Monday, January 20, 2014

IT ကိုကြိုဆို၍ LT ကိုရှုံ့ချခြင်း


 မေး ။ ။ "ရှင်တို့ယောက်ျားတွေဟာ အိုင်တွေ့တိုင်း ခြေဆေးတတ်ကြတယ်" ။မိန်းကလေးတွေက ဒီသီချင်းလေးနဲ့ သူတို့ရဲ့ ခံစားချက်ကို ပေါက်ကွဲပြလိုက်တယ်။ ဒီတော့ ယောက်ျားလေးတွေက "မင်းတို့မိန်းကလေးတွေသာ အိုင်ထဲကရေမဖြစ်စေနဲ့။ ငါတို့ကအိုင်ထဲက ရေကိုဘဲခြေဆေးတာ ။ရေအိုးထဲကရေ ဘယ်တော့မှခြေမဆေးဘူး။
မင်းတို့သာ သောက်ရေအိုးစင်ပေါ်က ရေဖြစ်အောင်ကြိုးစားလိုက်ဦး" လို့ ခွန်းတုံ့ပြန်ကြပြန်ရော။ ဒီလိုအပြန်အလှန်ပြောဆိုမှုတွေ အပေါ် ဘယ်လိုမြင်ပါသလဲ??? အကယ်၍ ကောင်လေးနဲ့ကောင်မလေး sex ကိစ္စမှာ လွန်လွန်ကျူးကျူးဖြစ်ခဲ့ကြရင် ကောင် လေးမှာဘဲအပြစ်ရှိတာလား???
 ကောင်မလေးကော အပြစ်ကနေလွတ်ရဲ့ လား??? ဒါမှမဟုတ် နှစ်ဦးနှစ်ယောက်လုံး အပြစ်ရှိတာလား??? Sex ကိစ္စမမှာလွန်လွန်ကျူးကျူးဖြစ် သွားရင် မိန်းကလေးဘက်ကဘဲ နစ်နာမှာလား???  ကောင်လေး ဘက်ကကော မနစ်နာဘူးလား???
 @@@@@@@@@@@@@ 

 ဖြေ ။ ။  ယောက်ျားများအိုင်တွေ့တိုင်း ခြေဆေးတတ်ကြခြင်းသည် ဖြစ်ကောင်းဖြစ်နိုင်၏။ သို့ပေမယ့် ကောင် လေးများ အိုင်တွေ့တိုင်းခြေမဆေး သင့်။ အိုင်းတိုင်းမကောင်း။ ဗွက်အိုင်ထဲ ကရေကို ခြေဆေးမိလျှင် ဝဲပေါက်တတ်သည်ကို သတိထားဖို့လိုပါ၏။ Sex ကိစ္စတွင် လွန်လွန်ကျူးကျူးဖြစ် ခဲ့ကြခြင်းကြောင့် ကောင်လေးမှာအပြစ်မရှိသလို ကောင်မလေးမှာလည်းအပြစ်မရှိပါ။ အဓိကတရားခံမှာ "တဏှာ"သာဖြစ်၏။ တဏှာဖြစ်ရခြင်း၏ အကြောင်းမှာ ချိန်းတွေု့ခြင်း ကြောင့်ဖြစ်၏။ ချိန်းတွေ့ခြင်း အကြောင်းကြောင့် တဏှာအကျိုး ရလာရ၏။ အကြောင်းကောင်းမှ အကျိုး ကောင်းမည်ဖြစ်၏။ အကြောင်းစင် ကြယ်မှ အကျိုးစင်ကြယ်မည်ဖြစ်၏။ အကြောင်းကိုဖြတ်မှ အကျိုးပြတ်မည်ဖြစ်၏။ ချိန်းတွေ့ခြင်းအကြောင်းကို ဖြတ်လျှင် တဏှာအကျိုးမဖြစ်ပေါ်နိုင်။ တဏှာမပေါ်လျှင် လွန်လွန်ကျူးကျူးဖြစ်မလာနိုင်တော့ပေ။ ခွေးတစ်ကောင်သည် အမဲရိုးကိုအရသာရှိစွာကိုက်ခဲ သုံးဆောင်နေ၏။ သို့သော် အမဲရိုးတွင်အသားမပါ။အမဲရိုးနှင့်ခွေး၏တံတွေးတို့ ထိတွေ့သောအခါ တဏှာရည်သည် ထွက်လာရ၏။တဏှာရည်သည် ကိလေသာကင်း သောသူတော်စင်များအဖို့ အရသာကင်း မဲ့သော်လည်း ကိလေသာ ရှိသောသူများအတွက် ချိုသောအရသာ ကိုပေးစွမ်းနိုင်၏။ အမှန်တကယ်တွင် အမဲရိုး၌ အရသာမရှိပါ။တဏှာရည်ကြောင့်သာ အရသာရှိနေခြင်းဖြစ်၏။ တဏှာရည်ကြောင့်သာ ခွေးသည် အမဲရိုးကို ချိုသည်ဟု ထင်ပြီး ကိုက်ခဲနေခြင်းဖြစ်၏။ ထို့အတူ ကောင်လေးနှင့်ကောင်မလေး ချိန်းတွေ့ကြလျှင် ထိတွေ့ကြမည်ဖြစ်၏။ ထိတွေ့မှုကြောင့် တဏှာရည် ထွက်လာမည်ဖြစ်၏။ထိုအခါ sex ကိစ္စကို တဏှာရည် ကြောင့် အချိုထင်ပြီး နှစ်ယောက် အတူတူ စားကြမည် သာဖြစ်၏။စားပြီကြသောအခါ ကောင် မလေးက ရင်ပြည့်ပြီးအန်လာမည်ဖြစ်၏။ ထို့ကြောင့် ကောင်မလေးဘက်က ကြည့်လျှင် လက်ရှိဘဝအတွက် အလွန် နစ်နာမည်ဖြစ်၏။ ငါတို့ဘာမှနစ်နာမှုမရှိဟု ကောင်လေးတွေ ထင်မနေကြပါနှင့်။ မင်းတို့ကောင်လေးတွေ က ကောင်မလေးတွေထက် ပို၍နစ်နာ၏။ ငရဲဘုံမှာ "ဒု၊သ၊န၊သော"ဟု အော်နေကြ သော သူဌေးသားလေးယောက် ခုထိရှိနေတုန်းဆိုတာ ကောင်လေးတွေ မေ့မနေကြနဲ့။ လူငယ်များအတွက် စာရေးဆရာဦးဘုန်း (ဓာတု) ၏ စကား တစ်ခွန်းရှိ၏။"ငါက လူငယ်တွေရဲ့ IT ကိုကြိုဆိုတယ်။LT ကိုရှုံ့ချတယ်။" IT သည် Information Technology ဖြစ်၏။ LT သည် Living Together လက်မထပ် ရသေးခင် အတူတူနေခြင်းဖြစ်၏။ ချိန်းတွေ့ ပြီးကျူးလွန်သူများနှင့် လက်မထပ်ခင်အတူ နေသူတို့ အားညီမျှခြင်းချတွက်ကြည့်လျှင် အတူတူပင်ဖြစ်၏။သို့သော်တစ်ခုကွာဟနေ၏။ထိုတစ်ခု မှာလူမသိသူမသိ ခိုးစားခြင်းနှင့်လူသိရှင်ကြားပေါ်တင်စားခြင်း သာဖြစ်တော့၏။ 
 @@@@@@@@@@@@@ 

ဘဝအတွက် အရေးကြီးသော ဘာသာ ရေးနှင့်ကျန်းမာရေးစာပေများကို ဆက်လက်ကြိုးစားရေးသား ဦးမည်ဖြစ်ပါ၏။ စာဖတ်သူအပေါင်း ကျန်းမာ ချမ်းသာ ဘေး ရန်ကင်းကွာကြပါစေ။

 ဦးတိုးအောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...