Sunday, June 3, 2012

ရင်းဇိုက် နှင့် တောင်ဝှေး


by Zay Ya on Sunday, June 3, 2012 at 7:08am


မနက်ခင်း တစ်ခု မှာ- ဇင်ဆရာ ရင်းဇိုက်- က တောင်ဝှေး တစ်ချောင်း ထောက်ပြီး ဒကာ တစ်ဦး နဲ့ အတူ လမ်းလျောက် ထွက် တယ်။ လမ်း ရောက်တော့ - ဒကာဖြစ်သူက မေးခွန်း တစ်ခု အမှတ် တမဲ့ မေး တယ်။

"အသိဥာဏ်အလင်း ဆိုတာ- ဘယ်လို မျိုးလဲ။ ဘယ်မှာ ရှာရ မလဲ - ဆရာ။"

ရင်းဇိုက်က သူ့လက်ထဲကိုင်ထားတဲ့ တောင်ဝှေးကို အဲ့ဒီ ဒကာရှေ့မှာ ထောင်လိုက်တယ်။


"မင်း ဒီတောင်ဝှေးကို မြင်လား။ မြင်တယ် ဆိုရင် - အသိဥာဏ် အလင်း ဆိုတာ ကို ခင်ဗျား အခြား ဘယ်မှာမှ ရှာနေစရာ မလိုဘူးပဲ"

ဒကာ ဖြစ်သူ က နားမလည်ဘူး။ စိတ်ရှုပ်သွားတဲ့ ပုံနဲ့ ထပ် မေးတယ်။

"ဒီတောင်ဝှေးဟာ တုတ် တစ်ချောင်း သက်သက်ပဲလေ ဆရာ။ ဒါကြီး မြင်ရုံနဲ့ အသိဥာဏ်အလင်း ဘယ်လို ရမှာလဲ"

ရင်းဇိုက်က အဲ့ဒကာ ရှေ့ ကနေ တောင်ဝှေးကို ပြန်ဆွဲယူလိုက်တယ်။
"မင်းမြင်တဲ့ အရာဟာ -တောင်ဝှေးလား - တုတ်ချောင်းလား ဟုတ်လား မဟုတ်လား အရေးမကြီး ပါဘူး။ တကယ် အရေး ပါတာက - မင်း မြင်သလား ဆိုတာ တစ်ခု ပဲ။ အခု အဲ့ဒီ တုတ်တစ်ချောင်း မင်းရှေ့မှာ မရှိတော့ ဘူး။ ဒါပေမယ့် - မေးခွန်းတွေ ထဲပဲ ဝဲလည်နေ တဲ့ မင်း အတွက် - အဲ့ဒီ မရှိတော့ တာ ကို လည်း မမြင်ပြန်ဘူး- မဟုတ်လား။ စင်စစ် မင်း သိလိုတဲ့ အသိဥာဏ် အလင်း ဆိုတာ အဝေးကြီး မှာ မဟုတ်ဘူး။ အဲ့ဒီ - မြင်ခြင်း သက်သက်ကို သာ - ဆိုလိုတယ်။"

.................
June 3th 2012 @3:00 PM
.................


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...