Tuesday, July 31, 2012

ဘာသာမဲ့တွေရေ၊ ဒါ နိုင်ငံအတွက်ပါ။ ပြည်သူတွေ အတွက်ပါ။


by Than Saw on Tuesday, July 31, 2012 at 7:13pm 

နိုင်ငံစီးပွားရေးတိုးတက်မှုအတွက်ဘဲ ဖြစ်ဖြစ်၊ မိမိကိုယ်ပိုင် စီးပွားရေးအတွက်ဘဲဖြစ်ဖြစ်၊  မြန်မာ ဘုရင် မိဖုရားတွေ၊ ဘုရင် မယားမြှောင် အမှတ် ၆၀၀ မှ ဆင်းသက်လာကြတဲ့ မင်းသားမင်းသမီးတွေနဲ့ တခြား  လူဘုရားထီး လူဘုရားမ အရိုးတွေကို ထိုင်ရှိခိုးကြတာကို အပြစ်မတင်ပါနဲ့။ 

ဒီအရိုး ဓါတ်တော်တွေ ရုပ်ထုတွေ ဓါတ်ပုံတွေ အဝတ်အစားဟောင်းတွေကို ကိုးကွယ်ပြသတာဟာ နိုင်ငံအတွက် အင်မတန် အကျိုးရှိပါတယ်။ နိုင်ငံခြားသား ဧည့်သည်တွေကို သင်္ချုင်းဝင်ခွင့်လက်မှတ်တွေ၊ ပြတိုက်ဝင်ခွင့် လက်မှတ်တွေ ရောင်းစားပြီး နိုင်ငံခြားဝင်ငွေရှာနိုင်ပါတယ်။
ကိုးကွယ်ကိုင်းရှိင်းလိုကြတဲ့ မြန်မာတွေ လာရှိခိုးရင်တော့ လက်မှတ်တွေကို အခ ၅ ပုံ ၁ ပုံလောက် နဲ့တော့ ရောင်းချသင့်ပါတယ်။ အခမဲ့ ဝင်ခွင့်ပေးလည်း မဆိုးပါဘူး။ သူတို့အတွက်  အရိုးတွေကို ပန်း ဆီမီး သောက်ရေတော် ကပ်ဖို့ ရောင်းချသူတွေကိုလည်း ကြည့်ပါ။ အလုပ်လက်မဲ့သူတွေအတွက် အလိုလို အလုပ်အကိုင်တွေ ပေါ်ပေါက်လာသလို၊ နိင်ငံအတွက် အကောက်ခွန်ရပါတယ်။ ပြည်တွင်းပြည်ပ ခရီးသွားလာရေးလုပ်ငန်း နဲ့ ထိုလုပ်ငန်းအပေါ်မှီတဲ့ တခြားလုပ်ငန်းတွေအတွက်လည်း ရွှေတွင်း ငွေတွင်းတွေပါဘဲ။

ကျမကဲ့သို့သော ဘာသာမဲ့တွေ ဘုရင်စံနစ်ကိုမုန်းတီးရွံရှာသူတွေကို ပြောလိုပါတယ်။  ဒီ အရိုးကိုးကွယ်မှုတွေကို မကန့်ကွက်ကြပါနဲ့။ မသဒီရင် မျက်နှာလွှဲနေကြပါ။ ဒီ ဘုရင်မိဖုရား မင်းသားမင်းသမီး အရိုးတွေ နန်းတော် ပြတိုက်တွေ ကို အသုံးချပြီး ရောင်းစား အလုပ်ဖြစ်နေတာ နိုင်ငံတိုင်းပါဘဲ။ ပြည်တွင်း ဆင်းရဲသားတွေအတွက် ပညာရေး လူမှုရေးများအတွက် လိုအပ်တဲ့ နိုင်ငံဝင်ငွေရှာပေးနေကြတဲ့ အင်မတန် အသုံးဝင်တဲ့ ကာဘွန်ရုပ်ကြွင်းတွေပါ။

ဗြိတိန်ဆို မြို့တိုင်း ရွာတိုင်းမှာ ဘုရင်ဆိုး ဘုရင်ကောင်း ဘုရင်မဆိုး ဘုရင်မကောင်းများရဲ့ သမိုင်းပြတိုက်တွေ စစ်သမိုင်းပြတိုက်တွေ ယဉ်ကျေးမှု သမိုင်းပြတိုက်တွေ  အစရှိတဲ့ သမိုင်းပြတိုက် အမျိုးမျိုးနဲ့ နိုင်ငံခြားသား ပြည်တွင်း ခရီးသည်တွေကို မျှားခေါ် ဝင်ငွေရှာကြပါတယ်။ သင်္ချုင်းတွေ ပြတိုက်တွေ တင်သာ မဟုတ်ပါ။ ခေတ်အဆက်ဆက်က လူပေါင်းများစွာ သတ်ခဲ့ကြတဲ့နေရာမှာ အင်မတန် အစွမ်းထက်ကြတဲ့ စစ်သူရဲကောင်းတွေ ရုပ်ထုတွေကလည်း နေရာတကာမှာ ထုလုပ်ပြသထားပါတယ်။  မျိုးချစ်စိတ်ပြင်းသူတွေ အတွက် ရှိခိုး ဦးညွှတ်ဖို့ ဖြစ်သလို၊ ကျောင်းသား ကလေးလေးတွေအတွက်လည်း သမိုင်းဆိုး သမိုင်းကောင်း အစုံလေ့လာဖို့ဖြစ်ပါတယ်။ နိုင်ငံခြားသား ခရီးသည်တွေအတွက်ကတော့ ခရီးသွားမှတ်တမ်း အယ်လ်ဘမ်တွေ အတွက် ဓါတ်ပုံတွေရိုက်ဖို့ပေါ့။ 

အစိမ်းသေ နတ်တွေကို ရှိခိုးကိုးကွယ်မှုလည်း အတူတူပါဘဲ။ ဒီလုပ်ငန်းနဲ့ လုပ်စားသူတွေ ထံက နိုင်ငံဘဏ္ဍာငွေအတွက် အကောက်ခွန်သာ အေးအေးဆေးဆေး ထိုင်ကောက်ပေရော့။ ဆေးရုံတွေ ကျောင်းတွေ ဆောက်ဖို့သာ လှူခြင်မှလှူမယ်။ အကောက်ခွန်မပေးခြင်လို့ နည်းမျိုးစုံနဲ့သာ လိမ်ကြမယ်။ ဒါပေမဲ့ နတ်ကတော်တွေအတွက်ကတော့ ပုံအောပြိး လှူကြမယ်လေ။ ဒီနတ်ကတော်တွှေဆီကဘဲ ကျောင်းဆောက်ဖို့ ဆေးရုံဆောက်ဖို့ ပြန်တောင်းနိုင်ပါတယ်။  နိုင်ငံခြားသား ခရီးသည်တွေကလည်း ဒီပွဲတွေကို အင်မတန်စိတ်ဝင်စားကြပါတယ်။ ဒီ အစိမ်းသေ နတ်ထီးနတ်မများ၊ ဘုရင် မိဖုရားများ၊ လူဘုရားထီး လူဘုရားမများကို ထိုင်မရှိခိုးလိုသော်လည်း နိုင်ငံဘဏ္ဍာအတွက် ဝင်ငွေရှာပေးနိုင်လို့ ကျေးဇူးတင်ကြပါကွယ်။ 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...