Friday, January 17, 2014

"အမေ ခွင့်မလွတ်ပါနဲ့"

ပြက္ခဒိန်နှစ် 2007 ခုနှစ်ဟာ ကျနော့်အတွက်တော့ ကံဆိုးမိုးမှောင်ကျတဲ့ နှစ်လို့ ပြောရမှာပဲ။
-သိန်းဆယ်ချီ၊ သိန်းရာချီပြီး ခိုးစားနေတဲ့ လူကြီးလူကောင်းတွေက ကျနော့်ကို ဘာမဟုတ်တဲ့ လူမှုရေးပြသနာလေးတခုကို အကြောင်းပြပြီး ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတယ်။


-ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး ကျနော်လေးစားခဲ့တဲ့ အထက်အရာရှိတယောက်က မိုးလေဝသတွေ ဖောက်ပြန်ပြီး တိုက်ခိုက်တဲ့ အထဲမှာ ပါခဲ့တယ်။
-ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်က ကွယ်ရာမှာ အကောက်ကြံပြီး ဂျောက်တွန်းတာကို ခံခဲ့ရတယ်။
-ကိုယ်ယုံကြည်ခဲ့မိတဲ့လူတွေရဲ့ သစ္စာဖောက်တာကိုလည်း ခံခဲ့ရတယ်။


-အဆိုးဆုံးကတော့ ကျနော့်အမေ၊ ကျနော့်ကို တ,ရင်း ဆုံးသွားခဲ့တယ်။ အမေဆုံးတော့ အမေ့နားမှာ ကျနော်ရှိမနေခဲ့ဘူး။

2007 ခု August လလယ်လောက်မှာ ပတ်စပို့ထုတ်ဖို့ ရန်ကုန်ကို သွားခဲ့တယ်။
အဲဒီတုန်းက အမေ နေမကောင်းဖြစ်ပြီး အိပ်ရာထဲမှာ လဲနေတာ။
အမေက ဒီလိုပဲ အသက်ကြီးတာလည်းပါတယ်၊ ဆီးချို၊ နှလုံး၊ သွေးတိုး အစုံဖြစ်နေတာဆိုတော့ အိပ်ရာထဲလဲလိုက်၊ ပြန်ပြီး ထူထူထောင်ထောင် ဖြစ်လာလိုက်နဲ့

ဖြစ်ချင်တော့...
ရန်ကုန်မှာ ပတ်စပို့စ်ထုတ်ရင်း ပိုက်ဆံချေးမယ့်သူနဲ့တွေ့တယ်၊ စင်္ကာပူက အသိတစ်ယောက်ကလည်း လာခဲ့ဖို့ ခေါ်တာနဲ့ ဘယ်လိုမှ မရည်ရွယ်ဘဲ စင်္ကာပူကို ထွက်လာခဲ့လိုက်တာ။
မန္တလေးကို မပြန်ဖြစ်လိုက်တော့ဘူးလေ...
အမေ့ကို မကန်တော့ခဲ့ရဘူး နှုတ်မဆက်ခဲ့ရဘူး

ကျနော်ထွက်လာတဲ့နေ့က 25.08.2007

ဒီတခါ နေမကောင်းဖြစ်တဲ့ အမေက ပြန်ကောင်းမလာဘဲ ဆုံးသွားတာက 10.09.2007

အမေ အိပ်ရာထဲ သေငယ်စောနဲ့ မျောနေရာကနေ သတိတစ်ချက် ပြန်လည်လာတော့ ကျနော့်ကို မေးတယ်တဲ့...
'ဟိုကောင် သန်းထွန်းဦးရော"... လို့
ကျနော်တို့ မောင်နှမ ၇ယောက်ရှိတာ ၆ယောက်က အဲဒီအချိန် အမေ့နားမှာ ရှိကြတယ်။
အိမ်ကို လာလာနေတဲ့ ယောက်ဖရဲ့ အမျိုးတစ်ယောက် အမေ့အခန်းထဲ ဝင်လာတော့ လူမှားပြီး အမေက ခေါ်တယ်တဲ့... ...

"ဟဲ့ ဟိုမှာ င့ါသားကြီး လာနေပြီ၊ ခေါ်လိုက်ကြလေ၊ သား လာ လာ" လို့ ပြောသတဲ့။
အစ်မတွေက 'မဟုတ်ဘူး အမေ၊ သူက အောင်မင်းပါ' လို့ ပြောလိုက်ရတယ်။
တကယ်က အစ်မတွေ လို တာပါဗျာ

သေခါနီးလူတစ်ယောက်ကို ဘာလို့ သွားပြီး မဟုတ်ဘူး ငြင်းကြတာလဲ
အဲဒီအချိန် သူတွေ့ချင်တဲ့ သူ့သားကြီးလို့ ထင်တဲ့လူကို သားကြီးအနေနဲ့ပဲ ဟန်ဆောင်ခိုင်းလိုက်ရင် သေခါနီးအမေ စိတ်ချမ်းသာမှုတခုတော့ ရသွားမှာပါ...

ဒါဟာ ဟန်ဆောင်မုသားတခု ဖြစ်ပေမယ် ဘုရားရှင်သိရင်တောင် ခွင့်လွတ်မယ့် မုသားထင်ပါတယ်ဗျာ

အမှန်အတိုင်း ပြောရရင် ကျနော် အိမ်ဂရန်ကို သိန်း ၂၀ နဲ့ ပေါင်ပြီး စင်္ကာပူကို ထွက်လာတာပါ။ ( တစ်လခြင်း နိုင်သလောက်ပြန်ဆပ်တာ ၆ လအကြာမှာ ၃၂ သိန်းကျတယ်)။ ထားပါ။

ကျနော်ပြောချင်တာက...
အမေဆုံးတော့ ဘယ်သူမှ ကျနော့်ကို အကြောင်းမကြားကြဘူး။
ပြန်လာမှာ စိုးလို့ တဲ့...
တစ်ခေါက် ပြန်ထွက်ရင် သိန်း ၂၀ လောက် ကုန်မှာကိုး။
ကျနော်စင်္ကာပူကို ရောက်ပြီး ၁၅ ရက်အကြာမှာ အမေဆုံးတာဆိုတော့ ကျနော်မှာ အလုပ်ရှာဆဲ ကာလပေါ့။

ဒီမှာကလည်း ကိုယ့်အပူနဲ့ကိုယ်ဆိုတော့ အိမ်ကို ဖုန်းဆက်ဖြစ်လည်း အမေနေကောင်းလား လို့ပဲ မေးမိတယ်
သူတို့ကလည်း မေးလိုက်ရင် ချက်ခြင်းမဖြေနိုင်ကြသေးဘဲ ခဏတန့်သွားပြီးမှ ကောင်းပါတယ် လို့ ဖြေကြတယ်။

ကျနော်ထင်တာက နေသိပ်မကောင်းလို့ စကားတွေ ထစ်ထစ်ပြီး ပြန်ဖြေကြတယ် ထင်တာ...

နောက်...
အမေဆုံးပြီး ၂ လလောက်နေမှ၊ ကျနော်လည်း အလုပ်ထဲ ရောက်လို့ အခြေအကျဖြစ်ပြီဆိုမှ အမေဆုံးကြောင်း အသိပေးကြတော့တယ်...

ကျနော့်မှာ အဲဒီတော့မှ Back Date နဲ့ ပြန်ငိုရတော့တာ...

လောကမှာ...
လူသေတွေက ကြောက်စရာမကောင်းဘူး၊ လူရှင်ကမှ ကြောက်စရာကောင်းတယ်ဆိုတာ အမှန်ပဲ...

စာရိတ္တမကောင်းတဲ့ လူတွေက၊ ကိုယ့်ထက်ပိုပြီး ကိုယ်ကျင့်တရား အကြီးအကျယ် ပျက်ပြားနေသူတွေက ကိုယ့်ကို မနာလိုစိတ်တခုတည်းနဲ့ သူတို့ရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကို အသုံးချလို့ ...
ကျနော့်ဘဝကို နင်းချေလိုက်ကြတယ်။

ကျနော်... အရှုံးမပေးဘဲ အတင်း ပြန်ရုန်းထလို့ ဒီနေ့ ခင်ဗျားတို့ ကျနော့်ကို သန်၎ကို အဖြစ် မြင်နေကြရတာပါ။
လူက ပျော်ပျော်နေပြီး ဟာသတွေ ရေးနေပေမယ့် ဒဏ်ရာတွေ အပြည့်နဲ့လူပါ

ကျနော့်ကို တိုက်ခိုက်ခဲ့ကြတဲ့ လူကြီးမင်းတွေလည်း တစ်ယောက်ပြီးတစ်ယောက် အလုပ်ပြုတ်တဲ့လူပြုတ်၊ ရာထူးလျှောတဲ့လူလျှော ဖြစ်ကုန်ကြပြီ
တချို့တော့ ကျန်သေးတယ်...
ကာလဝိဘက် နောက်ပိုးတက်သတဲ့..
ကျန်တဲ့လူတွေလည်း သူ့စာရိတ်နဲ့သူ
မကြာမီလာမည်... မျှော် ပေါ့။

ဘာဘဲ ဖြစ်ဖြစ် အမေ့ကို သတိရနေပါတယ် အမေ...

သူတို့တိုက်ခိုက်ခဲ့ကြလို့ ကျနော် အဝေးကိုလွင့်ပြီး အမေဆုံးတဲ့ အချိန် အမေ့နားမှာ ရှိမနေနိုင်ခဲ့တာ...

အဓိက တရားခံတွေက အဲဒီလူတွေပဲ အဲဒီလူတွေပဲ အဲဒီလူတွေပဲ အမေ

အမေလည်း ရောက်ရာဘဝက သူတို့ကို ခွင့်မလွတ်ပါနဲ့
ကျနော်လည်း ခွင့်မလွတ်ဘူး အမေ...

သား မလိမ္မာ-သန်းထွန်းဦး

  1 comment:

  1. ရေနစ်ရာ ၀ါးကူလို့ နှစ်လိုက်ကြတဲ့ အပေါင်းပါတွေ ဒီနေ့ အများကြီး တွေ့နိုင်တယ် ၀န်ထမ်းနွံက လွတ်အောင် လုပ်ပေးတယ်လို့ ဖြေသိမ့်လိုက်ပါ ဘ၀တူမို့ စာနာမိတယ်

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...