ရန်မဖြစ်ကြေး...

လူ ၅ ယောက်ဟာ စကော့တလန် တောင်တန်းတွေဘက်ကို ခရီးကြမ်း ထွက်လာတယ်တဲ့။
အဲဒီမှာ...
တောင်နံရံတစ်ခုနားမှာ ရပ်နေတဲ့ အနက်ရောင်ရှိတဲ့ သိုးတစ်ကောင်ကို တွေ့တော့ တစ်ယောက်သောသူက ပြောတယ်... ....
"ဟို တောင်နံရံနားက သိုးကို ကြည့်ပြီး မင်းတို့ ဘာမှတ်ချက် ပေးနိုင်သလဲ"
အဲဒီမှာ တစ်ယောက်က ပြောတယ်... ...
"စကော့တလန်က သိုးတွေအားလုံး အနက်ရောင်ချည်းပဲ လို့ ပြောချင်တယ်"
နောက်တစ်ယောက်က ပြောတယ်... ...
"စကော့တလန်က အချို့သော သိုးတွေဟာ အနက်ရောင် ရှိတယ်ဆိုမှ မှန်မယ်"
နောက်တစ်ယောက်က ဝင်ပြောတယ်... ...
"မဟုတ်ဘူး၊ စကော့တလန်က သိုးတစ်ကောင်ဟာ အနက်ရောင် ရှိတယ်ဆိုမှ ပိုမှန်မယ်"
နောက်ဆုံးတစ်ယောက်က ပြောတယ်... ...
"အသေချာဆုံးကတော့ စကော့တလန်က သိုးတစ်ကောင်ရဲ့ ကိုယ်တစ်ခြမ်းဟာ အနက်ရောင် ဆိုမှ အမှန်ဆုံး"
.... ဆိုတော့ ကျနော်ပြောချင်တာက... ...
-ကိုယ်ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်ကို လိုက်ပြီးတော့ဖြစ်ဖြစ်၊
-ကိုယ်သင်ယူတတ်မြောက်ခဲ့တဲ့ ပညာရပ်ကို လိုက်လို့ပဲ ဖြစ်ဖြစ်၊
-ကိုယ်ရှုကြည့်တဲ့ ရှုထောင့်ကြောင့်ပဲ ဖြစ်ဖြစ်၊
-ကိုယ့်ရဲ့ ပင်ကိုယ်ဗီဇစိတ်ကြောင့်ပဲ ဖြစ်ဖြစ်
-အခြား အကြောင်းတစ်ခုကြောင့် ဖြစ်ဖြစ်...
လူတိုင်းလူတိုင်းမှာ...
နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး၊ စီးပွားရေးနဲ့ ပတ်သက်လို့ အမြင်တွေ ကွဲနိုင်ပါတယ်။
အဓိကကတော့ အဲဒီကွဲလွဲမှုတွေဟာ ဖြစ်တတ်တဲ့ လူ့သဘာဝပေပဲလို့ နားလည်နိုင်ကြဖို့ပါ။
ကိုယ်နဲ့
ယုံကြည်မှုမတူလို့၊ အမြင်ခြင်း မတူလို့၊ ခံယူချက်ခြင်း မတူလို့ ဆဲဆိုရန်ဖြစ်နေလည်း ဘယ်ဖက်မှာမှ အကျိုးမမြင်မိဘူး။
ကိုယ်ယုံကြည်တဲ့အတိုင်း လျှောက်.... ရန်မဖြစ်ကြေး... ....
ကောင်းဘူးလား?
သန်၎ကို-ရမ်းဖြီးသည်။
https://www.facebook.com/thanlayko
0 comments:
Post a Comment