Monday, July 23, 2012

ဂျီနိုဆိုဒ်အတွက် တဘက်လှည့်သွေးထိုးမှုကြီး အပိုင်း(၂)


by News@MMSY on Monday, July 23, 2012 at 8:17am ·


အယူမှန်ခရစ်ယာန်ဘာသာဝင် ဆလပ်တွေရဲ့ နေရာကို ခိုးဝင်ရောက်အခြေချလာတဲ့ အိမ်နီးနားချင်း အစ္စလာမ်ဘာသာဝင် အယ်ဘေးနီးယားက တဖြေးဖြေးနဲ့ အင်အားကြီးထွားလာတော့ မူရင်းဒေသခံ ဆလပ်တွေ လူနည်းစုဖြစ်၊ အဲဒီကနေ အခု ရခိုင်ဒေသမှာလိုပဲ လူမျိုးရေးပဋိပက္ခဖြစ်တော့ အယ်ဘေးနီးယားက ပံ့ပိုးပြီး ကိုဆိုဗိုလွတ်မြောက်ရေး တပ်မတော်ဆိုပြီးဖွဲ့ ဒီကနေ အယ်ဘေးနီးယား အမျိုးသားတပ်မတော်ဆိုပြီး မူလဒေသခံ ဆလပ်တွေကို သတ်တာတွေ ဖြတ်တာတွေလုပ်၊ အဲဒီတုန်းက  ယူဂိုဆလားဗီးယား တစ်နိုင်ငံလုံးမှာဆို ဆလပ်တွေက လူများစု ဖြစ်ပြီး အယ်ဘေးနီးယားအနွယ်တွေက လူနည်းစုပေါ့၊ ဒါပေမဲ့ ကိုဆိုဗိုမှာကတော့ အယ်ဘေးနီးယားအနွယ်တွေက လူများစု ဆလပ်တွေက လူနည်းစု အခု ဘူးသီးတောင် မောင်းတောလိုပေါ့။ 


ကိုအောင်ဇင်လတ်နဲ့ တာဝန်မဲ့အလဲဗင်းတို့ သိထားတဲ့ ကိုဆိုဗိုသမိုင်းက myth ဆိုတဲ့ ဒဏ္ဍာရီတွေပါ။ ခရစ်နှစ် ၆ ရာစုအကုန်လောက်မှာ ကိုဆိုဗိုက အော်တိုမန်အင်ပါယာအောက်ရောက်နေပြီ။ သမိုင်းမှန်အရ အဲဒီအချိန်က ကိုဆိုဗိုမှာ ကက်သလစ်အလ်ဘေးနီးယန်းတွေရှိနေပေမယ့် သူတို့ပိုင် ချာ့ခ်ျတွေက ဆာဘီးယားသြသိုဒေါ့စ်ချာခ်ျတွေထက် တန်ခိုးသြဇာနည်းပါတယ်။ ကိုအောင်ဇင်လတ်ပြောတဲ့ အယူမှန်ခရစ်ယာန်ဆိုတာ ဘယ်တမျိုးလဲခင်ဗျာ။ ဆာဘီးယန်းသြသိုဒေါစ်လား၊ အလ်ဘေးနီးယန်းကက်သလစ်လား။

အဲဒီအချိန်က အလ်ဘေးနီးယန်းတိုင်း မွတ်စလင်မ်လို့ ရောထွေးပြီး လုပ်ပစ်ခဲ့တာ၊ စာဖတ်ပရိသတ်ကို လှည့်စားခဲ့တာကတော့ ပက်စက်တဲ့ ယုတ်မာမှုပဲလို့ မှတ်ချက်ပြုပါရစေ။

မဲလ်ကွန် နိုဝဲလ်ရေးသားတဲ့ ကိုဆိုဗို၊ အတိုချုန်းသမိုင်းစာအုပ်မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

The Bektashi order of dervishes carried out a conversion campaign which stressed the similarities between their version of Islam and Christianity.

ဘတ်တရှီသြဒါခေါ် ရှီယိုက်ဆူဖီလှုပ်ရှားမှုက ကိုဆိုဗိုမှာ ဘယ်လိုလှုပ်ရှားခဲ့သလဲ၊ ဒါရ်ဝီရှ်လို့ခေါ်တဲ့ အစ္စလာမ်သာသနာပြုတွေက သူတို့ပုံစံ အစ္စလာမ်နဲ့ ခရစ်ယာန်အကြားတူညီမှုကို အသားပေးဖော်ပြခဲ့ပြီး သာသနာပြုခဲ့ကြတာပါ။ (Malcolm, Noel, Kosovo: A Short History, pp.124-135) ဘယ်နှယ့်လုပ် ခိုးဝင်လို့ ကိုဆိုဗိုမှာ မွတ်စလင်မ်တွေ များလာရတာလဲ။ ကိုယ့်ကလောင် ကိုယ်တာဝန်ခံရင် detail research လည်း လုပ်ဦးမှပေါ့ဗျာ။

၁၇၁၇ မှာ ဘဲလ်ဂရိတ်ကနေ အစ္စတန်ဘုလ်အထိ ဗြိတိသျှသံအမတ်ကို လမ်းပြလုပ်ပေးခဲ့တဲ့ အလ်ဘေးနီးယန်းကြီးကဆို သောကြာနေ့ဗလီတက်ပြီး တနင်္ဂနွေ ရောက်ရင် ချာ့ခ်ျတတ်သတဲ့။ (Murphy, Dervla, Embassy to Constantinople, p.102)

Albanians in Kosovo who had been passing as Muslims were declaring themselves Catholics (to avoid conscription) as late as 1845. (Malcolm, Noel, Kosovo: A Short History, pp 185-86) ကိုဆိုဗိုက အလ်ဘေးနီးယန်းတွေက မွတ်စလင်မ်တွေအဖြစ် ဘ၀ကျောင်းလမ်းနေခဲ့ကြပေမယ့် သူတို့ကိုယ်သူတို့တော့ (စစ်မှုမထမ်းရအောင်) ကက်သလစ်လို့ ၁၈၄၅ လောက်ထိ ကြေငြာခဲ့ကြတာဆိုပဲ။

ဒီတော့ကား ကိုဆိုဗိုက အလ်ဘေးနီးယန်းတွေကို ခရစ်ယာန်လို့ပြောလည်း မှန်နေမှာပဲ။ (http://en.wikipedia.org/wiki/Islam_in_Kosovo#cite_note-5 မှ ကိုးကား)

နောက်တစ်ချက်က ကိုဆိုဗိုမှာ ဆာ့ဘ်တွေ ပျောက်သွားတာမျိုး မရှိခဲ့ဘူး။ ၁၉၉၉ မွတ်စလင်မ်ဂျီနိုဆိုဒ်မဖြစ်ခင်ထိ ဆာ့ဘ်ပမာဏက များပြားဆဲပါပဲ။ ဘာကြောင့်လဲဆိုတော့ -

The third myth that Malcolm tries to debunk is the celebrated migration of thousands of Serbs from Kosovo to southern Hungary at the end of the seventeenth century led by their patriarch, Arsenije III. Malcolm's fascinating research concludes that the patriarch fled the territory without leading a mass exodus, that the numbers of Serbs who eventually landed in Hungary were fewer than Serb tradition assumes, that most of the Serb refugees were not from Kosovo, and that it was therefore not this event that caused Kosovo to be depopulated of Serbs. (http://www.ess.uwe.ac.uk/genocide/reviewy5.htm)

၇ရာစုမှာ ကိုဆိုဗိုကနေ ဟန်ဂေရီကို ထွက်သွားတဲ့ ဆာ့ဘ်အုပ်စုကြီးကို ရိုးမယ်ဖွဲ့ပြီး ကိုဆိုဗိုမှာ ဆာ့ဘ်လူဦးရေ နည်းသွားတယ်လို့ မပြောနိုင်ဘူးလို့ မဲလ်ကွန်နိုဝဲလ်ရဲ့ စာအုပ်ကို ရီဗျူးလုပ်ထားတဲ့ သောမတ်စ် အမ်းမားတ်က တင်ပြထားသဗျ။
အတိုချုန်းရရင်တော့ အော်တိုမန်အင်ပါယာ (ခရစ် ၆ ရာစု) ကတည်းက ကိုဆိုဗိုမှာ အစ္စလာမ်သာသနာဆိုတာ ရှိနေပြီးပြီ ကိုအောင်ဇင်လတ်ရ။ ပြောမယ်ဆိုရင် နောက်ပိုင်းမှ ခင်ဗျားပြောတဲ့ အစစ်အမှန်ခရစ်ယာန်တွေကြောင့် မွတ်စလင်မ်တွေ အစုလိုက်အပြုံလိုက် သေပွဲဝင်ခဲ့ရလို့ မွတ်စလင်မ်ဦးရေ ကိုဆိုဗိုမှာ ဒီထက်နည်းသွားတာပဲ။

ကိုဆိုဗိုမှာ မွတ်စလင်မ်တွေ ဆာ့ဘ်တွေနဲ့ နင်လား၊ ငါလား ခေတ်ပြိုင်ရှိခဲ့ကြတာ၊ ခိုးဝင်လာလို့ ဆာ့ဘ်တွေနေရာပျောက်တာမဟုတ်ဆိုတာ ရှင်းလောက်ပါပြီ။

၁၄ရာစုက ကိုဆိုဗိုမှာ ဆာတ့်က ၉၆.၆% အယ်ဘေးနီးယားက ၃% ပဲရှိတယ်၊ အဲ ၁၉၉၁ ရောက်တော့ အယ်ဘေးနီးယားက ၈၁.၆% နဲ့ ဆာ့တ်က ၉% ပဲ ကျန်တဲ့အထိ ပြောင်းပြန်ဖြစ်သွားတယ်
ခင်ဗျားနှိုင်းယှဉ်ပုံကလည်းဗျာ။ ၁၄ ရာစုနဲ့ ၂၀ ရာစု၊ အတော်လည်း နီးနိုင်လွန်းပါတယ်။

ကိုအောင်ဇင်လတ်ရေးခဲ့တဲ့ ၁၄ ရာစုမှာ ဆာ့ဘ်ဘယ်လောက်၊ ၁၉၉၁ မှာ ဘယ်လောက်ပဲကျန်တော့တယ်ဆိုတာက အလ်ဘေးနီးယန်း တွေ ခိုးဝင်လာလို့၊ တိုက်ထုတ်လိုက်လို့မှ မဟုတ်တာပဲ။ အလ်ဘေးနီးယန်းတွေကိုယ်တိုင် ကျင့်သုံးတဲ့ အစ္စလာမ်ဝါဒက ခရစ်ယာန်နဲ့ လိုက်လျောညီထွေဖြစ်နေမှာတော့ ကက်သလစ်နဲ့ သြသိုဒေါစ်ညိတာကို မဆီမဆိုင် မွတ်စလင်မ်ကို ဘယ်ကြားထဲ ထည့်လိုက်ရတာတုန်း။

၁၉၉၁ သန်းခေါင်စာရင်းကို ကြည့်ရင် ဒီလိုတွေ့ရပါတယ်။

အလ်ဘေးနီးယန်းတွေ ဘွိုင်ကောက်လုပ်ခဲ့တဲ့ သန်းခေါင်စာရင်းအရ ၁၉၉၁ မှာ ဒီလို -
  • 194,190 Serbs (10%)
  • 20,365 Montenegrins (1%)
  • 9,091 Albanians (most boycotted)
  • 57,758 Muslims
  • 44,307 Romas
  • 10,445 Turks
  • 8,062 Croats (Janjevci, Letnicani)
  • 3,457 Yugoslavs
နောက်ပိုင်းပြင်ဆင်နဲ့ ၁၉၉၁ သန်းခေါင်စာရင်းက ဒီလို -
  • 1,596,072 Albanians (81.6%)
  • 194,190 Serbs (9.9%)
  • 66,189 Muslims (3.4%)
  • 45,760 Romas (2.34%)
  • 20,365 Montenegrins (1.04%)
  • 10,445 Turks (0.53%)
  • 8,062 Croats (Janjevci) (0.41)
  • 3,457 Yugoslavs (0.18%)
  • 11,656 others (0.6%)
(http://en.wikipedia.org/wiki/Demographics_of_Kosovo#1321-1331)
အဲဒါပေမယ့်ပြင်ဆင်ချက်ကို အမှန်လို့ မယူကြဖို့ ၀ီကီက သတိပေးထားသဗျ။ ဒီတော့ကား ဘယ်မလဲ မွတ်စလင်မ်အရေအတွက်က ဆာ့ဘ်ထက်ပိုများပါတယ်ဆိုတဲ့ အထောက်အထား။ အလ်ဘေးနီးယန်းတိုင်း မွတ်စလင်မ်မဟုတ်ဆိုတာ သတိလေးတော့ ချပ်ခဲ့သင့်တာပေါ့ဗျာ။

မဲလ်ကွန် နိုဝဲလ်ရေးသားတဲ့ A Short History သမိုင်းစာအုပ် ခုလို မှတ်ချက်ပေးထားပါသေးတယ်။

"There have been many battles and wars in Kosovo over the centuries, but until the last 100 years or so none of them had the character of an 'ethnic' conflict between Albanians and Serbs." (Kosovo, A Short History page. xxix)

(၂၀ ရာစု အတွင်း) ကိုဆိုဗိုမှာ စစ်ပွဲတွေအများကြီးဖြစ်ခဲ့တာပေါ့၊ ဒါပေမယ့် လွန်ခဲ့နှစ် ၁၀၀ အတွင်း သို့မဟုတ် အဲလောက် အချိန်အထိ အလ်ဘေးနီးယန်းတွေနဲ့ ဆာ့ဘ်တွေအကြား လူမျိုးရေး ပဋိပက္ခ၊ နှစ်ဘက်စလုံးမှာ မရှိခဲ့ဘူးတဲ့ဗျာ။ အတုယူစရာပေါ့ဗျာ။

၁၉၈၁ ကိုဆိုဗိုမှာ ဆာ့တ်နဲ့ အယ်ဘေးနီးယား လူမျိုးရေး ပဋိပက္ခဖြစ်တော့ အစ္စလာမ်ဘာသာဝင် အယ်ဘေးနီးယားတွေက တိုက်ခိုက်လို့ ဆာတ့်လူမျိုး တစ်သောင်းလောက် ကိုဆိုဗိုကနေ ပြောင်းပြေးခဲ့ကြတယ်၊ ဆာ့တ်တွေရဲ့ ရှေးဘာသာရေး အဆောက်အဦးတွေ အဖျက်အဆီးခံရတယ်။ နောက်ပိုင်း ပဋိပက္ခတွေ ခဏခဏဆက်ဖြစ်နေတော့ လူနည်းစုဆာ့တ်တွေက ကိုဆိုဗိုမှာ မနေရဲကြတော့ဘူး။ ဒီလိုနဲ့ ကိုဆိုဗိုဟာ အယ်ဘေးနီးယားအနွယ် အစ္စလာမ်ဘာသာဝင် လူများစုနေထိုင်တဲ့ အရပ်ဖြစ်သွားခဲ့တယ်။

သမိုင်းစာအုပ် ခုလို ၁၉၈၁ မှာ အလ်ဘေးနီးယန်းကျောင်းသားတွေက နိုင်ငံရဲ့ဆင်းရဲမွဲတေမှု၊ ကျောင်းပြီးအလုပ်မရှိမှုနဲ့ အလုပ်လက်မဲ့မြင့်မားမှုတွေ ကြောင့် ဆန္ဒပြကြတယ်။ နောက်တော့ ဆူပူသောင်းကျန်းမှုအသွင်ဖြစ်သွားပြီး လူပေါင်း ၂ သောင်းလောက်ပါဝင်လာတယ်။

ကိုအောင်ဇင်လတ်ရေ၊ ဒီနေရာမှာ ခင်ဗျားပြောသလို ဆာ့ဘ်တွေဘက်က ထိခိုက်နစ်နာမှု၊ ခွဲခြားခံရမှုတွေ ရှိခဲ့ပါတယ်။ သို့သော် အဲဒီအချိန်က ကိုဆိုဗိုကို အုပ်ချုပ်နေတာ ကွန်မြူနစ်အစိုးရ၊ ယူဂိုဆလပ်အစိုးရလေဗျာ။

Perhaps the most politically explosive complaint leveled by the Kosovo Serbs was that they were being neglected by the Communist authorities in Belgrade. (New York Times 1987-06-27, "Belgrade Battles Kosovo Serbs")

ကိုဆိုဗိုဆာ့ဘ်တွေ အပေါက်ကွဲဆုံး စောဒကတက်ခဲ့ကြတာက သူတို့ကို ဘဲဂရိတ်အာဏာပိုင် ကွန်မြူနစ်တွေက လျစ်လျူပြုခဲ့တာကိုပါ။

In August 1987, during the dying days of Yugoslavia's Communist regime, Kosovo was visited by Slobodan Milošević, then a rising politician. He appealed to Serb nationalism to further his career. Having drawn huge crowds to a rally commemorating the Battle of Kosovo, he pledged to Kosovo Serbs that "No one should dare to beat you", and became an instant hero of Kosovo's Serbs. By the end of the year Milošević was in control of the Serbian government. (Wiki - http://en.wikipedia.org/wiki/History_of_Kosovo#cite_note-nyt19870627-28)

၁၉၈၇ သြဂုတ်လ မှာတော့ ကိုဆိုဗိုကို ဆလိုဘိုဒန် မီလိုဆီဗစ် (ယူဂိုဆလပ် ဆိုရှယ်လစ် ၀န်ကြီးချုပ်) လာလည်ပြီး ဆာ့ဘ်တွေကို တောင်းပန်ခဲ့တယ်။ ဆာ့ဘ်တွေကို သူက “ဘယ်သူမှမင်းတို့ကို မရိုက်ရဲစေရဘူး” လို့ ကတိတောင်ပေးလိုက်သေး။ ပြီးတော့မှ သူက ဆားဘီးယန်းအစိုးရကို ထိန်းချုပ်တော့တာပဲ။ (ဆာ့ဘ်လို လူမျိုးက သူမကျူးလွန်တဲ့ကိစ္စအတွက် သူတာဝန်ခံပြီး တောင်းပန်မှာတော့ မဟုတ်လောက်။)

ကိုအောင်ဇင်လတ်ရေ၊ ဘယ်မှာလည်း ခင်ဗျားပြောတဲ့ အလ်ဘေးနီးယန်းမွတ်စလင်မ်တွေ တပ်တွေဖွဲ့တိုက်ထုတ်လို့ ထွက်ပြေးသွားရတဲ့ ဆာ့ဘ်တွေအကြောင်း။ ဆာ့ဘ်တွေကို လုပ်ခဲ့တာ ကွန်မြူနစ်ယူဂိုဆလပ်အစိုးရခင်ဗျ။

ဒါပေမဲ့ ရခိုင်တပ်တွေအနေနဲ့ မျိုးချစ်စိတ် ပြင်းထန်လွန်းတော့ မီလိုဆီဗစ်နဲ့ သူတပ်တွေ ခံသွားရသလို အဖြစ်မျိုး မကြုံအောင် အတော်လေးသတိထားရမယ်၊
ကဲဒီလိုဆို မီလိုဆီဗစ်ကြီးဘက်က အခမဲ့ရှေ့နေလိုက်ပေးပြီး လူသတ်ပွဲကြီးကို တရားမျှတပါတယ်၊ ရခိုင်မှာလည်း ဒါမျိုးလုပ်သင့်ပါတယ်လို့ သွယ်ဝိုက်စွာရေးသားခဲ့တဲ့ ကိုအောင်ဇင်လတ်ခင်ဗျား။ ခင်ဗျားရေး self written က ၂၀၀၇ ဖေဖော်ဝါရီက နိုင်ငံတကာတရားရုံးဆုံးဖြတ်ချက် (ICJ ဆုံးဖြတ်ချက်) ကို ဘယ်ဂုဏ်ကြောင့် ၀ံ့သတုန်း ကြည့်၊ ကြည့်မယ်ဗျာ။

The Court concludes that the acts committed at Srebrenica falling within Article II (a) and (b) of the Convention were committed with the specific intent to destroy in part the group of the Muslims of Bosnia and Herzegovina as such; and accordingly that these were acts of genocide, committed by members of the VRS in and around Srebrenica from about 13 July 1995.(http://www.icj-cij.org/docket/files/91/13685.pdf - The Hague, 26 February 2007, p. 108, paragraph 297.)

အတိုချုန်းရရင် ၁၃ ရက် ဇူလိုင် ၁၉၉၅ လောက်ကနေ ကျူးလွန်ခဲ့တဲ့ (မွတ်စလင်မ် များကို သတ်ဖြတ်ခဲ့တဲ့ လူသတ်ပွဲကြီးက) ဂျီနိုဆိုဒ်၊ မျိုးတုန်းသတ်ဖြတ်ပွဲဖြစ်ခဲ့ပါတယ်လို့  ကမ္ဘာ့တရားရုံးက ဆုံးဖြတ်ခဲ့ပါသတဲ့။ ဟိတ်ဂ်မြို့က အိုင်စီဂျေ ၀က်ဘ်ဆိုဒ်၊ ဒီမှာပါ - http://www.icj-cij.org/  ကိုအောင်ဇင်လတ် ဆက်သွယ်ပြီး စောဒက တက်မယ်ဆိုရင် အရံသင့် သုံးနိုင်အောင်လို့ပါ။ (ကျေးဇူးတင်စရာမလိုပါ။)

အားနည်းရာကို ဂရုဏာသက်လေ့ရှိတဲ့  မီဒီယာတွေ လူ့အခွင့်ရေးသမားတွေကို လွှမ်းမိုးပြီး နိုင်ငံတကာအသိုင်းအ၀န်းဟာ ကိုဆိုဗိုစစ်ပွဲကို အယ်ဘေးနီးယားနဲ့ ဆာ့တ်တွေရဲ့ လူမျိုးရေး ပြဿနာရယ်လို့ မမြင်တော့ပဲ မွတ်ဆလင်လူနည်းကို ခရစ်ယာန်လူများစုက အနိုင်ကျင့်နှိပ်စက်တယ်လို့ မြင်ခဲ့ကြတယ်။

မီဒီယာဆိုတာ အားနည်းရာကို ကရုဏာသက်တတ်တယ်တဲ့လားဗျာ။ အဲ- မြန်မာ့နံပါတ် ၁ မီဒီယာကတော့ အမှန်တရားဆိုရင် ကြားမနေပေါင်တဲ့ဗျား။

ကဲ - အလဲဗင်းနဲ့ ကိုအောင်ဇင်လတ်ရေ၊ ကိုဆိုဗိုစစ်ပွဲမှာ ဆာ့ဘ်တွေကို နိုင်ထက်စီးနင်းလုပ်ခဲ့တာ ဘယ်သူတွေလဲ၊ မွတ်စလင်မ်တွေကို အစုလိုက် အပြုံလိုက် မျိုးတုန်းသတ်ဖြတ်တာဘယ်သူလည်း ရှင်းပါပြီနော်။

ဒီတော့ကား ခင်ဗျားတို့ နှစ်ပါတီ ပူးပေါင်းပြီး ရိုးသားလှတဲ့ မြန်မာပြည်သူလူထုကို တဘက်လက်နဲ့ လှည့်စား၊ သမိုင်းလိမ်ကို တင်ပြ၊ မွတ်စလင်မ်ဆို မုန်းတီးအောင်လှုံဆော် ၊ ဒါတင်တင်မက မြန်မာပြည်တွင်း ဂျီနိုဆိုဒ်ဖြစ်လာအောင် သွယ်ဝိုက်ဝါဒဖြန့်ချိလေတော့ သမိုင်းမှာ အမဲစက်အကြီးကြီး စွန်းထင်းမလာနိုင်ဘူးလို့ ခင်ဗျားတို့ အာမခံနိုင်လို့လား။ ဒါဟာ အလွန်အင်မတန် အန္တရာယ်များတဲ့ ၀ါဒဖြန့်ချိမှုဆိုတာ မီဒီယာကြီးတစ်ခု လုပ်နေပြီး သတိမထားမိလေရော့သလား။ ခင်ဗျားတို့ကိုယ်တိုင် ရခိုင် (ဗုဒ္ဓ) တွေ သွေးဆူတယ်လို့ အောက်ပါအတိုင်း ၀န်ခံထား (သိထား) ပြီးမှ ဘာလို့ ဒီလို ၀ါဒဖြန့်ချိပါသလဲ။

ဒါပေမဲ့ ရခိုင်တပ်တွေအနေနဲ့ မျိုးချစ်စိတ် ပြင်းထန်လွန်းတော့ မီလိုဆီဗစ်နဲ့ သူတပ်တွေ ခံသွားရသလို အဖြစ်မျိုး မကြုံအောင် အတော်လေးသတိထားရမယ်၊

ရခိုင်တွေသာ နယ်ခြားစောင့်တပ်အဖြစ် နယ်ခြားကို စောင့်ရှောက်ရရင် မျိုးချစ်စိတ်အပြည့်နဲ့မို့ နယ်ခြားကနေ အကျင့်ပျက်ခြစားမှုကို ဂယ်ပေါက်တစ်ခုလိုအသုံးချပြီး ခိုးဝင်မဲ့ကိစ္စမျိုး မဖြစ်နိုင်တော့ဘူး။

တာဝန်မဲ့ ၀ါဒဖြန့်ချိမှု အလိုမရှိ။

ကျွန်တော်ရေးသားတင်ပြဖူးတဲ့ The most successful propaganda technique ဆိုတာလေး ပြန်တင်ပြပြီး နိဂုံးကမ္ပ အဆုံးသတ်ပါရစေ။ (http://www.freerepublic.com/focus/f-news/1530401/posts)

နံပါတ် ၃ မှာ ပြောထားတာက
# 3. Misinformation: This is a subtle technique, it involves reporting information in such a way that the final message of the story is not true, it’s what the propagandist wants you to believe.


ဒီတော့ အလဲဗင်းက ကိုအောင်ဇင်လတ်မှတ်စုကို တင်ပေးလိုက်အပြီး ဖြစ်ပျက်လာတဲ့ မုန်းတီးမှုအခြေခံ အစပျိုးမှု၊ ဆဲရေးမှု၊ လူမျိုးရေးခွဲခြားမှုတွေ ကိုဘယ်သူတာဝန်ယူပေးမလဲ စောင့်ကြည့်ပါရစေ။


အမုန်းတရားများ ကင်းဝေးကြပါစေ။ မမှန်သတင်း ၀ါဒဖြန့်ချိခြင်းမှ ရှောင်ရှားနိုင်ကြပါစေ။

Daniel Shane

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...