"ပြန်ကြည့်၊ မျှော်ကြည့်၊ ၀ိုင်းပတ်ကြည့်" (Hindsight, Foresight, Comments)
Author: lubo601 |
1:07 PM |
No မှတ်ချက် |
"စာရေးသူ၏အမှာ"
ပေါ်လစီပြုစုရာတွင် ယေဘူယျအားဖြင့် ချဉ်းကပ်နည်း နှစ်နည်းကို၊ အသုံးပြုလေ့ရှိပါသည်။ ပထမနည်းက၊ အချက်အလက်များနောက်မှ အဖြေရှာခြင်းဖြစ်သည်။ “ပြန်ကြည့်ခြင်း” (Hindsight) ဟုခေါ်ပါသည်။ သမိုင်းဖြစ်ရပ်များက “မျဉ်းတန်း” (Linear) သဘော ဆောင်စဉ်တွင်၊ ဤနည်းက အတော် အသုံးတည့်ခဲ့ဘူးသည်။ သို့နှင့်တိုင်၊ မျဉ်းတန်းသဘောမှ ရွေ့လာသောအခါ (Non-linear)၊ အလုပ်မဖြစ်လှတော့ပါ။ သို့နှင့်အမျှ ဒုတိယနည်းကို အာထားလာကြသည်။ ဤနည်းက၊ ဖြစ်တန်ရာ အချက်အလက်များကို ကြိုတင် မှန်းဆကြည့်သည်။ “မျှော်ကြည့်ခြင်း” (Foresight) ဟုခေါ်သည်။ ဤနည်းသစ်ကို အလွန်အကျွံ အားကိုးလာရာမှ၊ နောက်ဆုံး ‘သမိုင်းမလို’ ဆိုသည်အထိ၊ ရောက်လာခဲ့ပါသည်။
ခေတ်ပြိုင်ပညာရှင်တစ်ဦးဟု ဆိုနိုင်သော အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်းဂျား ကမူ၊ ၂၁ရာစုတွင် သမိုင်းအမွေခံ ပြဿနာဟောင်းများရော၊ သမိုင်းတွင် မကြုံဖူးသည့် ပြဿနာများပါ ရင်ဆိုင်ရဖွယ်ရှိသည်ဟု နိမိတ်ဖတ်ထားသည်။ ရာစုသစ်၏ပထမနှစ်များက အဖြစ်သနစ်များနှင့် ချိန်ညှိလိုက်ရာ၊ ကစ်ဆင်းဂျားအဆိုက အတော်လေး လက်တွေ့ကျဟန်ရှိသည်။ ဥပမာ- အရှေ့အလယ်ပိုင်းကို တွက်ကြည့်လိုက်လျှင်ပင်၊ ဤသဘောကို အထင်အရှားတွေ့နိုင်ပါသည်။ ပါလက်စတိုင်းပြဿနာက အဟောင်း၊ အစွန်းရောက် အကြမ်းဖက်ဝါဒက အသစ် …၊ နှစ်ခုလုံးရောနေသည်။
ဤတွင် “ပြန်ကြည့်”၊ “မျှော်ကြည့်” ရုံမျှမကတော့ဘဲ၊ ပတ်ချာလှည့်ကြည့်ဖို့ လိုလာတော့သည်။ ချဉ်းကပ်နည်းမှာ ယခင်လို မဖြောင့်တော့၊ ကွေးလာသည်။ ကွေးရုံမှမက စက်ဝိုင်းလိုပင် ဖြစ်ကောင်းဖြစ်လာနိုင်သည်။ စက်ဝိုင်းဆိုရာတွင်လည်း၊ ဒါချည်း ဒါချည်း ထပ်ကျော့စက်ဝိုင်း မဟုတ်။ ဒိုင်းနမစ်စက်ဝိုင်း ဖြစ်ရမည်ဟု ဆိုသည်။ စက်ဝိုင်းကို စပရိန်လိုကြွတက်၊ ခုန်ထွက်အောင် စူးစူးရှရှကြည့်တတ်၊ တွေးတတ်ဖို့လိုမည်ဟု ဆိုလိုချင်ဟန်တူပါသည်။
Published by “Plastic Rainbow Book Publication”
Price: 3500 ks
စာမူပုံနှိပ်ထုတ်ဝေခွင့်ပြုချက်အမှတ် - ၄၀၀၃၂၄၀၃၁၂
မျက်နှာဖုံးပုံနှိပ်ထုတ်ဝေခွင့်အမှတ် - ၄၀၀၃၇၀၀၄၁၂

- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment