Mastery and slavery တို့မှ....ခိုးမှု၊ လိမ်မှုနှင့် လိင်မှုဆက်ဆံရေး...။.
Author: lubo601 |
1:09 PM |
No မှတ်ချက် |
by Thein Moe on Saturday, July 28, 2012 at 1:36am ·
.မှတ်သားမိသလို နားလည်မိသလောက်ထဲတွင် တနေ့ကတိုက်ဆိုင်စွာ ပြန်စဉ်းစားမိသည်က လူတို့နေထိုင်ပုံ၊ ကျင့်ကြံပုံ၊ တွေးခေါ်ယူဆပုံတို့ကို အခြေပြု၍ လူမျိုးကြီးဟု၎င်း၊ အဆင့်မြင့်နေထို င် တတ်သူဟု၎င်း၊မြန်မာတို့ဂုဏ်ယူပါေ သာသခင်မျိုးဟု၎င်း အခြေမြင့်မြင့်ခံယူတည်ဆောက်ခြဲ့ ကသည် ရှိသည်..။အနောက်တိုင်းတွေးခေါ်မှုတွင်လည်း အခြေခံအားဖြင့် Mastery and slavery ဟုသတ်မှတ်ရာတွင် လိမ်ညာခြင်းမရှိ မှု၊ခိုးယူခြင်းမရှိမှုတို့အပေါ် တိတိပပအခြေခံ၍ Mastery ဟုသတ်မှတ်သည်။လိမ်ညာမှု၊ခိုးယူမှု ရှိသည့်အပေါ် Slavery ဟုသတ်မှတ်သည်..။မည်သည့်လူ့အဖွဲ့ အစည်း၊လူမှုဝန်းကျင်မဆို လိမ်လည်မှု၊ခိုးမှုတို့၏ ဆိုးကျိုးများကို ရှောင်ရှားနိုင်၍ သာယာသော လူနေမှုစနစ်ကို လက်တွေ့ကျကျ တည်ဆောက်နိုင်ပါသည်..။တည်ဆောက်နိုင်မှုအပေါ်၌လည်း ဂုဏ်ယူစရာ၊ အတုယူစရာပါ..။ဆက်လက်၍ အဆိုဆက်ရှိသည်မှာ...Mastery သမားတို့သည် ခိုးမှု၊လိမ်လည်မှုကိုထိန်းသိမ်းကြပေမဲ့ လိင်ဆက်ဆံရေးကိစ္စကိုမူ အထူးဂရုပြု အလေးထားစဉ်းစားခြင်းမရှိဘဲ ပေါ့ပါးစွာနေထိုင်ကြသည်ဟူ၍ ဖြစ်သည်...။
တသက်တာလုံးဖြတ်သန်းခဲ့ရသော အတွေ့အကြုံ၏ သိုမှီသမျှနှင့် ချိန်ထိုးကြည့်မိသည် ယင်းသို့သော ခိုးမှု၊လိမ်မှုတို့မှကင်းပရစြေ ခင်းငှာ အကြိုက်တွေ့၊အကျိုးမက်မက်လိုလား မိပါသော်လည်း.... လိင်မှုရေးရာကျ တော့ အလေးမထားခြင်းအပေါ်မှာ အကြိုက်မတွေ့သလိုလို၊နားလည်နိုင်စွမ်းမရှိသလိုလို အဖြေမရခဲ့တာကြာလာပြီဖြစ်နေပါသည် ...။မြန်မာပြည်သို့ဝင်ရောက်လာသော တွေးခေါ်နေထိုင်မှုမှာက ခိုးမှု၊လိမ်လည်မှုကို လွမ်းမိုးချုပ်ကိုင်၍ အကျိုးဖြစ်ကောင်းတွေ ထွန်းကားစေခြင်းမှာ ချန်နေခဲ့ရပြီး... လိင်မှုကိစ္စအေ လးမထားမှုကိုတော့ အရသာခံဖို့ဖြစ်ဖြစ်၊ဘ၀ပလာကျန်ဖို့ဖြစ်ဖြစ်၊မရတာနံလို့ဖြစ်ဖြစ် "ခေတ်မီတယ်" ဆိုတဲ့မှောင်ခိုသွင်းရာမှ ချစ်ခြင်းမေတ္တာတွေ ခန်းခြောက်လာခဲ့ရ သည်..။ မကောင်းမှုမှာ မွေ့ပျော်လာခဲ့ကြတာ....တဦးကိုတ ဦးတတောင်နဲ့တွက်ရသည့် အခြေသို့ပင် ရောက်ခဲ့ပြီ..။အပြစ်ပြော ပြီးမှာမဟုတ်တော့.....။အထီးတွေသာမက အမများပါနှစ်ခြိုက်စွာ အားပေးလာခဲ့သည်..။ခိုးမှု၊လိမ်မှုတို့ကတော့ တရားဝင်အလုပ်အကိုင်လို ဖြစ်လာတော့မည်...။ဒီတော့ Slavery ဖြစ်လာခဲ့ကြတာ တွေးပူစရာပါ..။ အနောက်တိုင်းက Mastery ထဲမှ လိင်မှုကိစ္စဂရုမပြု အလေးမမူတာဟာ
"လိင်မှုအကြောင်း"ကိုအလေးမမူတာလား..?
"လိင်မှုအကျိုး"ကို အလေးမမူတာလား..?............... ........
လိင်မှုအကြောင်းကို အလေးမူတာပေါ့....လူသားအားလုံးအေ လးမူတယ်...။ဒါပေမဲ့..အကျိုးဖြစ် တဲ့ အိမ်ထောင်ပြုခြင်း၊ကလေးမွေးခြင်း၊လူမှုဘ၀ပျော်ရွှင်ခြင်း တွေကို အလေးမမူချင်ပါဘူး...။ဆက်စပ်ဖြစ် ရပ်တွေအနေနဲ့က အိမ်ထောင်ပြုနောက်ကျခြင်း၊အိမ်ေ ထာင်ပြုနည်းလာခြင်း၊အိမ်ထောင်ကွဲများလာခြင်း....ကလေးမယူခြင်း၊က လေးဦးရေနည်းလာခြင်း၊မွေးသည့်ကေ လးတို့ သန်စွမ်းမှုအားနည်းခြင်း၊ကလေးစိ တ်လုံခြုံမှုလျော့ကျလာခြင်း...လူမှုဘ၀ပြဿနာများလာခြင်း....တို့ ကိုလည်း အလေးမမူမိတော့ပါ...။ အကြောင်းချည်းပဲအလေးမူ၍မရပါ..။အကျိုးကိုလည်းအလေးမူရပါမည်..။လိင်မှုကိစ္စအြေ ကာင်းတရားထဲတွင် "ချစ်ခြင်း"မပါ,ပါက ပြစ်မှု(သို့)မှုခင်းဆိုင်ရာကိစ္စသာဖြစ်တော့သည်...။"ချစ်ခြင်း"သ ည်လည်း"မေတ္တာ"မပါရှိပါက ချည်နှောင်ထုံးမဲ့ဖြစ်နေပါလိမ့် မည်...။မေတ္တာဆိုသည်ကလည်း အကျိုးလိုလားခြင်းမို့ အကျိုးကိုအလေးမူပြီးသားပါ..။အကျိုးကိုအလေးမူသဖြင့် အကြောင်းကို အလေးမူပြီးသားဖြစ်ရပါမည်..။ထို့ ကြောင့် လိမ်မှုကိစ္စကို အလေးမူ၍ လိင်မှုကိစ္စမရရှိ၊ရရှိမှုအပေါ် အလေးမပြု အလေးမမူသော "ဥပေက္ခာ"သည်သာ ကုစားနည်းနာဖြစ်သင့်ပါသည်...။
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment