Wednesday, July 11, 2012

ကျန်းမာရေး ဗဟုသုတ စာစု (၁)

အထိုင်များသော အလုပ်ကြောင့် စောစောစီးစီး သေဆုံးစေနိုင် .......

တစ်ခါ ထိုင်ရင် သုံး-လေး နာရီကျော် ကြာတဲ့ သူတွေကို လေ့လာခဲ့ရာ စောစော စီးစီး
သေဆုံးနိုင်ခြေ မြင့်မားနေတယ်လို့ လေ့လာမှု နှစ်ခုအရ သိရပါတယ်။ အမေရိကန်လေ့လာမှုအရ တစ်နေ့ ခြောက်နာရီထက် ပိုမိုထိုင်ပြီး လေ့ကျင့် ခန်း မလုပ်တဲ့ အမျိုးသမီးတွေက အချိန် မတိုင်မီ စောစောသေဆုံးနိုင်ခြေ ၇၀ ရာ ခိုင်နှုန်းကျော် ပိုမိုမြင့်မားကြောင်း၊ အမျိုး သားတွေမှာတော့ အချိန်မတိုင်မီ စောစော သေဆုံးနိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမိုမြင့် မားကြောင်း လေ့လာ တွေ့ရှိရပါတယ်။ ဩစတြေးလျလေ့လာမှုအရ တစ် နေ့ ၁၁နာရီကျော်ထိုင်တဲ့သူတွေက
အချိန်မတိုင်မီ စောစောသေဆုံးနိုင်ခြေ ၄၀ရာ ခိုင်နှုန်းပိုမိုမြင့်မားကြောင်း တွေ့ရှိရပါ တယ်။
လေ့လာမှုနှစ်ရပ်အရ လူတွေက အ ထိုင်များလေလေ၊ ဘဝသက်တမ်းတိုဖို့ အ ခွင့်အလမ်း ပိုများလေလေ ဖြစ်တာကို တွေ့ရပါတယ်။
အထိုင်များသူတို့အတွက် ဖြေရှင်းနည်း
အထိုင်များတဲ့ အလုပ်လုပ်ရသူတွေအ နေနဲ့ နာရီဝက်ကြာ ထိုင်ပြီးတိုင်း မတ် တပ်ရပ်ပေးဖို့လိုပါတယ်။


ဖုန်းကို ရပ်ပြီး ပြောတာ၊ လက်ကိုင် ဖုန်း ကို လမ်းလျှောက်ပြီး ပြောတာမျိုးလုပ်ပါ။
လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြော ရာမှာ အီးမေး၊ ချက်တင်တွေနဲ့ ပြော မယ့်အစား သူတို့ဆီကို သွားရောက်ပြီး ပြောပါ။
နာရီများစွာ ကြာကြာထိုင်ပြီး အလုပ် လုပ်မယ့်အစား မကြာခဏ ရေသောက် လိုက်၊ အိမ်သာသွားလိုက်(ဆီးသွားလိုက်) လုပ်ပေးပါ။
နည်းကောင်းတစ်ခု လက်ဆောင်ရ ( ခါး နားသောသူများအတွက် ပါ ).....

အခု နည်းကတော့ သဘောင်္ရွက်ပါဘဲဗျာ လွယ်ကူပါတယ်၊ သင်္ဘောရွက်စိမ်းတစ်ရွက်ကို ညအိပ်ခါနီး ကျောဘက်အင်္ကျီ အတွင်းက အသားပေါ်မှာ ကပ်ထားပြီး အိပ်ရမယ်။ ပက်လက်လှဲပြီး ညအိပ်ပါ။ ခါးထဲက အပူအခိုးတွေ ကို သင်္ဘောရွက်က စုပ်ယူပါတယ်။ ကပ်ထားခိုက်မှာ စပ်ရှိန်းရှိန်းခံစားရပါမယ်။ အဲဒီလို နေ့စဉ် ရက်ဆက် မပျက်မကွက် လုပ်ရပါတယ်။

နောက်ပြီး ခါးလေ့ကျင့်ခန်းကိုလည်း လုပ်ရပါမယ်။ လုပ်ပုံကတော့ မတ်တပ်ရပ်နေပြီး ခါးကို ရှေ့အနည်း ငယ် ကိုင်းပြီး ခန္ဓာကိုယ်ကို ခါးမှစ၍ ဆန်ကောဝိုင်းသလို လှည့်ပတ်ပေးရပါမယ်။ ဘယ်ပြန်ညာပြန် (၁၀) ကြိမ်လောက် အလိုက်သင့် သက်သက်သာသာ လှည့်ဝိုက်ပေးရပါမယ်။ အဲဒီလိုလုပ်တော့ ခါးရိုး၊ ခါးဆစ်က အကြောအရွက်တွေ ပွင့်လာပြီး အညောင်းအကိုက် သက်သာလာပါလိမ့်မယ်။ တစ်နေ့မှာ နှစ်ကြိမ်လောက် လေ့ကျင့်လုပ်ကြည့်ပါ။

ငွေမကုန်သောနည်း .............
ဤနည်းကား စားဆေး၊ လိမ်းဆေးမဟုတ်ပါ။ ငွေကြေး ကုန်ကျမှုလည်း မရှိပါ။ လွယ်ကူပါသည်။
( ဘဲဥစားသုံးနည်းလည်းကောင်းပါသည် )
ခါးကိုက် ခါးနာရောဂါ ပျောက်ကင်းသက်သာကြပါစေ။
Mg Mandalay

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...