Saturday, July 7, 2012

မမြင်ရတဲ့အစိုင်အခဲဟာ အဝေ့ကိုကျောပေါ်တင်လို့ ခေါ်ဆောင်သွားတဲ့ ကဗျာ


by Sat Paing on Saturday, July 7, 2012 at 12:40pm 

ခိုင်လုံတဲ့မျိုးရိုးဗီဇ အကြောကိုဆွဲဆန့်ပစ်လိုက် အဲ့ဒီအရိပ်ဟာတော့ အမြဲတမ်းတိတ်ဆိတ်နေလိမ့်မယ်
မျိုးပွားဖို့အတွက် လိုအပ်မယ်ထင်တဲ့စာရွက်စာတမ်းတွေဟာ ခေတ်သစ်အခေါ်အဝေါ်ကို တွန်းလှန်ပစ်လိုက်တယ်
မခန့်မှန်းနိုင်လောက်အောင် လွတ်လွတ်လပ်လပ် ညည်းငြူပျော်ရွှင်နေကြတာပဲ ဒီကြားထဲက
လက်စလက်နသေသပ်အောင် လုပ်ယူသွားတဲ့ လူသတ်သမားအဝေ့ အဲ့ဒါအဝေ့ပဲ ကြားထဲကိုအကုန်ထည့်
ဝေ့ကြားထဲကိုအကုန်ထည့် ပေါက်တတ်ကရကဗျာတွေ လာခဲ့ လာခဲ့
မကြည့်ပဲပစ်လဲထိတာပဲ ပစ်မှတ်ဟာ မထင်ရှားဘူး မထိတစ်ချက်ထိတစ်ချက်ပဲ
အားလုံးက ရောင်ဝါးဝါး ခန္ဓာအစုတ်အပဲ့
ရိရွဲနေလိမ့်မယ် အားလုံးက မသေချင်ကြပေမယ့် အသံတွေကြားထဲမှာ လူတွေပစ်စလက်ခတ်သေနေကြတယ်

လိန်ဖယ်လိန်ဖယ်အကြည့်ပြောစကားတွေ ကတုန်ကယင်အရိပ်တွေကြားထဲက အဝေ့တွေ လာလာမခေါ်စမ်းနဲ့ ထွက်သွားစမ်း ကဗျာတွေအသေတွေ ကမ္ဘာစစ်ကြီးနဲ့မမြူဆွယ်နဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ကဗျာဆရာတွေ
ကဗျာစစ် ကမ္ဘာစစ် ကဗျာစစ် ကမ္ဘာစစ်
လက်စတုံးပစ်လိုက် အဝေ့ မိန့်မိန့်ကြီးနဲ့ အဝေ့ကြီးပေါ်က အလေ့ကျပေါက်ပင်တွေ
ဒေ၀ဒတ်ထက်မိုက်တဲ့ ကဗျာဆရာတွေ
တက်ကျိုးရင်လက်ထိုးပြီးလှော်ရမယ် လက်ကျိုးနေရင် လျှာထိုးပြီးလှော်ရမယ်
ကျမှာကြောက်နေရင် အမှောင်ထဲမှာမနေနဲ့ သွေးတွေမြေမကျတော့ဘူး မြေမကျတော့ဘူး
ကျမယ့်သွေးတွေကို ဖောက်ထုတ်ပစ်ထားပါ  ပင့်သပ်ခံထားရတဲ့ သမ္မကျမ်းစာတွေ
အဝေ့လောက်တောင် အရေးမပါခဲ့တဲ့
သူတို့မှာ ရဲစွမ်းသတ္တိနဲ့ သစ္စာစောင့်သိမှုက သူတို့ရဲ့အသက်နဲ့လိပ်ပြာကို အဓွန့်ရှည်နေစေတယ်
ပေါ်ပင်ကျော်ကြားမှုတွေကို ခုံမင်နေသရွေ့  အနုပညာဟာလှူပ်ရှားမှုကင်းမဲ့နေလိမ့်မယ် ဒေသအခေါ်အဝေါ်
အပြင်ကအမှတ်တရထက် ရင်ထဲကအမှတ်ရမှုက ၀ိဥာဉ်တွေအတွက် ပိုမိုအသုံးဝင်လိမ့်မယ် ခေါ်သွား ခေါ်သွား
မိခင်မေတ္တာတွန်ကျူးတဲ့ စွန့်ပစ်ကလေးငယ်တွေက လှောင်ပြောင်ရယ်မော
ကျောပေါ်ခုန်တက် ကလိုက်စမ်းပါ အဝေ့
ကွာခြားချက်အတုအရောင်တွေ မြင်အောင်ကြည့်လိုက်စမ်း ဘယ်သူကဘယ်သူ့ထက်ပိုပြီးဘာတွေကိုများစွမ်းဆောင်ခဲ့ကြ
သေသွားသူကြာရင်မေ့ သင်ယူတတ်မြောက်ထားတာတွေကို အိပ်မောမကျစေနဲ့အဝေ့
အဲ့ဒီဓါးဟာ လူသတ်ဖို့ပဲဖြစ်တယ် မြင်မြင်သမျှ ထိုးခုတ်ပစ်လိုက် ရောက်ရှိရာအရပ်မှာ ရန်သူန်ကလြွဲုပီး ဘယ်သူမှမရှိဘူး နောက်ဆုံးပြေးရင်းလွှားရင်း မိစ္ဆာဆိုးတွေက မိုးသီးမိုးပေါက်တွေလိုပဲ အလုအယက်ကျဆင်းလာတာ ခဏတော့ အနားယူ တစ်ခုခုကိုနားထောင်
မြင်အောင်ကြည့် ဘာတစ်ခုမှထင်ပေါ်မလာတဲ့အခါ မြင်အောင်ကြည့် ဘာတစ်ခုမှထင်ပေါ်မလာတဲ့အခါ
ကြားလား ခေါ်သံတွေ ကြားလား အခေါ်အဝေါ်တွေ နားထား မျှော့တွေလိုပဲ တလွင့်လွင့်နဲ့မျောလာကြတာ
ကင်မရာက လှည့်စားထားတယ် နောက်ကိုလှည့်ကြည့် နောက်ကိုလှည့်ကြည့် တစ်ယောက်ယောက်ယောက်က သတိပေးစကားပြောနေ ၀ုန်းကနဲ  လှမ်း ဆွဲ လိုက်တာ လဲကျသွား မမြင်လိုက်ဘူး
နောင်တတွေ အများကြီးနဲ့   ထွက်ပြေး   လိုက်    အော်
လျှာတွေမရှိတဲ့ ကမ္ဘာမြေ အလွန်တရာ အလှတရားတွေအကြောင်း တဖွဖွပြောဆိုနေကြတာ ၀မ်းနည်း ပျော်တယ်
ရောထွေးမှာကြောက်ပြီး မရောထွေးကြတော့ သီတာထွေးက ရောခံလိုက်ရ
လက်တွေက လူသတ်ကောင်တွေပဲ ထပ်ဖြစ်တယ်
တစ်ယောက်က လည်ပင်းကိုညှစ်ပေမယ့် တစ်ယောက်က အတင်းဆွဲဖြဲ ပစ်လိုက်တယ် ဆေးလိပ်ဟာမကောင်းဘူးပဲ ဆွဲဖြဲ ပစ်လိုက်တယ်
မသေခင် အစမ်းသေကြည့်မိတဲ့ခေတ်ပဲ တိုက်တွေ နာမည်ကြီလာတယ် ကြိုးတွေနေရာ ရလာတယ် ခြေသံတွေကြားလား နာကျည်းမှုနဲ့အတူ မျက်ဝါးထင်ထင် ဖြစ်ပျက်မှုတွေ
လေနဲ့အတူရောထွေးလာတဲ့ အဝေ့တွေ ဝေ့ကြားထဲမှာ အကုန်ရှိတယ်
ဥပမာ မြက်ခြောက်တွေကအစ ဆေးခြောက်တွေအဆုံး မျောလာပြီ မြောလာပြီ မျော့လာပြီ
လက်ဖ၀ါးတွေကို လေပေါ်ပစ်မှောက်လိုက်ကြ ကမ္ဘာကြီးကို သန့်စင်ဖို့ လက်ဖ၀ါးတွေကို မှောက်ပစ်လိုက်ကြ
စုံ မ စုံ မ စုန်းမ
လှည်းစားခံလိုက်ရပြီ တကယ်က အနောက်မှာဘယ်သူမှမရှိဘူးထင်ပြီး အနောက်ကိုလှည့်မကြည့်မိလိုက်တာ
နံရံအသီးသီးက အရာအသီးသီးတွေထွက်ပေါ်လာသလိုမျိုးပဲ ဘာမှမလုပ်နိုင်တော့တဲ့အဆုံး ကြိုးတွေ တိုက်တွေ
ခံတွင်းထဲက ပိုးကို သတ်ပစ်လိုက် နံရံပေါ်ကို တွယ်ကပ်နေတဲ့ ပိုးတွေ ကြိုးတွေနဲ့ မလှုပ်နိုင်အောင် ချည်ထွေး လာပြန်ပြီ ထွေး
တဖြည်းဖြည်းပါးလျလာတာကိုတော့ သတိထားမိတယ်
အငွေ့ဟာအစိုင်အခဲဖြစ်နိုင်တယ်ဆို အစိုင်အခဲဟာလဲအငွေ့ ဖြစ်နိုင်တယ်ဆို
လက်လှမ်းမမှီသမျှဟာ အလိမ်အညာတွေကြီးပဲ နားထောင်ကောင်းရုံပဲဆို ဒီကဗျာကိုမဖတ်နဲ့။
  

ဇာတိ(ဖျာပုံ)
8.7.2012
2:00 AM
မြန်မာစံတော်ချိန် ၂နာရီ တိတိပဲ။
zartipyapon@gmail.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...