Tuesday, July 31, 2012

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (Good/Hope/Is it/Far/Give)

Posted by Language Republic on June 26, 2012 at 13:22 


That's no good (အဲ့ဒါက အဆင်မပြေဘူး) 

အဲ့ဒါက အဆင်မပြေဘူး that’s no good သည် တစ်စုံတစ်ခုသည် လက်ခံနိုင်ဖွယ်မရှိသောအခါ (သို့) မသင့်တော်သောအခါ (သို့) အဆင်မပြေသောအခါတွင် အသုံးပြုသော အသုံးအနှုန်းဖြစ်သည်။
  • We have a one-bedroom holiday flat left. That's no good, unfortunately. There's my wife and myself and two children.'
    ကျွန်တော်တို့မှာ အိပ်ခန်းတစ်ခန်းပါ ပိတ်ရက်သုံး တိုက်ခန်းတစ်ခန်း ကျန်သေးတယ်။ ကံမကောင်းချင်တော့ အဲဒါက အဆင်မပြေဘူး။ ကျွန်တော်ကိုယ်တိုင်အပြင် အမျိုးသမီးနဲ့ ခလေးနှစ်ယောက်ပါရှိတာ။
  • We have no tickets left for this evening's performance, but I can give you two for tomorrow evening.
    ဒီညနေ ဖျော်ဖြေပွဲအတွက် လက်မှတ် မကျန်တော့ပေမဲ့ မနက်ဖြန်ညနေအတွက် လက်မှတ်နှစ်စောင်တော့ ပေးနိုင်ပါတယ်။
    Thanks, but that's no good. We're leaving tomorrow morning.
    ကျေးဇူးပါပဲ။ ဒါပေမဲ့ အဲဒါက အဆင်မပြေဘူး။ ကျွန်တော်တို့က မနက်ဖြန်မနက် ပြန်မှာ။
     

Some hope! (မျှော်လင့်မနေနဲ့) 
မျှော်လင့်မနေနဲ့ some hope ကို တစ်စုံတစ်ခုဖြစ်ပေါ်လာရန်အတွက် အခွင့်အရေးမရှိဟု ထင်မြင်မိပါက အသုံးပြုနိုင်ပါသည်။
  • Bill should be here soon.
    မကြာခင် Bill ရောက်လာမှာပါ။
    Some hope! Bill is always last to arrive.
    မျှော်လင့်မနေနဲ့။ Bill က အမြဲတမ်းနောက်အကျဆုံးမှရောက်တာ။
  • I hope that we'll be able to find somewhere nice to stay in the town.
    မြို့ထဲမှာ နေဖို့ နေရာကောင်းကောင်းတစ်နေရာ ရှာတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်။
    Some hope! It's the middle of the tourist season and the town is even busier than usual this summer.
    မျှော်လင့်မနေနဲ့။ အခုအချိန်က ခရီးသွားရာသီရဲ့ အလယ်လေ။ ပြီးတော့ မြို့ဟာ ဒီနွေရာသီမှာ ခါတိုင်းထက်ပိုပြီး စည်ကားနေတယ်။
Is it? (မဟုတ်လား)

မဟုတ်လား  is it? ကို အငြင်းဝါကျရဲ့နောက်တွင် အတည်ပြုချက်တောင်းခံသည့်အနေဖြင့် အသုံးပြုသော မေးခွန်းတို ဖြစ်သည်။
  • The dog's not badly hurt, is it?
    ခွေးလေး ဆိုးဆိုးရွားရွား မနာကျင်သွားဘူးမဟုတ်လား
  • This isn't the London train, is it?
    ဒါ London ရထားမဟုတ်ဘူး မဟုတ်လား။
     

As far as I know (ငါသိသလောက်တော့)
ငါသိသလောက်တော့ As far as I know ကို သင်သည် တစ်စုံတစ်ခုကို သိသော်လည်း အချက်အလက်အားလုံး မသိသည့်အတွက် မသေချာသည့်အခါတွင် အသုံးပြုသည်။
  • As far as know, Jack still lives in Victoria Street, but I suppose he could have moved house recently
    ငါသိသလောက်တော့ Jack က Victoria လမ်းထဲမှာနေသေးတယ်။ ဒါပေမယ့် သူမကြာသေးမီကပဲ အိမ်ပြောင်းသွားတယ်လို့ ငါထင်တယ်။
  • As far as I know, there is a restaurant next to the theatre, but I haven't been in that part of the city for quite a long time
    ငါသိသလောက်တော့ ပြဇာတ်ရုံဘေးမှာ စားသောက်ဆိုင်ရှိတယ်။ ဒါပေမယ့် ငါမြို့ရဲ့ အဲ့ဒီအပိုင်းကို မရောက်တာကြာပြီ။

သင့်အနေဖြင့် အများက သိပြီးသားလို့ ယူဆထားတဲ့ အကြောင်းအရာတစ်ခုခုကို ဖော်ပြောလိုသောအခါတွင်လည်း of course ကို အသုံးပြုနိုင်ပါသည်။
  • Of course, his wife died many years ago.
    မှန်တာပေါ့။ သူ့မိန်းမက လွန်ခဲ့သော နှစ်များက ကွယ်လွန်သွားခဲ့ပြီလေ။


Give you (him, them, etc) a ring

မင်းကို ဖုန်းဆက်လိုက်မယ် I’ll give you a ring ကို တစ်စုံတစ်ဦးအား တယ်လီဖုန်းဖြင့် ဆက်သွယ်မည့် အကြောင်းကို ပြောသောအခါတွင် အသုံးပြုသည်။
  • I’ll give you a ring when I know the date of the meeting.
    အစည်းအဝေးလုပ်မယ့်ရက်ကို သိရင် မင်းကို ဖုန်းဆက်လိုက်မယ်။
  • Give me a ring when you arrive at the airport.
    လေဆိပ်ကို ရောက်တဲ့အခါ ငါ့ကို ဖုန်းဆက်လိုက်ပါ။


Read more: အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (Good/Hope/Is it/Far/Give) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A645587&xgs=1&xg_source=msg_share_topic#ixzz22BNs8yT5

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...