ဘာကို ပေးချင်တာလဲ
Bollyhood လို့ပြောလိုက်ရင် အကတွေပါဝင်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အိန္ဒိယရုပ်ရှင်အကြောင်းကို စဉ်းစားမိလောက်မယ်ထင်ပါတယ်။ ဇာတ်ကားရှည်သလောက်လဲ ကြည့်သောပရိသတ်မပျင်း မရိအောင် အမျိုးမျိုး စွဲဆောင်နိုင် စွမ်းလည်းရှိပါပေတယ်။
~~~ ပြီးခဲ့ တစ်ပတ်လောက်က အိန္ဒိယဇာတ်ကားတစ်ကား ကြည့်မိတယ်။ ဇာတ်ကားနာမည်က
Tarre Zameen Par ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်ကတော့ ၉ အရွယ်လောက်ရှိမယ့်
သွားခေါ်ခေါ်နဲ့ကလေးလေးပါ။ ရုပ်ကလေးက မလှပေမယ့် သူ့ရဲ့ ချစ်စရာ သရုပ်ဆောင်မှု
ကြောင့် ပရိသတ်ရင်ကို ထိစေပါတယ်။ မင်းသားကတော့ Aamir Khan Mann ပါ။
~~~ဇာတ်ကားရဲ့ ကျောရိုးကတော့ မိးသားစုတစ်ခုမှာ အဖေရယ်၊ အမေရယ်၊ သားကြီးရယ်၊ သားငယ် ရယ်ဆိုပြီး လေးယောက်သောမိသားစုရဲ့ အငယ်ဆုံးသားလေးရဲ့ အဖြစ်လေးပါ။
ကလေး ကစာမတော်ဘူး။ ဒါပေမယ့် သနားတတ်တယ်၊ ကူညီတတ်တယ်။ သူလုပ်ချင်တာကို ဖြစ်အောင် လုပ်တတ်တယ်။ ပန်းချီဆွဲရာမှာတော့ အရမ်းတော်တယ်။ ဒါပေမယ့် စာမတော်တော့ မိဘရဲ့ အလေးပေးမှုကို မခံရဘူး၊ ကျောင်းမှာလည်း အမြဲတမ်း ဒဏ်ပေးတာကို ခံရတယ်။ နောက်တော့ မိဘတွေကနေ စည်းကမ်းအရမ်းတင်းကြပ်တဲ့ ကျောင်းတစ်ကြောင်းကို အဲ့ဒီ့ကလေးလေးကို ပို့လိုက်တယ်။ ကလေးက ပတ်ဝန်းကို အသစ်ကြားမှာ နေရတော့ အားလုံးကို စိတ်နာသလိုဖြစ်ပြီး ဘယ်သူ့ကိုမှ စကားမပြောပဲနေတယ်။ ဆရာတွေ စာသင်တဲ့အချိန်ဆိုလဲ စာကိုစိတ်မ၀င်စား အပြစ်ပေးသမျှကို ခံတယ်။
နောက်တော့ အဲ့ဒီကျောင်းကို ဆရာအသစ်တစ်ယောက်ရောက်လာတယ်။ အဲ့ဒီ့ဆရာကတော့ ကျောင်းသားတွေရဲ့ လိုအပ်ချက်ကို လိုက်ကြည့်တယ်။ နောက်ဆုံး အဲ့ဒီကလေးရဲ့ အားနည်းချက် အားသာချက်တွေကို သိသွားတော့ ကျောင်းအုပ်ဆရာကြီးဆီမှာ ဒီကလေးကို သူကိုယ်တိုင် စပါယ်၇ှယ် သင်တန်းပေးမယ်ဆိုပြီး ခွင့်တောင်းလိုက်တယ်။ နောက်တော့ ဒီကလေး လုပ်နိုင်မယ့် စိတ်ဝင်စားတဲ့ ပုံစံကိုယူပြီးတော့ ကလေးကိုသင်ပေးလိုက်တာ နောက်ဆုံး တစ်ကျောင်းလုံး ပန်းချီပြိုင်ဆွဲပွဲမှာ ပထမရတဲ့ အထိကို ဖြစ်သွားတယ်။
ဇာတ်လေးကတော့ ဒါပါပဲ..။
ဒါပေမယ့် ဒီဇာတ်ကားကိုကြည့်ပြီး ရလိုက်တဲ့ သင်္ခန်းစာတွေ ..သိလိုက်ရတဲ့ ဗဟုသုတ အသိတွေ..။ အများကြီးပါပဲ…။ပေးလိုက်တဲ့ အချိန်နဲ့ အရမ်းကို တန်ပါတယ်။ ပရိသတ်ကို ပေးချင်တဲ့ အသိဥာဏ်ဗဟုတကို အပြည့်အ၀ပေးစွမ်းနိုင်စွမ်းရှိအောင်ရိုက်ပြသွားတာ။ ကိုယ်တိုင်ကြည့်ကြည့်လိုက်ပါ။
သူယ်ချင်းငါးယောက်လောက်ကို ကြည့်ခိုင်းလိုက်တာ သူငယ်ချင်းတိုင်းက မျက်ရည်စတွေနဲ့ ရင်ထဲမှာ နင့်နေအောင် ခံစားသွား၇တယ်ဆိုပဲ…။ တစ်ကယ်ပါ..။ သရုပ်ဆောင်တဲ့ကလေးမှာ ဘာဟာကွက်မှ မရှိဘူး..။
ဇာတ်ကွက်တိုင်း ဇာတ်ကွက်တိုင်းမှာ ဘာကိုပြောတာလဲ ဆိုတဲ့ အသိတစ်ခု… အတွေးတစ်ခုကို အမြဲတမ်းဇာတ်ကားတစ်ခုလုံးပေးနေတာ..။ဘယ်ကလာ မကောင်းရှိတော့မလဲ…။
~~~~ကဲလာပါပြီဗျာ….မြန်မာ့ရုပ်ရှင်လောက ဗွီဒီယိုလောက….။ဒါပေမယ့် မြန်မာ့ရုပ်ရှင်လောကဟာ
တစ်ချိန်က ရွှေခေတ်ရောက်ခဲ့တယ်တဲ့…။ဟုတ်ပါတယ်။ ရှေ့တုန်း ရုပ်ရှင်ကားနဲ့ ခုခေတ်ရုပ်ရှင်ကားတွေကို
ချိန်ထိုးပြီး ကြည့်လိုက်မယ်ဆိုရင် နည်းပညာပိုင်းကတော့ နားမလည်လို့ မပြောတတ်ဘူး။ ဒါပေမယ့် ရလိုက်တဲ့ အသိဥာဏ် ဗဟုသုတကတော့ အရမ်းကို ကွာခြားနေတာကို ကြည့်ဖူးသူတိုင်းသိလောက်မယ်ထင်ပါတယ်။
ကောင်းတဲ့ ရုပ်ရှင်ကားတော်တော်များများလည်း ရိုက်နေတာကို တွေ့ရပါတယ်။ (မြန်မာရုပ်ရှင်ကား များများ မကြည့်ဘူးသောကြောင့် များများမပြောတော့ပါဘူး..။ရုပ်ရှင်အကြောင်းကို)။
ဒါပေမယ့် ဗွီဒီယိုကတော့ ကြည့်တာများလို့ ပြောကြည့်လိုက်အုံးမယ်။
ဟိုတစ်နေ့က မြန်မာဗွီဒီယိုဇာတ်ကားတစ်ကားကြည့်မိလိုက်တယ်။ တစ်ကားလုံးသာ ဆုံးသွားတယ်။ ဘာကို ဦးစားပေးရိုက်သွားမှန်းကို နားမလည်လိုက်ဘူး။ ကိုယ်ကိုယ်တိုင်ကပဲ ဗဟုသုတနည်းလို့လား မခံစားတတ်လို့လား ဘာလားညာလားတော့မသိဘူး။ ဟာသကားလား၊ အချစ်ကားလား၊ ပညာပေးလား၊
နိုင်ငံရေးလား၊ စသည်စသည် ချိန်ထိုးကြည့်တယ် ပေါ်မလာဘူး။
ရွာမှာ အမေက စက်ချုပ်တယ်။ အကျီလာအပ်ကြတယ်။ ဘယ်လိုပုံချုပ်ပေးပါ။ စသဖြင့် ပုံစံအမျိုးမျိုး။
ဒါနဲ့မိန်းကလေးတစ်ယောက် အမေ့ကိုပြောလိုက်တဲ့ စကားလေးကို အမှတ်မထင်ကြားလိုက်မိတယ်။ ကြီးမေရေ…ညတုန်းက ဇာတ်ကားထဲက မင်းသမီး ၀တ်သွားတဲ့ အကျီပုံစံလေး အရမ်းလှတယ် စသဖြင့် ညက သူမကြည့်ခဲ့တဲ့ ဇာတ်ကားထဲက မင်းသမီး အကျီပုံစံတွေကို တစ်ခုခုချင်းစီ စားမြှုပ်ပြန်သွားတာ…။ ဒါနဲ့စဉ်းစားမိတယ်..။ ဒါဟာ ပရိသတ်ကို အပြစ်လို့ပြောလို့မရဘူး..။ပရိသတ်ကလည်း သူရတာ သူယူမှာပဲလေ..။ တစ်ခြား အသိပညာပိုင်းက ဘာမှ ပါမလာတော့ သူမနဲ့လျော်ကန်မယ့် မင်းသမီးကဘာဝတ်လဲ ဘယ်လိုမျိုးဝတ်သွားလဲ မိန်းကလေးတစ်ယောက်နဲ့ အဆင်ပြေမယ့် အရာလေးတွေတော့ သူယူသွားမှာပဲလေ။
ဇာတ်ကားအားလုံးကို ပြောနေတာတော့ မဟုတ်ပါဘူး..။ဒါပေမယ့် ဘယ်လိုပဲ ဇာတ်ကားကိုပဲရိုက်ရိုက် ပရိသတ်ရင်ထဲကိုတော့ တစ်ခုခုရောက်အောင်တော့ ပေးလိုက်သင့်တယ်လို့ ထင်မိပါတယ်.။ ရုပ်ပိုင်းဆိုင်ရာ ရိုက်ချက်တွေ မြန်မာ့ရုပ်ရှင်လောက၊ ဗွီဒီယိုလောကမှာ အားနည်းနေတာတွေကို အပြစ်မတင်ပါဘူး…။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးမယ့် ကားမျိုး ဇာတ်လမ်းမျိုးလေးတွေနဲ့ ပရိသတ်ရင်ထဲကို ရောက်အောင် ရိုက်ပေးနိုင်မယ်ဆိုရင်တော့ မြန်မာ့ရုပ်ရှင်လောက၊ ဗွီဒီယိုလောကကြီးဟာ ပရိသတ်လက်ခံနိုင်မယ့် နေရာတစ်ခုကို ပိုပိုရောက်လာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။
မတူတာတွေးကို နှိုင်းယှဉ်မိပြီး တွေးဖြစ်တာလေးကို ချပြမိလိုက်တာပါ…။
ဘာပဲပြောပြော မြန်မာကားတွေကိုတော့ ဆက်လက်အားပေးနေပါအုံးမည်…။

0 comments:
Post a Comment