Monday, January 20, 2014

မိနစ်ပိုင်းလောက် ဘ၀တိုတိုလေး

ပင်ဆယ်ဗေးနီးယားကမိခင်တစ်ယောက်ဟာ ရက်သတ္တပတ် ၁၉ပတ်နဲ့ မွေးဖွားခဲ့တဲ့သူ့ ရဲ့ သား ပုံတွေကို ဓာတ်ပုံရိုက်ပြီး သူ့ ဘလော့မှာတင်ခဲ့ပါတယ်။ အလက်ဆီဖရက်ဟာ အသက် ၃၀ ရှိပြီး သမီးလေး 
နှစ်ယောက်ရှိပါတယ်။ ယခု တတိယကိုယ်ဝန်ဟာသားယောက်ျားလေးဖြစ်ပြီး ကိုယ်ဝန် ၁၉ ပတ် မှာသွေးနည်းနည်း ဆင်းလာပါတယ်။ ဆေးရုံမှာစောင့်ဆိုင်းနေရင်း အာလ်ထရာဆောင်းရိုက်ဖို့ အတွက် ရေသုံး ခွက်သောက်လိုက်ပြီး... သိပ်မကြာခင်ပဲ ဗိုက်ကမွေးဖွားချင်လို့ နာလာပါတယ်။ သူကသူမွေးဖွားတော့မယ်ဆိုတာသိနေပါတယ်။

ဒါပေမယ့်သူနာပြုဆရာမတွေကတော့ သံသယရှိပြီး အာလ်ထရာဆောင်းရိုက်ဖို့ အတွက်ခေါ်သွားခဲ့ပါတယ်။အာလ်ထရာဆောင်း အခန်းထဲမှာ ပိုနာလာပြီး ညှစ်အားကပိုတိုးလာပါတယ်။ နောက်ဆုံးတော့ သားငယ်ဝေါ်တာကို၉နာရီ၄၂မိနစ်မှာမွေးဖွားခဲ့ပါတယ်။ ဖရက်က ကျမအရမ်းငိုမိပါတယ်။သားလေးကခြေလက်အင်္ဂါအကုန်စုံလင်နေပါပြီ။ သူနှလုံးခုန်နေတာကိုတောင်ကျမမြင်ရပါတယ်။ကျမသားလေးကိုသူ့ နှလုံးခုန်သံတွေကြားနေရတုန်းဖက်ထား မိပါတယ်။ သူ့ လက်ဖ၀ါးလေးတွေ၊ခြေဖ၀ါးလေးတွေကိုကိုင်ကြည့်ပြီး သူ့ ခေါင်းသေးသေးလေးကိုနမ်းလိုက်ပါတယ်။ အဲဒီအချိန်ကာလလေးကိုကျမ အမြဲတမ်းအမှတ်ရသွားမှာပါ။ ဖရက်ရဲ့ ခင်ပွန်း ယောရှုဝါကကားဆီ ကိုသွားပြီးကင်မရာပြန်ယူ ပါတယ်။ဒီကင်မရာက သူ့ သူငယ်ချင်းမင်္ဂလာ ပွဲအတွက်ရိုက်ပေးဖို့ ယူလာ တဲ့ကင်မရာပါ။ပထမတော့ဓာတ်ပုံမရိုက်တော့ ဘူးလို့  စဉ်းစားမိပါတယ်။ ဒါပေမယ့်ရိုက်ဖြစ်ခဲ့တဲ့အတွက်သားပုံလေးတွေ ကိုခုလိုကြည့်ခွင့်ရခဲ့ပါ တယ်။ ကျမခင်ပွန်းကိုကျေးဇူးတင်ပါတယ်။

အချိန်မတိုင်မီမွေးဖွားတယ်ဆိုတာလူတော်တော်များများအတွက် သိပ်အရေးမကြီးလှပါဘူး။နောက်ထပ်ကလေးတစ်ယောက်ထပ်ရအောင်ကြိုးစားနိုင်တယ်လို့  ယူဆပြီး ဒီကိစ္စဘယ်တုန်းကမှမဖြစ်ခဲ့သယောင် ဟန်ဆောင်ကြတယ်။ ဒါပေမယ့် မိခင်ကတော့ ၀မ်းနည်းပူဆွေးမှုတပုံကြီးနဲ့ ကျန်ခဲ့ရပါတယ်။ ဆေးရုံဝန်ထမ်းတွေကလည်း ဆေးပစ္စည်း အမှိုက်တစ်ခုလိုကလေးအသေကိုစွန့် ပစ်လိုက်မယ်။ဒါကြောင့်မိ ခင်တော်တော်များများ သူတို့ ကလေးကိုကိုင်တွယ်ခွင့်ထိတွေ့ ခွင့်မရခဲ့ကြဘူး။တချို့ ဆိုယောက်ျားလေးလား၊မိန်း ကလေးလားတောင်မသိလိုက်ရပါဘူး။

တနှစ်ကိုအမေရိကန်အမျိုးသမီးတစ်သန်းလောက်အချိန်မတိုင်မီမွေးဖွားပြီးသားပျက်သားလျှောကြတယ် လို့ သိရပါတယ်။ ဒီအကြောင်းကိုဘလော့မှာရေး တင်ပြီးတဲ့နောက် သူ့ ဆီကိုကလေးပျက်ကြတဲ့အမျိုး သမီးတွေ ဆီကစာတွေရောက်လာပါတယ်။ ဖရက်ရဲ့ စာနဲ့ သားလေးရဲ့ ဓာတ်ပုံဟာ သူတို့ စိတ်ကို ကုစားဖို့ အကူအညီပေးပါတယ်တဲ့။ သားရဲ့ ပုံတွေကို လူတွေကဝှေငှကြ၊ မှတ်ချက်တွေပေးကြတာ ဖတ်ကြည့်ပြီး ကျမအံ့သြမိပါတယ်။ သားလေးဟာသူ့ ရဲ့ မိနစ်ပိုင်းလောက်ဘ၀တိုတိုလေး နေခဲ့ပေမယ့် ကျမစိတ်မကူးမိနိုင်လောင်အောင်ကို ဘ၀များစွာနဲ့ ထိတွေ့ ခဲ့ပါတယ်။

သတင်းချစ်သူ - ဝေဟင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...