“ရိုးရိုးယဉ်ယဉ် တို့ဝတ်ဆင်”
Written by လှမြင့်(ရန်ကုန်တက္ကသိုလ်) Sunday, 01 July 2012 11:51
ရိုးရိုးနှင့်ယဉ်ယဉ် ၀တ်ဆင်ခြင်းသည် မြန်မာ့လူနေမှုစရိုက်၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းမှုတစ်ရပ် ဖြစ်သည်။ မြန်မာမှု၊ မြန်မာ့ဓလေ့၊ မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာ့ လူမှုရေးနယ်ပယ်တွင် လက်ခံထားသော သိမ်မွေ့ပြေပြစ် နှစ်သက်ဖွယ် မြန်မာမှု အမွေဖြစ်သည်။
ရိုးသားခြင်းဟူသည် အစဉ်အမြဲတင့်တယ် တန်ဖိုးရှိသည်။ ယဉ်ကျေးမှုဟူသည် လူ့တန်ဖိုး အနှစ်သာရ ဖြစ်သည်။
အစဉ်အမြဲ တင့်တယ်၍ ယဉ်ကျေးမှု အနှစ်သာရ ပြည့်စုံသော ရိုးရိုးယဉ်ယဉ် ၀တ်ဆင်ခြင်းသည် မြန်မာ့လူနေမှု အဖွဲ့အစည်းတွင် မည်သည့်အချိန်၊ မည်သည့် ခေတ်ကာလတွင် မဆို မရိုးနိုင်သော ဆန်းသစ်နေသည့် အ၀တ်အဆင် ဖြစ်သည်။
အ၀တ် ၀တ်ဆင်ခြင်းဟူသည် လူ့ယဉ်ကျေးမှု ဖြစ်သည်။ လူ့တန်ဖိုး ဖြစ်သည်။ လူတို့၏ အရေးသုံးရပ်တွင် စားရေး၊ ၀တ်ရေး၊ နေထိုင်ရေးဟု ရှိသည့်အနက် အ၀တ်အဆင်သည်လည်း အဓိကအရေးပါသော အကြောင်းတစ်ရပ် ဖြစ်သည်။
ဝတ်ရေးဟူသော အ၀တ်အဆင်သည် အသိဉာဏ်ရှိသော လူသားတို့အတွက် ပဓာနကျသည်။ ၀တ်ရေးဟူသော အ၀တ်အဆင်မရှိလျှင် လူသားသည် တိရစ္ဆာန်နှင့် မခြားနားတော့ပေ။
အ၀တ်အဆင်သည် အရှက်အကြောက်တရားနှင့် ဆိုင်သည်။ အရှက်အကြောက် တရားကို ဖုံးလွှမ်းရန် အ၀တ်အဆင်ကို ဆင်မြန်းရသည်။
ထို့ကြောင့် အ၀တ် ၀တ်ဆင်ခြင်းဟူသည် 'ဟီရိနှင့် သြတ္တပ္ပ' ဟူသော အရှက်နှင့် အကြောက်တရားကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်သည်။
လူသားတို့တွင် အ၀တ်အဆင်သည် ပဓာနကျသောကြောင့် 'တောင်းမှာအကွပ် လူမှာအ၀တ်' ဟူသော ဆိုရိုးစကားပြု၍ လမ်းညွှန်ဆုံးမခဲ့သည်။
လူသားတို့တွင် အ၀တ်အဆင်သည် အရေးပါသည်။ အသိဉာဏ်ဟူသည် ရှက်စိတ်ဟူသော ဗီဇကို အရင်းတည်သည်။
ရှက်စိတ်ဟူသော ဗီဇမျိုးစေ့ကြောင့် လူသည် အရှက်ကို လုံခြုံအောင် အ၀တ်အဆင် ပြုသည်။ အသိဉာဏ် ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အတူ အ၀တ်အဆင်သည်လည်း တိုးတက်ဖွံ့ဖြိုးလာသည်။
ကျောက်ခေတ်လူသားသည် သစ်ရွက်၊ သစ်ခက်၊ သားရေနွယ်တို့ကို ၀တ်ဆင်ခဲ့ပြီး အရှက်တရားကို ထိန်းသိမ်းခဲ့သည်။
ထို့နောက် ချည်ထည်၊ ပိုးထည်စသည်တို့ကို ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုနှင့် အညီ ၀တ်ဆင်ခဲ့ကြသည်။
နိုင်ငံအသီးသီး၊ လူမျိုးအသီးသီးတို့တွင် ကိုယ်ပိုင် ရိုးရာအ၀တ်အဆင်ဟူ၍ ရှိကြစမြဲဖြစ်သည်။
အနောက်တိုင်းတွင်လည်း အနောက်တိုင်း ရိုးရာဝတ်စုံ၊ အရှေ့တိုင်းတွင်လည်း အရှေ့တိုင်း ရိုးရာဝတ်စုံဟူ၍ သတ်မှတ်ဝတ်ဆင် ကြသည်။
မြန်မာနိုင်ငံတွင်လည်း တိုင်းရင်းသားလူမျိုးတို့သည် မိမိတို့၏ ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှုကို အခြေခံသော တိုင်းရင်းသား အ၀တ်အဆင်များကို ၀တ်ဆင်ကြသည်။
ထို့ကြောင့် အ၀တ်အဆင်သည် လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာကို ဖော်ဆောင်သည်။
နိုင်ငံကြီးသား ပီသသူတိုင်းသည် မိမိတို့၏ နိုင်ငံနှင့်လူမျိုး၊ ယဉ်ကျေးမှု ရိုးရာဓလေ့ အခြေခံသော ၀တ်ဆင်မှုကို အလေးအမြတ်ပြု၊ တန်ဖိုးထား ၀တ်ဆင်ကြသည်။
အ၀တ်အဆင်သည် လူမျိုး၏အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ကိုယ်စားပြုနေသည်။
အ၀တ်အဆင်နှင့် လူမျိုးယဉ်ကျေးမှုသည် ဆက်နွှယ်နေသည်။ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကပင် ရာသီဥတု၊ ရေမြေ သဘာဝ၊ ရိုးရာဓလေ့ထုံးစံများနှင့်အ ညီ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် လိုက်လျောညီထွေ ရှိစေသည့် အ၀တ်အဆင်များကို သတ်မှတ် ၀တ်ဆင်ခဲ့ကြသည်။ ပြဋ္ဌာန်း သတ်မှတ်ခဲ့ကြသည်။
အပူပိုင်းဒေသအရပ်များတွင် အပူပိုင်းရာသီဥတုနှင့် လိုက်လျောညီထွေရှိသော အ၀တ်အထည်များ၊ အေးမြသော အ၀တ်အထည်များကို ၀တ်ဆင်လေ့ရှိသည်။
ထိုနည်းတူ အအေးပိုင်းအရပ်ဒေသများတွင် အအေးပိုင်းရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသော အ၀တ်အထည် အထူအထဲများကို ၀တ်ဆင်လေ့ ရှိကြသည်။
တစ်နည်းဆိုရသော် အ၀တ်အဆင်ဟူသည် ရာသီဥတုဒဏ် ကာကွယ်ရန်နှင့် အရှက်အကြောက် ဖုံးလွှမ်းလုံခြုံအောင် တန်ဆာဆင်မှု ဖြစ်သည်။
သို့သော် ခေတ်၏ ယဉ်ကျေးမှု၊ ခေတ်ရေစီးကြောင်းနှင့်အညီ အ၀တ်အဆင်သည် ပြောင်းလဲခဲ့သည်။ တိုးတက်ခဲ့သည်၊ ဆန်းကြယ်ခဲ့သည်။
အ၀တ်အဆင်သည် ရာသီဥတုဒဏ် ကာကွယ်ရန်နှင့် အရှက်အကြောက် ဖုံးလွှမ်းရန် အနေအထားမှ ခေတ်ယဉ်ကျေးမှုအရ လှပတင့်တယ်ရေးကို အလေးထား ၀တ်ဆင်လာခဲ့ကြသည်။
အ၀တ်အဆင်သည် လူတို့၏ အဆင်တန်ဆာတစ်မျိုး ဖြစ်လာသည်။
သရုပ်ပျက် ၀တ်စားဆင်ယင်မှုဖြင့် မြန်မာတို့၏ အလှ၊ ယဉ်ကျေးမှု၊ ဣနြေ္ဒနှင့် သိက္ခာတို့ကို မဖျက်ဆီးသင့်ပေ။
ရိုးရိုးနှင့်ယဉ်ယဉ် ၀တ်ဆင်ခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှု၊ အလှအပ၊ အသိမ်အမွေ့၊ အတင့် အတယ်များကို ဖော်ဆောင်ကြရမည်မှာ မြန်မာလူငယ်တို့၏တာဝန် ဟု ထင်မြင်မိပါသည် . .
ရိုးရိုးနှင့်ယဉ်ယဉ် ၀တ်ဆင်ခြင်းသည် မြန်မာ့လူနေမှုစရိုက်၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းမှုတစ်ရပ် ဖြစ်သည်။ မြန်မာမှု၊ မြန်မာ့ဓလေ့၊ မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာ့ လူမှုရေးနယ်ပယ်တွင် လက်ခံထားသော သိမ်မွေ့ပြေပြစ် နှစ်သက်ဖွယ် မြန်မာမှု အမွေဖြစ်သည်။
ရိုးသားခြင်းဟူသည် အစဉ်အမြဲတင့်တယ် တန်ဖိုးရှိသည်။ ယဉ်ကျေးမှုဟူသည် လူ့တန်ဖိုး အနှစ်သာရ ဖြစ်သည်။
အစဉ်အမြဲ တင့်တယ်၍ ယဉ်ကျေးမှု အနှစ်သာရ ပြည့်စုံသော ရိုးရိုးယဉ်ယဉ် ၀တ်ဆင်ခြင်းသည် မြန်မာ့လူနေမှု အဖွဲ့အစည်းတွင် မည်သည့်အချိန်၊ မည်သည့် ခေတ်ကာလတွင် မဆို မရိုးနိုင်သော ဆန်းသစ်နေသည့် အ၀တ်အဆင် ဖြစ်သည်။
အ၀တ် ၀တ်ဆင်ခြင်းဟူသည် လူ့ယဉ်ကျေးမှု ဖြစ်သည်။ လူ့တန်ဖိုး ဖြစ်သည်။ လူတို့၏ အရေးသုံးရပ်တွင် စားရေး၊ ၀တ်ရေး၊ နေထိုင်ရေးဟု ရှိသည့်အနက် အ၀တ်အဆင်သည်လည်း အဓိကအရေးပါသော အကြောင်းတစ်ရပ် ဖြစ်သည်။
ဝတ်ရေးဟူသော အ၀တ်အဆင်သည် အသိဉာဏ်ရှိသော လူသားတို့အတွက် ပဓာနကျသည်။ ၀တ်ရေးဟူသော အ၀တ်အဆင်မရှိလျှင် လူသားသည် တိရစ္ဆာန်နှင့် မခြားနားတော့ပေ။
အ၀တ်အဆင်သည် အရှက်အကြောက်တရားနှင့် ဆိုင်သည်။ အရှက်အကြောက် တရားကို ဖုံးလွှမ်းရန် အ၀တ်အဆင်ကို ဆင်မြန်းရသည်။
ထို့ကြောင့် အ၀တ် ၀တ်ဆင်ခြင်းဟူသည် 'ဟီရိနှင့် သြတ္တပ္ပ' ဟူသော အရှက်နှင့် အကြောက်တရားကို ထိန်းသိမ်းစောင့်ရှောက်ခြင်
လူသားတို့တွင် အ၀တ်အဆင်သည် ပဓာနကျသောကြောင့် 'တောင်းမှာအကွပ် လူမှာအ၀တ်' ဟူသော ဆိုရိုးစကားပြု၍ လမ်းညွှန်ဆုံးမခဲ့သည်။
လူသားတို့တွင် အ၀တ်အဆင်သည် အရေးပါသည်။ အသိဉာဏ်ဟူသည် ရှက်စိတ်ဟူသော ဗီဇကို အရင်းတည်သည်။
ရှက်စိတ်ဟူသော ဗီဇမျိုးစေ့ကြောင့် လူသည် အရှက်ကို လုံခြုံအောင် အ၀တ်အဆင် ပြုသည်။ အသိဉာဏ် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်
ကျောက်ခေတ်လူသားသည် သစ်ရွက်၊ သစ်ခက်၊ သားရေနွယ်တို့ကို ၀တ်ဆင်ခဲ့ပြီး အရှက်တရားကို ထိန်းသိမ်းခဲ့သည်။
ထို့နောက် ချည်ထည်၊ ပိုးထည်စသည်တို့ကို ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုနှင့် အညီ ၀တ်ဆင်ခဲ့ကြသည်။
နိုင်ငံအသီးသီး၊ လူမျိုးအသီးသီးတို့တွင် ကိုယ်ပိုင် ရိုးရာအ၀တ်အဆင်ဟူ၍ ရှိကြစမြဲဖြစ်သည်။
အနောက်တိုင်းတွင်လည်း အနောက်တိုင်း ရိုးရာဝတ်စုံ၊ အရှေ့တိုင်းတွင်လည်း အရှေ့တိုင်း ရိုးရာဝတ်စုံဟူ၍ သတ်မှတ်ဝတ်ဆင် ကြသည်။
မြန်မာနိုင်ငံတွင်လည်း တိုင်းရင်းသားလူမျိုးတို့သည
ထို့ကြောင့် အ၀တ်အဆင်သည် လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာကို ဖော်ဆောင်သည်။
နိုင်ငံကြီးသား ပီသသူတိုင်းသည် မိမိတို့၏ နိုင်ငံနှင့်လူမျိုး၊ ယဉ်ကျေးမှု ရိုးရာဓလေ့ အခြေခံသော ၀တ်ဆင်မှုကို အလေးအမြတ်ပြု၊ တန်ဖိုးထား ၀တ်ဆင်ကြသည်။
အ၀တ်အဆင်သည် လူမျိုး၏အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ကိုယ်စားပြုနေသည်။
အ၀တ်အဆင်နှင့် လူမျိုးယဉ်ကျေးမှုသည် ဆက်နွှယ်နေသည်။ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကပင် ရာသီဥတု၊ ရေမြေ သဘာဝ၊ ရိုးရာဓလေ့ထုံးစံများနှင့်အ
အပူပိုင်းဒေသအရပ်များတွင် အပူပိုင်းရာသီဥတုနှင့် လိုက်လျောညီထွေရှိသော အ၀တ်အထည်များ၊ အေးမြသော အ၀တ်အထည်များကို ၀တ်ဆင်လေ့ရှိသည်။
ထိုနည်းတူ အအေးပိုင်းအရပ်ဒေသများတွင် အအေးပိုင်းရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသော အ၀တ်အထည် အထူအထဲများကို ၀တ်ဆင်လေ့ ရှိကြသည်။
တစ်နည်းဆိုရသော် အ၀တ်အဆင်ဟူသည် ရာသီဥတုဒဏ် ကာကွယ်ရန်နှင့် အရှက်အကြောက် ဖုံးလွှမ်းလုံခြုံအောင် တန်ဆာဆင်မှု ဖြစ်သည်။
သို့သော် ခေတ်၏ ယဉ်ကျေးမှု၊ ခေတ်ရေစီးကြောင်းနှင့်အညီ အ၀တ်အဆင်သည် ပြောင်းလဲခဲ့သည်။ တိုးတက်ခဲ့သည်၊ ဆန်းကြယ်ခဲ့သည်။
အ၀တ်အဆင်သည် ရာသီဥတုဒဏ် ကာကွယ်ရန်နှင့် အရှက်အကြောက် ဖုံးလွှမ်းရန် အနေအထားမှ ခေတ်ယဉ်ကျေးမှုအရ လှပတင့်တယ်ရေးကို အလေးထား ၀တ်ဆင်လာခဲ့ကြသည်။
အ၀တ်အဆင်သည် လူတို့၏ အဆင်တန်ဆာတစ်မျိုး ဖြစ်လာသည်။
သရုပ်ပျက် ၀တ်စားဆင်ယင်မှုဖြင့် မြန်မာတို့၏ အလှ၊ ယဉ်ကျေးမှု၊ ဣနြေ္ဒနှင့် သိက္ခာတို့ကို မဖျက်ဆီးသင့်ပေ။
ရိုးရိုးနှင့်ယဉ်ယဉ် ၀တ်ဆင်ခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှု၊ အလှအပ၊ အသိမ်အမွေ့၊ အတင့် အတယ်များကို ဖော်ဆောင်ကြရမည်မှာ မြန်မာလူငယ်တို့၏တာဝန် ဟု ထင်မြင်မိပါသည် . .
0 comments:
Post a Comment