Tuesday, July 31, 2012

`၀တ္ထုတိုရေးသားနည်း´´



ရေးသားသူ နိုင်လင်းထွန်း သည် ဇူလိုင်လ 31, 2012 တွင် 5:32pm အချိန်၌ရေးသားခဲ့သည်။စာပေးမယ် ဘလော့ ပို့(စ်)ကြည့်မယ်

ဟုတ်ကဲ့ ... ယခုတစ်ခါ ``မြန်မာအိုင်တီနန်းတော်´´ ရဲ့ ၀တ္ထုတိုပြိုင်ပွဲကို ကျင်းပတာသိရတဲ့အခါမှာ ကျွန်တော် သူငယ်ချင်းများအတွက် ၀တ္ထုတိုရေးသားနည်းကို မျှဝေရရင် ကောင်းမှာပဲ ဆိုပြီး စိတ်ကူးပေါ်လာလို့ နောက်ပြီး အကြောင်းလည်း တိုက်ဆိုင်လာလို့ မျှဝေလိုက်တာပါ။
ကျွန်တော် ဖတ်ဖူးတဲ့ စာအုပ်ထဲကနေပဲ ကောက်နှုတ်ပြီး တင်ပြပေးတာပါ။ ကျွန်တော်လည်း ခုမှ လေ့လာနေတုန်းပါ။ သယ်ရင်းတွေအတွက် ၀တ္ထုတို ရေးရတာ ၀ါသနာပါတဲ့သူတွေအတွက် ရည်ရွယ်ပြီး တင်ပြလိုက်ပါတယ်ဗျာ။

ဝတ္ထုတိုရေးမယ်ဆိုရင် ၀တ္ထုတိုဆိုတာ ဘယ်လိုအရေးအဖွဲ့မျိုးလဲဆိုတာကိုသိထားနှင့်ဖို့ လိုပါတယ်။ ၀တ္ထုတိုဆိုတာ ရသစာပေအဖွဲ့ထဲမှာ ပါဝင်ပြီး တိုတိုနဲ့ လိုရင်းကိုရောက်အောင် ရေးရတဲ့ စာပေပုံစံတစ်မျိုးဖြစ်ပါတယ်။

ဝတ္ထုတိုအရေးအဖွဲ့ ကျွမ်းကျင်ပြီး ထင်ရှားကျော်ကြားတဲ့ စာရေးဆရာကြီးအချို့ရဲ့ အဆိုအမိန့်များကို ကောက်နှုတ်တင်ပြပေးပါ့မယ်။

ဆရာကြီးများက ၀တ္ထုတိုရေးတာာနဲ့ ပတ်သက်ပြီး ဒီလို ဆိုထားကြပါတယ်။

၁ ။ ၀တ္ထျတိုရေးဖွဲ့ရင် တိုတိုနဲ့ လိုရင်းရေးရမယ်။(ရှည်ရှည်လျားလျား ဖွဲ့နွဲ့ရေးရင် ဝေ့ထွက်သွားတတ်လို့ဖြစ်ပါတယ်။)

၂။ အရေးအသားသွက်ရမယ်။( အရေးအသား မသွက်ရင် ဖတ်တဲ့သူ ငြီးငွေ့သွားတတ်ပါတယ်။)

၃။ ပါဝင်တဲ့ ဇာတ်ကောင်တွေရဲ့ ပြောဆိုလှုပ်ရှားပုံတွေကို ပြတ်ပြတ်ထင်ထင် မြင်လာအောင် သရုပ်ဖော်ရေးနိုင်ရမယ်။

၎။ မလိုအပ်တဲ့ အကြေင်းနဲ့ အဆိုင်တဲ့ အချက်တွေကို ထည့်ရေးဖို့ မလိုပါ။ စာဖတ်သူ အာရုံကျက်စားစေလိုတဲ့ သဘောတစ်ရပ်၊

အချက်တစ်ချက်ကိုသာ မူတည်ပြီး ရေးသားသင့်ပါတယ်။(မလိုအပ်တာ ၊ မဆိုင်တာတွေကို ထည့်ရေးရင်

စာဖောင်းပွပြီး စာဖတ်သူ အာရုံထွေပြားသွားမှာဖြစ်ပါတယ်။)

၅။ သုံးနှုန်းတဲ့ စကားလုံးတွေက ကျစ်ကျစ်လျစ်လျစ် ထိထိမိမိ ရှိရမယ်။ သုံးသမျှစကားလုံးတွေဟာ ဇာတ်ဆောင် ဒါမှမဟုတ်

ဇာတ်လမ်းကို အထောက်အကူ ဖြစ်စေရမယ်။ (စကားလုံးတွေများပြီး ဖွာနေရင် ၀တ္ထုဟာ ပေါ့ပျက်ပျက်ဖြစ်သွားတတ်ပါတယ်။)

၆။ ၀တ္ထုတိုရေးရာမှာ ဇာတ်လမ်းက အဓိက မဟုတ်ပဲ လူ့သဘောသဘာဝနဲ့ လူ့စရိုက်အဖွဲ့တွေကို ပေါ်လွင်အောင်ရေးနိုင်ဖို့က

အဓိက ဖြစ်တယ်။

၇။ ၀တ္ထုတိုကောင်းတစ်ပုဒ်ဖြစ်လာဖို့အတွက် စာရေးသူရဲ့ ဘ၀အကြား အမြင်၊ ဘ၀အသိနဲ့စေတနာရှိဖို့က အရးကြီးပါတယ်။

(လောက အတွေ့အကြုံတွေထဲက အကြောင်းအကျိုး၊ အကောင်းအဆိုးတွေကို ခွဲခြားခံစားသိတတ်ပြီး စေတနာကောင်းနဲ့

ရေးသားခဲ့ရင် ရသစာပေကောင်း ဒါမှမဟုတ် စာကောင်းပေမွန်စာရင်းဝင် ၀တ္ထုတိုကောင်းတစ်ပုဒ် ဖြစ်လာမှာ မလွဲပါ။)

ဒီ(၇)ချက်က ၀တ္ထုတိုရေးဖွဲ့တဲ့ စာရေးဆရာကြီးများရဲ့ လမ်းညွှန်ချက်များဖြစ်ပါတယ်။

ကဲ ဒီလောက်ဆို သယ်ရင်းတွေ ၀တ္ထုတိုရေးနည်းကို ချည်းကပ်မိပြီလို့ ယူစပါတယ်။

နောင်အခွင့်သင့်ရင် ထပ်ပြီး အကျယ်တ၀င့် ရေးသားတင်ပြပါ့မယ်။

သယ်ရင်းအားလုံး အစဉ်ပြေစွာ အသုံးပြုနိုင်ကြပါစေ..........။

နေထက်ထွန်း(ကန့်ဘလူ)


http://www.mmitpalace.com/profiles/blog/show?id=6456788%3ABlogPost%3A191118&xgs=1&xg_source=msg_share_post မှ ....

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...