ကျွန်တော်နဲ့ အမေ .. ကျွန်တော်နဲ့ သမီး ..
ကျွန်တော်ငယ်ငယ် .. ဟိုး စကားပြောတတ်ခါစတုန်းကပေါ့ ..
အမေက မေးတယ် ....
သားကြီး .. အမေပြောတာ လိုက်ပြောနိုင်လားတဲ့ ..
ကျွန်တော် ပြန်ဖြေတယ် .. ဟုတ်လို့ .. ခေါင်းကို ညိမ့်ရင်း ............
အဲဒီမှာ အမေက စပြောတယ် ...
မေမေ ချစ် ...
ကျွန်တော်က .. ပြန်ပြောတယ် ...
သားချစ် ...
အမေက ဆက်ပြောတယ် ...
မေမေ မုန်း ...
သား မုန်း ...
မေမေ ချစ် ..
သား ချစ် ..
မေမေ အရမ်းချစ်
သား အရမ်း ချစ် ...
မေမေ .. အား ကြီး ချစ် ...
သား .. အားကြီး ချစ် ...
နောက်ဆုံး မေမေက ထပ်ပြောတယ်။
မေမေ .. မမုန်း တမုန်း ..
ကျွန်တော် မပီကလာ လိုက်ပြောကြည့်တယ် ...
သား မုန်း တ တုန်း .. မုန်း တ တုန်း ...
အမေက ရယ်ပါတယ်။ ကျွန်တော့်ကို ။
ဒီနေ့ .. ကျွန်တော်ဟာ သမီးနဲ့ ဇနီးကို ခွဲပြီး ရန်ကုန်ကို ရောက်နေခဲ့ပါတယ်။
ခုပဲ ဇနီးဆီကို ဖုန်းဆက်လိုက်တော့ သမီးက ကျွန်တော်နဲ့ ပြောချင်တယ် တဲ့။
အင်း .. ပြောမယ်လို့ ဆိုတော့ ... သမီးက ပြောတယ်။ ဒီနေ့ အဖွားမိဆီ ရောက်ခဲ့တယ်တဲ့။
အဖွားနဲ့ ပြောတဲ့အတိုင်း ပါးပါးနဲ့ ပြောမယ်တဲ့။ (ကျွန်တော့်ကို သမီးက ပါးပါးလို့ပဲ ခေါ်တယ်)
ကျွန်တော်က ပြောဆိုတော့ ........
သမီးလေး က စ ပြောတယ်။
သမီးချစ်တဲ့
ကျွန်တော် ကြောင်သွားတယ်။ ဟေလို့ ... သမီးက ဆက်ပြောတယ်
ပါးပါးကလည်း သမီးချစ်ဆို .. ပါးပါးက ချစ်လို့ ပြောလေတဲ့ ...
အော်အေး .. ပါးပါးချစ်ပေါ့ ...
ပြီးတော့ သမီးက ဆက်ပြောတယ် ..
သမီး မုန်း..
ပါးပါး မုန်း ..
သမီး အရမ်း ချစ်...
ပါးပါး အရမ်းချစ် ...
ကျွန်တော် မခံစားနိုင်တော့ဘူး။
အမေရယ် ..
ကျွန်တော့်ကို သတိရနေပြီလား ဟင် ..
အမေ့ကို ကျွန်တော် ဒီကနေ ရှိခိုးပြီး သတိရလျက်ပါ။
ကျွန်တော့် မေမေ ကျန်းမာပါစေသား ...............
း(
0 comments:
Post a Comment