စိတ်လိုလက်ရ ရှိနေပါစေ
Author: lubo601 |
7:22 PM |
No မှတ်ချက် |
True Man's photo.
လူတော်တော်များက သူတို့ ရဲ့ ကိုယ်ပိုင် အရည်အချင်းတွေကို ထုတ်သုံးရမှာ တွေဝေတတ်ကြပါတယ်။ တကယ်တမ်းထုတ်သုံးနိုင်တဲ့ သူတွေက အနည်းမျှသာပါ။ အများစုက ကိုယ့်မှာ ဘယ်အရာတွေကို အားသန်လည်း ဆိုတာတောင်မှမသိကြဘူး။
စွမ်းအားဆိုတာ ထုတ်သုံးလိုက်တဲ့ အချိန်မှပဲ မြင်ကြရတာ မဟုတ်လား။ လူတစ်ယောက်ရဲ့ အရည်အချင်း ဆိုတာလည်း သူကိုယ်တိုင် ထုတ်သုံးမိတဲ့ အချိန်ကျမှ အံ့သြလောက်အောင် မြင်တွေ့ မိကြတယ်။ တစ်ချို့ ကျတော့လည်း ကိုယ့်မှာ ဒီ အရည်အချင်းတွေ ရှိနေပါလျက် သိသိကြီးနဲ့  ရေသာခိုချင်ကြတယ်။
ဒါနဲ့ ပက်သတ်ပြီး လူတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းအား လေးကို ပြောပြချင်ပါတယ်။ ကျွန်တော့် ရွာကလေးက မြစ်ဝကျွန်းပေါ်ဒေသ ဆိုတော့ ဓနိတွေ သိပ်ပေါပါတယ်။ အိမ်မိုးရာမှာလည်း ဓနိတွေကိုပဲ အသုံးပြုကြတယ်။ အဲ့တော့ အိမ်တိုင်းမှာဓနိထိုးကြတယ်။
တစ်ချို့  သူတွေကျတော့လည်း စီးပွားရေးမပြေလည်တော့ ဓနိရုံမှာ နေ့ စားသွားထိုးကြတာပေါ့။ ဒီလို ဓနိထိုးတဲ့ သူတွေထဲမှာ ဒေါ်အေးကြည် ဆိုတဲ့ အမျိုးသမီးက အရမ်း မြန်ပါတယ်။ တစ်နေ့ ကို ဓနိပျစ် ၈၀၀ ကျော်ရအောင် ထိုးနိုင်တဲ့ အရည်အချင်းရှိတယ်ပေါ့။ ဘယ်သူ့ မှ သူ့ လောက် မထိုးနိုင်ကြဘူး။ ဘာကြောင့်လည်းဆိုတော့ သူကနေ့ စဉ် ဓနိထိုးတဲ့ အခါ စိတ်လိုလက်ရ ရှိတယ်လို့ သိရပါတယ်။
တစ်နေ့ အိမ်နားက အဒေါ်ကြီး တစ်ယောက်လည်း ဓနိရုံက ပြန်လာတော့ စကားစမြည်ပြောဖြစ်တယ်။ ဒါနဲ့ ဒီနေ့  ဓနိပျစ်ဘယ်လောက် ထိုးနိုင်ခဲ့လည်းလို့ မေးလိုက်ပါတယ်။ သူက ငါ့တူရယ် ဒီနေ့ တော့ စိတ်လိုလက်ရ ထိုးလိုက်မိတာ ဓနိပျစ်၈၀၀ ကျော်အောင် ရပါတယ်တဲ့လေ။
အရင်နေ့ တွေက ၅၀၀ ကျော်၊ ၆၀၀ လောက်ပဲ ရနေတာတဲ့။ ဒါကို ကြည့်ချင်းအားဖြင့် လူတွေဟာ မလုပ်ပဲနဲ့ သာ ထိုင်ပြီးမဖြစ်ပါဘူး ဆိုတာ ညည်းနေကြတာ။ တကယ်တမ်း သူတို့ စိတ်လိုလက်ရ ရှိတဲ့ အချိန်တွေမှာဆို လူတစ်ယောက်ရဲ့ စွမ်းအင်ဆိုတာ ပေါ်တာပဲ။
ဒီနေရာမှာ ပြောချင်တာ စိတ်လိုလက်ရ ရှိတဲ့ အချိန်မှာ လူတွေကအလုပ်ပိုလုပ်နိုင်ကြတာကို တွေ့ရ ပါတယ်။ ကျန်တဲ့ အချိန်တွေမှာ အလုပ်လုပ်နိုင်မှု အားနည်းကြတယ်ဆိုတာပါပဲ။ တကယ်ဆို လူမှာ ရှိနေတာ ဒီစွမ်းအင်ပဲ။ အသုံးချလိုက်တဲ့ အချိန်နဲ့  အသုံးမချမိတဲ့ အချိန်ပဲ ကွာတာပါ။
နေ့ စဉ်တိုင်းတာ စိတ်လိုလက်ရ ရှိနေကြရင် ဘယ်လောက် ကောင်းမလဲ။ ကိုယ့်ရဲ့ စွမ်းအင်ကို အင်ပြည့် အားပြည့် အသုံးပြုနိုင်မှာ ဖြစ်သလို အရည်အချင်းဆိုတာကိုလည်း ကိုယ်တိုင် မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘ၀မှာ စိတ်လိုလက်ရ ဆိုတဲ့အချိန်တွေ အမြဲရှင်သန်နေဖို့ လိုပါတယ်။ ဒါမှလည်း မိမိရဲ့ ကြိုးစားအားထုတ်မှုဟာ ပုံမှန်အလေ့အထဖြစ်ပြီး ဘ၀မှာ တိုးတက်မှု မြန်ဆန်လာတော့မှာပေါ့။
True Man
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment