Friday, July 27, 2012

Practical English Introductions - Tips for Your New Job (လက်တွေ့အသုံးချအင်္ဂလိပ်စာ - သင်၏အလုပ်အကိုင်သစ်အတွက်အသုံးကျမည့်နည်းလမ်းများ)

Read the Passage 

Tips for your new job
People always remember first impressions. And when you start a new job the impression you make can have a major impact on your future success with the organization. So how can you improve your chances of making a good first impression? Here are some tips. 
လူတို့သည် ပထမဦးဆုံးစိတ်တွင်ဖြစ်ပေါ်သော ထင်မြင်ချက်ကိုအမြဲတစေသတိရနေတတ်ပါသည်။ သင်သည် အလုပ်အကိုင် အသစ်တခုကိုစတင်ရာတွင် သင်ပြုလုပ်ဆောင်ရွက်မှုကို ထင်မြင်သုံး သပ်စေသော အချက်သည် သင်လုပ်ကိုင်ဆောင်ရွက်မည့်အဖွဲ့အစည်းတွင်၊ သင်၏အနာဂတ် အောင်မြင်ရေး အတွက်၊ အဓိက ဩဇာသက်ရောက်မှုဖြစ်စေနိုင်ပါသည်။
သင့်အား အကျိုးသက်ရောက် စေမည့်ပထမဦးဆုံးသော ထင်မြင်ယူဆချက်ကောင်းများပေါ်ပေါက် စေရန်အခွင့်အလမ်းကောင်းများကို မည်ကဲ့သို့ တိုးတက်အောင်ပြုလုပ်ပါမည် နည်း။ ဤစာပုဒ်တွင်အသုံးကျမည့်နည်းလမ်းအချို့ကို ဖော်ပြထားပါသည်။

Exercise (A)
a. Read the first paragraph and complete the headings with verbs from the list. 
Be     Keep   Learn   Dress   Ask   Work   Take

  1. Be positive
  2. _____ appropriately
  3. _____ people’s names
  4. _____ questions
  5. _____ notes
  6. _____ full days
  7. _____ a good attendance record

ပေးထားသော verbs (၇) ခုကို (1-7)ကွက်လပ်များတွင်ဖြည့်စွက်ခြင်းဖြင့် Tips for your new job အတွက် Headings များဖြစ်ပေါ်လာပါမည်။ Example ကို No 1 တွင် "Be positive" ဟုဖော်ပြထားပါသည်။ Self access အနေဖြင့် သင်ကိုယ်တိုင်ရှေးဦးစွာ ဖြေဆိုကြည့်ပြီးမှပေးထားသော ဖြင့် Answer Key ဖြင့်အဖြေ ကိုက်ကြည့်ပါ။

Answer Key 
  1. Be positive
  2. Dress appropriately
  3. Learn people’s names
  4. Ask questions
  5. Take notes
  6. Work full days
  7. Keep a good attendance record

ထိုအဖြေများကို မည်သို့မည်ပုံရရှိကြောင်းပြန်လည်သုံးသပ်ကြည့်ပါ။

  1. Be positive
(Verb) “Be” ကို (adjective) “positive” နှင့်ယှဉ်တွဲထားပါသည်။
အဓိပ္ပါယ်။ ။ အပြုသဘောဆောင်ပါစေ။
  1. Dress appropriately
(Verb) “Dress” ကို (adverb) “appropriately” နှင့်ယှဉ်တွဲထားပါသည်။
အဓိပ္ပါယ်။ ။ သင့်တင့်လျှောက်ပတ်စွာ ဝတ်စားဆင်ယင်ပါ။
  1. Learn people’s names
(Verb) “Learn” ကို (noun phase) “people’s names” နှင့်ယှဉ်တွဲထားပါသည်။
အဓိပ္ပါယ်။ ။ လူများ၏အမည် များကိုကျက်မှတ်သိရှိထားပါ။
  1. Ask questions
(Verb) “Ask” ကို (noun) “questions” နှင့်ယှဉ်တွဲထားပါသည်။
အဓိပ္ပါယ်။ ။ မေးခွန်းများမေးပါ။
  1. Take notes
(Verb) “Take” ကို (noun) “notes” နှင့်ယှဉ်တွဲထားပါသည်။
အဓိပ္ပါယ်။ ။ မှတ်စုများရေးမှတ်ထားပါ။

  1. Work full days
(Verb) “Work” ကို (noun phase) “full days” နှင့်ယှဉ်တွဲထားပါသည်။
အဓိပ္ပါယ်။ ။ အလုပ်ချိန်အပြည့်လုပ်ကိုင်ပါ။
  1. Keep a good attendance record
(Verb) “Keep” ကို (noun phase) “a good attendance record” နှင့်ယှဉ်တွဲထားပါသည်။
အဓိပ္ပါယ်။ ။ အလုပ်တက်ရောက်ချိန်နှင့်ပတ်သက်၍မှတ်တမ်းကောင်းတစ်ခုထားရှိပါ။

(မှတ်ချက်။ ။ “English structure” - အင်္ဂလိပ်စာဝါကျ ဖွဲ့စည်းပုံသည်၊ မြန်မာစာ ဝါကျဖွဲ့စည်းပုံနှင့်မတူပါ။ “Verbs” များကို “ Headings” များ၏ "initial position" ခေါ်၊ ဝါကျ ၏အရှေ့ - နာမ်၊ နာမ်ဎုဒ်စု၊ နာမဝိသေသန နှင့် ကြိယာဝိသေသန- ( noun, noun phrase, adjective နှင့် adverb) တို့၏အရှေ့ တွင်ရှိနေသည်ကိုသတိပြုမိစေလိုပါသည်။)    

Exercise (B)

b. Match the sentences to the headings in (A).
ဤပေးထားသော sentences (a-g) ကို Exercise (A) ရှိ Headings (1-7) ဖြင့် ယှဉ်တွဲ ဖော်ပြပေးရန်ဖြစ်ပါ သည်။

  1. You probably won’t remember everyone’s name by the end of the first day, but you should learn the names of every member of your team as soon as possible.
  2. Ask for help or information when you need it. It’s always better to ask than to make a mistake and do something wrong.
  3. Try to wear the same sort of clothes as your colleagues.- you shouldn’t look too smart or not smart enough.
  4. Unless you have a photographic memory- and not many of us do- make notes on all the things that you need to understand.
  5. Especially in the first days and weeks of a new job, get to work early and don’t leave before your colleagues.
  6. Show your enthusiasm for being part of the organization. Try to look happy, even if you’re feeling stressed!
  7. It’s important to come to work every day. Unless there’s an emergency, or you are definitely not well enough to work, you should try to get to work every day.

ပထမဦးစွာ မိမိကိုယ်တိုင် matching exercise ကိုလုပ်ဆောင်ပြီးမှ Answer Key နှင့် တိုက်ဆိုင်စစ်ဆေး ကြည့်ပါ။

Answer Key
1=f, 2=c, 3=a, 4=b, 5=d, 6=e, 7=g

ဤကဲ့သို့သော “matching exercise” ခေါ်ယှဉ်တွဲဖြေဆိုရသောသင်ခန်းစာများတွင် အဖြေမှန်အားလုံးရရှိစေရန် “connected discourse” ခေါ် exercise A “headings” နှင့် exercise B “sentences” များ၏ရေးသားချက်ပါအချက်အလက်များသည်တခုနှင့်တခု အဆက်အစပ်ရှိမှုကို သက်ဆိုင်ရာစကားလုံးများကို ရှာဖွေယှဉ်တွဲကြည့်ရှုလေ့လာရပါသည်။

ဥပမာ။ No. 2 “Dress appropriately” ဟူသော heading တွင် “Dress” ဟူသောစကားလုံးသည် sentence “c” ရှိ “wear” နှင့်အဓိပ္ပါယ်တူညီပါသည်။ “dress/wear” ဟူသော "verbs" များသည် (noun) “clothes”နှင့်ဆက်စပ်နေပါသည်။ ထိုသို့ဆက်စပ်မှုကို “noun-verb association”ဟု ခေါ် ဆိုပြီးထိုကဲ့သို့သော context clues များအားဖြင့် matching exercise ကိုပြုလုပ်ရပါသည်။ ဤသဘောတရားကိုနားလည်ပါက၊ Headings (3 မှ 6)ထိ matching exercise ကို ပြန်လည်ဆန်းစစ်လျှင် context clues များကို လွယ်ကူစွာတွေ့ရှိနိုင်ပေမည်။

No.3- Heading "Learn people's names" သည် sentence "a" ရှိ “You won’t probably remember everyone’s name”, “You should learn the names of every member ---- “  စသည့် sentences များနှင့် “match” ဖြစ်နေသကဲ့သို့ "name" ဟူသောစကားလုံးမှာ "overlap" "heading" နှင့် "sentence" တွင်ထပ်နေပါသည်။ ထို့ကြောင့် "matching" လုပ်ရာတွင် အထောက်အကူများစွာဖြစ်ပေါ်စေပါသည်။

No.4 “heading” “Ask questions” သည် sentence “b” ရှိ “Ask for help or information _ _ _ _”
နှင့် match ဖြစ်ပြီး "Ask" ဟူသော (verb) သည် "overlap" ဖြစ်နေပါသည်။

No.5 “heading” “Take notes” သည် sentence “d” “make notes _ _ _”သည် နှင့်ယှဉ်တွဲနိုင်ပါသည်။ ဤ context ခေါ်အခြေအနေအကြောင်းအရာတွင် “take” နှင့် “make” မှာအဓိပ္ပါယ်တူညီပြီး (noun) "notes" နှင့်ယှဉ်တွဲထားပါသဖြင့် ၊ မှတ်စုယူထားရန်၊ ပြုလုပ်ထားရန်၊ ရေးသားထားရန်ဟူ၍အဓိပ္ပါယ်ရပါသည်။

No.6 “heading” “Work full days” သည် sentence “e” “_ _ _ get to work early and don’t leave _ _ _ “ နှင့် ယှဉ်တွဲ ရခြင်းမှာ "work" ဟူသော word နှင့် clue ညှိ၍ရပါသည်။ သို့ရာတွင် "heading" ရှိ "Work" မှာ (verb) ဖြစ်ပြီးလျှင် sentence ရှိ  "work" မှာ (noun) ဖြစ်နေကြောင်း၊ စကားလုံးများ၏ "word form" ကိုပါဂရုစိုက်၊ သိရှိနားလည်စေလိုပါသည်။
ဖော်ပြခဲ့သည့်အတိုင်း "headings" (2 မှ 6) ထိသည် တူညီသည့် “words" များပါရှိ နေပါ၍လွယ်ကူနေပါ သည်။  

No.1 “heading” “Be positive” ကို " f " နှင့် match ဖြစ်ကြောင်း example ပေးထားပါသည်။
ထို့ကြောင့်  "heading" 7- “Keep a good attendance record” ကို match လုပ်ရန် sentence "g" သာလျှင်ကျန်ရှိပါတော့သည်။ "heading" နှင့် "sentence" တွင် (2 to 6) ကဲ့သို့တိုက်ရိုက် "overlap" ဖြစ်သည်။ "word" ကိုမတွေ့ရှိရပါ။ ထိုကဲ့သို့သော situation- အခြေအနေမျိုးတွင် " context clue” ကိုရှာရပါသည်။ "heading" ရှိ "attendance" "တက်ရောက်ချိန်" ဟူသောစကားလုံးသည်  "sentence g" ရှိ "_ _ _ to come to work everyday" စသော expressions ဖော်ပြချက်များနှင့် တူညီနေပါသည်။ ထို့ကြောင့် "heading 7" နှင့်  "sentence g" တို့ကို match လုပ်၍ရပါသည်။

ဖော်ပြပါနည်းစနစ် များကိုအသုံးပြု ၍ matching exercise များကို context clues များအားဖြင့် ယှဉ်တွဲနိုင်ခြင်းအားဖြင့် English Proficiency အင်္ဂလိပ်စာတတ်ကျွမ်းမှုစွမ်းရည်မြင့်မားနိုင်ကြပါစေ။

Daw Tin Nwai Win
Retired Lecturer (English Department, Yangon University) Diploma in Teaching of English Overseas (Leeds University), M.A (T.E.F.L) Y.I.O.E


Read more: လက်တွေ့အသုံးချအင်္ဂလိပ်စာ - သင်၏အလုပ်အကိုင်သစ်အတွက် အသုံးကျမည့်နည်းလမ်းများ - Myanmar Network http://www.myanmar-network.net/forum/topics/tips-for-your-new-job#ixzz21t6opJ2r


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...