Sunday, July 29, 2012

နာမည်ကျော်ကြားတာဘယ်သူလဲ???...

Thuzar Kyaw maytz144@gmail.com

တစ်ခါတုန်းက ရွာတစ်ရွာမှာ ကိုဖိုးတုတ် မခလေးမဆိုတဲ့ လင်မယားနှစ်ယောက်ရှိသတဲ့... 
သူတို့လင်မယားနှစ်ယောက်မှာ မခလေးမကို လူတိုင်းနီးပါးသိကြပေမယ့် ကိုဖိုးတုတ်ကိုတော့ လူတွေကသိပ်မသိကြဘူးတဲ့... ကိုဖိုးတုတ်ကိုတွေ့ရင်လူတွေက မခလေးမယောက်ျား လို့ပဲ
ပြောကြတယ်... လမ်းမှာ တွေ့လို့ နှုတ်ဆက်ရင်လည်း " ဟာ....မခလေးမယောက်ျား နေကောင်းလား၊ ဘယ်သွားမလို့လဲ"ပေါ့.... 
စကားစပ်မိလို့ ပြောကြရင်လည်း မခလေးမယောကျာ်းကဘယ်လို ... ဘာဖြစ်တယ်နဲ့ အဲလိုပေါ့နော်... အလှူမင်္ဂလာဆောင်တွေဘာတွေဖိတ်ရင်လည်း မခလေးမနှင့် ခင်ပွန်းဆိုပြီးတော့ပဲ ဖိတ်တတ်သတဲံ့... နေရာတကာ မခလေးမကိုပဲ လူတွေကစကားထဲထည့် ပြောကြသတဲ့....

တစ်နေ့မှာတော့.........သူတို့လင်မယားဟာ ရွာဦးကျောင်း ဆောက်ပြီးလှူကြတယ်....
အလှူရှင်ကျောင်းဒကာ ဒကာမရဲ့နာမည်တွေကိုမှတ်တမ်းတင်ရေးထိုးထားတာပေါ့......
" ကျောင်းဒကာ ကိုဖိုးတုတ်+မခလေးမ" လို့ ရေးထားပေမယ့် ရွာသူရွာသားတွေက
စကားစပ်မိလို့ ပြောကြတဲံ့အခါ " ကျောင်းအမကြီး မခလေးမ" ဆိုတာပဲထည့်ပြောကြပြီး
ကိုဖိုးတုတ် ဆိုတာကိုတော့ ထည့်မပြောကြဖူးတဲ့..........ဒါနဲ့ ရေကန်ကြီးတူးပြီးလှူကြ
ပြန်ပါတယ်.......

အလှူရှင်နာမည်ရေးတဲ့အခါ ကိုဖိုးတုတ်က သူ့နာမည်ကို စာလုံးကြီးကြီး

ရေးခိုင်းပြီး သူ့မိန်းမနာမည်ကိုတော့ ခပ်သေးသေးပဲ ရေးခိုင်းသတဲ့..............

ဒါပေမယ့်လည်း လူတွေက " မခလေးမတို့ ရေကန်ကြီးကဖြင့် ဘယ်လို ဘာညာ" ဆိုပြီး

တော့ပဲ ပြောလေ့ရှိသတဲ့..........ဒါလည်းကိုဖိုးတုတ်ကတော့လက်မလျော့သေးပါဘူး.......

နောက်တစ်မျိုးကြံပြန်တယ်........သူစဉ်းစားတာက "အင်း.....လူတွေကရှေ့ကနာမည်ကို

ကျော်ပြီး နောက်ကနာမည်ကိုပဲ ပြောပြောနေကြတယ်၊ ဒီတစ်ခါတော့ ငါ့နာမည်ကိုနောက်

ကရေးမယ်ကွ" လို့ဆိုပြီး....ရွာလမ်းမကြီးကိုလှူပြန်တယ်.......နာမည်ထိုးတော့.........

" လမ်းအလှူရှင် မခလေးမ+ ကိုဖိုးတုတ်" ဆိုပြီးရေးခိုင်းသတဲ့.........ဒါပေမယ့်လည်း

ရွာသူရွာသားတွေကတော့ "မခလေးမ လှူထားတဲ့လမ်းကြီးပေါ့" လို့ပဲပြောကြပြန်သတဲ့....

ဒီအခါမှာတော့ ကိုဖိုးတုတ်စိတ်ထဲ မကြည်တော့ဘူး......"ငါဒီလောက်လှူတာတောင်မှ

မခလေးမ မှ မခလေးမ ဖြစ်နေတာ....ဒီလောက်တောင်ဖြစ်လှတဲ့လူတွေ တွေ့ကြသေး

တာပေါ့" လို့ဆိုပြီး ဇရပ်ကြီးတစ်ဆောင်ဆောက်ပြီး......

" ကိုဖိုးတုတ် + မခလေးမ + ကိုဖိုးတုတ်လှူဒါန်းသည်"

ဆိုပြီး ရေးထိုးလိုက်ပါသတဲ့.......အဲဒီအခါမှာလည်း " မခလေးမ" ရယ်လို့ပဲ လူတွေကပြော

ကြပြန်သတဲ့..........။ အဲဒီမှာတင် ကိုဖိုးတုတ်တစ်ယောက် ဒေါသအိုးပေါက်ကွဲပြီး

သည်းမခံနိုင်တော့ဘဲ ပုဆိုးကွင်းသိုင်းပြီး ရွာထဲမှာပတ်ရမ်းတော့တာပေါ့..........

အဲဒီအချိန်ကစပြီး သူ့ကိုတွေ့တိုင်း လူတွေက " လူမိုက်ကြီးဖိုးတုတ်" လို့ခေါ်ကြပါတော့တယ်..

ထိုအချိန်မှစ၍ ကိုဖိုးတုတ်ခမျာ မခလေးမယောကျာ်း နာမည်ပျောက်ပြီး "လူမိုက်ကြီးဖိုးတုတ်"

ရယ်လို့ နာမည်ကျော်ကြား သွားပါတော့တယ်....................။

ပုံပြင်လေးကတော့ဒါပါပဲကွယ်.............

ရီမောခြင်းဖြင့် ဘ၀အမောများပြေပျောက်နိုင်ကြပါစေ....

Thuzar Kyaw

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...