Wednesday, July 11, 2012

တိမ်တိုက်များ အကြိမ်ကြိမ်လုပ်ကြံခံခဲ့ရပေမယ့် ဗိုလ်ချုပ်အောင်ဆန်းတို့မသေ


 
       ကျွန်တော်တို့မြန်မာပြည်မှာ ဖျက်မရတဲ့သမိုင်းအမဲစက်များ များစွာရှိပါတယ်။ အဲဒီ့အထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်များ ကျဆုံးခဲ့ရတဲ့ နိုင်ငံတော်လုပ်ကြံမှုကြီးကတော့ အဆိုးဆုံးလို့သတ် မှတ်ရပါတယ်။ ကမ္ဘာ့သမိုင်းမှာ အစိုးရတစ်ဖွဲ့လုံးနီးပါး လုပ်ကြံခံရတာလည်း မြန်မာတစ်နိုင်ငံတည်း ရှိမယ်လို့ ထင်ပါတယ်။
          ခေါင်းဆောင်တွေအားလုံးဟာ အရွယ်ကောင်းတွေပါပဲ။ အဲဒီ့အစိုးရအဖွဲ့ကို လေ့လာကြည့်ရင် ရှမ်းခေါင်းဆောင်၊ ကရင်ခေါင်းဆောင်၊ ရခိုင်ခေါင်းဆောင်တွေ ပါတာတွေ့ရမှာပါ။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့ ကာကွယ်ရေးဌာနရုံးခန်းမှာအစည်းအဝေးတက်ခဲ့ကြတဲ့ ဖဆပလ ကြားဖြတ်အစိုးရ၀န်ကြီးတွေကတော့

၁။ ဗိုလ်ချုပ်အောင်ဆန်း ဒုဥက္ကဌ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာန
၂။ သခင်မြ     -ဘဏ္ဍာရေးနှင့်အခွန်တော်ဌာန
၃။ ဦးဘ၀င်း   -ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဌာန
၎။ ဒီးဒုတ်ဦးဘချို  - ပြန်ကြားရေးဌာန
၅။ ဦးရာဇတ်        - ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန
၆။ မန်းဘခိုင်      - စက်မှုလက်မှုနှင့် အလုပ်သမားဌာန
၇။ မိုင်းပွန်စော်ဘွား စ၀်စံထွန်း - တောင်တန်းရေးရာဌာန
၈။ ဦးဘဂျမ်း  - ပြန်လည်ထူထောင်ရေးဌာန
၉။ ပျော်ဘွယ်ဦးမြ - လယ်ယာနှင့် စိုက်ပျိုးရေးဌာန
၁၀။ ဦးအောင်ဇံဝေ - ပြည်သူ့ဝန်ထမ်းဌာန
၁၁။ ဦးအုန်းမောင် - ဒုတိယအတွင်းဝန်( လမ်းပန်းဆက်သွယ်ရေးဌာန) (၀န်ကြီးစောစံဘိုးသင် ကိုယ်စား)
  တို့ဖြစ်ကြပါတယ်။
 နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဦးစော၏ စီင်္မံမှုဖြင့်နိုင်ငံတော်လုပ်ကြံမှုဖြစ်ပါတော့တယ်။
ဝန်ကြီး ၂ ဦးဖြစ်တဲ့ ဦးကျော်ငြိမ်း( ပြည်ထဲရေးဌာန)နှင့် ဦးတင်ထွဋ်(ဌာနလက်ကိုင်မရှိ)တို့ကအင်္ဂလန်က မရောက်ကြသေးသလို စောစံဘိုးသင်(သယ်ယူပို့ဆောင်ရေးဌာန၀န်ကြီး) ကလည်းဧရာဝတီမြစ်ဝကျွန်းပေါ်
ဒေသကိုရောက်နေပါတယ်။ ၀န်ကြီး ၃ ဦးဖြစ်တဲ့ ဦးဘဂျမ်း၊ဦးအောင်ဇံဝေနှင့်ပျော်ဘွယ်ဦးမြတို့ကတော့ လုပ်ကြံမှုမှာ အသက်မသေခဲ့ကြပါဘူး။ အာဇာနည်များကျဆုံးပြီး မြန်မာပြည်မှာ ဇူလိုင် ၁၉ ရက်ရောက်တိုင်း အာဇာနည်နေ့ဆိုပြီး ညှိုးငယ်တဲ့စိတ်နဲ့ နိုင်ငံအနှံ့အပြားမှာလွမ်းသူ့ပန်းခွေချခြင်း၊ ဟောပြောပွဲများကျင်းပခြင်းကျောင်းတွေမှာဆိုလည်း စာစီစာကုံးပြိုင်ပွဲတွေ၊ ဟောပြောပွဲတွေနဲ့ တခန်း တနား ကျင်းပကြပါတယ်။
ဒါပေမယ့်ဗျာ ၁၉၈၈ ခုနှစ်မှာ စစ်အာဏာရှင်တွေ လက်နက်အားကိုးနဲ့တက်လာတယ်ဆိုရင်ပဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်များကို အကြိမ်ကြိမ်လုပ်ကြံတော့တာပါပဲ။ အခန်းအနားတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ခွင့်မပေးတဲ့အပြင် အာဇာနည်များလဲလျောင်းရာ အာဇာနည်ကုန်းကိုတောင် လွတ်လွတ်လပ်လပ်အလေးပြုခွင့်မပေးပဲ ချုပ်ချယ်ပါတော့တယ်။  မြန်မာပြည်သူတွေရင်ထဲက ဗိုလ်ချုပ်အောင်ဆန်း နဲ့အာဇာနည်များကိုဖြစ်တည်မနေအောင် နိုင်ငံအနှံ့ အခန်းအနားများ
ပြုလုပ်ခွင့်မပေးပဲပိတ်ပင်ခြင်း၊ဟောပြောပွဲများကျင်းပခွင့်မပြုခြင်း၊ ကျောင်းများမှာကျင်းပခြင်းကို လုံးဝပိတ်ပင်ခဲ့သည့်အတွက်ကျောင်းသားများမှာ အာဇာနည်ဆိုလျှင်အဆိုတော် Rဇာနည် ကိုသာသိသည့်အဖြစ်များဖြစ်ကုန်တော့သည်။
ယခုလည်းဇာတ်လမ်းကစတော့မည်။ ဇူလိုင်လ ၆ ရက်နေ့က ပဲခူးမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ပဲခူး NLD
များက အလေးပြုခွင့်တောင်းရာ ငြင်းဆန်သည်ဟု ကြားရပါသည်။
ကျွန်တော်တို့ငယ်ငယ်က ကျောင်းတိုင်းလိုလို အာဇာနည်နေ့အခန်းအနားများပြုလုပ်သည့်အတွက် လူငယ်
များသည် နိုင်ငံရေးနှင့်ကင်းကွာသွားခြင်းမရှိပဲ အာဇာနည်များကဲ့သို့စွန့်လွှတ်စွန့်စားသည့် စိတ်ဓါတ်များကိန်းအောင်းခဲ့ရပါသည်။ မြန်မာနိုင်ငံတော်သစ်ကြီးဖြစ်တည်ရန်မှာ လူငယ်မျိုးဆက်သစ်များ၏ လက်ထဲတွင်သာရှိသည်ဟု ယုံကြည်သည့်အတွက် ယင်းအခန်းအနားများကို နိုင်ငံနှင့်အ၀ှမ်း ကျင်းပကြပါဟု အလေးအနက် တိုက်တွန်းအပ်ပါသည်။    
Print Friendly and PDF
http://floating2012.blogspot.com/2012/07/blog-post_11.html မှ ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...