Tuesday, July 31, 2012

“အလှည့်ကျလာပြီ” (စိမ်းခက်စိုး)


by Sein Khat Soe on Monday, July 30, 2012 at 11:57pm ·

တခါတုန်းက တောအုပ်တစ်ခုထဲမှာ ကျူးဘားတော်လှန်ရေးခေါင်းဆောင် ဖီဒယ်ကက်စထရိုတို့ ပျောက်ကျားတပ်စုကို ဘာတစ်စတာ အစိုးရတပ်တွေဝိုင်းမိပြီး စစ်ဆေးပါတယ်။ အဲဒီအချိန်က ကက်စထရိုကို တွေ့တဲ့နေရာမှာ အသေပစ်သတ်ဖို့ လျှို့ဝှက်အမိန့် ထုတ်ထား တဲ့အချိန်ပါ။ အဲဒီ ပျောက်ကျားတပ်သားတစ်ယောက်ချင်းစီကို လက်မျြောက်ခိုင်းထားပြီး ရှာတဲ့ အချိန်မှာ အရာရှိလေးတစ်ယောက်က ကက်စထရိုကိုစစ်ရင်းတိုးတိုးလေးကပ်ပြောတာက “ခင်ဗျားကိုယ်ခင်ဗျား ကက်စ ထရို လို့လုံးဝမပြောပါနဲ့”တဲ့။ ဘာတစ်စတာ အစိုးရ တပ်ကအရာရှိတစ်ယောက်၊ ကက်စထရိုကို သတ်နိုင်ရင် ရာထူးလည်း ရနိုင်သလို၊ သူ့အနာဂတ် အခွင့်အရေးတွေအများကြီး၊ ဒါပေမယ့် တကယ်လုပ်သွားတာက ကက်စထရိုကို တိုးတိုးတိတ် တိတ်ကယ်တင်သွားတာပါ။

  
ပြန်စဉ်းစားကြည်ရအောင်။ ကျွန်တော်တို့ဟာ အဲဒီအဖြစ်အပျက်ထဲက ကက်စထရိုနေရာမှာ တခါတလေရောက်နေနိုင်ခဲ့ သလို၊ စစ်ဆေြး ပီး တိုးတိုးလေးကပ်ပြောသွားတဲ့နေရာက အရာရှိလေးနေရာမှာလည်းရောက်နေနိုင်မယ်လို့ထင်ပါတယ်။ နိုင်ငံရေး၊ လူမှုရေး နယ်ပယ် အစုံမှာ ကျွန်တော်တို့တွေ တနည်းနဲ့မဟုတ် တနည်းနဲ့ သူတပါးကို ကူညီကယ်ဆယ်ခွင့်ရနေ ခဲ့ကြသလို၊ သူတပါးရဲ့ ကူညီကယ်ဆယ်ေ ပးနေတဲ့ အခွင့်အရေးတွေနဲ့လည်းကြုံနေရတတ်ပါတယ်။ ဘယ်လိုအခြေအနေ မှာဘဲဖြစ်ဖြစ် အကောင်းဆုံးနဲ့ လူသားအဆန်ဆုံး အလုပ် ကိုလုပ်ဖို့ မေ့လျော့တွေဝေမနေကြဖို့ပါဘဲ။ ယုံကြည်မှုဆိုတာ သူ့ ဘက်က စလုပ်တာ ကို ချောင်းမြောင်းထိုင်စောင့်နေရမယ့် အရာမဟုတ်ပါဘူး။ ကိုယ့်ဘက်ကလည်း စလုပ်လို့ရပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ တိုင်းသူပြည်သားအားလုံးရဲ့ တာဝန်သိမှုနဲ့ တွန်းတင်တာခံရဖို့ စောင့်နေခဲ့ရတာ နှစ်ပေါင်း ၆၀ ကျော် ခဲ့ပါပြီ။ အရင်တုန်းကတော့ အန္တရာယ်ရှိလို့၊ ဘ၀ပျက်မှာကြောက်လို့ ရဲရဲရင့်ရင့်လုပ်ခဲ့သူတွေအားလုံးကို တိုးတိုးတိတ်တိတ် သာ အားပေးခဲ့ကြရတဲ့ အခြေအနေကနေ ခုဆို ကိုယ်လေးစားချစ်ခင်ယုံကြည်သူတွေနဲ့ လမ်းကြောင်းတစ်ခုပေါ်မှာ ပွင့် ပွင့် လင်းလင်း ရဲရဲတင်းတင်း လုပ်ဆောင်လို့ရလာတဲ့အခြေအနေထိ ရောက်လာခဲ့ပါပြီ။ ကျွန်တော်တို့အားလုံးမှာ အပြုသဘော ဆန်တဲ့တာဝန်သိမှုတွေ ပိုမိုမွေးမြူလာသင့်ကြပါပြီ။ မှန်မှန်ကန်ကန်ဦးဆောင်နေသူတွေကိုလည်း ရဲရဲရင့်ရင့်ဝန်းရံသင့်ကြပါ ပြီ။

အကြောင်းအရာတစ်ခုခု၊ သတင်းတစ်ခုခု၊ အဖြစ်အပျက်တစ်ခုခုက ကိုယ့်ကိုထိခတ်လာပြီဆိုရင် အကောင်းမြင် ၀ါဒသမား က အကောင်းနဲ့ချည်းတုန့်ပြန်တတ်သလို၊ အဆိုးမြင်ဝါဒသမားကို အဆိုးနဲ့မြင်ပြီး ကန့်လန့်တိုက်ပြစ်တော့တာဘဲ။ အပြုသ ဘောဆောင်တဲ့အတွေးရှိသူကတော့ သူ့ကိုယ်ထိခတ်လာသမျှ သတင်းအချက်အလက်၊ စိတ်လှုပ်ရှားစရာ၊ အပြုအ မူတွေ အားလုံးကို ခွဲခြမ်းစိတ်ဖြာပြီး အကောင်းဆုံးတုန့်ပြန်မှုနဲ့ ပြန်လည်တုန့်ပြန်တတ်တယ်လို့ ပညာရှင်တွေကဆိုထားပါတယ်။ ကျွန်တော်တို့ မျိုးဆက်ကို ကျွန်တော်တို့ချန်ရစ်ပေးထားခဲ့သင့်တဲ့ အမွေတွေက Positive thinking လို အပြုသဘော ဆောင် တဲ့ အပြုအမူတွေ၊ စိတ်ထားတွေ၊ အကျင့်အကြံတွေပါ။ ကျွန်တော်တို့နောက်မျိုးဆက်ဟာ နိုင်ငံရေး၊ လူမှုရေးလို့ခေါ်တဲ့ နိုင် ငံ့အရေးအရာရာ တွေမှာ အဆိုးမြင်ဝါဒ(Pessimism) ရှိသူတွေမဖြစ်စေချင်သလို၊ ဖြစ်သမျှအကြောင်း အကောင်းချည်း ဘဲ ဆိုတဲ့ အကောင်းမြင်ဝါဒီ(Optimism) တွေချည်းဘဲလည်း မဖြစ်စေချင်ပါ။ တိတိကျကျပြောရရင် ကျွန်တော်နောက်မျိုးဆက် ကို  အပြုသဘောဆောင် တဲ့ အတွေး(positive thinking)ရှိသူမျိုးဆက်သာ ပိုဖြစ်စေချင်လှပါတယ်။ ဖြစ်ဖို့လည်း လက်ရှိ ကျွန်တော်မျိုးဆက်က တိုးပြီးကျိုးစား သင့်ကြပါတယ်။

ခရစ်တော်ရဲ့နောက်ဆုံးညစာစားပွဲက အဖြစ်အပျက်လေးတစ်ခုပါ။ ယေဇူးရဲ့သာဝကတွေကို ယေဇူးက မင်းတို့ ထဲကဘဲ ငါ့ကို ရန်သူထံအပ်နှံလိမ့်မယ်လို့ မိန့်ဆိုတော့…တမန်တော်ကြီးတစ်ပါးဖြစ်တဲ့ ပေတရုက အရှင်ကျွန်တော်မျိုးကတော့ အ ရှင့်ကို အပ်နှံဖို့မပြောနဲ့ အရှင့်အတွက်ဆို အသက်ပင်အသေခံဝံ့ပါတယ်လို့ ပြန်လျောက်တင်ခဲ့တယ်။ ဒါပေမယ့် ယေဇူးက ပေတရု သင်ဟာ လင်းကြက်မတွန်ခင်အချိန်အတွင်းမှာကို ငါ့အား ၃ကြိမ် ၃ ခါငြင်းပယ်လိမ့်မယ်လို့ မိန့်မြွက်ခဲ့တယ်။ နောက်တော့ ယေဇူးကို ဖမ်းဆီးမယ့်သူတွေလက်ထဲကို သူ့သာဝကာတွေထဲက တစ်ယောက်က ငွေကြေးယူပြီးအပ်ခဲ့ပါသ လို တမန်တော်ပေတရုလည်း ပုန်းရှောင်တဲ့နေရာမှာ တခြားသူတွေက သင်ဟာ ယေဇူးရဲ့နောက်လိုက်မဟုတ်လားလို့ မေး မြန်းတာကို မဟုတ်ဘူး။ ယေဇူးဆိုတာကို မသိခဲ့ဘူးဆိုပြီး ၃ ကြိမ် ၃ ခါငြင်းဆိုခဲ့ပါတယ်။ သူ ၃ ကြိမ်မြောင်ငြင်းဆိုပြီးတဲ့ အချိန်မှာ လင်းကြက်တွန်သံကိုသူကြားလိုက်းေ တာ့မှ နောင်တကြီးစွာရပြီး ငိုကြွေးခဲ့ပါတော့တယ်။ ဒါက သမ္မာကျမ်းစာထဲ က ခရစ်တော်နဲ့ သူ့သာဝကကြီးတွေရဲ့ အဖြစ်အ ပျက်လေးတစ်ခုပါ။
  
ကျွန်တော်တို့တွေရော ကျွန်တော်တို့ ချစ်ပါတယ်ဆိုတဲ့ ကျွန်တော်တို့တိုင်းပြည်ကြီးအတွက် ဘယ်နှကြိမ်၊ ဘယ်နှခါငြင်းဆန် မိခဲ့ပြီးပြီလဲ။ ငါတို့ပေးဆပ်ခဲ့တယ်ဆိုလည်း ဘယ်လောက်အထိ ပေးဆပ်ခဲ့ပြီးပြီလဲ။ တကယ်ရောပေးဆပ်ပြီးကြပြီလား ဆို သေချာပြန် စဉ်းစားစေ ချင်လှပါတယ်။ အချိန်တိုင်းမှာ ကျွန်တော်တို့တိုင်းပြည်ဟာ ကျွန်တော်တို့ တစ်ယောက်ချင်းစီကိုမေး ခွန်းတွေမေးနေတယ်။ စာမေးပွဲတွေ စစ်နေတယ်။ ဒါပေမယ့် ကျွန်တော်တို့အများစုကတော့ အချင်းချင်းစိတ်ခု ရန်ဖြစ်နေ တယ်။ ခေါင်းဆောင်တွေကို စိတ်ကောက်နေတယ်။ သံသယရှိနေတယ်။ မသိစိတ်က ငြင်းပယ်နေတယ်။ ရန်သူသဘောကျ မယ့်အပြုအမူတွေ လုပ်နေရင်း ကျွန်တော်တို့ချင်းလက် တွဲဖို့ဝေးနေတယ်။

မကြာခင် ၈၊ ၈၊ ၂၀၁၂ ကိုရောက်တော့မယ်။ လွန်ခဲ့သော နှစ် ၂၀ ကျော် ၈၊ ၈၊ ၂၀၀၈ တုန်းက အသက်ပေး တာဝန်သိခဲ့ကြ တဲ့ ညီအကိုမောင်နှမတွေ၊ ခေါင်းဆောင်တွေ၊ ပေးဆပ်ခဲ့ရသူတွေအတွက် နေရာတိုင်းမှာ၊ မြို့နယ်တိုင်းမှာ အမှတ်တရပွဲ တွေလုပ်ကြမယ်။ စကားတွေ ပြောကြမယ်။ ကျွန်တော်တွေးကြည့်မိတယ် တမလွန်ဘုံတစ်ခုခုကသာ သူတို့တွေပြန်ကြည့် ခွင့်ရ မယ်ဆိုရင် ကျွန်တော်တို့ ကျန်ရစ်သူတွေက အချင်းချင်းကူညီရိုင်းပင်းခြင်းမရှိ၊ ငြင်းပယ်နေခြင်းအတိနဲ့ တာဝန်မကျေ ဖြစ်နေတဲ့ လက်ရှိအခြေအနေမှာ သူတို့အတွက်ဘယ်လောက်အမျှဝေေ၀၊ ဂုဏ်ပြုချီးကျူးကျူး သူတို့တွေ ကျေနပ်စွာ သာဓု ခေါ်ကြမယ်လို့များ ထင်ပါသလား။ လမ်းတွေပေါ်မှာ၊ ထောင်တွေထဲမှာ အသက်ပေးခဲ့ရသူ ရဟန်း၊ ရှင်လူ၊ ကျောင်းသား ညီ အကိုတွေအားလုံးဟာ တာဝန်မကျေဖြစ်နေတဲ့ ကျွန်တော်တို့တွေကိုကြည့်ပြီး တမလွန်ဘုံတစ်ခုခုကနေကြည့်ပြီး ၀မ်းနည် ပက်လက်ဖြစ်နေမယ်လို့ ကျွန်တော်ပြောရဲပါတယ်။

တကယ်ဆို ကျွန်တော်တို့ မျိုးဆက်ဟာအချိန်မနှောင်းသေးပါဘူး။ ကျွန်တော်တို့ ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်လို၊ ၈၈ မျိုးဆက်ေ ကျာင်း သားခေါင်းဆောင် အကိုအမတွေလို သက်ရှိထင်ရှားနဲ့ ကျွန်တော်တို့လေးစားယုံကြည်ရ တဲ့  ခေါင်းဆောင် တွေရှိနေသေးတယ်။ ၈၊ ၈၊ ၈၈ အထိမ်းအမှတ်နေ့ဆိုတာ မတရားခံခဲ့ရတာတွေ ကို ပြန်လည်စဉ်းစားဝမ်းနည်းကျေ ကွဲ ပြီး တောက်တခေါက်ခေါက် ဖြစ်နေရမယ့် နေ့တနေ့မဟုတ်ပါဘူး။ ပေးဆပ်သွားခဲ့သူ ညီအကိုမောင်နှမ ရဟန်းရှင်လူ အား လုံးကို ဦးညွတ်တိုင် တည်ရင်း အနာဂတ်မှာ စည်းစည်းလုံးလုံးနဲ့ နိုင်ငံကို ကျရာအခန်းကဏ္ဏကနေဦး၊ပဲ့ ညီညီ တာဝန် ကျေတဲ့ မျိုးဆက်တွေအဖြစ် ဆက်လက်အသက်ဆက်ရှင်သွားမယ်ဆိုတာ ကျဆုံးခဲ့ရသူတို့ကိုတိုင်တည်ကတိထားတဲ့ ရ မယ့် နေ့တနေ့လည်းဖြစ်တယ်လို့ ရေးသားတင်ပြလိုက်ပါတယ်။

ချစ်ခင်လေးစားစွာဖြင့်
  
စိမ်းခက်စိုး
(အင်္ဂါနေ့) ဇူလိုင် ၃၁၊ ၂၀၁၂
နံနက် - ၀၆း၀၀ နာရီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...