Tuesday, July 31, 2012

အနောက်ဘက်တံတိုင်းသို့ လှမ်းကြည့်ခြင်း (၂) (၃)


by ငြိမ်းအေးအိမ် on Monday, July 30, 2012 at 6:22am ·

(၂)
မြေပုံများပေါ်တွင် နိုင်ငံနယ်နမိတ်များသည် လှပပျော့ပြောင်းစွာ ကွေးညွှတ်နေသည်ကို မြင်တွေ့ဖူးကြ ပါလိမ့်မည်။ အမှန်တော့ ထိုအရာများသည် စိတ်ကူးမျဉ်းများမျှသာဖြစ်၏။ အချုပ်အခြာ အာဏာကိစ္စအတွက် ရေးဆွဲသတ်မှတ်ထားကြရခြင်းသာဖြစ်၏။ တကယ့်မြေပြင်တွင် ထိုမျဉ်းများမရှိ။ မျဉ်းမရှိသော မြေများပေါ် တွင် လူ့မျိုးနွယ်စုတို့သည် အဆင်ပြေရာ၊ အနွယ်တူရာ စုနေကြခြင်းသာ ဖြစ်သည်။ ထို့ကြောင့် လည်း မြန်မာနိုင်ငံ၏ နယ်စပ်မျဉ်းများတွင် ရှိနေကြသော ကျွန်တော်တို့တိုင်းရင်းသားများနှင့် “မျိုးတူ”များသည် နယ်နမိတ်ချင်း ထိစပ်နေသည့် သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံများတွင်လည်း ရှိနေကြသည်သာဖြစ်၏။


ထိုသူတို့သည် နိုင်ငံ တစ်နိုင်ငံ၏ တိုင်းရင်းသား အဖြစ်၊ နိုင်ငံသားအဖြစ် သတ်မှတ်ပေးပါဟု တောင်းဆို ခဲ့ဖူးသည်ဟူ၍မရှိ၊ ကျွန်တော် တို့တွင် ရှိနေသော လူမျိုးစုများ အတိုင်း သက်ဆိုင်ရာတိုင်းပြည်တွင်လည်း ထိုလူမျိုးများ ရှိနေ၍ ဖြစ်သည်။ ဥပမာ၊ မြန်မာ့မြေပေါ်တွင် မြန်မာနိုင်ငံသား ကချင်၊ လော်ဝေါ်၊ လာချိဒ်၊လီဆူ၊ ရ၀မ်တို့ တိုင်းရင်းသား အဖြစ်ရှိနေသလို ထိုမျိုးနွယ်စုတို့သည် တရုတ်ပြည်တွင်လည်း တရုတ်နိုင်ငံသား တိုင်းရင်းသားများအဖြစ် ရှိနေ သည်။ မွန်နှင့် ကရင်တို့လည်း ထိုအတိုင်းပင်ဖြစ်သည်။ ရခိုင်တွင်လည်း ရခိုင်တိုင်းရင်းသားအချို့ တစ်ဘက် နယ်နမိတ်တွင်ရှိနေသည်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ၀၊ အခါ၊ စသည်တို့သည် မြန်မာနိုင်ငံကို ၀ိုင်းပတ် ထားသည့် နယ်စပ်မျဉ်းများပေါ်တွင် နေထိုင်ကြသူများဖြစ်သည်။ သူတို့သည် ကျွန်တော်တို့နိုင်ငံ၏ ခံတပ်ကြီး များဖြစ်ကြသည်။ တံတိုင်းကြီးများဖြစ်ကြသည်။ လူဦးရေအဆမတန်များသော သက်ဆိုင်ရာ နယ်နမိတ် အသီးသီး၏ လူမျိုးများ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ကိုယ်မြေထဲသို့ စိမ့်ဝင်ထွန်းကားမလာကြစေရန် နှစ်ပေါင်းရာချီ စောင့်ရှောက်ပေးနေကြသော သူရဲကောင်းများဖြစ်သည်။ ထိုကျေးဇူးကို သိတတ်ရပါမည်။ သူတို့ကို ကူညီဖို့၊ သူတို့နှင့်အတူတူ ကျွန်တော်တို့မြေ ကျွန်တော်တို့ရေကို ကာကွယ်စောင့်ရှောက်ဖို့၊ သူတို့ ပခုံးတွေပေါ်ကျရောက်နေသော ၀န်ထုပ်ဝန်ပိုးများကို မျှခံထမ်းယူဖို့ စဉ်းစားမိဖူးကြပါလား။ သူတို့ကတော့ ဘယ်သူကူကူ မကူကူ ကိုယ့်အသိနှင့်ကိုယ့်အားကိုယ်ကိုးစောင့်ရှောက်နေကြသူများ သာဖြစ်သည်။ မြန်မာနိုင်ငံ၏ အရှေ့ဘက်တံတိုင်း၊ မြောက်ဘက်တံတိုင်း၊ အနောက်ဘက်တံတိုင်းများရှိ တိုင်းရင်းသား များ အားလုံး (တိုတံတိုင်းများရှိရာ အရပ်တိုင်းတွင် မြန်မာများ မရှိကြပါ) ကို ကျွန်တော်တို့ အလေးအမြတ်ပြုရမည်ဖြစ်ပါသည်။

“နိုင်ငံတော်ရဲ့ ဝင်ပေါက် အနောက်တံခါးကို ကျွန်တော်တို့ ရခိုင်လူမျိုးတွေက နှစ်ပေါင်းများစွာ အသေခံပြီး ဖြစ်ဖြစ်၊ အငတ်ခံပြီး ဖြစ်ဖြစ် စောင့်ရှောက်ခဲ့တယ်။ ဒါပေမဲ့ အစိုးရ ဝန်ထမ်းတွေက အကျင့်ပျက်ခဲ့တာတွေရှိတယ်။ ပိုက်ဆံပေးပြီး လိုချင်တာတွေ ဖန်တီးသွားခဲ့ တာတွေ ရှိတယ်။ အောက်ခြေမှာဖြစ်ခဲ့တာတွေက ကျွန်တော်တို့ နေခဲ့တဲ့ ခေတ်အဆက်ဆက်ပဲ …။
မဲရဖို့အတွက် လူတွေသွင်းခဲ့တဲ့ အမှားပဲ။ ခေတ်အဆက်ဆက်မှာ မှားခဲ့တာတွေ အများကြီးပဲ။ သတိမရှိခဲ့တဲ့ အခါကျတော့ ဘူးသီးတောင်၊ မောင်တော ကျဆုံးမလို ဖြစ်နေပြီ။
ကျွန်တော်တို့ရဲ့ သဘောထားကတော့ ကျွန်တော်တို့ရဲ့ ပိုက်နက်မြေကို တစ်လက်မမှ အဆုံးရှုံးမခံနိုင်ဘူး။ နှစ်ပေါင်းများစွာ ဘိုးဘေးစဉ်ဆက် အမွေပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့မြေ၊ ကျွန်တော်တို့ရဲ့လေ၊ ကျွန်တော်တို့ရဲ့ရေ တစ်လက်မမှ မပေးဘူး။ အဆုံးရှုံးမခံဘူး။ ကျွန်တော်တို့ ကာကွယ်သွားမှာပါ” ဟု ဒေါက်တာ အေးမောင်က ပြည်တွင်း မီဒီယာများသို့ ပြောကြားသည်။

          ဖေါ်ပြပါစကားရပ်သည် ၂၀၁၂ခုနှစ်တွင်ဖြစ်ပွားခဲ့သော သမိုင်းတင် ရခိုင်-ရိုဟင်ဂျာ အရေးအခင်း ငြိမ်သက်စတွင် ဆရာ ဒေါက်တာဦးအေးမောင် ပြောကြားခဲ့သည့် ရင်တွင်းစကားဖြစ်သည်။ ရခိုင်သူရခိုင်သားများ၏ ရင်တွင်းစကားဟု လည်း ကျွန်တော်ယုံကြည်သည်။
            “မဟာပညာကျော်” ၏ Arakantimes.net တွင် Tuseday,10 july 2012 15:33 ကရေးထားသော ဆောင်းပါးတစ်ပုဒ်၌ ရခိုင်တို့၏ တံခါးများ ကျိုးပျက်ခြင်းကိုမှတ်တမ်း တင်ရာတွင်-
            -စန္ဒရ သီရိသုဓမ္မရာဇာ မင်းလက်ထက်(၁၆၆၆)ခုနှစ်တွင် “မဂို”တပ်တို့၏ တိုက်ခိုက်ခံရမှုကြောင့် ဒက္ကာနှင့် စစ်တကောင်းကို လက်လွှတ်ဆုံးရှုံး လိုက်ရသော စစ်ပွဲကို “ရခိုင်လူမျိုးတို့၏ ပထမ တံခါး ချိုးဖျက်ခံရခြင်း” (ထိုစဉ်က ရခိုင်နိုင်ငံတော်သည် အရှေ့မှာ မာလကာ၊ ပဲခူး၊ အနောက်မှာ ဘင်္ဂါ၁၂မြို့၊ မဂို၊ တြိပူရ အထိကျယ်ပြန့်ခဲ့သည်ဟုဆိုသည်)
            - ရခိုင်ဘုရင် မဟာသမ္မတရာဇာမင်း လက်ထက်၊ ၁၇၈၄ခုနှစ် ဒီဇင်ဘာတွင် ဗမာဘုရင် ဘိုးတော်မောင်ဝိုင်းက မြောက်ဦးနန်းတော်ကိုသိမ်းပိုက်ခဲ့ခြင်းကို “အရှေ့တံခါးချိုးဖျက်ခံရခြင်း” ဟု သတ်မှတ်ခဲ့သည်။ (သမိုင်းသုတေသနဦးစီး ဌာန၏ စာတမ်းတစ်စောင်တွင်မူ 1784 ခုနှစ်တွင် ကုန်းဘောင်မင်းဆက် “ဗဒုံ”မင်းက သိမ်းပိုက်သည်ဟုဆို)။ ထိုသို့ ဆိုလျှင် ၂၀၁၂ခု ဇွန်လသည် ရခိုင်မြေအတွက် တတိယအကြိမ်မြောက် ခံတပ်တံခါးကျိုးပျက်ခဲ့ ကြောင်းမှတ်ယူကြလိမ့်မည် ထင်သည်။
            ရခိုင်အမျိုးသားတို့၏ ရာစုနှစ်ပေါင်းများစွာ လောင်မြိုက်ခံစားနေရမှုများကို ကိုယ်ချင်းစာမိ၏။
            ထို ကိုယ်ချင်းစာ စိတ်အခံဖြင့်ပင် ကျွန်တော် “အနောက်ဘက်တံတိုင်းသို့ လှမ်းမျှော်ကြည့်” မိပါတော့သည်။

(၃)
          ရခိုင်သမိုင်းတွင် ရှေးဦးရခိုင်ပြည်၊ (“ရခိုင်နိုင်ငံတော်”ဟု တစ်ချို့သော မှတ်တမ်းများတွင်ဖေါ်ပြ)သည်၊ ဓည၀တီ(စစ်တွေခရိုင်)၊ ရမ္မ၀တီ(ကျောက်ဖြူခရိုင်)၊ မေဃ၀တီ(မာန်အောင်ခရိုင်)၊ ဒွါရ၀တီ(သံတွဲခရိုင်) တို့ဖြင့် စုဖွဲ့ ပေါင်းစည်း ထားသည်ဟုဆိုသည်။ (လက်ရှိရခိုင်ပြည်နယ်၏ အလယ်ပိုင်းကျသောဒေသများ၊ နှိုင်းယှဉ်ချက် အရ စိုက်ပျိုးမြေယာကြွယ်ဝသော ဒေသများဖြစ်သည်)။ ရခိုင်ကမ်းမြောင်ဒေသတွင် ရှာဖွေတွေ့ရှိသော အထောက် အထားများအရမူ ပုဂံခေတ်မတိုင်မီ နှစ်ပေါင်းရာထောင်ချီကတည်းက ရခိုင်မင်းဆက်များ ထူထောင်အုပ်ချုပ်ထား နိုင်ခြဲ့ပီဟုဆိုသည်။ မြောက်ဦးခေတ် ရောက်သောအခါ ရခိုင်ဘုရင်များသည် ရခိုင်ကမ်းရိုးတန်းဒေသတ ခုလုံးကိုစည်းလုံး သိမ်းသွင်းနိုင်ခဲ့ရုံမျှမက၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေနှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသများကိုပါ နှစ်ပေါင်း ရာနှင့်ချီ၍ သိမ်းပိုက်ထားနိုင်ခဲ့ကြသည်။ မြန်မာတနိုင်ငံလုံး ကို စတင်စည်းရုံးခဲ့သည့် ပုဂံမင်းဆက်ဘုရင်များသည်လည်းကောင်း၊ ဒုတိယ မြန်မာနိုင်ငံကို ထူထောင်သည့် ဘုရင့်နောင်သည်လည်းကောင်း၊ တတိယမြန်မာနိုင်ငံကို စည်းလုံးတည်ထောင်သည့် အလောင်းဘုရားသည် လည်းကောင်း ရခိုင်ပြည်ကို မြန်မာနိုင်ငံ၏ နယ်ပယ် တစ်ခု အဖြစ်သို့ မသိမ်းသွင်းနိုင်ခဲ့ကြ။ ရခိုင်သည် ၁၈၇၄ ရောက်မှသာ ဘိုးတော်ဗဒုံမင်းလက်အောက်သို့ ကျရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ပါဝင်လာခဲ့သည်။  
          သမိုင်းခေတ်များအနေဖြင့် “ဓည၀တီခေတ်”(BCE.3325-327ADE)၊  “ဝေသာလီခတ်”(327ADE-818ADE)၊ “လေးမြို့ခေတ်”(818ADE-1430ADE)၊ “မြောက်ဦးခေတ်”(1430ADE-1785ADE) ဟု ခွဲခြား မှတ်တမ်းပြုခဲ့ကြသည်။ ခေတ်ဦးရခိုင်၏ အဓိက ကိုးကွယ်ခဲ့သည့်ဘာသာများမှာ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဖြစ်သည်။ (မွတ်ဆလင်ဘာသာ မရောက်ရှိသေး)။ ဓည၀တီခေတ်ကို သုံးပိုင်းပိုင်းထားပြီး၊ “သူရိယမင်းဆက်”ကို တည်ထောင်သော   “စန္ဒသူရိယမင်း”(တတိယဓည၀တီခေတ်)လက်ထက်တွင် “မဟာမုနိ”ကို သွန်းလုပ်ခဲ့သည် ဆိုသဖြင့် ဗုဒ္ဓဘာသာ စောစီးစွာ သက်ရောက်ကာ ကိုးကွယ်နေမှုကို မြင်ရသည်။ ထိုမင်းဆက်သည် ဗုဒ္ဓနှင့် ခေတ်ပြိုင် ဖြစ်နေကြောင်းလည်း ခုနှစ်မှတ်တမ်းများက ဖေါ်ပြနေသည်။ ဗုဒ္ဓဘာသာသည် ရခိုင်မင်းဆက်တို့ထံ အနော်ရထာထက် နှစ်ပေါင်းများစွာစော၍ ရောက်နှင့်နေခဲ့ပြီးဖြစ်သည်။   ဝေသာလီခေတ်တွင်မူ မထေရ်ကြီးများ ရဟန်းသံဃာတော်ကြီးများ သိန်းသောင်းချီရှိခဲ့သည်ဆိုသဖြင့် ထေရ၀ါဒဗုဒ္ဓသာသနာ အထွန်းလင်းဆုံးကာလ ဟု မှတ်ယူနိုင်မည်ဖြစ်သည်။
          ရိုဟင်ဂျာတို့ကို ရခိုင်ဒေသသားအဖြစ်သွပ်သွင်းလိုသော သမိုင်းအချက်အလက်အချို့တွင်၊ မြောက်ဦး ခေတ်ဦးပိုင်း ရခိုင်ဘုရင် အချို့သည် ရခိုင်အမည်အပြင်မွတ်ဆလင်နာမည်ခံယုကာ ၊ ဒင်္ဂါးပြားများတွင် သွန်းလုပ်ဖေါ်ပြထားခြင်းကို ဇောင်းပေးသက်သေပြုခြင်းဖြင့် ရခိုင်မင်းများကို မွတ်ဆလင်ဘာသာဝင်များအဖြစ် ပုံဖေါ်ကြသည်။ အမှန်မှာ ရခိုင်မင်းဆက်တို့တွင် ရခိုင်ဘုရင်ပေါင်း (၄၈)ဦး နန်းတက်ခဲ့ရာ (၉)ဦးသာ မွတ်ဆလင်အမည်ဖြင့် ဒင်္ဂါး သွန်းလုပ်ခဲ့သည်။ ထို (၉)ဦးစလုံးသည် စစ်တကောင်းကို သိမ်းပိုက်အောင်နိုင်ခဲ့သူ များသာဖြစ်ပြီး၊ မိမိတို့သိမ်းပိုက်နိုင်ခဲ့သော နယ်ပယ်ဒေသရှိလူထု၏ယုံကြည်မှုကို ရယုနိုင်ရန် ရည်ရွယ်ပြီး အင်္ဂါး ပေါ်တွင် သူတို့၏ရခိုင်ဘုရင်ဘွဲ့တော်သာမက မွတ်ဆလင်ဘွဲ့အမည်ကိုပါ ရေးထွင်း မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။
“လေးမြို့ခေတ်”၏ နောက်ဆုံးမင်းဆက်  ရခိုင်ဘုရင်မင်းစောမွန်သည် နန်းတက်ပြီး (၂)နှစ် အကြာ(1430ADE) တွင်၊ အင်းဝ၏ရန်ပြုစစ်ခင်းမှုကြောင့် ဘင်္ဂေါကိုထွက်ပြေးခိုလှုံရသဖြင့် ရခိုင်မင်းဆက်သည် မွတ်ဆလင်ဘာသာ ကိုးကွယ်သယောင် မှန်းဆကြသည်။ (ပါမောက္ခ“ဆာရာဂျူဒင်” ကမူ၊ ရခိုင်ဘုရင်မင်းစောမွန်သည် ဘင်္ဂေါသို့ ထွက်ပြေးခိုလှုံခဲ့ရသည့်သမိုင်းအထောက်အထား ဘင်္ဂေါသမိုင်းတွင်မရှိ၊ မင်းစောမွန်ရခိုင်မြေသို့ ပြန်လာပြီးသည့်နောက် တွင် ရခိုင်ပြည်သူတို့ မွတ်ဆလင်ယဉ်ကျေးမှုကိုလက်ခံသည်ဆိုသော အဆိုလည်းမဖြစ်နိုင်၊ ရခိုင်ဘုရင်များက မွတ်ဆလင် စာပေယဉ်ကျေးမှုကို အားပေးထောက်ခံခဲ့သည့် အထောက်အထားလည်းမရှိဟု ရေးသားခဲ့သည်။)
မင်းစောမွန်ကိုဆက်ခံခဲ့သည့် ဘုရင်များ (1430ADE)မှ ရခိုင်ကို “ဗဒုံမင်း”သိမ်းပိုက်ခဲ့သည့် (1784ADE) အထိ မည်သည့်ရခိုင်ဘုရင်မျှ မွတ်ဆလင်ဘာသာဝင်မဟုတ်ခဲ့။ (“ရိုဟင်ဂျာလူမျိုး” ဟူသော အမည်သည်လည်း 1947ခုနှစ်ထိ မည်သည့် သမိုင်းစာအုပ်တွင်မျှ မှတ်တမ်းတင်ဖေါ်ပြထားခြင်းမရှိသေးပါ။)
          ရခိုင်တို့သည် သူ့သမိုင်း၊ သူ့စာပေ၊ သူ့ယဉ်ကျေးမှု၊ သူ့ကိုးကွယ်ယုံကြည်ရာ သူ့ထီးသူ့နန်းဖြင့် အနောက်ဘက်တံတိုင်းကို ကြီးစိုးစောင့်ကြပ်ထားသူများသာဖြစ်ကြသည်။

    http://wikimyanmar.co.cc/wiki/index.php တွင်မူ ဤသို့မှတ်တမ်းပြုထားသည်ကိုတွေ့ရ ၏။

          ရခိုင်ကမ်းမြောင်ဒေသ သို့မဟုတ် ရခိုင်ပြည် သည် ခေတ်အဆက်ဆက် ရခိုင်ဘုရင်များ အုပ်စိုးရာ သီးခြား လွတ်လပ်သည့် တိုင်းပြည် ဖြစ်ခဲ့၏။ ရခိုင်ဘုရင်များ လက်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသ နှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသတို့သည် ရခိုင်ပြည်၏ လက်အောက်ခံ ဖြစ်ခဲ့သဖြင့် ထိုစဉ်ကလကပင် ရခိုင်လူမျိုးအချို့သည် အုပ်ချုပ်သူ လူတန်းစားအဖြစ် ဘင်္ဂလားဒေသနှင့် တြိပူရဒေသတို့ တွင်လည်း အစဉ်အဆက် နေထိုင်ခဲ့ကြပြီး ယနေ့ထက်တိုင် နေထိုင်ကြဆဲလည်း ဖြစ်သည်။   

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...