Saturday, July 7, 2012

မြန်မာ ၁၂ လ ရာသီ

By မြန်မာပြည်မှမြန်မာလူမျိုး (Albums

ရှေးမြန်မာတွေရဲ့ ၁၂လရာသီ ခုတော့ တစ်ချို့ လ တွေက ပွဲတော်တွေက ပျောက်ကွယ်နေပါပြီ ခုခေတ်ကလေးတွေဆို ဖတ်စာအုပ်မှာကြည်ပြီကြာဖူးတာ တကယ်လက်တွေ့မှာ မသိကြတော့ပါဘူး အားလုံးတွက် ငယ်ဘ၀ကို သတိတရ ဖြစ်စေလိုပါတယ် .......
ရှေးမြန်မာတို့၏ တဆယ့်နှစ်လ နာမည်များကို အဓိပ္ပာယ်ဖော်ထုတ်လေ့လာခြင်းအားဖြင့် ခရစ် ၁၁ ရာစုနှစ် အတွင်းက မြန်မာတို့၏ နှစ်ပတ်လည်မည်သို့ အလုပ်လုပ်ခြင်း၊ မည်သို့စားသောက် နေထိုင်ကြခြင်း စသည်တို့ကို ကောင်းစွာသိမြင်နိုင်ပေသည်။ တနည်းအားဖြင့် ရှေးခေတ်ရှေးအခါက မြန်မာတို့၏ လူမှုစီးပွားရေးဘ၀ကို သိနိုင်ပေသည်။ နှစ်သစ်ကူး သင်္ကြန်ပွဲပြီးနောက် မြန်မာတို့ ထန်းမပင်များမှထန်းသီး ခူးကြကြောင်း၊ ကလေးငယ်များ ထန်းသီး ကြိုက်ကြောင်း၊ အိမ်ရှင်မများ ထန်းသီးမုန့် လုပ်ကြောင်း၊ နေအပူရှိန် တစ်ရက်ထက် တစ်ရက် တိုးလာကြောင်း၊ မည်သည့်အလုပ်ကိုမျှ အပင်ပန်းခံပြီး ကြိုးစား ဆောင်ရွက်နိုင်တောမည် မဟုတ်ကြောင်း၊ ဗောဓိညောင်ပင်များ ခန်းခြောက်ရေငတ်နေပြီ ဖြစ်သည့်အတွက် လူတိုင်းက ညောင်ရေသွန်းပွဲ လုပ်ရန် စိတ်အားထက်သန် နေကြကြောင်း၊ ခန်းခြောက်နေသည့် မြေပြင်တွင် လူတိုင်းက မိုးကို တမ်းတ နေကြကြောင်း၊ မကြာခင် မိုးရွာသွန်းသည့်အတွက် စိုက်ခင်း ပျိုးခင်းတွေ စတင်လုပ်ကိုင်ကြတော့မည့်အကြောင်း၊ လူတိုင်း ပျော်ရွှင်ပြီး အမှုကိစ္စများအား လက်ဖြင့်မပြတ်တမ်း ဆောင်ရွက်ချိန် ရောက်ပြီဖြစ်ကြောင်း၊ သီးသန့် ပြင်ဆင်ထားသည့် ပျိုးခင်းများမှ ကောက်ပင်ငယ်တို့ကို ပျိုးထောင်ကြောင်း၊ လယ်ကွင်းကို လယ်ကွက်ငယ်များအဖြစ် ပိုင်းခြားပြီး အနားသတ် ကန်သင်း ဖို့ကာ ရေနည်းနည်းစီသွင်းကြောင်း၊ ထို့နောက် ကောက်စိုက်ရန့် ပြင်ဆင်ကြောင်း၊ ကောက်စိုက်ပြီးလျှင် အပင်ငယ်များရှင်သန်စေရန် အထူး ဂရုစိုက်ကြရကြောင်း၊ သုံးလေးလမျှကြိုးစားဆောင်ရွက်ပြီးနောက် ခေတ္တခဏ အနားယူဖို့ ခွင့်ရကြောင်း၊ ကောက်ပင်ငယ်များ ရှင်သန်ကြီးထွားလာသည်ကို ကြည့်ပြီး အလွန်ပင်ဝမ်းမြောက်ကြကြောင်း၊ ပွဲလမ်းသဘင် လုပ်ဖို့ သတိရကြကြောင်း၊လှေပွဲများကျင်းပကြသည့်အကြောင်း၊ ကိုးကွယ် ယုံကြည်မှုနှင့် တွဲစပ်ပြီး မီးထွန်းပွဲ လုပ်ကြကြောင်း၊ ထိုနောက် နှစ်လတိုင်တိုင် အလုပ် ပြန်လုပ်ကြကြောင်း၊ ကောက်ပဲသီးနှံများကိုရိတ်သိမ်းပြီး ကျီများအတွင်း သိမ်းဆည်းသိုလှောင်ပြီးသည်အထိ အချိန်ပြည့် ကြိုးစား ဆောင်ရွက်ရကြောင်း၊ တဖက်မှာလည်း ကောက်ပဲသီးနှံ ပိုလျှံစေရန် နတ်သိကြားတို့ကို မှိုင်းမပူဇော်ပသရကြောင်း၊ ဝမ်းစာစပါးတို့ကို စပါးကျီတွင်း အပြည့်သိမ်းဆည်းပြီးနောက် ငါးလတာအနားရပြန်သည့်အကြောင်း၊ မည်သည့်အလုပ်မျှ အပင်ပန်းခံ မလုပ်တော့သည့်အပြင် အသင့်အတင့် ရီဝေယစ်မူးစေသည့် ထန်းရည်ကို သောက်ပြီး အေးအေးဆေးဆေး နေခွင့်ရကြောင်း၊ သားမြေးနှင့်အနီးအနာရှိ ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များအား ရှင်ပြုပေးပြီး ဘုန်းတော်ကြီးကျောင်းသို့ စာသင်ရန်ပို့ထားသည့်အကြောင်း၊ စုဆောင်းထားသောစပါး တချို့ကို သုံးပြီး အခုဘဝ၊ နောက်ဘဝ အကျိုးကျေးဇူး ရှိရာ ရှိကြောင်း ကောင်းမှုကုသိုလ်များကိုပြုလုပ်ကြကြောင်း၊ မင်းနှင့်တကွ ပြည်သူအများကလည်း မိဘ ဘိုးဘွား ဆွေမျိုး မိတ်သင်္ဂဟတို့ကို ကောင်းမှု၏အကျိုးတူ ရစေရန်အတွင် အမျှဝေပြီး သာဓု အနုမောဒနာ ခေါ်ကြကြောင်း စသည်ဖြင့် သိရှိနိုင်ပါသည်။ 


(ဒေါက်တာ သန်းထွန်း)


http://www.facebook.com/media/set/?set=a.220338794742602.44148.15009697 8433451&type=1 တွင် အပြည့်အစုံ ရှိပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...