Monday, January 20, 2014

"ကုန်နေလို့"


အနည်းငယ် မူးရစ်နေဟန်ရှိတဲ့ မိန်းမချောလေးတစ်ယောက်က စာပွဲထိုးကောင်လေးကို ခေါ်ပြီး မေးတယ်...
"မင်းတို့ ဆိုင်မန်နေဂျာ မရှိဘူးလား"
"ရှိပါတယ် ခင်ဗျ"
"ရှိရင် ခဏတွေ့ချင်တယ်၊ သူ့ကို နှစ်ကိုယ်ကြား ပြောစရာရှိလို့"



...ဆိုတော့ စာပွဲထိုးလေးက မန်နေဂျာကိုကျေးညိုရဲ့ ရုံးခန်းကို ခေါ်သွားတယ်... ....
ကိုကျေးညိုရဲ့ အခန်းထဲကို ရောက်တော့... ...
ကောင်မလေးက ကိုကျေးညိုလည်ပင်းကို သိုင်းဖက်လိုက်ပြီး ပြောတယ်... ...

"မန်နေဂျာကြီးကို ပြောစရာရှိလို့"
"ပြော.... ပြော.... ပြော လေ"

ကောင်မလေးက မပြောသေးဘဲ ကိုကျေးညိုရဲ့ ပါးနှစ်ဖက်ကို သူမရဲ့ လက်လေးတွေနဲ့ ပွတ်သတ်ပေးနေတယ်။
ကိုကျေးညို ဆောက်တည်ရာ ခက်နေပြီ။

"ပြော... ပြော... စရာ ရှိ...ရှိတာ ပြောလေ... ခေး ရဲ့"

ကောင်မလေးရဲ့ လက်ချောင်းလေးတွေ ကိုကျေးညိုရဲ့ ဆံနွယ်တွေထဲမှာ ပြေးဆော့နေပြန်ပြီ။
ဆရာကိုကျေးညို အသားတွေ တဆတ်ဆတ်တုန်လို့၊ ဒူးတွေလည်း မခိုင်ချင်တော့ဘူး ဖြစ်လာတယ်။

အဲဒီအခြေအနေမှာ ကောင်မလေးက ကိုကျေးညို နားနားကို ကပ်လို့ တိုးတိုးလေးပြောပြီး ပြေးထွက်သွားတော့တယ်။
ကောင်မလေး ပြောသွားတာက... ...

"အိမ်သာထဲမှာ အီးကုန်းစက္ကူကုန်နေလို့"... တဲ့။

(ကတောက်စ်... ဒါ့ကြောင့် သူ့လက်က အီအီးနံ့ ရပါတယ် အောက်မေ့နေတာ)


သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...