နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းသူကို ဖမ်းဆီး။
ပဲခူးတိုင်းမှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးကို အတင်းအဓမ္မပြည့်တန်ဆာ
ပြုလုပ်ခိုင်းစေသဖြင့် နေပြည်တော်ရှိ မနေခြည်အေးဆိုသူ အမျိုးသမီးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေအရ ဖမ်း ဆီးအရေးယူလိုက်သည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဇန်န၀ါရီ ၁၈ တွင် မဇ္ဈိမကို ပြောသည်။
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ခုတင်တစ်ထောင် ဆေးရုံတွင် အမျိုးသမီးငယ်
တစ်ဦး ရောက်ရှိနေ သည်ဟု အမျိုးသမီးရေးရာအဖွဲဥက္ကဋ္ဌ၏ အကြောင်းကြားချက်
အရ လူကုန်ကူးမှု တားဆီနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု(နေပြည်တော်)က သွားရောက်တွေ့ဆုံခဲ့ရာမှတစ်ဆင့် အတင်းအဓမ္မစေခိုင်းသူကိုသိရှိ ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသည်မိသားစု စီးပွားရေး
အဆင်မပြေခြင်း၊ ပထွေး၏ ဆဲဆိုရိုက်နှက်ခြင်းတို့ကြောင့် ၂၀၁၃ ခုနှစ် သင်္ကြန်
မတိုင်ခင်က ပဲခူးတိုင်းရှိနေအိမ်မှနေပြည် တော်သို့ကုန်တင်ကားဖြင့်လိုက်ပါထွက်ပြေး
ခဲ့ရာ နေခြည်အေးဆိုသူအမျိုးသမီးတစ်ဦးနှင့် တွေ့ရှိပြီး လိုက်ပါသွားခဲ့သည်။
ထို့နောက် တစ်လခန့်အကြာတွင် ပြည့်တန်ဆာလုပ်ရန်အတွက် ကားတစ်စီးပေါ်သို့ ထည့်ပေးလိုက်ပြီး နောက်ပိုင်းနေပြည်တော်သပြေကုန်း၊ ညဈေးတန်းတွင်နေထိုင်
ရကာ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်ရာနေရာ များသို့ နေခြည်အေးကထည့်
ပေးတတ်သည်ဟု အမျိုးသမီးငယ်က လူကုန်ကူးအဖွဲ့ကို ပြောပြသည်။
ပဲခူးတိုင်းဒေသကြီးမှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ဘ၀ရပ်တည်ရန် ခက်ခဲသည့်အခြေ အနေကို အလွဲသုံးစားပြု၍နေအိမ်တွင်ထားရှိကာ ပြည့်တန်ဆာ
အဖြစ် ခိုင်းစေသူအား ၂၀၁၄ခုနှစ် ဇန်န ၀ါရီလ ၁၈ရက်တွင် နေပြည်တော် ကောင်စီ၊
ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁) မြို့မရဲစခန်းမှ လူကုန်ကူးမှု ဖြင့် အရေးယူထားကြောင်း
နေပြည်တော် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းပေး ပို့ချက်ရ သိရသည်။
အမျိုးသမီးငယ်သည် ပြည့်တန်ဆာ မလုပ်ချင်ကြောင်း အကြိမ်ကြိမ်ငြင်းဆိုသော်
လည်း နေခြည်အေးကအတင်းအဓမ္မလုပ်ခိုင်းစေခဲ့ပြီးနောက်ဆုံးတွင် ပရုတ်လုံးကြီး နှစ်လုံးကို ကြိတ်ကာ ရေဖြင့်သောက်ခဲ့ကာသန္ဓေတားဆေးကိုပါ
သောက်ခဲ့သည့်အတွက် လေးရက်ခန့်မေ့မြောနေရာမှ ဇန်န၀ါရီ ၁၇ရက်တွင်မှ
ဆေးရုံပေါ်တွင်ပြန်လည်သတိရလာခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အမျိုးသမီးငယ်ကို အတင်းအဓမ္မပြည့်တန်ဆာအဖြစ်စေခိုင်းသူ
မနေခြည်အေး၊ (၂၇)နှစ်၊ ပန်းလှိုင်(၂)လမ်း၊ သာယာကုန်းကွက်သစ်၊ ဇမ္ဗူသီရိမြို့နယ် နေသူအား ဥပဒေအရ အရေးယူပေးရန် တိုင်တန်းသဖြင့် ဇန်န၀ါရီလ ၁၈ ရက်တွင် အမှတ်(၁)မြို့မရဲစခန်းမှ(ပ) ၁၁/၂၀၁၄၊ လူကုန်ကူးမှုတားဆီး
ကာကွယ်ရေးဥပဒေပုဒ်မ၂၄ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။
လူကုန်ကူးခံရသူ အမျိုးသမီးငယ် ကျန်းမာရေးကောင်းမွန်လာပါက၎င်း၏မိဘများထံ
တာဝန်ရှိသူများမှ ပြန်လည်အပ်နှံပေးသွားမည်ဖြစ်သည်။
Mizzima - News in Burmese

0 comments:
Post a Comment