Friday, January 17, 2014

"သဲကိုးဖျာ"

"သဲကိုးဖျာ"

ကောင်မလေးအိမ်ကို ကောင်လေးက လာလည်တယ်။
ကောင်မလေးအမေက အလိုက်တသိရှောင်ပေးတယ်။
ရှောင်ပေးပေမယ့် စိတ်မချတော့ မှာခဲ့သေးတယ်… …

“အမေ ဈေးသွားလိုက်အုံးမယ်နော်၊ ကောင်းကောင်းမွန်မွန် ဧည့်ခန်းမှာ စကားပြောနေကြ”
“ဟုတ်ကဲ့ရှင့်… ဟုတ်ကဲ့ခမျ”

ဘယ်ရမှာတုန်း…
ခဏနေတော့ ကောင်လေးက ကောင်မလေးကို အတင်းဖက်နမ်းပါလေရော။
တခါမှ အနမ်းမခံဘူးတော့ ကောင်မလေးခမျာ ဖိုးသိုးဖတ်သတ်ကို ဖြစ်လို့။
ဒါနဲ့ ကောင်မလေးက ကောင်လေးကို ပြောတယ်… …

“မေမေပြန်လာရင် တိုင်ပြောမယ်”
“ဘယ်လို တိုင်ပြောမှာလဲ ချစ်ရဲ့”
“မေမေမရှိတုန်း သမီးကို သုံးခါ ခိုးနမ်းတယ်လို့”
“ငင်… ကိုကို နမ်းတာဖြင့် တစ်ခါထဲကို”

… ဆိုတော့ ကောင်မလေးက နှုတ်ခမ်းစူပြီး ရန်လုပ်တယ်… …

“အချိန် ရနေသေးတာကို၊ ဘာလဲ ကိုကိုက ထပ်မနမ်းချင်တော့ဘူးလား”…. တဲ့။

သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...