Monday, July 9, 2012

Shopping ထွက်တတ်တဲ့ မမများနဲ့  ညီမများ သတိထားရန်


6 hours ago 

Shopping ထွက်တက်တဲ့ မမ များနဲ့  ညီမများ သတိထားရန် တာမွေကအစ်ကိုတစ်ယောက် ပို့ ပေးသည်။

ကျွန်တော့် သူငယ်ချင်း က သူ့ အစ်မ ရင်ဆိုင် ကြုံတွေ့ ခဲ့တာတွေကို ကျွန်တော့ကိုပြောပြတယ် ဘလောက်မှာတင်ပြီး အသိပေးပေးဖို့ ကိုလည်း ကျွန်တော့်ကိုတောင်းဆိုတယ်လေ။ ဖြစ်ပုံက ဒီလို တဲ့

ဒီနေ့ အိမ်ပြန်လာတော့ ဒေါကြီးမောကြီးနဲ့ကျွန်တော်က ဘာဖြစ်လာတာလဲလို့
မေးတော့ဒီလိုပြောပါတယ်သူ့သူငယ်ချင်း ပလာဇာမှာ အင်္ကျီသွားဝယ်တုန်းက
အဝတ်လဲခန်းမ အဝတ်လဲတဲ့ ပုံတွေ

အင်တာနက်မှာရော ဖုန်းတွေမှာပါ ရှိတယ်တဲ့။ အဲလို ပလာဇာမှာ မိန်းကလေးတွေ
အဝတ်လဲခန်းမှာ camera တွေ တပ်ပြီး ဓာတ်ပုံတွေ ခိုးရိုက် ပြီးတော့ forum
တွေမှာတင် ယောကျာင်္းဆိုတဲ့ကောင်တွေက အဲလိုကိစ္စတွေဆို
တခြားလူတွေပါမျှတတ်တဲ့အကျင်
ဖုန်းထဲမှာပုံတွေထည့် ဖုန်းအခြင်းခြင်း bluetooth နဲ့ချိတ်ပြီးပေး
ပုံတွေကို share လုပ်ကြ ပုံတွေကြည့်ပြီး ပုံထဲက တစ်ယောက်ကို အပြင်မှာ
မြင်တော့ ပြုံးစိစိနဲ့ကြည့်သွားကြတာ

စဉ်းစားကြည့်ဗျာ အခုတစ်ယောက်ကဆေးကျောင်းက ဆရာဝန်ဖြစ်မယ့်သူ
အဝတ်လဲခန်းကလဲ နောက်မှာ အဖြူရောင်ကြီးကာထား ဓာတ်ပုံထဲမှာတော့ background
အဖြူကြီးနဲ့ပေါ့ မသိရင် မကောင်းတာ လုပ်စားနေတဲ့ မိန်းကလေး ဈေးခေါ်တာ
ကျနေတာပဲ တော်တော်မိုက်ရိုင်းတဲ့ကောင်တွေ

မြန်မာအချင်းချင်းဗျာ အဲလို လူမဆန်တာတော့ မကောင်းဘူး
ဓာတ်ပုံခိုးရိုက်တဲ့ကောင်တွေ စဉ်းစားကြည့်ဗျာ ခင်ဗျားတို့ညီမ
အဲ.. အဲလိုပြောရင် နာမှာမဟုတ်ဘူး ခင်ဗျားတို့ ကောင်မလေး ခင်ဗျားတို့ မိန်းမ
ခင်ဗျားတို့ သမီး အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင်
ဘယ်လိုလုပ်မလဲ ခင်ဗျားတို့ ကိုယ်ချင်းစာဖို့ကောင်းတယ် အဲလို လူမဆန်ပဲ
ကိုယ်ကျိုးအတွက် မလုပ်သင့်ဘူး နောက်ပြီး ဆိုင်ရှင်တွေ ခင်ဗျားတို့ကော
ဘာကြောင့် လူမဆန်တာလဲ ခင်ဗျားတို့ စီးပွားရေးလုပ်နေတာမဟုတ်လား
ဝယ်သူကိုလေးစားပေါ့ဗျာ။ ခင်ဗျားတို့ ပိုက်ဆံရတယ် အဲလိုမျိုး camera
လာတတ်ထားတဲ့ ကောင်တွေက ခင်ဗျားတို့ကို ၁ပုံဘယ်လောက်နှုန်းနဲ့ ရှင်းပေးတယ်
ခင်ဗျားတို့လည်း ကိုယ်ကျိုးအတွက်ပဲ မလုပ်သင့်ဘူး
ကျွန်တော် ထပ်ပြောမယ် ခင်ဗျားတို့ ကောင်မလေး ခင်ဗျားတို့ မိန်းမခင်ဗျားတို့
သမီး အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲ…?

နောက်ပြီး လာဝယ်တဲ့လူတွေက မိကောင်းဖခင် သားသမီးတွေ အရင်ကဆို အဲလိုမျိုး
ပုံတွေနဲ့ မိကောင်းဖခင်သားသမီးတွေကို ငွေညှစ်၊ဖျက်စီးခဲ့တဲ့
အဖြစ်တွေရှိတယ်။

ကျွန်တော်သိတယ် မပြောချင်ဘူး ပြောလို့လည်းမကောင်းဘူး။ နောက်ပြီး
ကျွန်တော့်မှာ သက်သေလည်းမရှိဘူး။

ဘာပဲ ပြောပြော ကိုယ်ချင်းစာတရား မျိုးချစ်စိတ်ဓာတ်လေး နည်းနည်းလောက်
ထည့်ကြပါ အစ်မတွေ ညီမတွေ က လည်းအင်္ကျီ ဝယ်တဲ့အခါ သတိထားပါ အပေါ်ကနေပဲ ထပ်ဝတ်ကြပါ အဲလိုပဲ တခြား စကပ်တို့ဘောင်းဘီတို့ဝယ်လည်း သတိထားပေါ့
မြန်မာနိုင်ငံမှာ နည်းပညာခုတုံးလုပ်ပြီး လုပ်စားနေတဲ့ကောင်တွေ ရှိတယ်
အစ်မကမေးတယ် ဘယ်လိုလုပ်သင့်လဲဆိုတော့

ကျွန်တော်က ပြောလိုက်တယ် တရားစွဲပေါ့ တရားမစွဲခင် အမျိုးသမီးရေးရာကို တိုင်
တရားစွဲဖို့ ဆိုင်မမှတ်မိရင် ပလာဇာကို တရားစွဲဗျာ တစ်ရှက်ကနေ နှစ်ရှက်ထက်
တခြားလူတွေ အဲလိုမဖြစ်ဖို့လိုတယ်ထင်တယ် အဲလိုပဲ ပြောလိုက်တယ် အစ်မလည်း
ပြန်ရောက်ကတည်းက ပါးစပ်က တတွတ်တွတ်နဲ့ ထိုင်ဆဲနေတာ ဆဲလို့ ဘာလုပ်လို့
ရမှာလဲဒါကြောင့် ငါလည်း ဒီစာလေးကို နိုင်ငံခြားမှာ BLOG တစ်ခုကို ရင်ထဲက
ကိုယ်ပိုင် ခံစားချက်တွေ အားလုံးကို လွတ်လွတ်လပ်လပ် အနှောက်အယှက်ကင်းကင်း
ရေးသားနိုင်ခွင့်ရတဲ့ သူငယ်ချင်းမင်းဆီကိုပဲရေးပို့ လိုက်တယ်ကွာ မင်း BLOG
မှာလည်း ဒီအကြောင်းရာတွေ ဖော်ပြပေး စေချင်တယ် သူငယ်ချင်းရေ။

ဒီ POST ကို COPY လုပ်၍ FWRD MAIL ဖြစ်စေ၊ မိမိတို့ ရဲ့ BLOG များတွင်
ကူးယူ တင်ပြ၍ ဖြစ်စေ၊သင့်၏ ပတ်ဝန်းကျင်မှ နီးစပ်ရာ မိတ်ဆွေ အပေါင်းအသင်းများကို
အသိပေးနှိုးဆော်ပေးခြင်းဖြင့် ယဉ်ကျေးသိမ်မွေ့ မှူ့ ဆိုတဲ့ကျွန်တော်တို့ 
မြန်မာမိန်းကလေးများရဲ့ ချစ်မြတ်နိုးစရာ စရိုက်လေးတွေနဲ့ကမ္ဘာပေါ်မှာ
ပြိုင်စံရှား အရမ်းကိုအရှက်အကြောက် ကြီးမားတတ်ကြတဲ့ မြန်မာ့အမျိုးကောင်း သမီး ရတနာလေးများရဲ့အရှက်နဲ့ သိက္ခာတို့ ကို လူမဆန်စွာ ယုတ်မာရိုင်းစိုင်းနေကြပြီး
ကိုယ်ချင်းစာတရား နဲ မျိုးချစ်စိတ်ဓာတ်တွေကင်းမဲ့နေကြတဲ့ သူတွေရဲ့
လုပ်ရပ်တွေမှ မိမိတိုတတ်အားသ၍ ၀ိုင်းဝန်းကာကွယ် ပေးစေလိုပါကြောင်း
ကျွန်တော် ကမိတ်ဆွေများအားလုံးကို တောင်းဆိုလိုက်ပါရစေဗျာ။

အစ်မတွေ ညီမတွေ အားလုံးကလည်း ကိုယ့်အန္တာရာယ်ကိုကိုယ် ဂရုတစိုက်နဲ
့သတိထားရင်း ဈေးဝယ်ထွက်ကြပါလို
့ကျွန်တော် ထပ်ပြီး သတိပေးလိုက်ပါတယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...