သစ်ထူးလွင် သတင်းစုစည်းမှု (၉-၇)
သစ်ထူးလွင်
|
- တရုတ်ပိုင် ခဲသတ္တုတူးဖော်ရေးကုမ္ပဏီကြောင့် ဒေသခံ ဓနုတိုင်းရင်းသားများ ဒုက္ခရောက်မည်ကို စိုးရိမ်နေ
- ဒုတိယ၀န်ကြီးများ ပြောင်းလဲ တာဝန်ပေးခြင်း
- ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေ ဒုသမ္မတ ပိုမိုဖြစ်နိုင်ဖွယ်ရှိကြောင်း သတင်းထွက်ပေါ်လာ
- အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးမောင်အေး စင်္ကာပူတွင် ဆေးကုသမှုခံယူမည်
- နာမည်ဆိုးနှင့် ငွေရလမ်း
- ပွဲစားများကြောင့် ကိုယ်တိုင်ဆိုင်ကယ်လိုင်စင်ပြု
လုပ်သူများ အခက်တွေ့နေ - ဓာတ်ဆီပြင်ပဈေးနှုန်း တစ်ပီပါကျပ်ငါးသောင်းတက်
- မနက်ဖြန် ဇူလိုင်လ (၁၀)ရက်နေ့ ဒုသမ္မတအမည် စရင်းတင်သွင်းမည်
- ရခိုင်တွင် တက္ကသိုလ်များ ဇူလိုင် ၁၆ရက်နေ့ ပြန်ဖွင့်မည်
- ရဟန်းတော်များနှင့် ရခိုင် ပြည်နယ် အစိုးရ ထိပ်တိုက်တွေ့
- ဇူလိုင်လ ၉ ရက်နေ့ထုတ် Weekly Eleven News Journal
- ယနေ့ လွှတ်တော်အစည်းအဝေး ပထမဆုံး တက်ရောက်လာတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစြု
ကည် - ဒုတိယဗိုလ်ချူပ်မှူးကြီးဟောင်း မောင်အေး ရုတ်တရက် နာမကျန်းဖြစ်
- SHADE ဂျာနယ်၊ ဇူလိုင် 11 မှ ဇူလိုင် 17 ရက်နေ့အထိ။
- လက်ယက်ရေနံတွင်းတွေ မှုလောင်မှု သိန်းရာချီဆုံးရှုံး
- မူဆယ်မြို့ အနီးမှာ စစ်ကားသုံးစီ တိုက်ခိုက်ခံရ
- ဇူလိုင် ၈ က နေပြည်တော်ကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် (ရုပ်/သံ)
- WFP အကူအညီအား စစ်တွေမြို့ ရွှေစေတီဆရာတော်မှ ငြင်းပယ်
- မလေးရှားဘောလုံးအဖွဲ့ချုပ်က မြန်မာယူ-၂၂ ကစားသမားများ၏ အသက်နှင့်ပတ်သက်၍ ကန့်ကွက်မှု ရပ်ဆိုင်း
- ပုဂ္ဂလိကဘဏ် ၁၁ ခုကို ဇူလိုင် ၉ ရက်မှစ၍ နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့်ပြု
- မိတ္ထီလာခရိုင် လေးမြို့နယ်တွင် ထွန်တုံးတိုက်ပွဲ နည်းဖြင့် ဆန္ဒဖော်ထုတ်မည်
- တောင်တရုတ်ပင်လယ် အငြင်းပွားမှု မြန်မာပါဝင် ဆွေးနွေး
- ရွာနှစ်ရွာရွာလုံးကျွတ် ခဲပစ်ပေါက်မှုဖြစ်၍ ရဲတပ်သား ၃၀၀ ကျော်ဖြင့်ထိန်းသိမ်းခဲ့ရ
- လွှတ်တော်တက်ဖို့ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ကိုရောက်ရှိ
Posted: 09 Jul 2012 07:01 AM PDT
၂၀၁၂ ခုနှစ် ဇူလိုင် ၉ ရက်
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့ နယ် ဘော်ဆိုင်းကျေးရွာအုပ်စု အတွင်း၌ တရုတ်လူမျိုးပိုင် ခဲသတ္တုသန့် စင်စက်ရုံ တည်ဆောက်ခြင်းနှင့် ခဲသတ္တုထုတ်လုပ်နေခြင်းကြောင့် ဒေသခံ ဓနုတိုင်းရင်းသားများ ဒုက္ခရောက်မည်ကို စိုးရိမ်နေကြသည်ဟု သိရသည်။ ခဲသတ္တုသန့် စင်စက်ရုံသည် ကလောမြို့ နယ် ဘော်ဆိုင်းကျေးရွာအုပ်စုရှိ --- သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ သတင်းနှင့်ဓါတ်ပုံများကို ညီဇော် မှ Myanmar News Now သို့ ပေးပို့ ထားခြင်းဖြစ်ပါသည်။
| |||||||
Posted: 09 Jul 2012 06:44 AM PDT
နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်(၁၅/၂၀၁၂) ဖြင့် ဒုတိယ၀န်ကြီးများ ပြောင်းလဲ တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး မှ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သည့်
မှူးဇော် ၏ facebook အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပါသည်။ ပြောင်းလဲခန့် အပ်လိုက်တဲ့ ၀န်ကြီးများမှာ --- သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | |||||||
Posted: 09 Jul 2012 06:03 AM PDT
ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေး အခြေအနေကြောင့် အနားယူသွားသဖြင့် လစ်လပ်သွားသော ဒုတိယ သမ္မတနေရာအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ အဆိုတင်သွင်းရာတွင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ပိုမိုဖြစ်နိုင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိ---
သတင်းအပြည့်အစုံကို ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
| |||||||
Posted: 09 Jul 2012 05:34 AM PDT
နာမကျန်းဖြစ်နေသော ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)ဟောင်း အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဦးမောင်အေးသည် ယနေ့ နေ့လည် ၂ နာရီတွင် စင်္ကာပူနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ဆေးဝါးကုသရန် ----
သတင်းအပြည့်အစုံကို ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | |||||||
Posted: 09 Jul 2012 05:22 AM PDT
ထိုင်းနိုင်ငံသည် ပင်လယ်ရေထွက် လုပ်ငန်းမှ ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ရောင်းချသည့် ကမ္ဘာ့နိုင်ငံများထဲတွင် အဓိကတင်ပို့ရောင်းချသည့် နိုင်ငံတနိုင်ငံဖြစ်သည်။ ထိုလုပ်ငန်းသည် ထိုင်းနိုင်ငံအတွက် အကျိုးများသော လုပ်ငန်းဖြစ်သည်။
အထူးသဖြင့် ပင်လယ်ရေနက်ပိုင်းတွင် ငါးဖမ်းသောလုပ်ငန်းဖြစ်သည်။ ထိုငါးဖမ်း လုပ်ငန်း၏ နောက်ကွယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ပုန်းလျှိုးကွယ်လျှိုး ကျူးလွန်ပေါ်ပေါက်လျက် ရှိနေသည်။ ထိုငါးဖမ်းလုပ်ငန်း ကပင် ထိုင်းနိုင်ငံ၏ အမျိုးသားစီးပွားရေးအတွက် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့် ငွေပိုငွေလျှံ ရရှိနေသည်။ ထိုလုပ်ငန်း၏ ဆက်နွယ်နေသည့် အချက်များမှာ ပင်လယ်ရေနက်ပိုင်းတွင် ငါးဖမ်းရသည့် လုပ်ငန်းသည် အသက် အန္တရာယ်များသည့်အတွက် အလုပ်သမား ပြတ်လပ်မှု၊ အလုပ်သမားရှားပါးမှုတို့ ကြုံရသည်။ သို့သော် အိမ်နီးချင်း နိုင်ငံများမှ ဘဝရပ်တည်ရန် ခက်ခဲသောရွှေ့ပြောင်း အလုပ်သမားများအတွက် ရမိရရာ အလုပ်လုပ် ရမည်ဖြစ်ရာ ထိုလုပ်ငန်းသည် ယင်းတို့အတွက် ဆွဲဆောင်မှုလုပ်ငန်း ဖြစ်နေပြန်သည်။ ထိုသို့ အလုပ်လုပ်ရန် ဆာလောင်နေသူများ၊ ဝင်ငွေရရန် တွယ်မိတွယ်ရာ အလုပ်ကို လုပ်လိုသူများအပေါ် လူပွဲစားများ လူကုန်ကူးသူများ ဝိသမ လောဘသမားများအတွက် အမြတ်ထုတ်ရန် အခွင့်လမ်းတခု ဖြစ်နေပြန်သည်။ အမြတ်ထုတ် လူသူများအတွက် ထိုအလုပ်လုပ်လိုသူ ရွှေ့ပြောင်းအလုပ်သမားများသည် အလွယ်တကူ လူကုန်ကူးခံရမည့် သားကောင်အဖြစ် ကျရောက်ရန် လွယ်ကူနေပေသည်။ အထူးသဖြင့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ အမျိုးသားများသည် ထိုင်းငါးဖမ်းလှေများပေါ်တွင် လူကုန်ကူး ခံနေကြရသည်။ သက်ဆိုင်ရာ နိုင်ငံများ၏ အစိုးရများ၊ လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်း များကြားတွင် စိုးရိမ်မှုမြင့်တက်ကာ အာရုံစိုက်မှု ပိုများလာနေသည်။ ထိုလုပ်ငန်းမှ လူကုန်ကူးခံနေရမှု သတင်းအချက်အလက်များ မရရှိခြင်းနှင့် ဘာသာစကား ကန့်သတ်ချက်ရှိခြင်းတို့က ရွှေ့ပြောင်းအလုပ်သမားများကို လူကုန်ကူးခံရမှုနှင့် လုပ်အားခေါင်းပုံဖြတ်ခံရမှု အန္တရာယ် ကျရောက်စေခဲ့ကြသည်။ံ Human Rights Watch (လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့) ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမား ၂၅၀,၀၀၀ ဦး ခန့်သည် ပင်လယ်ပြင်ငါးဖမ်းထွက် ထိုင်းလှေများပေါ်တွင် အလုပ်လုပ်နေကြသူများနှင့် ပင်လယ်စာထုပ်ပိုး အစာသွတ် စက်ရုံ၊ ပုဇွန်ခွါစက်ရုံတို့တွင် အလုပ်လုပ်နေကြသည်ဟု ဆိုသည်။ ထိုမြန်မာအလုပ်သမား အများစုသည် လူကုန်ကူးခံနေရသူများ(သို့) လုပ်အားခေါင်းပုံဖြတ် ခံနေရသူများဖြစ်ကြသည်။ ထိုလုပ်ငန်းများအားလုံးသည် ပြည်ပမှ လာရောက်လုပ်ကိုင်သူများအတွက် ထိုအန္တရယ်သို့ ကျရောက်နိုင်သည့် အခြေအနေတွင် ရှိကြသည်။ ထိုင်းနိုင်ငံ တောင်ပိုင်း စမုတ်စခွန်ခရိုင်ရှိ ပင်လယ်အစားအစာ သွတ်စက်ရုံများတွင် အလုပ်လုပ်နေကြရသော ရွှေ့ပြောင်း မြန်မာအလုပ်သမားများ၏ ၅၇ ရာခိုင်နှုန်းသည် လုပ်အား အမြတ်ထုတ်ခံနေရသည်ကို စစ်တမ်းထုတ် သည့်စာတမ်း တစောင်ကဆိုပါသည်။ မြန်မာနှင့် ကမ္ဘောဒီးယားမှ အလုပ်သမားများသည် ထိုင်းငါးဖမ်းလုပ်ငန်းများ၌ အချို့မှာ အဓမ္မအလုပ်သမား စုဆောင်း ခြင်းခံရမှုများ၊ ခရီးသွား စာရွက်၊စာတမ်း အထောက်အထားအတုများဖြင့် ကြွေးမြီနှောင်ဖွဲ့ ခိုင်းစေခြင်း အပါအဝင် လုပ်အားခေါင်းပုံဖြတ်ခံရမှုများ ပျံ့နှံ့ဖြစ်ပွားနေသည်ကို ၂ဝ၁၁ ခုနှစ် မေလက ထုတ်ပြန်ခဲ့သော နိုင်ငံတကာ အဖွဲ့အစည်းတခု၏ သုတေသန စာတမ်းတခုက ဖော်ပြထားသည်။ ထိုအလုပ်သမားများကို အရှေ့တောင်အာရှမှတဆင့် အခြားနိုင်ငံတကာ ရေပိုင်နက်သို့ ခေါ်ဆောင်သွားကာ နှစ်ပေါင်း များစွာ လုပ်ခမပေးဘဲ ပင်လယ်ရေနက်ပိုင်းမှာ အလုပ်စေခိုင်းလျက်ရှိနေသည်ကို အလုပ်ခွင်တွင် ခြိမ်းခြောက်ခံရခြင်းနှင့် ရိုက်နှက်ခံရမှုများလည်း တွေ့ကြုံကြသည်ကို မျက်မြင်သက်သေ ထွက်ဆိုချက် များအရ ဖေါ်ပြထားသေးသည်။ ထိုင်းငါးဖမ်းလှေများတွင် လူကုန်ကူးခံနေရမှုများ ပျံ့နှံ့နေသော်လည်း စုံစမ်းစစ်ဆေးမှု သိသိသာသာ အားထုတ် ဆောင်ရွက်ခြင်း မရှိပေ။ ၂ဝ၁၁ခုနှစ်အတွင်း ထိုင်းငါးဖမ်းလှေ အမှု ၃မှုသာ ဖေါ်ထုတ်မှုရှိခဲ့သည်။၂ဝ၁ဝ ခုနှစ်က နှစ်မှုသာေ ဖ်ါထုတ်နိုင်ခဲ့သည်။ သို့သော်လည်း စုံစမ်းစစ်ဆေးမှုမျိုး တရားစွဲဆိုခြင်းမျိုး မလုပ်ခဲ့ချေ။ ထိုလုပ်ငန်းများတွင် ကုန်ကူးခံရသူများအဖြစ် ခွဲခြားစိစစ်မှုကြိုပမ်းအားထုတ် ၂ဝ၁၁ ခုနှစ် အတွင်း ထိုင်းငါးဖမ်းလှေအချို့ကို ပင်လယ်ပြင်သို့ ငါးဖမ်းမထွက်မှီ စစ်ဆေးမှုမျိုးပြုလုပ်ခဲ့သော်လည် ရောက်နေသည့် ထိုင်းငါးဖမ်းလှေများကို အကြိမ် ၁၀၀၀ ကျော် မက သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို စိစစ်တွေ့ရှိသော်လည်း လူကုန်ကူးခံရသူမျာအား ခွဲခြားစိစစ်မှု ပြုလုပ်နိုင်ခဲ့ခြင်း မရှိ။ သံသယဖြစ်သည့် လူကုန်ကူးမှုများကိုပင် ခွဲခြားစိစစ်ပေးနိုင်ခြင်းမရှိ။ ၂ဝ၁၂ ခုနှစ် ဧပြီလတွင်းက ဆောင်ခလာခရို၊ ကန်ချရာပူရီခရိုင်နှင့် ထိုင်းနိုင်ငံ အခြားနယ်မြေများရှိ အစားသွတ်လုပ်ငန်း စက်ရုံ များ၌ မြန်မာနှင့် ကမ္ဘောဒီးယား အလုပ်သမားများသည် ၄င်းတို့၏ နိုင်ငံကူး လက်မှတ်များကို စက်ရုံမှ သိမ်းဆည်းထား ခြင်း၊ လုပ်ခများကို စက်ရုံပိုင်ရှင်များနှင့် လူပွဲစားများက ထိန်းထားခြင်း၊ လုံခြုံမှုမရှိသည့် နေရာချထား ခံရခြင်းနှင့် ပြည်နှင်ခံရမည်ဟု ခြိမ်းခြောက်ခံရခြင်းတို့ကြောင် ထိုအမှုများကို ထိုင်းရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်သော်လည်း တာဝန်ရှိသူများကို တရားစွဲဆိုခြင်းနှင့် ပြစ်ဒဏ် စီရင်ချက် ချမှတ်ခြင်းတို့မရှိခဲ့။ ပင်လယ်ရေနက်ပိုင်းတွင် ငါးဖမ်းသည့် လုပ်ငန်းမှ ထွက်ပြေးလွတ်မြောက်လာသူများ၏ သက်သေထွက်ဆိုချက် ပေးမှုများကြောင့် ပင်လယ်ပြင်အတွင်း လူကုန်ကူးခံနေရမှု အထောက်အထားများ များပြား လာနေသည်။ ထိုငါးဖမ်းလှေများပေါ်တွင် လူကုန်ကူးခံနေရသူများသည် တနှစ်(သို့) နှစ်ပေါင်းများစွာ တောင်တရုတ် ပင်လယ်ပြင်(သို့) အိန္ဒိယပင်လယ် (သို့) ထိုင်းနိုင်ငံ ပင်လယ်ပြင် နယ်နမိတ်ပြင်ပများတွင် အလုပ်လုပ်နေကြရသည်ကို ထင်ထင်ရှားရှား သိရှိလာကြရသည်။ ထိုငါးဖမ်းလှေများသည် ဖမ်းဆီးမိသည့် ငါးများကိုဆိပ်ကမ်းသို့ ပြန်လည်ပို့ဆောင်ခြင်းမရှိ၊ ဆိပ်ကမ်းပြန်ကပ်လေ့ရှိသည့် ငါးဖမ်းလှေမှာ အလွန်ရှားပါးလှသည်။ သို့ကြောင့် ထိုင်းရေပြင်အာဏာပိုင်များအဖို့ စစ်ဆေးနိုင်ခြင်းမရှိ။ လွန်ခဲ့သည့် နှစ်များကပင် ထိုင်းပြည်တွင်းနှင့် ပြည်ပမီဒီယာအမျိုးမျိုးတို့မှ ထိုင်းငါးဖမ်းလှေပေါ်မှ လူကုန်ကူးခံ နေရမှု ဖြစ်ရပ်များကို အသိပညာပေးမှုများ များလာသည့်အတွက် ထိုင်းရေထွက်ပစ္စည်းများကို တင်သွင်းနေသည့် ဥရောပ၊ အမေရိကန်၊ အခြားဒေသမှ နိုင်ငံတော်တော်များက ပင်ထိုပယ်လယ်ပြင်မှ ထိုင်းငါးဖမ်းလှေများပေါ်မှ လူကုန်ကူးမှု များကို စိတ်ဝင်စားမှု စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည်။ ထိုလူကုန်ကူးမှု အမျိုးအစားပြဿနာကို ဖြေရှင်းနိုင်ရန်မှာ ထိုင်းငါးဖမ်းလုပ်ငန်း၊ အစိုးရ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်တွင်းပြည်ပမီဒီယာများစသည့် လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် ပါဝင်ကြသည့် တာဝန်ရှိသူ တိုင်း ပါဝင်ပူးပေါင်း ဆောင်ရွက်ရေးသည် မလုပ်မဖြစ်လုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်သည်။ သို့မှသာ ထိုင်းငါးဖမ်းလှေ တွင် အလုပ်လုပ်နေကြသည့် အိမ်နီးချင်းနိုင်ငံမှ အလုပ်သမားများ ပင်လယ်ပြင်တွင်လုံခြုံမှု အပြည့်အဝရရေး၊ အန္တရာယ်ကင်းသည့် လုပ်ငန်းခွင် ပတ်ဝန်းကျင်ဖြစ်ရေးတို့ အကောင်အထည် ဖေါ်နိုင်မည်ဖြစ်သည်။ သို့မှသာ အခြေခံ လူအခွင့်အရေးများနှင့် လူ့သိက္ခာကို လေးစားလိုက်နာရာ ရောက်မည် ဖြစ်သည်။ ဝင်းနိုင်ထွန်း - မဇ္ဈိမသတင်းဌာန | |||||||
Posted: 09 Jul 2012 05:17 AM PDT
ပြင်ဦးလွင်မြို့ရှိ လိုင်စင်မဲ့ဆိုင်ကယ်(ဘလက်ဘီး)မျ
ကိုယ်တိုင်လိုင်စင် လုပ်သူများအနေဖြင့် အဆင်မပြေမှုများဖြစ်ပေါ်လျှက်ရှိေ သတင်းအပြည့်အစုံကို ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | |||||||
Posted: 09 Jul 2012 04:56 AM PDT
ရန်ကုန်၊ဇူလိုင်-၉
ပုဂ္ဂလိက စက်သုံးဆီဆိုင်များအား နိုင်ငံတော်မှ ပေးနေသော ပြည် တွင်းထုတ် ဓာတ်ဆီခွဲတမ်းများ လျှော့ချလိုက်သောကြောင့် ပြင်ပ ဓာတ်ဆီဈေးနှုန်းများ တစ်ပီပါလျှင် ကျပ် ၅၀,၀၀၀ နှုန်းထိ မြင့်တက် သွားကြောင်း ပြင်ပစက်သုံးဆီဈေး ကွက်မှ သတင်းရရှိသည်။ ပြင်ပဓာတ်ဆီဈေးနှုန်းများ မှာ ဇူလိုင်လဆန်းပိုင်းတွင် တစ်ပီပါလျှင် ၁၈၀,၀၀၀ ကျပ်ဝန်းကျင် ရှိနေရာမှ ဇူလိုင် ၉ ရက်တွင် ၂၃၀,၀၀၀ ကျပ်ထိ ဈေးနှုန်းများ မြင့်တက်---- သတင်းအပြည့်အစုံကို ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | |||||||
Posted: 09 Jul 2012 04:42 AM PDT
ပြည်ထောင်စုလွှတ်တော်နာယကက တပ်မတော်သားကိုယ်စားလှယ်များအစု
သတင်းအပြည့်အစုံကို ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
| |||||||
Posted: 09 Jul 2012 03:53 AM PDT
ရန်ကုန်၊ ဇူလိုင် ၉
ဆူပူ အကြမ်းဖက်မှုများကြောင့် တစ်လကျော်ကြာ ပိတ်ထားရသော ရခိုင်ပြည်နယ်ရှိ တက္ကသိုလ်များကို ဇူလိုင် ၁၆ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးဌာနမှ အတွင်းရေးမှူး ဦးဦးဝင်းမြိုင်က --- သတင်းအပြည့်အစုံကို ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | |||||||
Posted: 08 Jul 2012 10:05 PM PDT
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ရဟန်းတော်များ ဖွဲစည်းထားသော အဖွဲ့အစည်းကို တရားမ၀င် အကြမ်းဖက် လုပ်ငန်းများ လုပ်ကိုင်ရန် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ကြောင်း ပြည်နယ် ၀န်ကြီးချုပ်မှ စွပ်စွဲ ပြောကြားပြီးနောက် ရဟန်းတော်များနှင့် ပြည်နယ် အစိုးရ အကြားတွင် ဆက်ဆံရေး တင်းမာ နေကြောင်း ----
သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | |||||||
Posted: 08 Jul 2012 10:01 PM PDT
| |||||||
Posted: 08 Jul 2012 09:06 PM PDT
| |||||||
Posted: 08 Jul 2012 08:50 PM PDT
ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်(အငြိမ်းစား) ဒုတိယဗိုလ်ချူပ်မှူးကြီးဟောင်း မောင်အေးသည် ဇူလိုင်လ ၈ ရက်နေ့ ညနေပိုင်းတွင် ရုတ်တရက် နာမကျန်းဖြစ်ပြီး တပ်မတော်စစ်ဆေးရုံတွင် အရေးပေါ်လူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း အစိုးရနှင့်နီးစပ်သည့် နေပြည်တော် အသိုင်းအ၀ိုင်းထံမှ သိရသည်။
ဒုတိယဗိုလ်ချူပ်မှူးကြီးမောင်ေ The Voice Weekly Facebook အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။ | |||||||
Posted: 08 Jul 2012 08:27 PM PDT
| |||||||
Posted: 08 Jul 2012 07:49 PM PDT
မကွေးတိုင်း သရက်မြို့ နယ်က လက်ယက်ရေနံတူးဖော်တဲ့လုပ်ကွက်မှ
သရက်မြို့ အနောက်ဖက် ၈ မိုင်လောက်အကွာမှာရှိတဲ့ ပိတောက်ပင်ရေနံမှော် လက်ယက်တွင်းဒိုင်လုပ်ကွက်မှာ--- သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | |||||||
Posted: 08 Jul 2012 07:34 PM PDT
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့အနီးမှာ မြန်မာစစ်တပ်က စစ်ကားသုံးစီး ဒီကနေ့ နေ့လည်ပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့်သိ
ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့နေရာကတော့ မူဆယ်မြို့ရဲ့ တောင်ဖက် ၆ မိုင်အကွာလောက်မှာရှိတဲ့ စယ်လန့်ရွာမှာရှိတဲ့ အထက ကျောင်း--- သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | |||||||
Posted: 08 Jul 2012 07:15 PM PDT
၀၈ ဇူလိုင် ၂၀၁၂။ လွှတ်တော်တက်ရန် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ရောက်ရှိ
ဒီနေ့ညနေ ၅ နာ၇ီအချိန်က ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်တက်ရောက်စဉ် ဌား၇မ်းနေထိုင်မယ့် ဥတ္တသီရီမြို့နယ် ဇ၀နသိဒီဒ္ဒ ရပ်ကွက်က နေအီမ်ကိုရောက်၇ှိ လာပါတယ်။ ဒီအိမ်ကို နှင်းဆီစံအိမ်လို့လဲ ခေါ်ပါတယ်။ ပထမ စီစဉ်ထားတဲ့ ပုဂံလမ်းက ညွန်ချုပ်အိမ်ယာဝင်းထဲက နေအိမ်ဟာ မြို့နယ်စည်ပင်က ပြင်ဆင်ခွင့်မပေးတာကြောင့် အခုနေအိမ်ကို ပြောင်းလဲဌားရမ်းနေထိုင်ရခြင်ြး (တင်ဆက် ဇော်ရို၊ ရိုက်ကူး အောင်လင်း) ဒီဗွီဘီ ဇူလိုင် ၉ လွှတ်တော် အစည်းအဝေး တက်ရောက်ဖို့ ဇူလိုင် ၈ မှာ နေပြည်တော်ကို ရောက်လာခဲ့တဲ့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် BBC Facebook | |||||||
Posted: 08 Jul 2012 08:48 AM PDT
ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်တွေကို စားနပ်ရိက္ခာ အကူအညီတွေ
ပေးနေတဲ့ WFPရဲ့ အကူအညီကို စစ်တွေမြို့က နာမည်ကျော် ရွှေစေတီကျောင်းတိုက် ဒုက္ခသည်စခန်း ကျောင်းထိုင် ဆရာတော်က မနေ့က ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။ စစ်တွေမြို့ပေါ်က ဒုက္ခသည်ပေါင်း (၄၀၀) ကျော် ခိုလှုံနေတဲ့ ရွှေစေတီ ဘုန်းတော်ကြီးကျောင်း ဒုက္ခသည်စခန်းကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP က မနေ့ညနေပိုင်းက ဆန်အကူအညီတွေ လာရောက် ပေးအပ်ရာမှာ ဆရာတော်က ငြင်းပယ်လိုက်တဲ့ အတွက် ကူညီရေး ပစ္စည်းတွေ ရွှေစေတီကျောင်းကို ရောက်ရှိပြီးကာမှ ပြန်လည် သယ်ယူခဲ့ရတယ်လို့လည်း သိရပါတယ်။ အခုလို ငြင်းဆို လိုက်ရတာနဲ့ ပတ်သက်ပြီး ကျောင်းထိုင်ဆရာတော် အရှင်အရိယဝံသက RFA ကို အခုလို မိန့်ပါတယ်။ "ဘုန်းဘုန်းတို့ အခု ငြင်းဆိုတာကတော့ မျှတမှု မရှိတာ တခုရယ်၊ နောက် သေသေချာချာ ဒုက္ခသည်ကို စာရင်းစိစစ်မှု မရှိတာရယ်၊ နောက်ပြီးတော့ ရခိုင်တိုင်းရင်းသားတွေအပေါ်မှာ ပေးချင်ကမ်းချင်စိတ်တွေ မရှိပါဘူး သူတို့။ ဒါကြောင်း ဘုန်းဘုန်းတို့က သဘာဝ မကျဘူးဆိုပြီးတော့ ငြင်းလိုက်တာ ဖြစ်ပါတယ်။" ရခိုင်ပြည်နယ်အတွင်း အကူအညီတွေပေးနေတဲ့ အင်န်ဂျီအိုတွေဟာ လူ့အခွင့်အရေး ခေါင်းစဉ်ဖြင့် အကူအညီတွေ လာရောက်ပေးနေကြတာ ဖြစ်ပေမယ့် ရခိုင်ပြည်နယ် အတွင်းမှာ လာရောက် ကူညီပေးတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ဒေသခံ ရခိုင်လူမျိုးတွေထက် ဘင်္ဂါလီ မွတ်စလင်တွေကိုပဲ အကူအညီ ပေးနေတာဖြစ်တယ်လို့ ဆရာတော်က ဆက်လက် မိန့်ပါတယ်။ လွန်ခဲ့တဲ့ ဇွန်လ (၃) ရက်နေ့ကလည်း မောင်တောမြို့မှာရှိတဲ့ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း ဒုက္ခသည် စခန်းသည်ကို လာရောက်ပြီး အကူအညီတွေပေးခဲ့ကြတဲ့ အင်န်ဂျီအို တစ်ချို့ကို ကျောင်းထိုင် ဆရာတော်တွေက အလားတူ ငြင်းပယ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒီအတောအတွင်း ရခိုင်ပြည်နယ်အတွင်း ဇွန်လ (၈) ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု တစ်လပြည့်မြောက်တဲ့နေ့ အထိမ်းအမှတ် အဖြစ် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦးစတဲ့ မြို့နယ်တွေမှာ မနက်ပိုင်းက စတင်ပြီး သာသနာ့အလံတွေကို မိမိတို့ရဲ့ နေအိမ်တွေ၊ လမ်းဆုံလမ်းဝတွေ ယာဉ်တွေပေါ်မှာ စိုက်ထူထားခဲ့ကြပါတယ်။ တစ်ချို့ကျေးလက်ဒေသတွေမှာတော့ ပဋိပက္ခတွေအတွင်း သေဆုံးသွားကြ တဲ့ ရခိုင်လူမျိုးတွေ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်တွေ ပြုလုပ်ခဲ့ကြတယ် လို့လည်း သိရပါတယ်။ RFA Burmese | |||||||
Posted: 08 Jul 2012 08:19 AM PDT
ပတ်တလင်ဂျာရာ(မလေးရှား)၊ ဇူလိုင် - ၇
မလေးရှားဘောလုံးအဖွဲ့ချုပ်(FAM) မလေးရှားနည်းပြနှင့် မန်နေဂျာတို့က စွပ်စွဲခဲ့သည့် မြန်မာကစားသမားသုံးဦးမှာ ကပ္ပတိန်ကျော်ဇေယျာဝင်း၊ ကြည်လင်းနှင့် ကောင်းစည်သူတို့ဖြစ်သည်။ FAM ၏ အဆိုအရ ကျော်ဇေယျာဝင်းအမည်ဖြင့် ကစားသမားနှစ်ဦး တွေ့ရှိရပြီးတစ်ဦးမှာ အသက် ၂၄ နှစ်ဖြစ်၍ ကျန်တစ်ဦးမှာ ခြေစစ်ပွဲတွင် ကစားခဲ့သော အသက် ၂၀ အရွယ် ကျော်ဇေယျာဝင်းဖြစ်ကြောင်းဆို FAM သည် နည်းပြများနှင့် မီဒီယာများ၏ မြန်မာကစားသမားများအပေါ် စွပ်စွဲမှုများ ပေါ်ထွက် ပြီးနောက် တရားဝင်အထောက် အထားများနှင့် နှိုင်းယှဉ်စစ်ဆေး၍ အတည်ပြုခဲ့ခြင်းဖြစ်သည်။ ၎င်းတို့က ကြည်လင်းနှင့် ကောင်း စည်သူမှာ ဖေဖော်ဝါရီလက AFC ဖလားပွဲအတွက် ရန်ကုန်ယူနိုက်တက်ကလပ်မှ အမည်စာရင်းတင် သွင်းစဉ် အသက် ၂၀ နှင့် ၁၉ နှစ်စီအသီးသီးရှိခဲ့ပြီး ယခု မေလတွင် ယူ-၂၂ ခြေစစ်ပွဲကစားရာ၌ အသက်မီကြောင်းဆိုသည်။ မလေးရှားဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒါတွတ်အဇူဒင်အာမက်က “ကျွန်တော်တို့ဟာ အသင်းနဲ့ မီဒီယာတွေထံက အထောက်အထားတွေ လက်ခံရရှိပြီးတဲ့နောက် စုံစမ်းစစ်ဆေးမှုကို ပြည့်စုံစွာပြု လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ရထားတဲ့ အထောက်အထားကို AFC ရဲ့ မှတ်တမ်းတင်ထားတဲ့ နေ့စွဲတွေ၊ တခြားအထောက်အထားတွေနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့ပါတယ်။ ဒါပေမဲ့ အားလုံး အစီအစဉ်တကျ ရှိနေပါတယ်”ဟုပြောသည်။ ဆက်လက်၍ ၎င်းက “ကျွန်တော်တို့ဟာ ပွဲပြီးတဲ့နောက် ကနဦးကန့်ကွက်မှုကို ပြုလုပ်ခဲ့ပြီး AFC ကလည်း ကျွန်တော်တို့ဆီ ကန့်ကွက်မှုကိုအသိအမှတ်ပြုကြောင် by 7Day News Journal |
0 comments:
Post a Comment