Wednesday, June 6, 2012

ကျနော်ရယ် Pants လေးရယ် ဖုတ်သွင်းရထားနဲ့ ဆောင့်ကြွားကြွား ဈေးဝယ်ထွက်ကြတယ်


by ဇာ တိ on Wednesday, June 6, 2012 at 1:11am ·


ကျနော်ရယ် Pants လေးရယ် ဈေးဝယ်ထွက်ကြတယ်  ပုံမှန်ကတော့ မှော်ဝင်ထားတဲ့ နတ်ဘုရားမပဲ
မှင်ခြစ်ရာ တစ်ခုခြင်းစီမှာ လူသေတွေရဲ့ အသံတွေ လူရှင်တွေရဲ့ အော်သံတွေ ကြားရတယ်
ကျနော်တို့ နှစ်ယောက် ဈေးဝယ်ထွက်တဲ့အချိန်မှာ အံ့စရာပဲ အားလုံး ရပ်တန့်နေတယ်
အဲ့ဒီ Pants လေးက Blue Label နဲ့ marlboro ကို တွဲမိထားသလိုပဲ သိပ်ကို ဆောင့်ကြွားကြွား နိုင်တယ်

ဖိတ်ချင်းဖိတ် ခေါင်းတလားထဲသာ ဖိတ်ပါစေတော့ ဒါက လူမှန်နေရာမှန်
မြေပုံငယ်လေးထဲ နောက်ထပ် ဖုတ်သွင်းရထား ဆိုက်ရောက်ပြန်ပြီ 
အဟီးဟီးဟီး  ကလေးလေး တစ်ယောက်က စူးစူးဝါးဝါး ထငိုတယ်
တယ်လီဖုန်းသံလည်း တစ်ချက်တစ်ချက် ကြားတယ် ဟဲလို ဟဲလို 
ကိုဇေယျာလင်းအပြောတော့ ကဗျာဆိုတာ ကွိကွိပေါ့
ဖန်တလီဖန်တလာနဲ့ မြူးထူးနေကြ  မျဉ်းဖြောင့်တစ်ကြောင်းထဲမှာပဲ ယိုင်ထိုးထိုး လမ်းလျှောက်
ငါ့လက်ကို ကိုင်ထား Pants လေးရယ်  တို့တတွေ လန်ချားစီးတဲ့ခေတ်မှာပဲ တေးသီချင်းဆိုရအောင်
လင်းမြွေရှိလား လင်းမြွေရှိလား ကြယ်တစ်ပွင့်ရှိတယ် ကြယ်တစ်ပွင့် ရှိတယ်  ဒါက လိုင်စင်သဘော ဆောင်ထားတယ်
ဘိုးတော်ဘုရား လက်ထက်မှာ သူယောင်မယ်တွေ အဆုပ်လိုက် ပွင့်တယ်
အခြေနေကို သုံးသပ်ကြည့်တော့ သွေးစုပ်ကောင်က ကျနော်ဖြစ်နေပြီး သွေးဆာသူက Pants လေးဖြစ်တယ်
ငွားစွင့်နေတာပဲ လွန်လွန်ကြူးကြူး လင်းလက်နေတယ်  အို . . .သွားအားမကျနဲ့ Pants လေးရယ်
ရက်လွန်ကြေး ပေးဆောင်ပြီးရင် အားလုံး OK မှာပါ  အဲ့ဒီညက လွင့်ပျံ့လာတဲ့ နှူးကလီးယားဗုံးများဟာ
ဗီယက်နမ်သူလေးတွေကို အသေအလဲ မွှေနှောက်သွားတယ် မြွေပါရှိလား မြွေပါရှိလား ချက်အရက်ရှိတယ် ချက်အရက်ရှိတယ်
ယာယီစခန်းမှာပဲ တစ်ယူဇနာခရီးစာ မှောက်အိပ်ခဲ့တယ် ဘယ်နေရာကြည့်ကြည့် စပါးနှံ နဲ့ ဆီဦးထောပတ်ကြီးပဲ
လာသွားမယ် Pants လေး  ငပိရည် တစ်ဇွန်းရဲ့ အဖိုးအနဂ္ဂ ထိုက်တန်တဲ့နေရာမှာ စတည်းချမယ်
စကားမစပ် တရေးလောက် ကျနော် အိပ်လိုက်အုံးမယ်  စရိတ်စက က ထုံးစံအတိုင်း ဗလောင်းဗလဲ နိုင်လှတယ်
ကျနော်က ရှူနာရှိုက်ကုန်း  Pants လေးက ရှက်အမ်းအမ်း အရွယ် နှယ်နှယ်ရရမဟုတ်ဘူး
ကိုယ့်လူ လက်ရုံးရည်ရော နှလုံးရည်ရော အားလုံးဟာ ပုံစံဘောင်ခွက်ထဲက ခွေးလေးတွေ
ကျောသပ်ပေးတာ နဲ့ ရာသက်ပန် Run လို့ရပြီ  တချို့က သရဖူနဲ့ တချို့က လည်ပတ်နဲ့
ရူးမိုက်တယ်ပဲ ပြောပြော အားလုံးဟာ ဟာသဆန်တယ်  နှာခေါင်းပိတ်ထား Pants လေး
ငါတို့ဟာ နတ်ဘုရား မဟုတ်သည့်တိုင်အောင် ပုပ်အဲ့အဲ့အနံ့တွေကို မကြိုက်ဘူး
ဒိုးတူပေါင်ဖက် စားခဲ့ကြတာပဲ ဘယ်ရွေ့ဘယ်မျှရယ်လို့ မရှိဘူး မသေခင် ဒေါ်လီမွှေယုံလေးပါ

စောင့်နေကြရအောင် Pants လေး ချုံနွယ်ပိတ်ပေါင်းတွေ ကြားမှာပဲ အသက်၀၀ရှူကြမယ်
ပိတ်ပစ်လိုက် ရီမုကွန်ထရိုးနဲ့ အမြန်သာ ပိတ်ပစ်လိုက်  တစ်ရာသီလုံး ဇာတ်မျောနေမှာ
သတ်ပုံကြမ်းထဲမှာတော့ သဒ္ဒါကြမ်းတွေပြည့်နှက်လို့ . . . ငါးမျှားချိတ်မှာ သုတ်လိမ်းထားတဲ့ လူစာကောင်းတွေပဲ
ကဲ လာ Pants လေး ၀ယ်စရာ စုံပြီဆိုရင် ဒို့အိမ်ပြန်ကြရအောင်။




စိန်လှမောင်
မြန်မာစံတော်ချိန် မနက် ၅ နာရီတိတိ
၁၄.၄.၂၀၁၁



(စိန်လှမောင် ကလောင်ဖြင့် ကျနော်ရေးသားခဲ့ဖူးသော ကဗျာများဖြစ်သည်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...