မိန်းမမာယာ ၄၀
Wednesday, January 15, 2014
၁- အတင့်အသင့်စံပယ်ပြသော အမူအရာ
၂- ကျောကုန်းကို မြင်စေရန် ကုန်း၍ကောက်ပြသောအမူအရာ
၃- က္ကရိယာပုတ်ဖြင့် သို့မဟုတ် ဖြီးလိမ်းပြင်ဆင်ခြင်းဖြင့်
၎- ရှက်ယောင်ဆောင်သော အမူအရာ
၅- လက်သည်းချင်း ပွတ်ပြသောအမူအရာ
၆- ခြေထောက်ချင်းနင်းသော အမူအရာ
၇- မြေပြင်ကို တုတ်ခြင့်ရေးခြစ်သော အမူအရာ
၈- ကလေးကိုချီပွေ့သောအမူအရာ
၉- အချီအပွေ့ကို ခံယူသောအမူအရာ
၁၀- ကပြသောအမူအရာ
၁၁- ကလေးကို ကခိုင်းသောအမူအရာ
၁၂- ကလေး၏ ပါး၊နား စသည်တို့ကို နမ်းပြသောအမူအရာ
၁၃- ထိုကဲ့သို့ ကလေးကို နမ်းခိုင်းသော အမူအရာ
၁၄- စားဟန်ပြုသော အမူအရာ
၁၅- ကလေးအား စားစေသောအမူအရာ
၁၆- တစ်စုံတစ်ခုကို ကလေးအားပေးသော အမူအရာ
၁၇- ကလေးထံမှ တစ်စုံတစ်ခုကို တောင်းယူသော အမူအရာ
၁၈- ကလေးအား အတူယူ၍ ပြောင်သော အမူအရာ
၁၉- အသံကျယ်လောင်စွာ ပြောဆိုသော အမူအရာ
၂၀- တိုးတိုးပြောသော အမူအရာ
၂၁- တိုက်ရိုက်ပြောသော အမူအရာ
၂၂- မခို့တရို့ပြောသော အမူအရာ
၂၃- ငိုပြသောအမူအရာ
၂၄- အသံကျယ်ကျယ် ရယ်ပြသော အမူအရာ
၂၅- စိုက်၍ကြည့်သော အမူအရာ
၂၆- ခါးကိုလှုပ်ပြသော အမူအရာ
၂၇- အတွင်းသားကို လှုပ်ပြသောအမူအရာ
၂၈- ပေါင်ကို လှစ်ပြသော အမူအရာ
၂၉- ပေါင်ကို ဖုံးပြသော အမူအရာ
၃၀- သားမြတ်ကို အမှုမှတ်မဲ့ ပြသောအမူအရာ
၃၁- လက်ကတီးကို ပြသောအမူအရာ
၃၂- ချက်ကို လှစ်ပြသော အမူအရာ
၃၃- မျက်စိမှိတ်ပြသော အမူအရာ
၃၄- မျက်စပစ် ပြသော အမူအရာ
၃၅- နှုတ်ခမ်းကို သွားဖြင့်ကိုက်ပြသောအမူအရာ
၃၆- လျှာထုတ်ပြသော အမူအရာ
၃၇- ထဘီကို ကျွတ်ဟန်ပြုသော အမူအရာ
၃၈- ထဘီကိုပြင်ဝတ်ပြသော အမူအရာ
၃၉- ဆံထုံးကိုဖြေပြသော အမူအရာ
၄၀- ဆံထုံးကိုပြင်ထုံးပြသော အမူအရာ
(မူရင်း စံမြင့်မှတ်စု စာအုပ်မှ ကူးယူဖော်ပြခြင်းသပ်သပ်သာ ဖြစ်ပါသည်။ ဗဟုသုတရစေလိုသော သဘောဖြင့်သာ ထပ်ဆင့်ဝေမျှခြင်းဖြစ်ပြီး မည်သူ့ကိုမှ သာစေနာစေလိုသော ဆန္ဒမရှိပါ။
အမှားပါခဲ့မည်ဆိုလျှင်လည်း ခွင့်လွှတ်ပါလို့ )
SQUAR
ကျေးဇူးပါဗျာ
ReplyDelete