Jelly Fish ကဲ့သို့ လေထဲမှာ ကူးခတ်သွားလာနိုင်သော ပျံသန်းယာဉ်လေး
Aung Myo Thu with Ma Ma Lay
နယူးယောက် တက္ကသိုလ်ကနေ Jelly Fish လေးတွေလို လေထဲမှာ ကူးခတ်သွားလာနိုင်တဲ့ ယာဉ်လေးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြပါတယ်။ သူတို့ရဲ့ တီထွင်မှု ပညာရပ်ဆိုင်ရာ စာတမ်းကိုတော့ Journal of The Royal Society. မှာ အသေးစိတ် ရေးသားဖော်ပြထားပါတယ်။ အခုဆိုရင် လေကြောင်းပညာရှင်တွေဟာ လေထဲမှာ ပျံနေသမျှ အကောင်တိုင်းနီးပါးရဲ့ ပျံသန်းမှုတွေကို လက်တွေ့သင်္ချာနည်းကျ ထုတ်ဖော်လာနိုင်ပြီး၊ စမ်းသပ်ပျံသန်းမှုတွေလည်း အကြိမ်ကြိမ် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီလိုနယ်ပယ်မျိုး၊ နည်းပညာမျိုးတွေကို သက်ရှိသတ္တ၀ါလေးတွေကနေ အတုယူကာ ပေါ်ပေါက်လာတာဖြစ်တဲ့အတွက် Bio-inspired Technology ဆိုပြီး ပြောကြဆိုကြပါတယ်။ Leonardo da Vinci (1452-1519) ကစတင် စိတ်ကူးယာဉ်ခဲ့တဲ့ ဒီနည်းပညာတွေဟာ အခုဆိုရင် အရမ်းကို အောင်မြင်လက်တွေ့ကျတဲ့ နယ်ပယ်တစ်ခု ဖြစ်လာခဲ့ပါပြီ။ ယခုလိုနည်းပညာတွေကိုတော့ ထောက်လှမ်းရေးလုပ်ငန်းတွေမှာ သုံးဖို့ အဓိက တီထွင်နေကြတာဖြစ်ပါတယ်။ နောင်ဆိုရင် အိမ်ပေါ်က ပိုးကောင်မွှားကောင်လေးတွေကိုတောင် ကျွန်တော်တို့ မယုံရဲတဲ့ ဘ၀ကို ရောက်လာပါတော့မယ်။ ကိုရီးယားနိုင်ငံရှိ ဆိုးလ်အမျိုးသားတက္ကသိုလ် (Seoul National University) နှင့် အမေရိကန်မှ အဆင့်မြင့် ကာကွယ်ရေး သုတေသန အေဂျင်စီ (DARPA= Defense Advanced Research Projects Agency) တို့ ပူးပေါင်းပြီး မြေမှာတွားသွားတဲ့ ပိုးကောင်ကို အောင်မြင်စွာ တီထွင်ထားနိုင်တယ်လို့ သိရပါတယ်။ တူနဲ့ထုတောင် ပျက်စီးမသွားပဲ ဆက်လက် အလုပ်လုပ်နိုင်တယ်လို့လည်း ကြားသိရပါတယ်။ ဒီကိစ္စကို နိုင်ငံတကာ စာမျက်နှာမှာ ထုတ်ဖော်ရေးသားခြင်း ရှိမရှိတော့မသိပါဘူး။ နိုင်ငံတကာဟာ အဆင့်မြင့် သုတေသနလုပ်ငန်းတွေကို အင်တိုက်အားတိုက်လုပ်နေချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ယခုအချိန်အထိ သုတေသန အခြေခံတဲ့ စက်မှုလုပ်ငန်း လုံးဝ ထွန်းကားခြင်းမရှိသေးတာဟာ ကျွန်တော်တို့ မှတ်သားထားရမယ့် သမိုင်းမှတ်တမ်း တစ်ခုပါပဲ။
http://www.mgmyo.com/2014/01/jelly-fish.html
0 comments:
Post a Comment