Saturday, July 28, 2012

အရှင်ဆန္ဒာဓိက ၏ သေနည်းလေ့ကျင့်ခန်း


Unty Mee

...............ဘ၀ပြတ်အောင် အားမထုတ်နိုင်သေးသည့် သူအတွက် တမလွန်ဘ၀ကူးကောင်းဖို့  စိတ်တိုင်းကျပြင်ပါ။ ညအိပ်ရာဝင်တိုင်း၊ အိပ်ခါနီးအချိန်မှာ...အာရုံလေးမျိုးဖြစ်စေသော
ဒါနအာရုံ၊ သီလအာရုံ၊ သမထအာရုံ၊ ၀ိပဿနာကုသိုလ်အာရုံ လေးမျိုးစလုံးယူထားပါ ။
၁။ အနီးကပ်ဆုံးဒါနကုသိုလ်
( ညအိပ်ရာဝင်တိုင်း သောက်တော်ရေလှူပါ )
၂။ သီလကုသိုလ်
( ညအိပ်ရာဝင်တိုင်း ငါးပါးသီလ အသစ်ခံယူပါ )
၃။ သမထကုသိုလ်
( ညအိပ်ရာဝင်ခါနီးတိုင်း ဘုရားဂုဏ်တော် တစ်ခုခုပွားပါ။ သတ္တ၀ါများအား မေတ္တာပို့ ပါ။ )
၎။ ၀ိပဿနာကုသိုလ်
( ၀ိပဿနာရှုမှတ်ရင်း အိပ်ပျော်သွားပါစေ..။ဝင်လေ ထွက်လေရှုမှတ်ခြင်းသည် အကောင်းဆုံးအိပ်ဆေးဖြစ်ပါသည်။ )
ညအိပ်ရာဝင်တိုင်း ကုသိုလ် လေးမျိုးနဲ့ နေသွားပြီး အကယ်၍သေခဲ့သည်ရှိသော်လည်း
ထိုထိုသော ကုသိုလ်အာစိဏ္က္ခကံကောင်းမှုကြောင့် အာသန္နကံကောင်း၍ ကောင်းသုဂတိဘုံသို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...