Monday, July 9, 2012

မတရား အနိုင်ကျင့်ခံရသော မိသားစုတစ်စုရဲ့ ရင်နင့်ဖွယ်ဖြစ်ရပ်



ကျွန်တော့် မိတ်ဆွေ ဦးကျော်သိန်း ဒေါ်တင်နွယ်တို့မိသားစုသည် ရန်ကင်းမြို့နယ် အမှတ် (၈) ရပ်ကွက်တွင် ၁၉၆၅ ခုနှစ်မှ ယနေ့အထိနေထိုင်လာခဲ့ကြပါတယ်၊ ၁၉၉၃ ခုနှစ်မှာတိုင်းစစ်ဒေသနှင့် ဟိန္ဒူဘုရားကျောင်း ဂေါပက အဖွဲ့တို့က ၄င်းတို့ ဘိုးဘွားပိုင်မြေအား ဟိန္ဒူဘုရားကျောင်းပိုင်မြေဟု ဆိုကာအတင်းမောင်းထုတ်ဆွဲချခဲ့ပါသည်။ ၄င်းမိသားစုမှနေစရာ မရှိသဖြင့် အသနားခံစာတင် သောကြောင့် ၁၉၉၄ ခုနှစ်တွင် ယခု လက်ရှိနေထိုင်လျှက်ရှိသော အမှတ်(၈၆) သဇင်ဖြူလမ်းသွယ် (၄) အမှတ်(၈)ရပ်ကွက် ရန်ကင်းမြို့နယ်တွင် ပြန်လည်အစားထိုးပေးခဲ့ပါသည် ယင်းမြေကွက်အား စတင်နေထိုင်စဉ်က ရွံ့နွံအိုင်ကြီးမျှသာဖြစ်ပါသဖြင့်ကိုယ်ထူကိုယ်ထ ခက်ခက်ခဲခဲ ပြုပြင် နေထိုင် လာခဲ့ရပါသည်။ အိမ်ထောင်ဦးစီး ဖြစ်သူ ဦးကျာ်သိန်းမှာ အမှတ်(၂) စက်မှုဝန်ကြီးဌာနမှ သာမန် ရိုးသားသော အစိုးရ၀န်ထမ်းတစ်ဦးဖြစ်ပြီး ၀န်ထမ်းကောင်းလက်မှတ် များကိုင်ဆောင်ထားသော အငြိမ်းစား အစိုးရ၀န်ထမ်းဟောင်းတစ်ယောက်ဖြစ်ပါသည်။ ၄င်းမိသားစု (၁၈)နှစ်ကျော်ကြာနေထိုင် လာခဲ့သောယင်းမြေကွက်အား ယခုအခါတွင်စစ်တက္ကသိုလ် ကျောင်းအုပ် ကြီးဟောင်း ဗိုလ်မှုးကြီး ခင်မောင်တင့် ဆိုသူက၄င်းပိုင်ဆိုင်သည်ဟု မတရားသဖြင့်စွပ်စွဲကာ လုပ်ကြံတရားစွဲဆိုလာသည်ကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက တစ်ဖက်သက် စစ်ဆေးပြီး အမှုအားအနိုင်ပေးလိုက်ပါသည်။ တစ်ဖက်သက်စစ်ဆေးပြီး အနိုင်ပေးလိုက်သည်ဆိုသည်မှာရုံးချိန်းများသာပုံမှန်ခေါ်ယူပြီး မည်သည့် ထိရောက်သောစစ်ဆေးမှုမျိုးကိုမျှ ပြုလုပ်ခြင်းမရှိဘဲ ဗိုလ်မှုးကြီးဟောင်းခင်မောင်တင့်အား အနိုင်ပေး
လိုက်ခြင်းကိုဆိုလိုပါသည်။ဗိုလ်မှုးကြီးဟောင်းခင်မောင်တင့်သည်သူ့ကိုယ်သူ သူရဦးရွှေမန်း၏ ဆရာ ဟုဆိုကာ ပြောဆိုအာဏာသုံးခဲ့သည်များလည်း ရှိခဲ့ပါသည်။ စစ်တက္ကသိုလ်မှ ထုတ်ဝေသော ချယ်ရီအလှ(၁၁) ပတ္တမြားရတု မဂ္ဂဇင်း မှာကြည့်နိုင်ပါတယ်။ အမှန်တကယ်လည်း DSA အပါတ်စဉ် (11) ဆင်း သူရဦးရွှေမန်း၏ ဆရာဖြစ်နေပါသည်။
တစ်ဖက်မှာ လွှတ်တော်ဥက္ကဌ ကြီးမှ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲ ရန်အတွက်စေတနာ အပြည့်ဖြင့် ကြိုးစားနေချိန်တွင် ၄င်း၏ဆရာဆိုသူက ယခုလိုအာဏာကို အလွဲသုံးစားပြုလုပ်ကာ အပြစ်မဲ့မိသားစု တစ်စုအပေါ်ကို မတရား အနိုင်ကျင့်နေခြင်းကို လွှတ်တော်ဥက္ကဌ ကြီးအနေဖြင့်ယခုလိုလှစ်လျှူရှုမနေပဲ သင့်တော်သလို ဆောင်ရွက်ပေးနိုင်ပါရန် အသနားခံတင်ပြအပ်ပါသည်။
ကျွန်တော်၏ မိတ်ဆွေမိသားစု မှာယခုအခါ နေထိုင်ခိုကိုးစရာ မရှိပါသဖြင့် ပဉ္စနိကာယ် ကျောင်းထိုင် ဆရာတော်မှ ခေါ်ယူကယ်ဆယ်ထားရပါသည်။ ဗိုလ်မှုးကြီးဟောင်းဦးခင်မောင်တင့်သည်ယခင်က လည်းအခြားသူများပိုင်ဆိုင်သော နေအိမ်ခြံဝင်းများအားအကြိမ်ကြိမ် ၀င်ရောက်ကျူးကျော်ကာ ခြံစည်း ရိုးခတ်သဖြင့်(၄င်းပိုင်ဆိုင်သည့် အနေဖြင့်ခြံစည်းရိုးခတ် ခြင်းဖြစ်သည်) မြို့နယ်မ၀တရုံးတွင် အကြိမ်ကြိမ် ခေါ်ယူဖြေရှင်းခဲ့ရ
ဖူးပါသည်။ဦးခင်မောင်တင့်သည် ပြိုင်ဘက်ရှေ့နေများအားလည်း ခြိမ်းခြောက်သည့် သဘောမျိုးဖြင့် လက်ရှိသမ္မတ နှင့် လွှတ်တော်အကြီးကဲ များအားလုံးသည် တစ်ချိန်က ၄င်း၏တပည့်များဖြစ်သဖြင့် အမှုအားလုံးဝမနိုင် နိုင်ကြောင်းလည်းပြောပါသည်။(ပြောသည့်အတိုင်းလည်း အမှန်ပင် မနိုင်ခဲ့ပါ။)
လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်း နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဦးထွန်းထွန်းဦး ခင်ဗျား….
ယခုလို အပြစ်မဲ့ မိသားစု တစ်စုအားမတရားသဖြင့် အနိုင်ကျင့်နေခြင်းအား လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်း နှင့်ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့မှ သနားငဲ့ညှာ သောအားဖြင့် သေချာစွာ ပြန်လည်စီစစ်ပြီး သင့်တော်သလိုကူညီစောင်ရွက်ပေးနိုင်ပါရန် အသနားခံ တင်ပြ အပ်ပါသည်ခင်ဗျား…..။

ကိုယ်ချင်းစာနာသူ တစ်ဦး



ဗိုလ်မှုးကြီးဟောင်း ဦးခင်မောင်တင့် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဖြစ်စဉ်က ဓါတ်ပုံအား ပူးတွဲတင်ပြအပ်ပါသည်။
ယခုကဲ့သို့ အင်တာနက်စာမျက်နှာမှတဆင့်တင်ပြရခြင်းမှာ လူကြီးမင်းတို့ထံသို့ ယခုစာရောက်ရှိနိုင်ရန် အတွက်တင်ပို့ ပေးမည့်သူမရှိ ၊ မသိသဖြင့် တင်ပြရခြင်းဖြစ်သည်နားလည်ပေးနိုင်ပါရန် အသနားခံ တင်ပြအပ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...