Wednesday, July 11, 2012

တိမ်သလာလေး..ခွါကြည့်ပါ..။



**ရန်သူငါးပါးထဲ မှာအင်မတန်ဆိုးဝါးလှတာသူခိုးဓမြထက်ဆိုးတဲ့ ရန်သူဟာ…***

ရုတ်တရက်ထွက်ပေါ်လာတဲ့ ဖုန်းသံကြောင့်စိတ်ကောလူပါ..သတိပေးဖုန်းမြည်သံမလို

ကသတိအနေ အထားနြ့ ရပ်မိသလိုတောင်ဖြစ်သွားပါတယ်..။

ခေတ်ပဲပြောရမလားရေစိးကြောင်းတိုးတက်မှုမှာလူငယ်ပီပီကျမလည်းဖုန်းမြည်သံလေးတွေမျိုးစုံထဲ့ ထားပါတယ်..။

ချစ်သူဆီကဖုန်းသံက..ဟန်နေ...နေ့ တိုင်းတွေ့ ချင်တာမင်းရဲ့ မျက်နှာလေး...။

သူငယ်ချင်းတွေဆို....ကိုင်ဇာရဲ့ လာကြဟေ6နာရီတောင်ထိုးပြိးဘာညာပေါ့...။

ဆွေးမျိုးဆို...တော်ပါပြီစိတ်ကုန်တယ်..**ဘာညာပေါ့နော်..

မြည်သံတခု..စသဖြင့်ခွဲ ခြားပြိးထဲ ကြတာတစ်မျိုးကောင်းလှပါတယ်..။

ခုဏကဖုန်းမြည်သံကတော့..ကိုယ်မနှစ်သက်တဲ့ သူဆီ ကဆိုတာအချက်ပေးသံကြောင့်သိရပြိ..။

ဒိလိုနဲ့ ကျမလုပ်လက်စအလုပ်လေးဘေးချပြိး စိတ်မပါစွာဖုန်းကိုကောက်ကိုင်လိုက်ရပါတော့တယ်...။

နံပါတ်ကြည့်လိုက်တော့..အော်..ပြည်ကဥိးကြီးဘဲ..ကျမအဖေရဲ့ သူငယ်ချင်းဗိုလ်မှူးဟောင်းတစ်ယောက်ပါ။

အင်မတန်အနောက်တိုင်းဆန်(ဘိုဆန်)ပြီးစစ်တပ်ဆန်စွာကျမတို့ ကိုအမိန့် တွေ ပေးခိုင်းတတ်ပြီ

မေတÇာတုန့် ပြန်ပြီးသူ ကိုယ့်သူအန်ကယ်နာမ်စားသုံးတဲ့ အခါကျမက

အနောက်တိုင်းဆန်ဆန်မခေါ်တတ်မပြောတတ်ပုံစံလုပ်ပြီးဥိးကြီးလို့ ပဲနှုတ်ကျိုးစွာခေါ်ပစ်ခဲ့ ပါတယ်.

.(ကျမလည်းလူ့ ကန့် လန့် တစ်ယောက်ပါပဲလေ.....ငယ်ငယ်ကပါ..).။။

ကျမလည်းမျက်ခုံးတချက်မြှင့်တက်ပြိး..ဟုတ်ကဲ့ ..အမိန့် ရှိပါဦးကြီးလို့ ပြန်ထူးလိုက်ပါတယ်..။

အော်...အေး မိရွှေမိလား.....အန်ကယ်ပါဗိုလ်မှုး.....ပါ။

ညည်းတူ မောင်ဒေးဗစ်နားနောက်မှာအကျိတ်ဖြစ်နေလို့  ရန်ကုန်လာကုရမယ်.။

အန်ကယ်လည်းအလုပ်တွေများလို့ မလိုက်လာနိုင်ဘူး..ဒါကြောင့်မောင်ဒေးဗစ်နဲ့ ဒရိုင်ဘာကို ရန်ကုန်

လွှတ်လိုက်မယ် ညည်းတူကိုသေချာကောင်းတဲ့ ဆရာဝန်နဲ့ ပြပေးလိုက်ပါ။

အန်ကယ်ငွေ ၅ သိန်းထဲ့ ပေးလိုက်တယ်...လိုရင်လည်းနောက်မှငွေလွှဲလိုက်မယ်..။

ပိုရင်လည်းဒေးဗစ်အတွက်စားစရာဝယ်ပေးလိုက်ပါ။

ဒရိုင်ဘာကတော့ဆီအသွားအပြန်နဲ့ နေ့ တွက်ပေးထားပြိးသား ညည်းလိုသလိုသုံး ။ပြည်မှာက

ခွဲစိတ်အထူးကုတွေသိပ်မရှိဘူးလေ..နော်..။

ဒါနဲ့ ကျမလည်း..

ဟုတ်ကဲ့ ဦးကြီး..အရီးလေးကောနေကောင်းရဲ့ လား

အရီးကောလိုက်နိုင်ရင်လိုက်ခဲ့ လေလို့ ပြောလိုက်ပါတယ်..။

မင်း အန်တီလည်းမအားလို့ ။ကဲ ...စိတ်ချမယ်...လို့ ပြောပြီးဖုန်းချလိုက်ပါတယ်..

။ဟူး....သက်ပြင်းမောတချက်ချမိပါတယ်...။

ကျမဟာမိဘများရဲ့ ဆွေမျိုးအသိုင်းဝိုင်း၊ မိတ်ဆွေတွေကြားမှာတော့အတော်လေးရေပန်းစားသူပါ..။

ငယ်ငယ်ကနေရာတကာပါစပ်စုတတ်တာကြောင့်ပဲဖြစ်ပါလိမ့် မယ်။

ဘယ်သူကဘာဖြစ်ရင်....ကျမအဖေကိုပြောလိုက်..အေးမင်း..ငါ့သမီးကိုဖုန်းဆက်လိုက်

ဒိလိုနြ့ ပဲကျမအမည်ရင်းပျောက်လို့ ....ရွှေမိအဖြစ်နဲ့ ရေပန်းစားသလို..

မသိတာအားလုံးမေးတော်တော်များများသိတတ်သူမလို့ ကျမကိုYellow Girl လိုကျိစယ်ပြိးခေါ်ကြပါတယ်။

အင်း..မဖြစ်ချေဘူး....ဥိးကြီးမြေးထင်ပါ့ ..ကိုယ်ကလည်းပြည်မြို့ ကပြောင်းလာတာနှစ်အတော်ကြာပေါ့..

ဥိးကြိးမြေးတွေထဲ မှာဒေးဗစ်ဆိုတာလည်းမသိဘူးလေ....။

နောက်ပေါက်လေးတွေကိုတော့ကျမမသိနိုင်တော့ပါဘူး။

ဥိးကြီးသားတွေ ထဲ မှာအိမ်ထောင်မကျသေးတာဆို လို့ ကျမနဲ့ ရွယ်တူသူငယ်ချင်းကျော်ကျော်တော့ရှိပါရဲ့ 

သူ့ အကြောင်းမေးရင်အဖိုးကြိးသွေးတက်နေမယ်..လို့ 

တွေးရင်းခွဲ စိတ်အထူးကုဆရာဝန်စုံစမ်း...ရက်ချိန်းယူနဲ့ ကျမလည်းရုံးအလုပ်ဆက်လုပ်နေခဲ့ ပါတယ်။

ရုံးအဆင်းအိမ်ပြန်မှာတွေးနေရပါပြိ..လူမမာတစ်ယောက်အစောင့်မပါပဲဒရိုင်ဘာနဲ့ လာကုတယ်..။

သူတို့ ငွေရှိပေမဲ့  ပြုစုဘို့ ကတော့နစ့်ဌား၊ထမင်းကတော့ဆိုင်ကစားပေါ့..။

လောလောဆယ်ရောက်ရင်ထားရမဲ့ နေရာအတွက်တွေးရပြန်ပါပြီ။

ရန်ကုန်မြို့ မှာလုံးချင်းနဲ့ မနေနိုင်သေးတြ့ ကျမတို့ မိသားစုမှာတိုက်ခန်းနှစ်ခန်းတွဲတောင် အခန်းပိုမရှိပါဘူး.

.မိန်းခလေးဆိုရင်တော့ကောင်းသား..အိမ်မှာကမိန်းမတွေကြိးပဲ။.

.မထူးပါဘူး..ငါပဲငါအခန်းပေးငါကတော့...လုပ်ရိုးလုပ်စဉ်အတိုင်းငါ့ အမကုတင်အောက်ကွေးပဲ ပေါ့...

တွေးရင်းအိမ်ပြန်လာခဲ့ ပါတယ်..။



ကျမကားထိုးအရပ်မှာ...လမ်းထဲ ကကျမကိုကြိုနေကျ..လမ်းဘေးခွေးတစ်ကောင်ရှိပါတယ်။

ကျမကမုန့် နဲ့ စာကြွင်းစားကျန်တွေကြွေးနေကြမလို့ လားမသိပါဘူးကျမကိုခင်တွယ်တဲ့ အပြင်

ကျမကားအသံပါသူမှတ်မိနေပါတယ်။

ဒါ့အပြင်ကျမကားရပ်တြ့ အခါအနားကပ်တဲ့ (အမှိုက်ကောက်တဲ့ ကလေးများဆော့ ပြီး၊

ကားဘေးခြစ်မှာပြိးတော့ဘက်ကြည့်မှန်ဖြုတ်ခိုးမှာလည်းမပူရပါဘူး၊)

ကျမအတွက်တော့အားကိုးရတဲ့ ခွေးအစောင့်လေးတစ်ကောင်ပါ။

ကျမ နဲ့ အဲ့ ဒိခွေးလေးသိတတ်မှုအတွက်အမည်ပေးထားတယ်..မဲလုံးလို့ လေ...။



ဒိနေ့ တော့ကျမဗျာများနေလို့ မဲ လုံးအတွက်မုန့် မ၀ယ်လာမိဘူး..။

ကျမလည်း..အော်မဲလုံးရေ..ဒိနေ့ တော့ငါမုန့် မပါလာဘူး...။အလုပ်တွေများနေတယ်..

နင့် ဘာသာပဲ ရှာစားတော့လို့ ...ပြောတဲ့ အခါမဲလုံးလည်းနားလည်ဟန် နဲ့ ...စိတ်မပူပါလို့ ပြောသယောင်

ကျမကိုလှမ်းကြည့်လိုက်ပါတယ်...။

(ကျမခွေးစကားတော့မတတ်ပါဘူး..ခွေးမျက်လုံးကဘာပြောချင်လည်းဆိုတာကျမ ကနားလည်မိတယ်လေ)

ကဲ ..မဲလုံးရေငါလည်းဒိနေ့ ပင်ပန်းပြိနားတော့မယ် လို့ ပြောပြိးအိမ်ပေါ်တက်လာခဲ့ ပါတယ်။

ကျမဟာ..ဘာမဟုတ်တာလေးကိုအလုပ်များဟန်ပြုပြိးကိုယ့်အပေါ်သစ©ာရှိတြ့ ခွေးအပေါ်

ရက်စက်ရာများကြနေပြိလားလို့ လဲ့ တွေးရင်း...

အိုး..သူ ကလမ်းဘေးခွေးလေ...သူ့ ဘာသူရှာစားလိုက်မယ်တွေးပြိးမေ့ ပျောက်လိုက်ပါတယ်။



စနေ့ နေ့နေလည်ခင်းမှာတော့ဥိးကြိးဒရိုင်ဘာကရောက်ရှိပြိးဖြစ်ကြောင်းအကြောင်းကြားလို့ 

ကျမလည်းဆေးခန်းတခါတည်းဝင်ရန်ရုံးဆင်းလိုက်ပါတယ်..

ရုံးအောက်ရောက်တော့မောင်ဒေးဗစ်ကိုမတွေ ရပါဘူးဒ့ါနဲ့ 

ဥိးလေးရေ..ဘယ်မှာလည်းလူနာကအမေးမှာကားဆိဥိးတည်သွားလို့ ကျမကားထဲ အကြည့်မှာတော့..

အနောက်ဘက်ကသုံးယောက်ထိုင်ခုံတခုလုံးနီးပါးအပြည့်အိပ်နေတဲ့ ကြီးမားတဲ့ ဘူတယ်ရီယာအမျိုးစား

အလွန်ကြီးမားသောခွေးကြီးတစ်ကောင်အတွေ့ မှာအံ့ သြပြိးအမလေး..ဒါကမောင်ဒေးဗစ်ဟုတ်လား..

.အိုးကျမ ကလူဥိးကြိးမြေးထင်နေတာ..ဘယ့်နှယ့်ဥိးကြိးတို့ များခွေးဆိုခွေးလို့ မပြောဘဲဘယ့်နှယ့်မောင်ဒေးဗစ်.

.နောက်ထပ်ပြောလိုက်ပါသေးတယ်..ညည်းတူ..ဒါဆို.ငါပါခွေးဖြစ်...

.အဲ...ပြသနာပဲဥိးလေးရေ..ကျမကဘွတ်ကင်ယူထားတာလူဆေးကုတဲ့ အထူးကုဆရာဝန်တွေလေ.

..ခွေးအထူးကု ကိုမယူထားဘူး...။ရိလည်းရိချင်စိတ်လည်းရှုတ်စွာနဲ့ တိရိစာ¬န်ဆရာဝန်ကိုထပ်စုံစမ်းရပြန်ပါတယ်။

ဒိလို နဲ့ ဆေးခန်းမှာတော့ဆရာဝန် ကချက်ခြင်းခွဲ စိတ်ပေးပြိးပေမဲ့ ၅ရက်ခန့် ဆေးရုံတက်ရမည်ဖြစ်ကြောင်း

ခွဲစိတ်ခကတသိန်ရှစ်နှစ်သောင်း..အဲ သူ ကလည်းအခန်းခ ကတနေ့ တစ်သောင်းခွဲ နဲ့ ၅ရက်စာ၊

သန့် ရှင်းရေးနဲ့ ပြုစုဘို့ ဆရာမပေါင်းလိုက်တော့..ဒေးဗစ်ဆေးကုခငွေက..အမလေး......

.

ဒေးဗစ်အတွက်ကျသင့်ငွေရှင်းပြိးအိမ်အပြန်မှာတော့...ခွေးချင်းတူတာတောင်...

ဒေးဗစ်ကအိမ်အတွက်ဘာအကျိုးရှိသလဲသခင်အပေါ်ကိုရော..

အိမ်ကိုရောဘယ်လောက်စောင့်ရှောင်နိုင်သလဲ...။ကျမရဲ မဲလုံးဟာ စားစရာသူ့ ဘာသာရှာတယ်

အိပ်စရာသူ့ ဘာသာရှာအိပ်တယ်...။

ဒါပေမဲ့ တခါတရံ ကျမကြွေးတဲ့ အကျန်လေးတွေ မုန့် (တန်ဘိုးမများပါ)တွေ နဲ့ ကျမ..အိမ်၊ ကား..ဒါတွေ ကိုသူ ကစောင့်ရှောက်ပေးတယ်..။

ဒေးဗစ်လိုခွေးမျိုးတွေ ကသခင်(ချမ်သာသူရှိမှ) အိပ်ဖို့ စားဖို့ နေမကောင်းရင်ပြုစုဘို့ 

သူတို့ ဘ၀ဟာသခင်မရှိရင်မဖြစ်ဘူးမရပ်တည်နိုင်ဘူး...။

ခွေးပေါ်ကုန်ကျငွေတွေ က....ဥိးကြိးရဲ့ သားကအရွယ်ရောက်နေပြီးကိုယ်ပိုင်စီးပွားရေးလုပ်ချင်လို့ 

ငွေအရင်းအနှိး၅သိန်းတောင်းတာမထုတ်ပေးတဲ့ အတွက်ဥိးကြိးနဲ့ သူ့ သားကျော်ကျော်

အဆင်တာတွေ ကြားရသိရတော့..ကျမဥိးကြိးအပေါ်နားမလည်နိုင်တော့ပါဘူး...။

* တလွဲ အတွေးတွေနဲ့ ပညာတတ်လှပါတယ်ဆိုတဲ့ ဥိးကြီးက..ဒါကိုတွေးကောတွေးမိရဲ့ လား

* သူ့ ရဲ့ သားဟာ..ဒေးဗစ်လောက်အသုံးမ၀င်နေလို့ လား...

* ဒါမှမဟုတ်ကိုယ့်ဝမ်းစာကိုယ့်ရှာစားရတြ့ လမ်းဘေးခွေးဘ၀ကို ကိုယ်ကိုတိုင်ဝင်စေချင်တာလား.......

အတွေးပေါင်းများစွာ က.....

ဦးကြီးရဲ့ အဇိတ တိမ်သလွာလေးခွာကြည့်ရင်မြင်မိမှာပါ........



အမှားပါရင်တောင်းပန်ပါသည်

လေးစားသော

ရွှေအိမ်စည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...