Sunday, July 29, 2012

လ္ဘက်ရည်ချောဝိုင်း


by တကျော့ ပြန်ဟစ် တလာ on Sunday, July 29, 2012 at 9:46pm 


တစ်ယောက်ထဲပြောမယ့် စကားဝိုင်းမှာ ကိုယ်က လ္ဘက်ရည်ကြမ်း သောက်နေပေမယ့် ၊ ဖတ်သူတွေထဲ
မှာ ကော်ဖီသောက်သူ ၊ အချိုရည်သောက်သူ ၊ သက်သတ်လွတ်ဘောင်ထဲဝင်တဲ့ အရက်ပျံသောက်သူ
တွေလည်း ပါမှာမို့ ကိုယ့်အကြမ်းနဲ့ရောပြီး အချောလို့ လိုချင်ရာ သမလိုက်တာပါ ။
ဒါပေသိ စာကတော့ စိတ်ထဲဝင်လာသလို အစဉ်လိုက် ရေးသွားမှာမို့ ချောချင်မှ ချောပါလိမ့်မယ် ။ ကိုယ်ဖတ်ချင်တာနဲ့ မကိုက်ရင် ပိုတောင်ကြမ်းတယ်လို့ ထင်ချင်ထင်ဦးမှာ ။

□ မျက်မှန် ပဒေသာ

“နေကာမျက်မှန်လေးနဲ့ လေးနှမရယ်ကွယ် …. တစ်ပြေတစ်ရွာစီ ဆက်ဆံရေးမို့ ဝေးကြရမယ် ထင်ပါ

တယ် …..” ဆိုတဲ့ ရေဒီယိုက သီချင်းလေးကို အဖိုးကြီးအဖွားကြီး မဖြစ်တဖြစ်တွေ မှတ်မိကြမှာပါ ။
ခုလည်း အွန်လိုင်းမှာ ရောင်စုံမျက်မှန်တွေသာမက တစ်ခါတစ်ရံ စိတ်ပါရင်ပါသလို မျက်မှန်မည်းမည်း
ကြီးတွေ တပ်ထားကြတာ မပြတ်မလပ် တွေ့နေရတယ် ။ အဲဒီထဲမယ် မျှမျှတတ စဉ်းစားတတ်မယ်လို့
ယူဆရတဲ့ သက်လတ်ပိုင်းတွေ ၊ အချို့များလည်း လူသိများသူ သို့မဟုတ် အပေါင်းသင်း အများကြီးလိုက်
ချိတ်ထားသူတွေလည်း ပါတာမို့ ၊ သက်ပြင်းများပဲ အခါခါ ချမိတယ် ။ ကိုယ်ကြားချင်တဲ့ သတင်းတွေ ပါ
လာတဲ့အခါ ဇွတ်ကိုကို ဇွတ်မမများဖြစ်ပြီး အတင်းရောကာရော ထောက်ခံနေကြတာမြင်ရင် ရင်ကလည်း
လေးသပေါ့ ။ မလေးဘဲလည်း နေမလားဗျာ ၊ ဒီလိုသာဆို မျက်မှန် နီဝါပြာစိမ်းတွေကျွတ်ပြီး သာမန် ရင့်
ကျက်တဲ့ လူသားကိုယ်စီတွေ ဖြစ်လာဖို့ အချိန်တွေ အများကြီး ယူရဦးမယ်ဆိုရင် ကျနော့်အဒေါ်တစ်
ယောက်ပြောတဲ့ “မူလီကလီစီ” ခေတ်ကြီးဆီကို ခရီးက မနီးနိုင်သေးဘူး မဟုတ်လား ။

□ “က”ကြီး

ဟုတ်ပါတယ် “က”ကြီးအစစ်ပါ ။ “က”ကြီးလို့ မြင်ကြတယ် မဟုတ်လားဗျ ၊ အဲ … ဒါဆို မဆိုးဘူး ၊ ဆက်
ပြောလို့ ရလောက်ပြီ ။

တလောက ကိစ္စတချို့ကို ရေနှူးကြည့်ရအောင် ။
သဘာဝနဲ့ ဆန့်ကျင်နေတဲ့ဟာလေး တစ်ခုနှစ်ခုလောက်ပဲ ပြောပါမယ်ဗျာ ။ ပထမတစ်ချက် ၊ မြန်မာပြည်
မှာ စူပါမင်း မမွေးသေးဘူးနော် … သေချာအောင် ပြောထားတာပါ ။ ဆိုတော့ကာ ကျနော်တို့ ကချင်မှာ
ကရင်မှာ တိုက်ပွဲတွေဖြစ်တယ် ။ ပြည်မစစ်တပ်က အထိနာတာများတယ် ၊ ဒါဟာ အမှန်တရား ။ ဒါပေ
မယ့် မမေ့ရမှာက တိုင်းရင်းသားလက်နက်ကိုင်တွေဟာ စူပါမင်းတွေ မဟုတ်ကြ ၊ ဒီတော့ သူတို့လည်း
ထိကြခိုက်ကြ သေကြေကြတာပဲ ။ သို့ပေမယ့် ရခိုင်မှာတော့ တစ်ဖက်သတ်ကို ခံနေကြရတဲ့ပုံစံ သရုပ်
ဖေါ်နေကြတယ် ။ လျှပ်စစ်နဲ့ ထ္မင်းချက်တဲ့ ကျနော့်မျက်စိတွေ မီးခိုးမွန်နေတာတော့ မဟုတ်တန်ရာဘူး
ထင်တာပါပဲ ။ ဘယ်ဖက်ရဲ့ အကြမ်းဖက်မှုကိုမှ အားမပေးပေမယ့် စူပါမင်းတွေ မွေးနေပြီလို့ အဓိပ္ပါယ်
ပေါက်တဲ့ စကားတွေ ရေးလာပြောလာတာတွေမြင်ရင် ကျနော် မျက်စိနည်းနည်း စပ်တယ်ဗျာ ။

တစ်ဆက်ထဲ ယုတ္တိယုတ္တာနဲ့ယှဉ်ပြီး တစ်ခုမြင်မိသေးတယ် ။ တည့်တည့်တော့ မပြောတော့ဘူးဗျာ ၊ မိတ်
ဆွေတွေကိုလည်း အားနာလို့ပါ ။ ဥပမာ ထားပါတော့ဗျာ ၊ ကျနော်တို့ကရင်နဲ့ မြန်မာမွတ်ဆလင်တွေ ပြ
ဿနာဖြစ်တယ် ၊ သူတို့က ဘူဒိုဇာတွေနဲ့ ကရင်အိမ်တွေကို လိုက်ထိုးဖြိုနေတယ် ဆိုကြပါစို့ ။ ကျနော်
ဘာလုပ်မလဲ ၊ ခြံရှေ့အိမ်ရှေ့မှာ “ကရင်အိမ်” လို့ရေးပြီး ဘူဒိုဇာကြီးကို ဖိတ်ခေါ်မလား ၊ ဒါမှမဟုတ် “မွတ်
ဆလင်အိမ်” လို့ရေးပြီး အိမ်အဖြိုမခံရအောင် လုပ်မလား ။ တွေ့ခဲ့တဲ့ ဓါတ်ပုံအချို့အပေါ် မူတည်ပြီး ပေါ်
လာတဲ့ အတွေးပါဗျာ ၊ ဘာမှမဟုတ်ဘူးထင်ရင်လည်း ဘာမှမဟုတ်ပါဘူး ။ ယောင်တိယောင်နနဲ့ ဓါတ်ပုံ
လိုက်ရိုက်ပြီး ဟိုအပေါ်ဒီအပေါ် လိုက်တင်သူတွေကိုသာ အပြစ်တင်သင့် တင်ရတော့မှာပဲ ။

□ ငတုံး နိုင်ငံခြားသားတွေ

မြန်မာပြည်ပေါက်မဟုတ်ရင် မြန်မာပြည်အကြောင်း ဘာမှမသိတာကြောင့် ဘာဖြစ်တယ် ညာဖြစ်တယ်
အပြောခံရတဲ့ နိုင်ငံခြားသားတွေကို မြင်ပြန်တယ် ။ တစ်နေ့က Aljazeera အင်တာဗျူးတစ်ခုကို နား
ထောင်ဖြစ်တယ် ။ ဒေါ်စုအကြောင်း စာအုပ်တစ်အုပ်ရေးခဲ့တဲ့သူကနေ မြန်မာပြည်ရဲ့ နောက်ဆုံးပြဿနာ
တွေမှာ အလွှာတွေအဆင့်ဆင့် ရှိနေတယ်ဆိုတာ အတိုချုပ်ပြောသွားတယ် ။ သဘာဝကျတယ်လို့ မြင်မိ
တယ် ။ ဒါပေမယ့် သူတို့လိုလူတွေကို အပြစ်မြင်တဲ့ ကိုယ့်ဖက်ကလူတွေမှာတော့ ဒါတွေကို လက်ခံနိုင်ကြ
ပုံမရ ။ ဒီတော့ ၈၈ ကျောင်းသားမျိုးဆက် ကိုမြအေးတို့လိုလူတွေလည်း ပြေလည်ရာပြေလည်ကြောင်း စ
ကားတွေပြောရတော့တယ် ။ သူ့စကားတွေကို မမောမပမ်း ကိုးကားကြရတာလည်း အမော ။ ပြောစရာ
တစ်ခုတော့ရှိလာတယ် ။ လူနည်းစု အစုအဖွဲ့ဝင် ကိုယ်တိုင်ဖြစ်ဖူးကြရင်တော့ “ငါးခူပြုံးလေးတွေ ပြုံးနေမိ
ကြမယ်” လို့ပါ ။ စာရင်းချုပ်ရင် ဘေးလူတွေက ပိုမြင်သလား ၊ ကိုယ်ပဲ မျက်မှန်မည်းကြီးတွေ တပ်ထားမိ
သလား ၊ ကိုယ့်ကို အကျိုးပြုခဲ့တုန်းကတော့ မိတ်ဆွေ ၊ သဘောမမျှတော့မှ ပြည်ဖျက်မိစ္ဆာကြီးတွေလို မြင်
ဖို့ ပုံဖေါ်ဖို့ ကြိုးစားနေကြသလား ။ စဉ်းစားကြည့်တာပါ ။

□ ဒေါ်ပု

စစ်တိုက်ရင် ငွေတွေနဲ့ ပစ်ပေါက်ကြရသလိုပဲ ။ လက်နက်ခဲယမ်း ၊ လူသူယန္တယား ၊ ကျွေးမွေးလစာ ၊
သယ်ယူပို့ဆောင်ရေးတွေကအစ ငွေလိုလာတယ် ။ နောက်ဆုံး ရန်ကုန်အစိုးရလို့ နာမည်ရတဲ့ အနေထား
မှာ အဲဒါကို ပြောင်းပြန်ဖြစ်အောင် စွမ်းဆောင်ပေးခဲ့သူတွေထဲမှာ ငွေတွေ ရအောင်ရှာပေးခဲ့သူ တစ်
ယောက်ကတော့ “ဟာဂျီမ ဒေါ်ပု” ပါ ။ ကျောက်မျက်ရတနာအကြောင်း နားလည်တဲ့သူ့ရဲ့ ပြည်ပမှာ လေ
ယာဉ်နဲ့သွားပြီး နိုင်ငံပိုင်ရတနာတွေကို အောင်အောင်မြင်မြင် ထုခွဲပေးနိုင်ခဲ့တာကို ဗမာမျိုးချစ်သားကောင်း
ဆိုသူများ မမေ့သင့်ပါ ။ မြန်မာမွတ်ဆလင်တွေအားလုံး ပုတ်တစ်ခုထဲမှာ ရောထည့်ပြီး တိုက်ခိုက်နေတာ
တွေကို ကူတားသင့်ပါတယ် ။ ခုလို နွားရှေ့ထွန်ကျူးပြရတာ ကျနော့်လို ကရင်တစ်ယောက်အနေနဲ့ လွန်
လှပါပြီ ၊ ကိုယ့်ဘာသာ ဆက်တွေးကြပါ ။

□ ၂၁ နဲ့ ၅

ဦးဘိုဘိုကျော်ငြိမ်းရဲ့ ဆောင်းပါးတွေဖတ်ကြည့်တော့ ပြည်တွင်းစစ်မှာ ရန်ကုန်ကို ကာကွယ်နေကြတဲ့
ပြည်မတပ်တွေလက်ထဲ တစ်ယောက်မှ ကျည်ဆံ ၂၁ တောင့်ပဲ ရှိကြတော့တယ်လို့ သိရပါတယ် ။ ခုခေတ်
အမြင်နဲ့ကြည့်ရင် အင်မတန်မှ သွေးပျက်စရာပါ ။ ကျနော်လည်း လက်ခံပါတယ် ။

တစ်ခုပဲ ရှိတယ်ဗျာ ၊ ကရင်စစ်သားအိုကြီးတွေရဲ့ ပြောစကားတစ်ခွန်းကို သတိရတယ် ၊ “ငါတို့ စစ်တိုက်
တာ ကျည်ဆံ ၅ တောင့်နဲ့ တိုက်လာတာကွ” တဲ့ ။ အဲ … ပြီးရော ၊ ဘယ်လိုပြောရမှန်း မသိတော့ဘူး ၊
ကျည်ဆံ ၂၁ တောင့်နဲ့ ၅ တောင့် ဘယ်လိုကွာလဲဆိုတာတော့ ဆက်သာတွေးကြပါဗျာ ။ ကျနော်ကတော့
သာတယ်နာတယ် မပြောလိုပါဘူး ။

□ လယ်ဟင်

ဆက်စပ် သတိရတာတစ်ခု ပြောပြချင်လွန်းလို့ပါဗျာ ။
ကျနော်ငယ်ငယ်က “ဝိုင်”လို့ခေါ်တဲ့ စစ်သင်္ဘောပေါ် ရောက်ဖူးတယ် ။ ဘားအံ မော်လမြိုင်ဖက်မှာတော့
သင်္ဘောအမှတ် ၃၀၁ ၊ ၃၀၂ ၊ ၃၀၃ စသည်ဖြင့် ရှိကြပါတယ် ။ အဲဒီထဲက တစ်စီးပေါ် ရောက်ခဲ့ဖူးတာပေါ့
ဗျာ ။ အဲဒီသင်္ဘောတွေမှာ တပ်ထားတာက Bofor အမျိုးအစား လေယာဉ်ပစ် စက်အမြောက်တွေပါ ။ တစ်
လုံး သို့မဟုတ် သုံးလုံးတွဲတွေ ဆက်တိုက်ပစ်နိုင်ပြီး သုံးမိုင်အထိ ထိရောက်မှုရှိတယ်လို့ ဆိုပါတယ် ။ လေ
ကွဲကျည် ၊ မြေကျပေါက်ကျည် ၊ ဖေါက်ထွင်းကျည် စသည်ဖြင့် အမျိုးစုံ သုံးလို့ရပါတယ် ။

ဒီလိုနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အနာဂါတ်သားကောင်းကျနော် ရန်ကုန်ရောက်ဖြစ်တယ် ။ တပ်
မတော်ခန်းမရှေ့မှာ အဲသည်လို အမြောက်ကြီးကို သွားတွေ့တယ် ။ အင်းစိန်တိုက်ပွဲမှာ သုံးခဲ့တယ်လို့ ရေး
ထားတယ် ။ တစ်ဆက်ထဲ အင်းစိန်တိုက်ပွဲကို ပြန်သရုပ်ဆောင်ပြထားတဲ့ ရုပ်ရှင်တွေကိုလည်း ကြည့်ရ
တယ် ။

အဲဒီမှာ အတူလက်တွဲခဲ့ကြတဲ့ ဗမာနဲ့ ကရင်စစ်ဗိုလ်နှစ်ယောက် စကားပြောခန်းပါတယ် ။ ကရင်စစ်ဗိုလ်
က ဗမာစစ်ဗိုလ်တားတာကို လက်မခံပဲ “စစ်မြေပြင်မှာ သူရဲကောင်းတွေလို ရင်ဆိုင်ကြတာပေါ့”လို့ ပြော
တယ် ။

ဒီလိုနဲ့ အင်းစိန်စစ်မြေပြင်ကို ရိုက်ပြပြန်တယ် ။ ကရင်စစ်သားတွေ လယ်ကွင်းထဲမှာ တက်လာကြတာကို
ပြည်မတပ်က အပေါ်ကပြောတဲ့ လေယာဉ်ပစ်အမြောက်ကြီးနဲ့ ထုသဗျ ။ အမလေးဗျာ .. လယ်ကွင်းထဲမှာ
လေယာဉ်ပစ်အမြောက်နဲ့ အထုခံရတာ ဘယ့်နှယ် သူရဲကောင်းလို ရင်ဆိုင်ဖြစ်မှာတုန်း ၊ အတုံးအရုံး သေ
ကြတာပေါ့ ။ ပြီးတော့ ရိုင်ဖယ်ကျည်ဆံက ၅ တောင့်ထဲနဲ့ တိုက်ပွဲမှာ ထိရောက်မှုက “ရိုင်ဖယ်:လေယာဉ်
ပစ်အမြောက် - ၁:၃ မိုင်” ဆိုတာလည်း ထည့်တွက်ဦးလေ ။

ကျနော်ဆိုချင်တာက ဖြစ်စရာရှိတာတွေ ဖြစ်ခဲ့ကြတယ် ။ အဲဒီအထဲမှာ နိုင်ငံရေးက အရေးပါခဲ့သလို ၊
ဥာဏ်အပြင် ငွေအားနဲ့ ကျားကန်ထားတဲ့ လက်နက်လူသူတွေဟာလည်း အများကြီး သက်ရောက်မှု ရှိခဲ့
တယ် ဆိုတာပါ ။ ဒါကိုထောက်ရင် အချို့ကရင်တွေ ပြောကြသလို နိုင်ငံရေးအရ လှည့်စားခံရတယ် ဆို
တာတစ်ခုထဲကို အပြည့်ဝ ပုံချလို့ မရသလို ၊ လက်နက် လူသူအင်အားမမျှပဲ ရန်ကုန်ကို စွမ်းစွမ်းတမံ ခုခံ
ကာကွယ်ခဲ့ကြရတယ်ဆိုတဲ့ အမွမ်းတင်ထားတာတွေဟာလည်း အတိအကျ မဟုတ်ဘူးလို့ ပြောနိုင်ပါ
တယ် ။ ကျနော့်တစ်ကိုယ်စာ အမြင်ပါ ။

□ နွား ၊ ကျွန် ၊ ကြက်

ဆက်စပ်ပြီး သမိုင်းနောက်ခံတစ်စ တင်ပြချင်တယ် ။ သင်္ခန်းစာယူချင်ရင် ယူလို့ရတယ် ၊ အကြောင်း
ကြောင့် အကျိုးတွေ ဘယ်လိုဖြစ်လာတယ်ဆိုတာ ခြေရာခံဖို့ အသုံးဝင်နိုင်တယ် ၊ စာနာပေးဖို့ စိတ်တစ်
မျှင်လောက် ရှိကောင်းရှိရင်လည်း စာနာနိုင်တယ် ။ မုန်းဖို့ အဆင်သင့်ဖြစ်နေသူတွေအတွက်တော့ ကျနော်
လည်း ဘာမှ မတတ်နိုင်ပါ ။

‘ဗမာပြည်တွင် စုစုပေါင်း လူဦးရေ၏ ၁၀%မျှရှိသော ကရင်လူမျိုးသည် အကြီးဆုံးလူမျိုး
စုငယ်ဖြစ်သည် ။ …. ဗမာပြည်တွင်း ဗြိတိသျှတို့ ရောက်ရှိလာခြင်းသည် ကရင်များအတွက်
သေချာသော အကျိုးကျေးဇူးကို တွေ့ရှိစေခဲ့သည် ။ ၁၈၂၆ အင်္ဂလိပ်-ဗမာစစ်ပွဲတွင် ဗြိတိ
သျှတို့သည် အင်းဝကိုရင်ဆိုင်ရန် စေလွှတ်ခဲ့သည့် စစ်ဆင်ရေးများတွင် ကရင်များကို လမ်း
ပြများအဖြစ် အသုံးပြုခဲ့သည် ။ စစ်ပွဲအပြီးတွင် ဗမာဘုရင်မှ သူတို့ အား နိုင်ငံခြားသားများ
နှင့် ထိတွေ့ဆက်သွယ်မှုများကို လုံးဝဥသုံ တားမြစ်ပိတ်ပင်ခဲ့သည် ။ ၁၈၅၁ တွင် ရန်ကုန်
ရှိ ဗမာဘုရင်ခံမှ စာဖတ်တတ်သော ကရင်တစ်ဦးတစ်ယောက်ကိုတွေ့လျှင် ထိုနေရာတွင်
ပင် ပစ်ခတ်မည်ဟု ကြိမ်းဝါးခဲ့သည် ။ ဒုတိယ အင်္ဂလိပ်-ဗမာစစ်ပွဲတွင်လည်း ကရင်များသည်
ဗြိတိသျှတို့ထံတွင် လမ်းပြများအဖြစ် ထမ်းရွက်ခဲ့သည် ။ ဤသည်ကို လက်တုန့်ပြန်သော
အားဖြင့် ရန်ကုန်တစ်ဝိုက် အချင်းမိုင် ၅၀ ပတ်လည်ရှိ ကရင်ကျေးရွာများအားလုံးကို ဗမာများ
က မီးရှို့ဖျက်ဆီးခဲ့သည် ။ နောက်ပိုင်း ခုနှစ်များတွင် ပူးပေါင်းပါဝင်လုပ်ဆောင်တတ်သော
သဘောထားနှင့် အနောက်တိုင်းပညာရေးအပေါ် စိတ်အားထက်သန်ခြင်းအားဖြင့် ကရင်
များသည် ဗြိတိသျှ အုပ်ချုပ်ရေးယန္တယားထဲတွင် အရေးပါသော နေရာများကို ရရှိခဲ့ကြသည် ။
မည်သို့ပင်ဆိုစေ ၊ ကရင်များ၏ ဗြိတိသျှတို့နှင့် ပူးပေါင်းပါဝင်လုပ်ဆောင် မှုများအပေါ် ဗမာ
များမှ မနှစ်မျို့သောအကြည့်များဖြင့် ရှုမြင်ခဲ့ကြသည် ။’
(၁၉၆၄ ထုတ် Journal of Southeast Asian History, Vol.5, No. 1, စာမျက်နှာ ၁-၁၆ မှ George A. Theodorson ရေးသော Minority Peoples in the Union of Burma ကို ထုတ်နှုတ်ပြန်ဆိုပါသည် ။)


မန်းကိုကို
၂၇ ၊ ၀၇ ၊ ၂၀၁၂



(အားလုံးရေးပြီးမှ တစ်ခုသတိရလို့ ထပ်ဖြည့်ထားတာပါ ။ ရခိုင်ကိစ္စမှာ ကိုယ်ကြားချင်တာ လိုက်ရှာဖတ် ၊
သတင်းတွေကို ကိုယ်လိုသလိုပြင် ၊ ကောလဟာလတွေဖြန့် ၊ မျက်နှာမပြပဲ လက်သီးလက်မောင်းတန်း ၊
လိုတာထက် ထွန့်ထွန့်လူးပြနေခဲ့သူတွေရဲ့ စွမ်းဆောင်ချက်တွေဟာ တစ်ပတ်ပြန်လည်လာတဲ့ အသီးအပွင့်
တွေလို အကျိုးခံစားရဖို့ အလားအလာတွေ ရေးရေးလေး မြင်လာရပါပြီ ။ အဲဒီ အလားအလာတွေကိုမှ
တန်ပြန် သဲသဲလှုပ်ပြ နေကြသေးရင်တော့ မည်သူမပြု မိမိမှုမို့ တာဝန်ရှိတဲ့သူတွေအတွက် မပူပင်လှပေ
မယ့် ၊ ဘုမသိ ဘမသိနဲ့ မဆီမဆိုင်သူတွေပါ ထိခိုက်လာတော့မှာကို စိတ်လေးတာတော့အမှန်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...