကျင်နေပေမဲ့ အေးစက်စက်နဲ့ပဲ နားထောင်နေခဲ့ပါတယ်။
ဘာမှမဆန်းပါဘူး ဒီခေတ်ကြီးထဲမှာဆိုတဲ့ ဟန်ဆောင် နားလည် မှုတွေကို ပြရင်းနဲ့ နှလုံးသားထဲမှာ မိုးသားတိမ်လိမ်တွေ မဲမှောင်နေခဲ့တယ်၊
ကလေးကို သူကရော ဘာများ ပြန်လုပ်ခဲ့လဲဆိုတာကို ဆက်ပြီးမတွေးဖြစ်ခဲ့ပါဘူး၊
သိလိုက်ရတာကတော့ ကလေးကို အရင်ဦးဆုံး အနမ်းလေးပေးတဲ့သူ မဖြစ်တော့ဘူး
ဆိုတာရယ်၊ ကလေးရဲ့ပါးမှာ စွန်းထင်းခဲ့တဲ့ အနမ်းပွင့်လေးဟာလည်း
ကိုယ်ပေးဆပ်ခဲ့တာ မဖြစ်နိုင်တော့ဘူးလို့ တွေးမိတော့ ရင်ထဲက ဒီ မိုးသားတွေ
ပြိုကျလာရင် မျက်ဝန်းမှာ မိုးတွေရွာသွန်းသွားမှာပေါ့။
အတိုင်းအဆမရှိတဲ့ ဆုံးရှုံးမှုတစ်ခုကို ရယူလိုက်ရသလိုပါဘဲ။ ကလေးက
ယုံကြည်လို့ ပြောပြခဲ့တာဖြစ်တဲ့အတွက် ဒါတွေကို မသိကျိုးကျွံပြုခဲ့ပါတယ်။
သူ့ရဲ့ ပွင့်လင်းစွာ ဆက်ဆံပေးမှုကိုလည်း ကျေနပ်စွာ လက်ခံရယူခဲ့ပါတယ်။
နောက်တော့ ဒီအကြောင်းလေးတွေကို ထားရစ်ခဲ့တဲ့ ချစ်သူ နှင်းနှင်းကို
ပြောပြဖြစ်ခဲ့တယ်။ မျက်စိစုံမှိတ်ထားတဲ့ ညရဲ့ နံရံတွေကြားထဲမှာ
အသံမထွက်ဘဲနဲ့လေ... ဒီလိုရင်ဆိုင်နေရပါတယ်လို့........။
========================
မကြာခင်က ကောင်လေးတစ်ယောက်နဲ့ ရင်းနှီးခဲ့သေးတယ်တဲ့၊ ဦးဦးနဲ့
မတွေ့ခင်ကပါတဲ့၊ အခုတော့ အဲဒီကောင်လေးက တခြားတစ်ယောက်နဲ့ ဖြစ်သွားပြီတဲ့၊
အဲဒီတုံးကတော့ စိုးရိမ်စိတ်တွေနဲ့ပဲ တိတ်ဆိတ်စွာ နားထောင်နေခဲ့ ရတာလေ၊
ကြောက်စိတ်တွေ ဖုံးလွှမ်းရင်းနဲ့လို့ပဲ ပြောရတော့မှာပေါ့၊ အမှန်တကယ်လည်း
အင်မတန် ကြောက်နေခဲ့တာပါ။
သူ ပြောပြတဲ့ ကောင်လေးကိုလည်း သိတယ်၊ အနီးအနားမှာလည်း ဒီကောင်လေး ရှိနေတယ်၊
သောကတွေ များလိုက်ရတာ ကလေးရယ်၊ ဒီအကြောင်းကိုတော့ ထားသွားရစ်တဲ့ ချစ်သူ
နှင်းနှင်းကို ပြောမပြဖြစ်ခဲ့ဘူး၊ ကိုယ်တိုင်ကလည်း သတိရနေတတ်သေးတော့
နှင်းနှင်းကို အရမ်းအားနာနေမိတယ်လေ၊
ကလေးကိုလည်း အားနာတယ်။
ဒါပေမယ့် ကလေးကို ဘယ်လိုအကြောင်းကြောင့် ဘယ်လောက် ချစ်မိသွားမှန်းလည်း မသိခဲ့ပါဘူး။
ကလေးကို သိပ်ချစ်မိသွားပြီ ဆိုတာကိုတော့ နှင်းနှင်းကိုပြောပြခဲ့တယ်၊
စိတ်ထဲမှာပါပဲ။ အခုချိန်အထိတော့ ခွင့်လွှတ်ပေးပါလို့ မတောင်းပန်ဖြစ်သေးဘူး။
==================
တစ်နေ့ကတော့ ကလေးဖျားတယ်၊ သတိလက်လွတ်ပါပဲ။ အဖျားတွေ တက်နေတုံးမှာ ကလေး
ယောင်ခဲ့တယ်၊ ကောင်လေးရဲ့ နံမယ်ကိုလေ၊ သူ ကယောင်ကတမ်းဖြစ်တဲ့အချိန်မှာ
ကောင်လေးကို တမ်းတတယ်။
ကျွန်တော်နားနဲ့ ဆတ်ဆတ်ကြားပြီး မျက်လုံးနဲ့ တပ်အပ်မြင်တွေ့ခဲ့တာပါ။
ကျွန်တော်နဲ့ ဆုံတွေ့နေတဲ့ အချိန်တွေမှာ ကလေးပျော်ရွှင်နေခဲ့တယ်၊ သူဟန်ဆောင်နေခဲ့တာ မဟုတ်ပါဘူး၊ သူတကယ်ပျော်ရွှင်ခဲ့တာပါ။
ဒီအတွက်လည်း ကျွန်တော်ကျေနပ်နေခဲ့ပါတယ်၊ နောက်ပြီး ကျွန်တော့် ကို သူချစ်တယ်တဲ့၊ ကျွန်တော် ပိုပြီး ပျော်ရွှင်ခဲ့တာပေါ့။
ကျွန်တော့် ရင်ထဲမှာလေ ကလးအတွက် အင်မတန် သာယာလှပပြီး ကျွန်တော့် ဘ၀တစ်ခုလုံး ပုံပြီးတည်ဆောက်ထားတဲ့ ချစ်စံအိမ်လှလှလေးရှိတယ်။
အင်မတန်သာယာလှပတယ်။ ဒီစံအိမ်လေးထဲမှာ ကလးက လုပ်ချင်ရာလုပ်၊
သီချင်းတွေဆို၊ ပြီးတော့ မြူးမြူးကြွကြွနဲ့ ကချင်တိုင်းက၊ ပြီးတော့
ကျွန်တော့်ကို အမျိုးမျိုး အနိုင်ကျင့်၊ နှိပ်စက်၊ ကျွန်တော်ကတော့
ရယ်မောနေတယ်လို့ ခဏခဏ စိတ်ကူးတွေ ယဉ်နေခဲ့တာပါ။
ကျွန်တော်ကြောက်လိုက်တာ၊ ကလေးနှုတ်ဖျားက ယောင်ခဲ့တဲ့ ကောင်လေးကိုလေ။
ဒုတိယအကြိမ်ကလေး ဆုံစည်းခဲ့တဲ့ ကောင်လေးက ကလေးရဲ့ ရင်ထဲကို မှားယွင်းစွာ
ရောက်ရှိခဲ့တာ မဖြစ်နိုင်ဘူးလို့လည်း ကျွန်တော် နားလည်မိသွားလို့ပါ။
ကျွန်တော် ဘာစကားမှ မပြော၊ ဘာမှ မလုပ်ပဲနဲ့ ကလေးကို ဒီအတိုင်း ကြည့်နေမိခဲ့တယ် ထင်ပါတယ်။
အဖျားတက်နေရာက ကလးနိုးလာတော့ကျွန်တော် အသံကို အတည်ငြိမ်ဆုံးနဲ့
အသာယာဆုံးဖြစ်အောင် ကြိုးစားပြီး သူ အဖျားတက်နေတုံး ယောင်နေခဲ့တဲ့
အကြောင်းပြောပြခဲ့တယ်။
သူလည်းရှင်းပြပါတယ်၊ သူကောင်လေးကို
သံယောဇဉ်ရှိခဲ့ပါတယ်တဲ့၊ အခုတော့ ကောင်လေးက တစ်ခြားတစ်ယောက်ကို
ချစ်သွားပြီတဲ့၊ စိတ်မပူပါနဲ့တဲ့၊ ခေါင်းညိမ့် နှုတ်ဆက်ရင်း ဘာမှမဖြစ်တဲ့
မျက်နှာထားနဲ့ ကျွန်တော် ဒီအတိုင်းဘဲ ပြန်လာခဲ့တယ်။
======================
ကျွန်တော့်ကြောင့် ကလေးပျော်ရွှင်ခဲ့တယ်၊
ကျွန်တော့်ကိုလည်း ချစ်ခဲ့တယ်တဲ့၊ ဟုတ်မှာပါ။
ဒါပေမဲ့ သူချစ်ခဲ့တာက ကျွန်တော်ဖြစ်ပေမယ့် သူမြတ်နိုးခဲ့တာ၊ သူတမ်းတခဲ့တာက ကောင်လေး ဆိုတာ ကျွန်တော် သိသွားပြီလေ။
ကျွန်တော် ကလေးပိုင်ဆိုင်သမျှ တန်ဘိုးရှိတဲ့ အရာအားလုံး မရနိုင်တော့ဘူးဆိုတာ ကျွန်တော်နားလည်ခဲ့ပါပြီ။
ငယ်ငယ်က ကြားဘူးခဲ့တယ်`` အကာကအချစ်၊ အနှစ်ကမေတ္တာတဲ့´´ ကျွန်တော်က
အချစ်ခံရတဲ့သူ၊ အကာကို ရခဲ့တယ်၊ ကောင်လေးက အနှစ်ကို ရခဲ့တယ်၊ ခလေးရဲ့
မေတ္တာတွေကိုပေါ့။
ကျဉ်းမြောင်းလွန်း လှပါတယ်၊ ကျွန်တော်
ယိုင်နဲ့စွာ လျှောက်လှမ်းလာတဲ့ ဒီလမ်းကလေးကို ကြည့်ရတာ ဆူးညှောင့်
ခလုတ်တွေနဲ့ အတူ ကျဉ်းမြောင်းလွန်းလှပါတယ်။
ကျွန်တော်
လျှောက်လှမ်းနေကျ လမ်းကလေးက ချက်ချင်း ပြောင်းလဲသွားတာလား၊ ဒါမှမဟုတ်
ကျွန်တော် အမြင်တွေေ၀၀ါး တိမ်းမှောက်နေခဲ့တာလားဆိုတာတော့ စူးစမ်းစရာ
မလိုတော့ပါဘူး၊ ကျွန်တော် အပြန်လမ်းမှာ ငိုနေခဲ့တာပါ၊ ကျွန်တော် အမြင်တွေ
ေ၀၀ါးနေသလို ပါးနှစ်ဘက်မှာလည်း အပူတွေ စီးဆင်းနေတယ်လေ။
ဒီလိုနဲ့ပဲ ကျွန်တော် ဒုတိယအကြိမ် နွေလည်လမ်းတွေကို ဆက်ပြီး
လျှောက်လှမ်းဖြစ်ခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ အာခေါင်တွေ ခြောက်ကပ်ရင်း
မကြာမကြာ ရေငတ်တတ်ခဲ့ပါပြီ။
=====================
နောက်တော့ သိပ်မကြာခင်မှာ မစုံစမ်းဘဲနဲ့ ကျွန်တော် တိုက်ဆိုင်စွာ ကောင်လေးနဲ့ ကလေးရဲ့ အကြောင်းလေးတွေ သိခွင့်ရခဲ့တယ်။
ကလေးကို ကောင်လေးက သူ့ရဲ့ ဆင်းရဲနွမ်းပါးမှုကြောင့် လက်လွှတ်ရှောင်ထွက်
ခဲ့တာတဲ့၊ ကလေးက ကောင်လေးကို တမ်းတမ်းတတ လွမ်းဆွတ် သတိရခဲ့ဘူးတယ်၊
တွေ့ဖို့လည်း အပြင်းအထန် ကြိုးစားခဲ့ဘူးတယ်တဲ့၊
ကျွန်တော်ဝမ်းနည်းလိုက်တာ၊ ကျွန်တော် အရမ်းဝမ်းနည်းမိပါတယ်၊ ကလေးရင် ထဲမှာ
ကောင်လေးကို ကရုဏာသက်စွာ မြတ်နိုးနေခဲ့တယ်ဆိုတာ ကျွန်တော် မသိခဲ့ပါဘူး။
ကျွန်တော်ကတော့ ကလေးအတွက် ရွေးချယ်စရာ၊ နောက်ပြီး အားထားစရာ
လူတစ်ယောက်ဖြစ်ခဲ့လို့ ကလေးရဲ့ အသိစိတ်က ချစ်နေတယ်လို့၊ ကလေးကိုယ်တိုင်
ထင်နေခဲ့တာ ကျွန်တော် သိလိုက်ပါပြီ။
ကျွန်တော် သိမ်မွေ့စွာဘဲ ထွက်ခွါသင့်ပြီဆိုတာ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော် ကလေးကို ရယူပိုင်ဆိုင်လိုစိတ် မရှိတော့ပါဘူး။
===============
ကျွန်တော် အိပ်မက်ထဲမှာ နှင်းနှင်းနဲ့ ဆုံတွေ့ခဲ့ရတယ်၊ နှင်းနှင်း က
ပါးလျပြီး အမျှင်တွေတန်းနေတဲ့ အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားတယ်။
ကျွန်တော် အရမ်းဝမ်းနည်းတယ်၊ နှင်းနှင်းကို ကျွန်တော် ဖြစ်ခဲ့သမျှ ခံစားခဲ့ရသမျှတွေ ပြောပြရင်း မေးဖြစ်ခဲ့တယ်။
``ကိုယ့်ကို ဘာကြောင့်မတားဆီးခဲ့ရတာလဲ´´ လို့...
ပြီးတော့ ကျွန်တော်ငိုလိုက်တယ်၊ နှင်းနှင်းကို ရင်ခွင်ထဲ ဆွဲပွေ့ရင်း သိမ်းကျုံး ဖက်ထားရင်းက ရှိုက်ကြီးတငင် ငိုနေခဲ့တာပါ။
နှင်းနှင်းက ကျွန်တော့်ရဲ့ လက်နှစ်ဘက်ကို ဆုပ်ကိုင်ပြီးတော့
အားပေးနှစ်သိမ့်ခဲ့တယ်၊ ကျွန်တော် ပြန်ကိုင်လိုက်တဲ့ အချိန်မှာ နှင်းနှင်းက
တိမ်ခိုးတွေလို လွင့်ပါးပျောက် ကွယ်သွားတယ်။
ကျွန်တော် ငိုရှိုက်နေလျှက်က အိပ်မက်ကနေ နိုးလာခဲ့တယ်။
အပြင်မှာတော့ မိုးတွေ ရွာနေတယ်။
ကျွန်တော် မျက်ရည်တွေကို မသုတ်ဘဲနဲ့ အိမ်အပြင်ကို ထွက်လာခဲ့တယ်။
မှောင်မဲနေတဲ့ ကောင်းကင်ကြီးထဲကနေ မိုးတွေ သဲကြီးမဲကြီးရွာနေတယ်၊ ကျွန်တော် ဒီအတိုင်းရပ်နေခဲ့တယ်၊ မိုးရေထဲမှာပေါ့။
ပူလောင်ခြင်းတွေ လျော့ပါးသွားစေဖို့ပါ၊ ကျွန်တော့်နားမှာ ဘယ်သူမှ
မရှိတော့ဘူး၊ နှင်းနှင်းလည်း ကျွန်တော့်ကို ထားရစ်ခဲ့ပြီ။ ကလးလည်း
ကျွန်တော့်အနားကို ရောက်မနေခဲ့ပါဘူး၊ ချစ်ခြင်းတရားနဲ့ တကယ်ကို
ကင်းလွတ်နေခဲ့ရတဲ့ ဘ၀ပါပဲ။
=================
ကျွန်တော် ပြန်စဉ်းစားဖြစ်တယ်၊
ကျွန်တော့်ရဲ့ နားလည် ခံယူတတ်ခဲ့ခြင်းတွေထဲမှာ ကျွန်တော် နှင်းနှင်းကို သစ္စာမမဲ့ခဲ့ပါဘူး၊
ကလေးကိုလည်း ကျွန်တော်မြတ်နိုးစွာချစ်ခဲ့ပါတယ်။
ကျွန်တော်နှစ်ပေါင်း များစွာ နှင်းနှင်းကို လွမ်းဆွတ်သတိရခဲ့တဲ့
ကျွန်တော့်ရဲ့ အကောင်းဆုံးအချိန်တွေမှာ ပျော်ရွှင်ကြည်နူးစရာတွေ
ကင်းဝေးခဲ့တယ်၊
ကလေးနဲ့ ဆုံတွေ့ဖြစ်ကြတော့ ကျွန်တော့်ရဲ့
ခြောက်သွေ့နေတဲ့ ဘ၀လေး ပြန်လည် စိုပြည်လာတယ်လို့ ထင်မိလိုက်တဲ့အချိန်မှာ
ကျွန်တော်ရဲ့ ချစ်ခဲ့မိခြင်းတွေက အပြစ်တွေဖြစ်သွားခဲ့ပြီပဲ။
ချစ်ခြင်းရဲ့ ပြင်းထန်စူးရှတဲ့ ပြစ်ဒဏ်ကို ကျွန်တော် ကောင်းမွန်စွာ ခံယူပါ့မယ်။
ကျွန်တော် ကောင်လေးကိုလည်း စာနာပါတယ်၊ ကလေးကိုလဲ မရက်စက်ချင်ပါဘူး။
သူ တကယ်မြတ်နိုးနေ ခဲ့ရတဲ့ ကောင်လေးနဲ့ ပျော်ရွှင်စွာ ဆုံတွေ့နိုင်ဖို့တော့
ကျွန်တော် ဆုတောင်းပေးချင်သည့်တိုင် ကျွန်တော် ဆုတောင်းမပေးဖြစ်ခဲ့ဘူး၊
ကျွန်တော် အဲဒီလောက် အထိ သတ္တိမရှိပါဘူး၊ ဆန္ဒဘဲ ရှိခဲ့တာပါ။
ခလေးရေ.....
ကလေးက ဦးဦးကို တကယ်ချစ်တာမဟုတ်ပါဘူးကွာ။
ကလေးထင်ယောင်ထင်မှားဖြစ်နေခဲ့တာပါ။
ဦးဦးက ကလေးကို အလိုလိုက်လို့ ကလေးခင်တွယ်ခဲ့တာပါ၊ ချစ်ခဲ့တာ
မဟုတ်ဘူးနော်.. လို့ ကျွန်တော် တိုးတိုးလေး တစ်ကိုယ်တည်းပြောနေမိတယ်၊
ကလေးကတော့ ကြားနိုင်မှာမဟုတ်ပါဘူး။
ကျွန်တော်လေ နောက်ဆုံးအချိန် မတိုင်ခင်လေးမှာ ဆုလေးတစ်ခုတောင်းပြီး...... ဘ၀ကူးသွားချင်ပါတယ်...
`` ဖြစ်လေရာဘ၀ သံသရာ အဆက်ဆက်မှာ ချစ်ခြင်း၊ မုန်းခြင်း ကင်းသောသူ ဖြစ်ရပါလို၏´´လို့။
ရင်ထဲမှာ ဖြစ်ထွန်းနေခဲ့တဲ့ တိမ်တောင် တိမ်လိပ်တွေက အခုတော့ မိုးသားတွေဖြစ်သွားခဲ့ပြီပါပြီ။
ရွာချင် သလောက်သာ ရွာပါစေတော့ အပြင်မှာလည်း မိုးတွေ အရှိန်ပြင်းပြင်းနဲ့ ရွာနေတယ်လေ။
(ကွန်ဆူးမား)(၂၀-၁-၂၀၁၄)
၂၀၁၁ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တွင် ``ချစ်သူမြို့တော်´´တွင် ရေးဖြစ်ခဲ့သော အဟောင်းလေးအား ပြင်ဆင်ရေးသားပါသည်။
အမှန်တကယ် ရှိနေခဲ့တဲ့ သံယောဇဉ်တွေရဲ့ အကြောင်းကို ဟောပြခဲ့တာပါ၊ သံယောဇဉ်ဆိုတာက တွယ်ယှက်မိသူတွေအတွက် ပြင်းထန်လွန်းလှပါတယ်၊ ဖြတ်တောက်ရ ခက်ခဲလှပါတယ်၊ ရင်ဆိုင်ရခက်ခဲလှပါတယ်။
ဘုရားရှင် လက်ထက်တော် အခါက ဧတဒဂ်ရ ရဟန္တာ မထေရ်ကြီးတစ်ပါး ရဟန္တာမဖြစ်မီ နုစဉ်အခါမှာ `` ချစ်ခြင်းမုန်းခြင်း ကင်းရပါလို၏ ´´ ဆိုတဲ့ ဆုကို တောင်းခဲ့တယ်တဲ့။
ဒီမထေရ်ကြီးရဲ့ ပါရမီအရ ချစ်ခြင်းမုန်းခြင်းရဲ့ အကြောင်းတွေကို ကျင်လည်ခဲ့တဲ့ သံသရာ အဆက်ဆက်အတွက် သူနားလည်ခဲ့တယ် ထင်ပါတယ်၊
ဒါကြောင့်လည်း ဒီဆုကို တောင်းဖြစ်ခဲ့တာနေမှာလို့ တွေးဖြစ်သေးတယ်၊ ပူလောင်လွန်းလှတယ်၊ နောက်ပြီး နာကျင်လွန်းလှပါတယ်ကွယ်။
=====================
မမှတ်မိချင်တော့တဲ့ နွေကြိုကာလတစ်ခုမှာ အပြစ်ကင်းစွာချစ်ခဲ့ရတဲ့ ချစ်သူ နှင်းနှင်း စွန့်ခွါသွားခဲ့တယ်၊
နွေကြိုကာလရဲ့ ကန္တရ ထဲမှာ အတိုင်းအဆမဲ့ ပူလောင်စွာ ဖြတ်သန်းခဲ့ရတယ်၊ သေမလောက်အောင်ပါဘဲ၊ စဉ်းစားမိတိုင်းလည်း စူးအောင့် နာကျင်တဲ့ ရင်ဘတ်ကို ဖိနှိပ်ရင်း သေသွားနိုင်တယ်လို့တောင် ခံစားခဲ့ရတယ်၊
ဒါပေမယ့် သေဆုံး မသွားခဲ့ပါဘူး၊ လွမ်းစရာလေးတွေ ကျန်သေးလို့လေ။ တမ်းတစွာ၊ နောက်တော့ ကြေကွဲစွာ ဒဏ်ရာတွေကို ကုသပြီး သူနဲ့ထပ်တူ ချစ်နေခဲ့ပါတယ်၊ လွမ်းနေရတာလေးကိုလည်း ကျေနပ်နေခဲ့တယ်၊ ရွှင်လန်းတက်ကြွတဲ့ အရွယ်တွေကို အေးစက်စွာ ကုန်လွန်စေခဲ့တယ်၊ ကျေနပ်စွာနဲ့ပါပဲ။
စိတ်ထဲမှာတော့ ချစ်ရတဲ့သူကို လွမ်းလို့ မ၀နိုင်သေးဘူးလို့ ခံယူရင်းနဲ့ပါ။ ချစ်သူထားခဲ့တဲ့ နွေကြိုကာလလေးက ခုချိန်ထိ အေးမြခြင်းတွေကို မပေးစွမ်းနိုင်သေးဘူး...။
==========================
ဒီလိုနဲ့ တည်ငြိမ်လာတဲ့အရွယ်မှာ အချစ်အကြောင်းတွေကိုလည်း သေသေချာချာ နားမလည်တော့ဘူး၊ စိတ်ကူးလည်း မရှိတော့တဲ့ အချိန်ရောက်မှ ကလေးနဲ့ ဆုံဆည်းခဲ့ရတယ်၊
သတိထားနေတဲ့ကြားထဲကနေ ပုံမှန်မဟုတ်တဲ့ စိတ်ကူးတွေက ဖေါက်ပြန်လာတယ် ဒီကောင်မလေးကို ချစ်မိတော့မယ်ဆိုတာ သိလာတယ်၊
သွားနှင့်လေသော ချစ်သူ နှင်းနှင်းကိုလည်း အားနာနေမိတယ်၊ သူ့ကိုတိုင်တည်ပါတယ်၊ ခံစားချက်တွေကို အမှန် အတိုင်းသူ့ကိုပြောပြဖြစ်တယ်၊ စိတ်ထဲမှာပါပဲ။
နောက်တော့ ခလေးကို ချစ်မိသွားတယ်။ အကြိမ်ကြိမ် အတန်တန် ထိန်းချုပ်ရင်း ကိုယ့်နှလုံးသားကို ကိုယ်တိုင် လိမ်ညာ လှည့်ဖျားရင်းနဲ့ပေါ့...။
ခလေးမှာ ချစ်ရတဲ့သူ ရှိခဲ့တယ်တဲ့။ တစ်လလောက်ဘဲ ချစ်ခဲ့ကြပြီးတော့ ဘာသာမတူလို့လမ်းခွဲခဲ့ ကြတယ်တဲ့။
သူ့ကို ကလေးက တစ်ချက်ထဲ နမ်းခဲ့ဖူးတယ်တဲ့၊ တစ်ချက်ထဲပါပဲတဲ့။
ကလေးကိုယ်တိုင်ပြောပြခဲ့တာပါ။
ရင်ထဲမှာ နာကျင်နေပေမဲ့ အေးစက်စက်နဲ့ပဲ နားထောင်နေခဲ့ပါတယ်။
ဘာမှမဆန်းပါဘူး ဒီခေတ်ကြီးထဲမှာဆိုတဲ့ ဟန်ဆောင် နားလည် မှုတွေကို ပြရင်းနဲ့ နှလုံးသားထဲမှာ မိုးသားတိမ်လိမ်တွေ မဲမှောင်နေခဲ့တယ်၊
ကလေးကို သူကရော ဘာများ ပြန်လုပ်ခဲ့လဲဆိုတာကို ဆက်ပြီးမတွေးဖြစ်ခဲ့ပါဘူး၊ သိလိုက်ရတာကတော့ ကလေးကို အရင်ဦးဆုံး အနမ်းလေးပေးတဲ့သူ မဖြစ်တော့ဘူး ဆိုတာရယ်၊ ကလေးရဲ့ပါးမှာ စွန်းထင်းခဲ့တဲ့ အနမ်းပွင့်လေးဟာလည်း ကိုယ်ပေးဆပ်ခဲ့တာ မဖြစ်နိုင်တော့ဘူးလို့ တွေးမိတော့ ရင်ထဲက ဒီ မိုးသားတွေ ပြိုကျလာရင် မျက်ဝန်းမှာ မိုးတွေရွာသွန်းသွားမှာပေါ့။
အတိုင်းအဆမရှိတဲ့ ဆုံးရှုံးမှုတစ်ခုကို ရယူလိုက်ရသလိုပါဘဲ။ ကလေးက ယုံကြည်လို့ ပြောပြခဲ့တာဖြစ်တဲ့အတွက် ဒါတွေကို မသိကျိုးကျွံပြုခဲ့ပါတယ်။ သူ့ရဲ့ ပွင့်လင်းစွာ ဆက်ဆံပေးမှုကိုလည်း ကျေနပ်စွာ လက်ခံရယူခဲ့ပါတယ်။
နောက်တော့ ဒီအကြောင်းလေးတွေကို ထားရစ်ခဲ့တဲ့ ချစ်သူ နှင်းနှင်းကို ပြောပြဖြစ်ခဲ့တယ်။ မျက်စိစုံမှိတ်ထားတဲ့ ညရဲ့ နံရံတွေကြားထဲမှာ အသံမထွက်ဘဲနဲ့လေ... ဒီလိုရင်ဆိုင်နေရပါတယ်လို့........။
========================
မကြာခင်က ကောင်လေးတစ်ယောက်နဲ့ ရင်းနှီးခဲ့သေးတယ်တဲ့၊ ဦးဦးနဲ့ မတွေ့ခင်ကပါတဲ့၊ အခုတော့ အဲဒီကောင်လေးက တခြားတစ်ယောက်နဲ့ ဖြစ်သွားပြီတဲ့၊ အဲဒီတုံးကတော့ စိုးရိမ်စိတ်တွေနဲ့ပဲ တိတ်ဆိတ်စွာ နားထောင်နေခဲ့ ရတာလေ၊ ကြောက်စိတ်တွေ ဖုံးလွှမ်းရင်းနဲ့လို့ပဲ ပြောရတော့မှာပေါ့၊ အမှန်တကယ်လည်း အင်မတန် ကြောက်နေခဲ့တာပါ။
သူ ပြောပြတဲ့ ကောင်လေးကိုလည်း သိတယ်၊ အနီးအနားမှာလည်း ဒီကောင်လေး ရှိနေတယ်၊
သောကတွေ များလိုက်ရတာ ကလေးရယ်၊ ဒီအကြောင်းကိုတော့ ထားသွားရစ်တဲ့ ချစ်သူ နှင်းနှင်းကို ပြောမပြဖြစ်ခဲ့ဘူး၊ ကိုယ်တိုင်ကလည်း သတိရနေတတ်သေးတော့ နှင်းနှင်းကို အရမ်းအားနာနေမိတယ်လေ၊
ကလေးကိုလည်း အားနာတယ်။
ဒါပေမယ့် ကလေးကို ဘယ်လိုအကြောင်းကြောင့် ဘယ်လောက် ချစ်မိသွားမှန်းလည်း မသိခဲ့ပါဘူး။
ကလေးကို သိပ်ချစ်မိသွားပြီ ဆိုတာကိုတော့ နှင်းနှင်းကိုပြောပြခဲ့တယ်၊ စိတ်ထဲမှာပါပဲ။ အခုချိန်အထိတော့ ခွင့်လွှတ်ပေးပါလို့ မတောင်းပန်ဖြစ်သေးဘူး။
==================
တစ်နေ့ကတော့ ကလေးဖျားတယ်၊ သတိလက်လွတ်ပါပဲ။ အဖျားတွေ တက်နေတုံးမှာ ကလေး ယောင်ခဲ့တယ်၊ ကောင်လေးရဲ့ နံမယ်ကိုလေ၊ သူ ကယောင်ကတမ်းဖြစ်တဲ့အချိန်မှာ ကောင်လေးကို တမ်းတတယ်။
ကျွန်တော်နားနဲ့ ဆတ်ဆတ်ကြားပြီး မျက်လုံးနဲ့ တပ်အပ်မြင်တွေ့ခဲ့တာပါ။
ကျွန်တော်နဲ့ ဆုံတွေ့နေတဲ့ အချိန်တွေမှာ ကလေးပျော်ရွှင်နေခဲ့တယ်၊ သူဟန်ဆောင်နေခဲ့တာ မဟုတ်ပါဘူး၊ သူတကယ်ပျော်ရွှင်ခဲ့တာပါ။
ဒီအတွက်လည်း ကျွန်တော်ကျေနပ်နေခဲ့ပါတယ်၊ နောက်ပြီး ကျွန်တော့် ကို သူချစ်တယ်တဲ့၊ ကျွန်တော် ပိုပြီး ပျော်ရွှင်ခဲ့တာပေါ့။
ကျွန်တော့် ရင်ထဲမှာလေ ကလးအတွက် အင်မတန် သာယာလှပပြီး ကျွန်တော့် ဘ၀တစ်ခုလုံး ပုံပြီးတည်ဆောက်ထားတဲ့ ချစ်စံအိမ်လှလှလေးရှိတယ်။
အင်မတန်သာယာလှပတယ်။ ဒီစံအိမ်လေးထဲမှာ ကလးက လုပ်ချင်ရာလုပ်၊ သီချင်းတွေဆို၊ ပြီးတော့ မြူးမြူးကြွကြွနဲ့ ကချင်တိုင်းက၊ ပြီးတော့ ကျွန်တော့်ကို အမျိုးမျိုး အနိုင်ကျင့်၊ နှိပ်စက်၊ ကျွန်တော်ကတော့ ရယ်မောနေတယ်လို့ ခဏခဏ စိတ်ကူးတွေ ယဉ်နေခဲ့တာပါ။
ကျွန်တော်ကြောက်လိုက်တာ၊ ကလေးနှုတ်ဖျားက ယောင်ခဲ့တဲ့ ကောင်လေးကိုလေ။ ဒုတိယအကြိမ်ကလေး ဆုံစည်းခဲ့တဲ့ ကောင်လေးက ကလေးရဲ့ ရင်ထဲကို မှားယွင်းစွာ ရောက်ရှိခဲ့တာ မဖြစ်နိုင်ဘူးလို့လည်း ကျွန်တော် နားလည်မိသွားလို့ပါ။
ကျွန်တော် ဘာစကားမှ မပြော၊ ဘာမှ မလုပ်ပဲနဲ့ ကလေးကို ဒီအတိုင်း ကြည့်နေမိခဲ့တယ် ထင်ပါတယ်။
အဖျားတက်နေရာက ကလးနိုးလာတော့ကျွန်တော် အသံကို အတည်ငြိမ်ဆုံးနဲ့ အသာယာဆုံးဖြစ်အောင် ကြိုးစားပြီး သူ အဖျားတက်နေတုံး ယောင်နေခဲ့တဲ့ အကြောင်းပြောပြခဲ့တယ်။
သူလည်းရှင်းပြပါတယ်၊ သူကောင်လေးကို သံယောဇဉ်ရှိခဲ့ပါတယ်တဲ့၊ အခုတော့ ကောင်လေးက တစ်ခြားတစ်ယောက်ကို ချစ်သွားပြီတဲ့၊ စိတ်မပူပါနဲ့တဲ့၊ ခေါင်းညိမ့် နှုတ်ဆက်ရင်း ဘာမှမဖြစ်တဲ့ မျက်နှာထားနဲ့ ကျွန်တော် ဒီအတိုင်းဘဲ ပြန်လာခဲ့တယ်။
======================
ကျွန်တော့်ကြောင့် ကလေးပျော်ရွှင်ခဲ့တယ်၊
ကျွန်တော့်ကိုလည်း ချစ်ခဲ့တယ်တဲ့၊ ဟုတ်မှာပါ။
ဒါပေမဲ့ သူချစ်ခဲ့တာက ကျွန်တော်ဖြစ်ပေမယ့် သူမြတ်နိုးခဲ့တာ၊ သူတမ်းတခဲ့တာက ကောင်လေး ဆိုတာ ကျွန်တော် သိသွားပြီလေ။
ကျွန်တော် ကလေးပိုင်ဆိုင်သမျှ တန်ဘိုးရှိတဲ့ အရာအားလုံး မရနိုင်တော့ဘူးဆိုတာ ကျွန်တော်နားလည်ခဲ့ပါပြီ။
ငယ်ငယ်က ကြားဘူးခဲ့တယ်`` အကာကအချစ်၊ အနှစ်ကမေတ္တာတဲ့´´ ကျွန်တော်က အချစ်ခံရတဲ့သူ၊ အကာကို ရခဲ့တယ်၊ ကောင်လေးက အနှစ်ကို ရခဲ့တယ်၊ ခလေးရဲ့ မေတ္တာတွေကိုပေါ့။
ကျဉ်းမြောင်းလွန်း လှပါတယ်၊ ကျွန်တော် ယိုင်နဲ့စွာ လျှောက်လှမ်းလာတဲ့ ဒီလမ်းကလေးကို ကြည့်ရတာ ဆူးညှောင့် ခလုတ်တွေနဲ့ အတူ ကျဉ်းမြောင်းလွန်းလှပါတယ်။
ကျွန်တော် လျှောက်လှမ်းနေကျ လမ်းကလေးက ချက်ချင်း ပြောင်းလဲသွားတာလား၊ ဒါမှမဟုတ် ကျွန်တော် အမြင်တွေေ၀၀ါး တိမ်းမှောက်နေခဲ့တာလားဆိုတာတော့ စူးစမ်းစရာ မလိုတော့ပါဘူး၊ ကျွန်တော် အပြန်လမ်းမှာ ငိုနေခဲ့တာပါ၊ ကျွန်တော် အမြင်တွေေ၀၀ါးနေသလို ပါးနှစ်ဘက်မှာလည်း အပူတွေ စီးဆင်းနေတယ်လေ။
ဒီလိုနဲ့ပဲ ကျွန်တော် ဒုတိယအကြိမ် နွေလည်လမ်းတွေကို ဆက်ပြီး လျှောက်လှမ်းဖြစ်ခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ အာခေါင်တွေ ခြောက်ကပ်ရင်း မကြာမကြာ ရေငတ်တတ်ခဲ့ပါပြီ။
=====================
နောက်တော့ သိပ်မကြာခင်မှာ မစုံစမ်းဘဲနဲ့ ကျွန်တော် တိုက်ဆိုင်စွာ ကောင်လေးနဲ့ ကလေးရဲ့ အကြောင်းလေးတွေ သိခွင့်ရခဲ့တယ်။
ကလေးကို ကောင်လေးက သူ့ရဲ့ ဆင်းရဲနွမ်းပါးမှုကြောင့် လက်လွှတ်ရှောင်ထွက် ခဲ့တာတဲ့၊ ကလေးက ကောင်လေးကို တမ်းတမ်းတတ လွမ်းဆွတ် သတိရခဲ့ဘူးတယ်၊ တွေ့ဖို့လည်း အပြင်းအထန် ကြိုးစားခဲ့ဘူးတယ်တဲ့၊
ကျွန်တော်ဝမ်းနည်းလိုက်တာ၊ ကျွန်တော် အရမ်းဝမ်းနည်းမိပါတယ်၊ ကလေးရင် ထဲမှာ ကောင်လေးကို ကရုဏာသက်စွာ မြတ်နိုးနေခဲ့တယ်ဆိုတာ ကျွန်တော် မသိခဲ့ပါဘူး။
ကျွန်တော်ကတော့ ကလေးအတွက် ရွေးချယ်စရာ၊ နောက်ပြီး အားထားစရာ လူတစ်ယောက်ဖြစ်ခဲ့လို့ ကလေးရဲ့ အသိစိတ်က ချစ်နေတယ်လို့၊ ကလေးကိုယ်တိုင် ထင်နေခဲ့တာ ကျွန်တော် သိလိုက်ပါပြီ။
ကျွန်တော် သိမ်မွေ့စွာဘဲ ထွက်ခွါသင့်ပြီဆိုတာ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော် ကလေးကို ရယူပိုင်ဆိုင်လိုစိတ် မရှိတော့ပါဘူး။
===============
ကျွန်တော် အိပ်မက်ထဲမှာ နှင်းနှင်းနဲ့ ဆုံတွေ့ခဲ့ရတယ်၊ နှင်းနှင်း က ပါးလျပြီး အမျှင်တွေတန်းနေတဲ့ အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားတယ်။
ကျွန်တော် အရမ်းဝမ်းနည်းတယ်၊ နှင်းနှင်းကို ကျွန်တော် ဖြစ်ခဲ့သမျှ ခံစားခဲ့ရသမျှတွေ ပြောပြရင်း မေးဖြစ်ခဲ့တယ်။
``ကိုယ့်ကို ဘာကြောင့်မတားဆီးခဲ့ရတာလဲ´´ လို့...
ပြီးတော့ ကျွန်တော်ငိုလိုက်တယ်၊ နှင်းနှင်းကို ရင်ခွင်ထဲ ဆွဲပွေ့ရင်း သိမ်းကျုံး ဖက်ထားရင်းက ရှိုက်ကြီးတငင် ငိုနေခဲ့တာပါ။
နှင်းနှင်းက ကျွန်တော့်ရဲ့ လက်နှစ်ဘက်ကို ဆုပ်ကိုင်ပြီးတော့ အားပေးနှစ်သိမ့်ခဲ့တယ်၊ ကျွန်တော် ပြန်ကိုင်လိုက်တဲ့ အချိန်မှာ နှင်းနှင်းက တိမ်ခိုးတွေလို လွင့်ပါးပျောက် ကွယ်သွားတယ်။
ကျွန်တော် ငိုရှိုက်နေလျှက်က အိပ်မက်ကနေ နိုးလာခဲ့တယ်။
အပြင်မှာတော့ မိုးတွေ ရွာနေတယ်။
ကျွန်တော် မျက်ရည်တွေကို မသုတ်ဘဲနဲ့ အိမ်အပြင်ကို ထွက်လာခဲ့တယ်။
မှောင်မဲနေတဲ့ ကောင်းကင်ကြီးထဲကနေ မိုးတွေ သဲကြီးမဲကြီးရွာနေတယ်၊ ကျွန်တော် ဒီအတိုင်းရပ်နေခဲ့တယ်၊ မိုးရေထဲမှာပေါ့။
ပူလောင်ခြင်းတွေ လျော့ပါးသွားစေဖို့ပါ၊ ကျွန်တော့်နားမှာ ဘယ်သူမှ မရှိတော့ဘူး၊ နှင်းနှင်းလည်း ကျွန်တော့်ကို ထားရစ်ခဲ့ပြီ။ ကလးလည်း ကျွန်တော့်အနားကို ရောက်မနေခဲ့ပါဘူး၊ ချစ်ခြင်းတရားနဲ့ တကယ်ကို ကင်းလွတ်နေခဲ့ရတဲ့ ဘ၀ပါပဲ။
=================
ကျွန်တော် ပြန်စဉ်းစားဖြစ်တယ်၊
ကျွန်တော့်ရဲ့ နားလည် ခံယူတတ်ခဲ့ခြင်းတွေထဲမှာ ကျွန်တော် နှင်းနှင်းကို သစ္စာမမဲ့ခဲ့ပါဘူး၊
ကလေးကိုလည်း ကျွန်တော်မြတ်နိုးစွာချစ်ခဲ့ပါတယ်။
ကျွန်တော်နှစ်ပေါင်း များစွာ နှင်းနှင်းကို လွမ်းဆွတ်သတိရခဲ့တဲ့ ကျွန်တော့်ရဲ့ အကောင်းဆုံးအချိန်တွေမှာ ပျော်ရွှင်ကြည်နူးစရာတွေ ကင်းဝေးခဲ့တယ်၊
ကလေးနဲ့ ဆုံတွေ့ဖြစ်ကြတော့ ကျွန်တော့်ရဲ့ ခြောက်သွေ့နေတဲ့ ဘ၀လေး ပြန်လည် စိုပြည်လာတယ်လို့ ထင်မိလိုက်တဲ့အချိန်မှာ ကျွန်တော်ရဲ့ ချစ်ခဲ့မိခြင်းတွေက အပြစ်တွေဖြစ်သွားခဲ့ပြီပဲ။
ချစ်ခြင်းရဲ့ ပြင်းထန်စူးရှတဲ့ ပြစ်ဒဏ်ကို ကျွန်တော် ကောင်းမွန်စွာ ခံယူပါ့မယ်။
ကျွန်တော် ကောင်လေးကိုလည်း စာနာပါတယ်၊ ကလေးကိုလဲ မရက်စက်ချင်ပါဘူး။
သူ တကယ်မြတ်နိုးနေ ခဲ့ရတဲ့ ကောင်လေးနဲ့ ပျော်ရွှင်စွာ ဆုံတွေ့နိုင်ဖို့တော့ ကျွန်တော် ဆုတောင်းပေးချင်သည့်တိုင် ကျွန်တော် ဆုတောင်းမပေးဖြစ်ခဲ့ဘူး၊ ကျွန်တော် အဲဒီလောက် အထိ သတ္တိမရှိပါဘူး၊ ဆန္ဒဘဲ ရှိခဲ့တာပါ။
ခလေးရေ.....
ကလေးက ဦးဦးကို တကယ်ချစ်တာမဟုတ်ပါဘူးကွာ။
ကလေးထင်ယောင်ထင်မှားဖြစ်နေခဲ့တာပါ။
ဦးဦးက ကလေးကို အလိုလိုက်လို့ ကလေးခင်တွယ်ခဲ့တာပါ၊ ချစ်ခဲ့တာ မဟုတ်ဘူးနော်.. လို့ ကျွန်တော် တိုးတိုးလေး တစ်ကိုယ်တည်းပြောနေမိတယ်၊ ကလေးကတော့ ကြားနိုင်မှာမဟုတ်ပါဘူး။
ကျွန်တော်လေ နောက်ဆုံးအချိန် မတိုင်ခင်လေးမှာ ဆုလေးတစ်ခုတောင်းပြီး...... ဘ၀ကူးသွားချင်ပါတယ်...
`` ဖြစ်လေရာဘ၀ သံသရာ အဆက်ဆက်မှာ ချစ်ခြင်း၊ မုန်းခြင်း ကင်းသောသူ ဖြစ်ရပါလို၏´´လို့။
ရင်ထဲမှာ ဖြစ်ထွန်းနေခဲ့တဲ့ တိမ်တောင် တိမ်လိပ်တွေက အခုတော့ မိုးသားတွေဖြစ်သွားခဲ့ပြီပါပြီ။
ရွာချင် သလောက်သာ ရွာပါစေတော့ အပြင်မှာလည်း မိုးတွေ အရှိန်ပြင်းပြင်းနဲ့ ရွာနေတယ်လေ။
(ကွန်ဆူးမား)(၂၀-၁-၂၀၁၄)
၂၀၁၁ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တွင် ``ချစ်သူမြို့တော်´´တွင် ရေးဖြစ်ခဲ့သော အဟောင်းလေးအား ပြင်ဆင်ရေးသားပါသည်။
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment