Friday, July 6, 2012

ဆရာသော်တာဆွေဆီက ရလိုက်တဲ့ရတနာ


 Posted by mr myint on July 7, 2012 at 2:46am

    Dhammagarden Ashin

by Dhammagarden Ashin on Wednesday, July 4, 2012 at 12:02am ·

ရန်ကုန်မှာမိုးတွေအရမ်းသည်းနေတဲ့ရက်က အားလပ်နေတဲ့အချိန်မှာ ပျင်းပျင်းရှိတာနဲ့သုဝဏ္ဏကျော်စိန်ရေးတဲ့ ဆရာ
သော်တာဆွေဆီက ရလိုက်တဲ့ရတနာ ဆိုတဲ့ဆောင်းပါးလေးကို ဖတ်ကြည့်မိပါတယ်။

ဆရာသော်တာဆွေဆိုတာက နာမည်ကြီးစာရေးဆရာ၊ မြန်မာတစ်နိုင်ငံလုံးမသိတဲ့လူမရှိ၊ လှည်းနေလှေအောင်း မြင်း
ဇောင်းမကျန် ကလေးကအစ သိတဲ့သူ။ဒီလိုနာမယ်ကျော် စာရေးဆရာတစ်ဦးဖြစ်တဲ့ ဆရာသော်တာဆွေဆီကသုဝဏ္ဏကျော်စိန်တို့ ဘာရတနာတွေများ ရလိုက်သလဲဆိုတဲ့သိချင်စိတ်နဲ့သူ့ဆောင်းပါးကို ဖတ်ကြည့်လိုက်ပါတယ်။


ဆရာသော်တာဆွေက စာရေးဆရာ မဖြစ်ခင်က စမ်းချောင်းမှာနေတယ်။

စာရေးဆရာဖြစ်တော့ ရွာတန်းရှည်မှာနေတယ်။ ရွာတန်းရှည်ကနေ ကမာရွတ်မောင်ဗမာ စွပ်ကျယ်စက်လမ်း 
(ယခုဓမ္မာရုံလမ်း)ကို ပြောင်းတယ်။မောင်ဗမာစွပ်ကျယ်စက်လမ်းကနေ အင်းစိန်ဘိုကုန်းကို ပြောင်းပြန်တယ်။

အင်းစိန် ဘိုကုန်းမှာ သူ့ဇနီး မမေ ကွယ်လွန်တော့ သူ့သမီးနေထိုင်တဲ့ပြည်လမ်းက ပြည်ထောင်စုရိပ်သာကို 
ပြောင်းရွေ့ပြန်တယ်။

ကြည့်စမ်း ဆရာသော်တာဆွေတို့ ပြောင်းရွေ့နေထိုင်ခဲ့တဲ့နေရာတွေရန်ကုန်တစ်မြို့ထဲမှာတောင် မနည်းပါလား
လို့ အောက်မေ့မိပါရဲ့။

အင်းစိန်ဘိုကုန်းကနေ ပြောင်းတော့ ဆရာသော်တာဆွေကသူနေခဲ့တဲ့နေရာတွေကို လက်ချိုးရေတွက်ပြီး ညည်း
သံလေးနဲ့သူ့သူငယ်ချင်း ကိုထွန်းလှိုင်ကို စိတ်ပျက်လက်ပျက်ပြောလိုက်ပုံက-

ငါလည်း နေရာတွေ ခဏခဏ ပြောင်းနေရတယ်။
 
ဘယ်တော့များမှတစ်နေရာတည်းမှာ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် နေရပါ့မလဲမသိဘူးတဲ့။

ဆရာသော်တာဆွေ ညည်းမယ်ဆိုလည်း ညည်းလောက်ပါတယ်။သူ့ခမျာ တည်တည်ငြိမ်ငြိမ်မှ မနေရရှာတာပဲ။


ဒီလိုနဲ့ ဆရာသော်တာဆွေ ကွယ်လွန်တော့ ကြံတောသုသာန်မှာ ဆရာသော်တာဆွေကို မင်းသားကြီးဇော်လွင်ရဲ့
အုတ်ဂူဘေးမှာ အုတ်ဂူအကြီးကြီးလုပ်ပြီး ဂူသွင်းခဲ့တယ်။

ဒီတစ်ခါတော့ ဆရာသော်တာဆွေဘဝ တည်ငြိမ်ပါပြီ။ ဘယ်ကိုမှ မပြောင်းရတော့ဘူးလို့ ထင်လိုက်မိတယ်။

ဒါပေမယ့် ဆရာသော်တာဆွေရဲ့ဘဝ မတည်ငြိမ်လိုက်ပုံများ သူကိုယ်တိုင်တောင်သိမသွားရှာဘူး။ ကြံတော
 
သုသာန်ကြီးပြောင်းရွေ့တော့ ဆရာသော်တာဆွေလည်းကြံတောကနေ ထပ်ပြီး ပြောင်းရွေ့ခဲ့ရပြန်တယ်။

ကြည့်စမ်း ကြည့်စမ်း ဆရာသော်တာဆွေတို့ နေရာမမြဲလိုက်ပုံများ….။


ဆရာသော်တာဆွေအကြောင်း ဆောင်းပါးလေးဖတ်လိုက်ရတော့မှအော်…သုဝဏ္ဏကျော်စိန်တို့ဆရာသော်တာ
ဆွေဆီက ရလိုက်တဲ့ရတနာဆိုတာဒါပါလားလို့ သိလိုက်ရတယ်။

ဆရာသော်တာဆွေသာ နေရာမမြဲခဲ့တာမဟုတ်ဘူး။ ကိုယ်လည်း ဆရာသော်တာဆွေနဲ့ဘာထူးလဲ။ ထူးမခြားနား
ပါပဲလို့ သတိပြုစဉ်းစားရင်း တစ်ယောက်ထဲ ကြိတ်ပြီးပြုံးလိုက်မိပါတော့တယ်။
 
Dhamma Garden Ashin

 Ukhin Crays တစ်ဘဝထဲမှာတောင် အားကိုးစရာ မတည်ငြိမ်ဘဲ ဒီလောက်ပြောင်းရွေ့ လည်ပတ် နေရတာ
 
လောကသံသရာ ဆိုရင် ဆိုဖွယ်ရာမရှိ ဖြစ်နေပုံကို ဘဝနေထိုင်မှု သဘောနဲ့ ဖော်ကျူးခဲ့ပုံလေးကို သဘောကျမိလေတယ်။ ဘဝကို တည်ငြိမ်စေချင်ရင် တည်ငြိမ် အောင် လုပ်ရမယ် ဆိုတဲ့သဘော လောကသံသရာကို တနေရာတည်း အေးချမ်းစွာ နေလိုရင် နိဗ္ဗာန် ကိုရောက်မှ တည်ငြိမ်မယ်လို့ ပြောလိုတဲ့ ဆောင်းပါးတိုလေးပါ။
 
ပညာပါလွန်းလှတဲ့ အတွက် ဦးတင်လိုက်ရပါတယ် အရှင်ဘုရား...


လောကကြီးမှာ ဘယ်အရာမှ မမြဲးပါဘူး။ဖြစ်လာသမျှဟာ ပျက်ဖိုဦးတည်နေသလို

အရာအားလုံးဟာလဲး အမြဲးတဲ့ သဘောတရားနှင့်အတူ.......
 

                                                            လေးစားစွာဖြင့်    ....    မောင်မြင့်

 
 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...