Monday, January 20, 2014

ရုပ်လေးတွေ လှချင်ရက် ...မျက်နှာက ဖျက်နေလို့

ကျွန်တော်တို့ ရွာမှာ ဗျ ...သီတင်းကျွတ်တို့ ၊ တန်ဆောင်တိုင်တို့ ဆိုရင် ပွဲ လုပ်တယ် ။ ဇာတ်တွေ ငှားတယ်ပေါ့ ။ တစ် နှစ်တော့ ဇာတ် ကြီးတစ် ဇာတ်ကိုငှားလိုက်ရောဗျ ။ ရွာ အထှာ ဆိုတော့ သိတဲ့ တိုင်းပေါ့ ... ကိုယ်ငှားတဲ့ ဇာတ်ကြည့် ပြီး ဇာတ်ကောင်းတာ မကောင်းတာထက် ... အမျိုးသမီးတွေကြား မင်းသား က ဘယ်လိုချောတာ ၊ ကာလသားတွေ ကြား ကျ မင်းသမီး က ဘယ်လို ချောတာ ကို သူ့ထက်ငါ ဦးအောင် ပြောကြတာပေါ့ ။


ဇာတ်သမာတွေ ရောက်ပြီဆိုတာနဲ့ ရွာထဲ က အိမ်တွေထမင်းအုပ်ဆင့် ။ ဇာတ်ခုံ ကို ထမင်းသွားပို့ကြပေါ့ ။ အိမ်ဘေး နား ကအ ပျိုကြီး က ဇာတ်မင်းသား ကို ထမင်း အုပ်ပို့ရမှာဆိုပြီး ပျော်ရွှင် မြူးတူးပြီး သွားပို့ရောဗျ ။ ပြန်လာတော့ မျက်နှာကြီး က အီးမှန်ထားတဲ့ မျက်ခွက်ကြီးနဲ့ ပြန်လာရော ။ အဲမှာ အိမ်က အမေတို့ ကမေးကြတာပေါ့ ... ဟဲ့ ...ကောင်မ ...ဘယ်လိုတုန်း မင်းသား ကချောရဲ့လား .. ဆိုတော့ .... အပျိုကြီးက မပြောချင် ပြောချင်နဲ့ ... ဘာပြော မှတ်တုန်း ...

" မင်းသား ကချော ချင်ရက် ... မျက်နှာလေး က ဖျက်နေလို့ " တဲ့ ဗျ ။

ဟိုတနေ့ က အကိုတစ်ယောက် နဲ့ စကားပြောဖြစ်တော့ ... သူက ရှင်းပြတယ် ။
သူ့ဘာသာသူ ဆို လူတွေက လက်မခံ နိုင်တဲ့ statement တစ်ခုကို ၊ နောက်က နေ အများ လက်ခံ မဲ့ statement တစ်ခုနဲ့ supply လုပ်ပေးလိုက်တဲ့ခါ ... လူတွေရဲ့အာရုံမှာ အဲဒီ မှန်တစ်ဝက် မှားတစ်ဝက် အဆိုကို ယေဘုယျ လက်ခံသွားကြတယ်တဲ့ ။ အဲလို statement တွေကို တော့ အတွေးခေါ် ပညာအရာ Ad Hoc Clauses လို့ ခေါ်သတဲ့ ။

ဥပမာ
မောင်ဖြူ က ခိုးနေတယ် ။ မောင်မဲ ကခိုးနေတယ် ။
မောင်ဖြူ က ဥပဒေချိုးဖောက်နေတယ် ။ မောင်မဲ က ဥပဒေချိုးဖောက်နေတယ် ။
ဒီ statement ချည်း ဆိုရင် ဘယ်သူက မှ လက်ခံမှာမဟုတ်ဘူး ။ ခိုးမှုကိုကျူးလွန်တာ ၊ ဥပဒေကိုချိုးဖောက်တာ ဟာ ယဉ်ကျေးတဲ့လူ့အသိုင်းဝိုင်းမှာ လက်ခံ စရာမှ မရှိတာ ။

သို့သော် .... ပြည်သူမောင်ဖြူကကောင်းချင်ရှာတယ် ။ အစိုးရက ခိုးပြနေတော့ သူလည်း လိုက်ခိုးရတော့တာပေါ့ ။
ပြည်သူအသဲမောင်မောင်မဲ က လူကောင်းလေး ။ အစိုးရကိုယ်တိုင်က ဥပဒေ လက်တစ်လုံးခြား လုပ်ပြနေတော့ မောင်မောင်မဲ လည်း ဥပဒေ ဘယ်လိုက်နာတော့မလဲ ။
အဲလို ပေါ့ ... သူ့ဘာသူ ဆို လက်မခံနိုင်တဲ့ အကြောင်းရာတွေကို
Ad Hoc Clauses လေးသုံးလို့ နတ်သံလေး နှော ပြောလိုက်တာ ....
ဝေး ...ဟေး ဟေး ...ဖြောင်း ဖြောင်း ဖြောင်း တွေ ဖြစ်ကုန်တယ် ။

သာမာန်အဖြစ်ပျက်နေ တဲ့ အချက်လက်ထက်ပိုပြီး နားထောင်သူတွေရဲ့ စိတ် မှာ သဘောကျ ၊ နှစ်ခြိုက်သွားအောင် ၊ လက်ခံသွားအောင် ရေးသား ပြောဆိုတာ မျိုးကို Euphemism လို့ ခေါ်တယ် ။ လူပိန်း လို ပြော ရရင်တော့ မွှန်းရေးတာ ၊ လော်ပေးတာ ၊ ဘုန်းတော်ဘွဲ့ ရေးပေးတာ မျိုးပေါ့ ။ Dysphemism ဆိုတာကကျတော့ "ဖဲ့ရေးတာ" ။ သာမာန်ဖြစ်တဲ့ အဖြစ်ပျက်ထက် ပိုပြီး နားထောင်သူ ၊ ဖတ်ရှုသူတို့ရဲ့ စိတ်ထဲမှာ စက်ဆုပ်သွားအောင်၊မုန်းတီးသွားအောင်၊ရွံရှာသွားအောင် ပြောတဲ့ ရေးသားနည်းတွေ ပေါ့ ။

ကျွန်တော်တို့ စာတစ်ပုဒ်ဖတ်တဲ့ခါ ၊ သတင်းတစ်ခု နားထောင်တဲ့ ခါ reflective tool တွေ သုံးပြီး စိစစ်ရမယ် ။ ဒီ စကားမှာ Ad Hoc Clauses ဘယ်ဟာတွေလဲ ။
ဘယ်ဟာ ကတော့ Euphemism နည်းနဲ့ ရေးထားတာလဲ ။ ပြောထားတာလဲ ။
ဘယ်ဟာကတော့ Dysphemism နည်းနဲ့ ရေးထားတာလဲ ပြောထားတာလဲ ။ သူတို့ရဲ့ မူလ ဘူတ အကြောင်းရာ စစ်စစ်တွေ ကဘာတွေ လဲ ရှာရမယ် ။

အဲလို မှ မဟုတ်ရင်တော့ ....

" မင်းသားလေး က လှချင်ရက်ဟယ် .... မျက်နှာလေး ဖျက်နေလို့ " ဆိုတဲ့ စကား တွေ များများ ကြားတဲ့ခါ ...
ကျွန်တော်တို့ ရင်ထဲမှာလည်း ....
" ကောင်လေး က ရိုးရှာပါတယ် ...လက်ဆော့တာလေး တစ်ခုပဲ " ဆိုတာမျိုးတွေဖြစ်လာမှာ မလွဲပဲ ။

~ ရုပ်ဆိုး~

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...