Sunday, July 8, 2012

လွယ်မွေရွာသို့ ရောက်ခဲ့တယ်


by Sat Paing on Sunday, July 8, 2012 at 9:31am


ဒီနေ့ ကျိုင်းတုံမြို့နဲ့ 15 မိုင်ကျော်ကျော်ဝေးတဲ့ (ရှမ်း/ရှေ့မှာတော့) အမြင့်ဆုံးတောင်ပေါ်ဒေသ တစ်ခုကို ရောက်ခဲ့တယ် ၊ မြန်မာစကားတတ်တဲ့သူတွေအတော်လေး ရှားတယ် ၊ အိမ်မှာအလုပ်လုပ်ဖို့ လူသွားရှာတာပါ ၊ ဒါနဲ့ပဲ ဦးတည်ရာ ရွာထဲရောက်ခဲ့တယ် ၊ သူတို့ရွာခံတစ်ယောက်ပါလာလို့ တော်သေးတယ် နိုမို့ဆို မလွယ်ဘူးပဲ ၊ ရွာခံက တဆင့် အဲ့ဒီက သူနဲ့သိတဲ့ ရွာခံတစ်ယောက်ကို ထပ်ခေါ်တယ် ပြီးတော့ ရွာထဲထပ်ဝင်တယ်
အဲ့ဒီအိမ်ကိုရောက်တော့ကျနော်တို့ကတော့ သူ့တို့မျက်စိထဲမှာ အထူးအဆန်းပဲ မျောက်ပွဲ ကြည့်သလို ၀ိုင်းကြည့်ကြတာ(အင်း ကျနော်တို့လဲ လူတစ်ယောက်ကို မျောက်ပွဲကြည့်သလို ကြည့်ခဲ့ဖူးတာကို :P) ၀ဋ်ပေါ့ ၊ ဒါနဲ့ပဲ ကလေးလေး နှစ်ယောက် ရလာတယ် ၊ တစ်ယောက်က ကျောင်းထားလို့မရဘူး 1 ပါတ်လောက် တက်ပြီးရင် မတက်တော့လို့ အပြီးထုတ်လိုက်တယ်လို့ပြောတယ် ၊ သူ့ညီမလေးကိုတော့ ကျောင်းထားပေးရမယ် ၊ ငယ်သေးတယ် ၊အဲ့ဒီအချိန်မှာ ကလေးလေးတစ်ယောက်ကို ကျောပိုးလာတဲ့ အမျိုးသမီးတစ်ယောက် ကျနော့်ဘေးနားရောက်လာတယ် ဒါနဲ့ ကင်မရာထုတ် ဓါတ်ပုံတစ်ပုံရိုက်လိုက်တယ် ကလေးလေးက ချစ်စရာလေး ဒါပေမဲ့ မျက်နှာမပေါ်သေးလို့ နောက်တစ်ပုံရိုက်မယ်လုပ်တော့ တွေ့သွားပြီး အဝေးကို ထွက်သွားတယ် သူ့ခမျာ တစ်ခုခုဖြစ်မှာ စိုးရိမ်ရှာတာလား ရှက်တာလား တစ်ခုခုပဲ ၊ ဒါနဲ့ပဲ မျက်နှာပုံမပေါ်တဲ့ ကလေးလေးတစ်ယောက်ကို ကျနော်ရိုက်ယူလာနိုင်ခဲ့တယ် ၊ ခွေးနဲ့လူနဲ့က အတူတူပဲ ခွေးနေရာမှာ လူတွေထိုင်ကြပြီး လူနေရာမှာလဲ ခွေးတွေ အိပ်ကြတယ် သူတို့မှာ ခွဲခြားမှုတွေ မရှိဘူး ခွေးအိမ်ပေါ်တက်လာလို့ မြန်မာတွေလို ကိုယ်မွေးထားတဲ့ ခွေးဆိုပြီး ဟဲ့ခွေး..သွားစမ်း ..တယ် စောက်ခွေး ခွေးက ခွေးနေရာမှာ ခွေးမနေဘူး ခွေးပါးဝလို့ ဘာညာဆိုပြီး အယုတ္တအနတ္တတွေနဲ့ ဆဲဆိုကြိမ်းမောင်း မောင်းလွှတ်ကြမှာကို နှိုင်းယှဉ်မြင်ယောင်ကြည့်ပြီး သူတို့ကို သဘောကျစိတ်တွေက ပိုတိုးလာတယ် ၊ဒါပေမဲ့ ပြန်တဲ့အထိ ကျနော်တို့ နားမှာ လူတွေဝိုင်းနေတာပဲ ၊  အချင်းချင်း ပြောနေတဲ့ စကားတွေက ကျနော်တို့ နားမလည်တဲ့ ဘာသာစကားတွေပဲ ဖြစ်တယ် ၊သူတို့စီက လူအများစုက ယိုးဒယားစကားတတ်ကြတယ် ၊

ဒါပေမဲ့ သူတို့ဘ၀တွေက
အရမ်းလဲ သနားဖို့ကောင်းတယ် ၊ သူတို့မှာ အ၀တ်အစားလဲ ၀တ်စရာမရှိရှာဘူး အစားအသောက်ဆိုတာလဲ ရရာ စားစားပဲ တောထဲဝင်တယ် စားလို့ရတဲ့ အသီးအရွက်တွေ့ရင် ခူးပြီး ပြုတ် ထမင်းနဲ့စားတယ် ၊ ကြော်တောင် မစားနိုင်ဘူး ၊ ဒါပေမဲ့ သူတို့ပျော်နေကြတယ် ၊မျက်နှာတွေမှာ တော်တန်ရုံ ပူပင်မှုအကြီးစားတွေမရှိဘူး ကျနော်တို့ ခေါ်လာတဲ့ အိမ်ကပဲ အနည်းငယ်ရှော့ရှိနေတာ မိသားစုကိစ္စတစ်ခုပဲ ၊ ဒါတွေကတော့ နေရာတိုင်း လူမျိုးတိုင်းမှာရှိနေတာဆိုတော့ ထူးပြီးအံ့သြစရာတော့မဟုတ်ပါဘူး ဘာပဲဖြစ်ဖြစ် ဒီနေ့ကတော့ ဘ၀မှာ မမေ့နိုင်တဲ့ အတွေ့အကြုံသစ်တစ်ခု ဖြစ်သွားနိုင်တယ်  ရန်ကုန်မြို့နဲ့ အရမ်းဝေးတဲ့ ကျိုင်းတုံမြို့ကို ရောက်ရုံတင်မကဘူး အမြဲတမ်း သွားချင်နေတဲ့ တောင်ပေါ်ဒေသရွာလေးတစ်ခုကိုပါ ထပ်ဆင့်ရောက်ခဲ့တယ် ၊ ဒီရွာကမှ တကယ့်ရှမ်းရွာအစစ် တခြား ရွာတွေဆိုတာက မြို့တွေလိုပဲ ဘာမှ မကွာခြားတော့ဘူး ဒါပေမဲ့ ဒါတောင် လူတစ်ချို့က ဆိုင်ကယ်စီးကြသေးတယ် အေးပေါ့လေ တောင်ပေါ်တောင်အောက်က အရမ်းဝေးတော့ ဆိုင်ကယ်ရှိတော့ ပိုအဆင်ပြေတာပေါ့ ၊ ဒါပေမဲ့ ဖြစ်နိုင်ရင် ဟိုးတုန်းက ဆိုင်ကယ်မပေါ်ခင်တုန်းကလို ခေတ်အတိုင်းဖြစ်စေချင်တာ ဒါပေမဲ့ မဖြစ်နိုင်ဘူးပဲ ၊
လမ်းတစ်လျှောက် ဓါတ်ပုံရိုက်ချင်တာ ကားရပ်စရာနေရာလွတ်မရှိလို့ အသွားတုန်းက 4နာရီဝန်းကျင်ဆိုတော့ အရမ်းရိုက်လို့ကောင်းတာပဲ မိုးလဲ မရွာဘူးလေ သူတို့စီမှာက ဒီနားမှာ မိုးရွာပေမယ့်ဟိုးနားမှာတော့ မရွာဘူး အရမ်းမိုက်တယ် ကွက်ကျားမိုးဆိုတာ သူတို့စီမှာမှ တကယ်မှန်တာ ၊ ထားပါတော့ ဓါတ်ပုံကိုအပြန်ကျမှ ရိုက်မယ်ဆိုပြီး အားခဲထားပေမယ့် တကယ့်တကယ်ကျတော့ မိုးချုပ်သွားတယ် တရုတ်ပြည်မှာလို ချောက်ကမ်းပါးနံရံမှာကပ်ပြီး ကျောက်တုံးတွေနဲ့ ဆောက်ထားတဲ့ ဘုန်းကြီးကျောင်းတွေကိုလဲ တွေ့ခဲ့တယ် အရမ်းနှမြောဖို့ကောင်းတယ် နိုမို့ဆို ဓါတ်ပုံ အမိအရ ရိုက်ခဲ့မှာ ၊
ထားပါတော့ ဒါနဲ့ ကိစ္စ၀ိစ္စအားလုံးပြီးလို့
ပြန်လာတော့ မိုးတွေကလဲ အရမ်းရွာတယ် တောင်ကအရမ်းလဲမြင့်တော့ ကားမောင်းရတာ အရမ်းသတိထားရတယ် ၊ လူက အိပ်လဲငိုက်နေတာ ရူးကြောင် မူးကြောင်နဲ့  ပြန်စဉ်းစားကြည့်တော့ အဲ့လိုလမ်းကို မောင်းရမယ်လို့ လုံးဝမထင်ထားဘူး နည်းနည်းအိမ်မက်လို ဖြစ်နေတယ် လမ်းတစ်ဝက်က မခင်းရသေးဘူး အင်္ဂလိပ်တွေလက်ထက်က နေခဲ့တဲ့ တောင်ပေါ်ဒေသတစ်ခုလို့ပြောတယ် ၊တစ်စုံတစ်ခု ချော်ချွတ်သွားတာနဲ့ အသက်နဲ့ကိုယ် အိုးစားကွဲတာပဲ ၊ အမှန်တော့ ကားမောင်းတတ်တာ ဘယ်လောက်မှ မကြာသေးဘူး ခုတော့ ဆရာကြီးဖြစ်သွားဘီ ၊ ဒီလမ်းကို တော်တန်ရုံလူတွေတောင် မမောင်းနိုင်ဘူးလို့ ပြောတယ် အကွေ့အကောက်တွေ အတက်အဆင်းတွေက ကားတစ်စီးစာပဲ ရှိတယ် ဘေးမှာက ချောက် ဘေးမှာက နံရံ တကယ့်ကို ရုပ်ရှင်ဆန်ဆန် သည်းထိတ်ရင်ဖိုပဲ တောင်အောင်ကို ရောက်လာတော့ ကျနော့်မှာ ဆရာကြီးကို ဖြစ်လို့ လမ်းမအကျယ်ကြီးကို အရှိန်ပြင်းပြင်းနဲ့ မောင်းပစ်လိုက်တယ် ၊ အပေါ်မှာ စကေးမြင့်လာခဲ့တာကိုး))
  




ဇာတိ(ဖျာပုံ)
8.7.2012
zartipyapon@gmail.comမှတ်ချက် - ရွာနာမည် မှား၍ တင်မိသည် ၊ ရွာခံလူရဲ့ ရွာနဲ့ သွားရောက်ခဲ့သည့်ရွာနဲ့ လွဲသွားသည်း(တစ်ခုကျန်ခဲ့သေးတယ် ၊ ရွာကလူတွေ ကျွေးတဲ့ မက်မွန်သီးတွေစားပြီး အိမ်ကလူတစ်ယောက် ရင့်ပြည့်ရင်ကယ်ဖြစ်သွားခဲ့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...