Sunday, June 24, 2012

ဘာသာရေးလွှမ်းမိုးမှု ၊ ယဉ်ကျေးမှု လွှမ်းမိုးမှု ၊ လူမျိးရေး လွှမ်းမိုးမှု


by Bo K Nyein on Saturday, June 23, 2012 at 11:41pm 

                                                                         အပိုင်း (၃) (ခ)

မနေ့ က အစ္စလမ် နှင့် ယနေ့ အစ္စလမ် မတူပါ။
အစ္စလမ် ဘာသာအကြောင်းပြောလိုက်တာနဲ့ တချို့ အစ္စလမ် ဘာသာတွေ ဟာ အစ္စလမ် ဘာသာသည် အလွန်ငြိမ်းချမ်းသည့်ဘာသာဖြစ်ကြောင်း ၊ တချို့ကလည်း ဗိုလ်ချုပ်တို့ နှင့်  အတူ တိုင်းပြည်အတွက် အသက်ပေးခဲ့သော အာဇာနည် အစ္စလမ်  ဘာသာ ၀င် ဆရာကြီး ဦးရာဇတ် တို့ ကို ဥပမာပေးပြီး အစ္စလမ်  ဘာသာကို ကာကွယ်လာကြတယ်။ စာရေးသူ က evolution အကြောင်းရေးရာမှာ (အချိန်) (Time factor) ကိုပါ အစဦးပိုင်း အပိုင်း (၁) မှာ တင်ပြခဲ့ပါတယ်။

ဗိုလ်ချုပ်တို့ခေတ်က နဲ့ အခု (၂၁) ရာစုနှစ် ၀င်ကာစ ၂၀၁၂ ဟာ (အချိန်) အပိုင်းအခြားအရ မတူတော့ပါ။
(အချိန်) မတူသည့်အတွက် evolution အရ အစ္စလမ်  ဘာသာ ၏ ရပ်တည်မှုအခြေအနေ သည်လည်း (မတူ) ပါ။ ဗိုလ်ချုပ်တို့ ခေတ်က အစ္စလမ် ဘာသာသည် ကိုလိုနီနယ်ချဲ့ တို့၏အောက်တွင် နင်ပြားဘ၀ နှင့် ရပ်တည်နေရသည်။ ကိုလိုနီနယ်ချဲ့  တို့၏ ခရိယာန်များအောက်တွင် ပြားပြားဝပ်လျှက်ရှိသည်။ Wahhabism ဆိုသည်ကို ဆော်ဒီအပြင်ဖက်တွင် ကြားဖူးကြမည်မထင်။ သို့သော် စစ်ကြီးအပြီး ရေနံခေတ် သို့ရောက်လာသောအခါမှ ဆော်ဒီတို့၏ petrol dollars တွေနှင့် ကမ္ဘာပြန့်ခဲ့ရပြီ။ ထို့ကြောင့် ဗိုလ်ချုပ်တို့ ခေတ်က အစ္စလမ် ဘာသာ ၏ ရုပ်ပုံနှင့် ယနေ့ခေတ် အစ္စလမ်ဘာသာ၏ ရုပ်ပုံ တို့သည် လားလားမှ မတူ။

ဤ စာရေးချိန် ဇွန်လ ၂၂ ၇က် ၂၀၁၂ နေ့တွင် နေ့စဉ် သတင်းများကို ကြည့်လျှင် အာဖဂန်တွင် တာလီဖန်များ က lake resort ကို အစ္စလမ်အကြမ်းဖက်သမား (၄)ဦး က၀င် စီးသဖြင် အာဖဂန် (၁၈) ဦးသေဆုံး ခဲ့ရသည်။ တာလီဖန် တွေ၏ကြေငြာချက်အရ ၊ အစ္စလမ်ဘာသာ၏ဆုံးမ ချက်နှင့် ဆန့်ကျင်သော အပြုအမူ များရှိခဲ့၍လို့ သတင်းများတွင်ဖေါ်ပြထားသည်။ တဖန် Nigeria နိုင်ငံတွင် Boko Haram ဆိုတဲ့ အစွန်းရောက်အစ္စလမ် အဖွဲ့ဝင်တွေဟာ ထောက်လျှေက် Churches တွေကို လိုက် ဘုံးခွဲ ဖျက်စီး လူတွေကို သတ်လျှက်ရှိသည်။ Boko Haram ၏ရည်ရွယ်ချက်မှာ Nigeria နိုင်ငံတွင် အစ္စလမ် ဥပဒေ Sharia Law ကိုကျင့်သုံးရန် ဖြစ်သည်ဟု ဗြောင်ကြေငြာထားသည်။ သောကြာနေ့ က အီရတ်ဈေးတွင် ဘုံးပေါက်ကွဲရာ လူ ၁၄ ယောက်သေဆုံးရသည်ဟု ဆိုသည်။ Huffington Post အရ ဒီတလ တည်းမှာပင် အဲလ်ကိုင်းဒါး နှင့် ဆက်စပ်လျှက်ရှိသော စူနီသူပုန် တို့ကြောင့် လူ ၁၆၀ သေခဲ့ရပြီ ဟုဆိုသည်။  အားလုံး အစ္စလမ် အကြမ်းဖက်သမားတွေ ချည်း မဟုတ်ပါလား။

အစ္စလမ်ဘာသာဟာ တကယ်ပဲ ငြိမ်းချမ်းတယ်တဲ့ လား
အစ္စလမ်ဘာသာဟာ တကယ်ပဲ ငြိမ်းချမ်းတယ် ၊ မငြိမ်းဖူး ဆိုတာ Interpretation အပေါ်မူတည်ပါတယ်။ ကိုရန် ဟာ Bible နဲ့ ပင်မတူပါ။ John ရေးသော မူကွဲ နှင့် Luther ရေးသော မူကွဲ ရယ်လို့ မရှိပါ။ ဤတခုထဲသော ကိုရန် ကိုဖတ်ပြီး တချို့ ပညာရှင်တွေ က အစ္စလမ်ဘာသာ သည် အို အလွန်ငြိမ်းချမ်း သည့် ဘာသာသည်ဟု ပြန်ဆိုကြသည်။ နားလည်ကြသည်။ တချိန်ထဲမှာ ပင် အစ္စလမ်မစ် အကြမ်းဖက် သမား များက Jihad ကွ ၊ ဘာသာ အတွက် အသက်ပေးကြကွ ဆိုပြီး ဤ ကိုရန် ပင် တိုင်တယ် ကြပြီး   Allahu Akbar  (Arabic: الله أكبر) ဟု မသတ်ခင် ကြွေးကျော်ကြသေးသည်။ မိမိ၏ဘုရားကို တိုင်တည်ပြီး တကမ္ဘာလုံး လူသတ်ပွဲ တွေဆင်နွှဲ နေသော ဘာသာကို စဉ်းစားတတ်သူ တယောက် အနေနှင့် ငြိမ်းချမ်းသည့် ဘာသာ ဟု မည်သူက လက်ခံ ၀ံ့မှာလဲ။ ထို့ကြောင့် ကိုရန် ကိုဖတ်ကြည့်ပြီးမှ ဝေဖန်ပါ ၊ ဖတ်ပြီးမှ ပြောပါ ဟု တိုက်တွန်း လာသူတွေ ရှိစေကာမူ ၊ ငြိမ်းချမ်းခြင်း ဟု ဘာသာပြန်သူတွေ နှင့် သတ်ကွ ဖြတ်ကွ ဟု ဘာသာပြန်သူတွေ မည်သူဖက်က မှန် သည်ဟု အတတ်ပြောနိုင် ပါမည်နည်း။ ဘုရားကို သွားမေး ဖြေရှင်းနိုင်သည်မှ မဟုတ်တာ။  တခါမှ ဘုရာသခင်ဟာ လူတွေ အားလုံးအရှေ့ မှာ ကိုယ်ထင်ပြခဲ့ သည်မှ မရှိတာ။ ထို့ကြောင့် ပညာရှင်တချို့ က ဘုရာသခင် ဆိုတာ လူတွေ၏ တည်ထွင်မှု သက်သက် သာဖြစ်သည်ဟု ဆိုကြသည် မဟုတ်ပါလား။
ထို့ကြောင့် ဘုရာသခင် ဆိုသည်မှ တကယ်မရှိ Imagination စိတ်အထင် သက်သက်ဟု ယူဆသူများရှိသည်။ တချို့ကလည်း ဘုရားသခင် ဆိုသည်မှာ မိမိတို့ ကမ္ဘာထက်တိုးတက်သည့် ကမ္ဘာမှ အလည်လာသော Alien ဟု ထင်သူတွေကလည်းရှိသည်။ ရှိစေတော့။ လူတိုင်းလူတိုင်း မိမိထင်လိုရာကို ထင်ပိုင်ခွင့် မရှိကြဖူးလား။ စာရေးသူ ၏ အမြင်အရ ပြဿနာမှာ မိမိယုံကြည်ရာ အယူအဆ ၊ ဘာသာရေး ယုံကြည်ချက်ကို တခြားသူ တွေလည်း ယုံရမည် ၊ မိမိတို့ ယုံကြည်သော ဘာသာရေးဥပဒေ အတိုင်းလိုက်နာရမည် ဟု အကြမ်းဖက်နည်းဖြင့် အတင်းအဓမ္မ မိမိ၏လိုလားချက်များကို တခြားသူများကို တောင်းဆိုစေခိုင်းခြင်း ပင်ဖြစ်သည်။

ပိုဆိုးသည် မှာ ကိုရန်ကို ဖတ်၍ မိမိ၏နားလည်မှု ကိုမှ (အမှန်) ဟုယူဆသော ( self righteousness ) အယူ ပင်ဖြစ်သည်။ ဤ ( self righteousness ) ကိုမှီပြီး ငါ့ဘာသာ ၊ ငါ့အယူအဆ ကို တခြားသူ များအပေါ် (လွှမ်းမိုးလိုမှု) Domination ကိုပင် (မှား) သည်ဟု သတိမရှိနိုင်ကြ။ အစ္စလမ်ဘာသာ ကိုကာကွယ်လို သည့် လူငယ်တဦး က ဤအတွေးနောက်လိုက်၍ မွပ်စလင်ဘာသာ ၀င်တွေ (Islam Dominates) ဆိုသည့် ဆိုင်းဖုတ်ကို ကိုင်၍ ဆန္ဒပြနေကြသည်ကို ဘာသာတိုင်း မိမိဘာသာ၏ domination ကိုလိုလားပါသည်ဟု justify လုပ်ခဲ့သေးသည်။ လောလောဆယ် Islam ဘာသာမှ လွဲ၍ မည်သည့်ဘာသာ က ကမ္ဘာကြီးကို Dominate လုပ်ရမည် ဟုကျွေးကျော်နေကြ ပါသလဲ။ စိတ်မကောင်စရာ ကောင်းသည်မှာ အစ္စလမ်ဘာသာ သည် ငြိမ်းချမ်းပါသည်ဟု ကြွေးကျော်နေသော လူငယ်သည် Islam Domination ကိုလက္ခံ ပုံရသည်။ ဤ Domination စိတ်ဓါတ်နှင့် အစ္စလမ်မစ်အကြမ်းဖက်သမားများ သည် ကမ္ဘာလှည့် လူသတ်နေသည်ကို (မသိ) Ignorant ဖြစ်ကြသည်မှာ တကယ်ပင် စိတ်မချမ်းမြေ့ စရာပင်။

စာရေးသူ၏ အမြင်အရ မိမိဘာသာကို မိမိကြည်ညိုသည်မှာ ပြဿနာမဟုတ်။ မိမိဘာသာအတိုင်း တခြားသူတွေ လိုက်နေရမည် ဟု အတင်းအဓမ္မ စိုးမိုးခြင်သည်သာ ပြဿနာ လာဖြစ်ရပြီ။ နောက်ဆုံးတော့ ဘာသာရေး နာဇီ ဖြစ်လာကြသည်ကိုပင် (အသိ)ိကြသည်မှာ ကြောက်စရာကောင်းလှပေသည်။

ထို့ကြောင့် စာရေးသူတို့ မြန်မာနိုင်ငံသားများအတွက် အစ္စလမ်ဘာသာ ငြိမ်းချမ်းသည် မငြိမ်းချမ်းသည်မှာ အကြောင်း မဟုတ် ၊ အစ္စလမ်ဘာသာ၏ (လွှမ်းမိုး) လိုစိတ် Domination စိတ်ဓါတ်သည် အလွန်ကြီးမားသော အန္တရယ် ပင်ဖြစ်ပေသည်။
တချို့  ကစာရေးသူ၏ အရေးအသားများကို အစ္စလမ်ဘာသာကို မုန်းတီသူ ၊ ဆန့်ကျင်သူ ၏အတွေး ဟု ထင်ကောင်းထင်ကြမည်။ စွပ်စွဲလာသူများလည်း ရှိပေသည်။ အမှန် နက်နက်တွေးပါက စာရေးသူသည် အစ္စလမ်ဘာသာ ကိုဆန့်ကျင်သူ မဟုတ်ပါ။ မုန်းတီသူလည်း မဟုတ်ပါ။ တကယ်က ယနေ့ ၂၁ရာစု နှစ်ဦးစများတွင် အစ္စလမ်ဘာသာကို အုပ်စီးထားသော ၊ လွှမ်းမိုးထားသော ၊ Wahhabi တို့၏ အကြမ်းဖက် အစွန်းရောက် အဓမ္မဘာသာရေး လွှမ်းမိုးလိုမှု (အန္တရယ်) ကို တိုင်းပြည် နှင့် လူမျိုးအတွက် စိုးရိမ်သလို တဦးချင်း လွန်စွာမုန်းတီးသည်ဆိုသည် ကိုတော့ မငြင်းလိုပါ။ ရှင်းအောင် နောက်တစ်ခေါက် ထပ်ပြောပါရစေ ၊ အစ္စလမ်ဘာသာကို မမုန်းပါ ၊ မဆန့်ကြင်ပါ ၊ အစ္စလမ်ဘာသာကို လွှမ်းမိုးထားသော Wahhabi အယူအဆ ၏ အကြမ်းဖက်မှု ၊ ဘာသာရေးလွှမ်းမိုးလိုမှု (အန္တရယ်) ကိုဆန့်ကျင် သည်ကိုတော့ မငြင်းလိုပါ။

ငြိမ်းချမ်းခဲ့သော် 
အကယ်၍ အစ္စလမ်ဘာသာကို လွှမ်းမိုးထားသော Wahhabi အစွဲ ပျောက်၍ ဗိုလ်ချူပ် ၊ ဦးရာဇာတ်တို့ ခေတ်ကကဲ့ သို့ အေးအေးချမ်းချမ်း ကိုးကွယ်သည့် Traditional Islam ခေတ်စီသို့ ပြန်လည်ဦးတည် ခဲ့ပါလျှင် စာရေးသူသည်လည်း ငြိမ်းချမ်းသော ဗုဒ္ဓဘာသာ ကိုဦးညွှတ်လျက် တိဗက်ဘုန်းကြီး ဒီလိုင်လားမား ကဲ့သို့ ညီအကို အစ္စလမ်ဘာသာဝင်တွေနဲ့ အတူ ပလီတစ်ခုမှာ ၀တ်ပြုဖို့ ၀န်မလေးပါဟု အဆိုပြုပါရစေ။

ငြိမ်းချမ်းသည်ဆိုရာဝယ်
အစ္စလမ် ဘာသာကိုငြိမ်းချမ်းသည်ဆိုရာမှာ လက်တွေ့ပြဖို့လိုအပ်လာပါတယ်။ မွပ်စလင်လူငယ် တဦးက Mullah Omar နဲ့တာလီဘန် တွေက ဗာမီယမ် ဗုဒ္ဓရုပ်ပွါးတော်တွေကို ဖျက်စီးပြစ်တာ ကို  ဆော်ဒီအာရေဗျ တို့ပါကစ္စတန်တို့ အပါအဝင် OIC (Organization of Islamic Conference) လို့ခေါ်တဲ့ မွတ်စလင် နိုင်ငံပေါင်းစုံ အဖွဲ့အစည်းကြီးကို က statement ထုတ်တား ဆီးကန့်ကွက် ရှုံ့ချ ခဲ့တာပါလို့ မွပ်စလင် နိုင်ငံတွေကို ကာကွယ်ထားပါတယ်။ ဒါကိုစာရေးသူက (လေ ၊ ဟန်ဆောင်) ကန့်ကွက်မှု လို့ တင်စားပါရစေ။ ဘာကြောင့်လဲဆိုရင် တာလီဘန်တွေကို စတင် ထူထောင်ပေးတာက ပါကစ္စတန် နိုင်ငံက ISI လို့ခေါ်တဲ့ ထောက်လှမ်းရေးကိုယ်တိုင်ဖြစ်ပြီး မွပ်လားအိုမာ တာလီဘန် တွေကို အသိအမှတ်ပြုတဲ့ နိုင်ငံ နောက်တခုဟာ ဆော်ဒီဖြစ်ပြီး တာလီဘန်တွေ အသက်ရှင်ရတာ ဆော်ဒီပိုက်စံနဲ့ပါ။ အာဖဂန်မှာ ဘာသာရေးပုလိပ် ဆိုသူတွေ မိန်မးတွေကို ဒုတ် ၊ ကြာဖွပ် နဲ့ လိုက်ရိုက်နေတာဟာ ဆေီာဒီ တွေစီက အတုခိုး ထားတာပါ။  ဒါကြောင့် ဆော်ဒီရော ပါကစ္စတန်ပါ တာလီဘန် တွေအပေါ် သြဇာရှိပါတယ်။ ဗာမီယမ် ဗုဒ္ဓရုပ်ပွါးတော်တွေကို တကယ် မပျက်စီးစေချင်ဖူး ဆိုရင် ဆောဒီ ရော ပါကစ္စတန်က ပြောလိုက်ရင် တခွန်းထဲပါပဲ။ Mullah Omar မငြင်းသာပါဖူး။

ISI
စာရေးသူ အမြင်အရ ကမ္ဘာပေါ်မှာ ကလိမ်ကကျစ် အကျဆုံး ထောက်လှမ်းရေးကို ပြပါဆိုရင် ပါကစ္စတန် ထောက်လှန်ရေး ISI ကိုပြရမှာပါ။ အမေရိကန်တွေစီက ဒေါ်လာလက်ဖြန့်တောင်းပြီး နောက်လက်တဖက် က အမေရိကန်တွေကို သတ်ဖို့ တာလီဘန်တွေကိုမြှောက်ပေးနေတာပါ။ အထူးသဖြင့် အာဖဂန်မှာ ဒုက္ခပေးနေတဲ့ Haqqani network ဆိုတာ ISI ရဲ့လူတွေပါ။ တဖက်က အဲလ်ကိုင်ဒါး တွေကို နှိမ်နင်းနေပါတယ် ဆိုပြီး အိုစာမာဘင်ကြီး ကို နှစ်ရှည်လများ ဖွက်ပေးထားတာ ဘယ်သူတွေဖြစ်မယ် လို့ထင်ပါသလဲ။ အခုလည်း Mullah Omar ဟာ ပါကစ္စတန်ထဲမှာ ဖွက်ပေးထားတယ်လို ဆိုသူတွေရှိပါတယ်။
လက်ရှိပါကစ္စတန်သမ္မတ ကို Mr Fifteen Percent (15%) လို့ခေါ်ကြပါတယ်။ အလီဘူတို ၀န်ကြီးချုပ်ဘ၀ မှာ ပရောဂျက်တွေအတွက် ၁၅% လဘ်ထိုးရတဲ့ အတွက်ပါ။

ကုလားချင်းတူသော်လည်း
India က ကုလားတွေနှင့် ပါကစ္စတန်က ကုလားတွေဟာ အင်္ဂလိပ်စီက လွပ်လပ်ရေးတောင်းမှ ဘာသာရေးအရ ခွဲထွက်သွားကြသူတွေပါ။ အဘယ်အတွက်ကြောင့် India နိုင်ငံသည် BRICS နိုင်ငံဝင် အဖြစ်တိုးတက်သော နိုင်ငံတွေမှာ ပါလာရပြီး မကြာခင် ဂျပန်ကို GDP အရကျော်တက် နိုင်တော့မည်ဟု ထင်မြင်ချက်ပေးနေချိန်မှာ ပါကစ္စတန်နိုင်ငံမှာ နင်ပြားငမွဲ နိုင်ငံဖြစ် နေရ ပါသလဲ။ ဟိန္ဒူဘာသာဝင်တွေ ကမ္ဘာကိုလွှမ်းမိုးမည်ဟု ကြိမ်းဝါးသံ တခါမှမကြားမိခဲ့ပါ။ ကမ္ဘာမှာ လူသတ်ရင်းဘာသာဖြန့်လိုသည့် ဟိန္ဒူအကြမ်းဖက်သမား အကြောင်းကြးဖူးကြပါသလား။ ကုလားချင်းအတူတူ ဘာသာကွဲသည်ပဲ မဟုတ်ပါလား။ စာဖတ်သူများ သတိပြုမိမလားမသိပါ။ အိန္ဒြိယ က ကုလားတွေက တိုင်းပြည်ထူထောင်ရေးကို အရေးပေးနေတဲ့အချိန်မှာ ပါကစ္စတန်မှ ကုလားတွေက ဘာသာလွှမ်းမိုးမှုကို အာရုံစိုက်နေကြ လေရဲ့
ကမ္ဘာပေါ်တွင် မိမိနိုင်ငံ လုံခြုံရေးအတွက် ဆောင်ရွက်နိုင်ကြသူမျးကို သူရဲကောင်းအဖြစ် သတ်မှတ် ဖူးဖူးမှုတ်ထားကြပါသည်။ ပါကစ္စတန်နိုင်ငံတွင် နူကလြီးယားဗုံးကို တည်ဆောက်ပေးခဲ့သော သိပ္ပံပညာရှင် Abdul Qadeer Khan သည် nuclear secrets များကိုရောင်းစား သဖြင့် အစိုးရ အကျယ်ချုပ်ဖမ်းခဲ့ရပါသည်။ အဘယ်အတွက်ကြောင့် ကုလားချင်းအတူတူ ပါကစ္စတန်မှ ကုလား တွေဟာ စိတ်ဓါတ်အောက်တန်းကျ ကြရပါသလဲ။

ကပယ်စီတီ နှင့် Interpretation
လူအများစု ဟာ အချိန် နဲ့ ယှဉ်ပြီး အသိဥါဏ်တိုးလျှက်ရှိကြပါသည်။ ငယ်ငယ် က မီးကိုင်းဖူးလျှင် နောက်မကိုင်တော့ (ပူ) တယ်ဆိုတဲ့ အသိ ဟာ ဦးဏှောက်မှာ register လုပ်ထားမိပြီ။ လူကြီးက ဘုန်းဘုန်း ကတော့ဆိုလျှင် ရဟန်းမြင်လျှင် ဦးညွှပ်ရမှန်း (အသိ) ရပြီ။ ဒီလိုပဲ (လူ) ဆိုတာ (အသက်) (အချိန်) နှင့် လိုက်၍ (အသိ) တိုးလျှက်ရှိကြပါသည်။ စာသင် သည့် အရွယ် ၊ စာဖတ်သည့် အရွယ်ရောက်တော့ စာသင်ကျောင်းမှ (စာအသိ) တိုးခဲ့သည်။ (အလုပ်) ထဲရောက်တော့ (အလုပ်) ကဆင့် ( အလုပ်အသိ) တိုးကြသည်။ တဖြည်းဖြည်း Capacity မြင့်လာကြသည်။

Interpretation ဆိုတာ ဤ Capacity ပေါ်တွင်မူတည် ပါသည်။ အဘယ်ကြောင် ဆိုသော် ၊ အရာတစ်ခုကို (မြင်) ပြီးလျှင် ထို့မြင်လိုက်သောအရာသည် ဘာဆိုသည်ကို မိမိ၏ ဦးဏှောက် ထဲတွင် Store လုပ်ထားသော Data Base မှ Interpret လုပ်ပေးရသည်။ ထို့ကြောင့် Data Base (အသိ) ချင်းကွာလျှင် Interpretation ချင်းကွာသွားနိုင်ပါသည်။
စာရေးသူ ဥပမာ ပေးပါရစေ

စာရေးသူ တို့ သင်္ချာ စသင်ကာစ တွင် အပေါင်း အနှုတ် ၊ ပြီး မှ အမြှေက် ၊ အစား ၊ တဆင့်ပြီးတဆင့် တက် သင်ကြရပါသည်။ မြန်မာနိုင်ငံတွင် ကော်လိပ်ရောက်မှ Calculus ကိုသင် ကြရပါသည်။ စာရေးသူ မာစတာ ဘွဲ့ ယူတော့ Real Analysis ဆိုတာ သင်ရပါသည်။ အင်ဂျင်နီယာ ကျောင်းမှာ Calculus ကို အသုံးချသည့် ဖက်မှ သင်တာ ၊ မာစတာ အတန်းရောက် တော့ Concept level ကသင်တာ။ Applied Math ကိုသာ ထိတွေ့လာသူအဖို့ Abstract ဖက်က Concept ကို နားလည်ဖို့ အတော်ကြိုးစားခဲ့ ရပါတယ်။ neighborhood ဆိုတဲ့ စကားလုံးကို အင်္ဂလိပ် စကားလုံး အဖြစ် Definition ဖေါ်စဉ်က လွယ် ပေမဲ့ ဒီ neighborhood ဆိုတဲ့ စကားလုံးကိုပဲ Concept အနေ နဲ့ Real Analysis အတွက် အဓိပ္ပါယ်ဖေါ်တော့ အတော်ခက်ပါတယ်။

ထို့ကြောင့် အပေါ်ယံကျော် ကြည့်လျှင် neighborhood စကားလုံး တစ်ခု ထဲပဲ Definition နဲ့ Concept အဖြစ် အသုံးပြုတာချင်း မတူကြတဲ့ အခါ အဓိပ္ပါယ်ဖေါ် တာချင်း ၊ အဓိပ္ပါယ် လေးနက် တာချင်း မတူတော့ပါ။

နောက်တဆင့် က Capacity အပေါ် မူတည်ပြီး နားလည်တာချင်း မတူကြပါ။ Interpretation ချင်း မတူတော့လို့ ပြောနိုင်ပါတယ်။
ဥပမာ E=mc2 (Square) ဆိုတဲ့ Einstein ရဲ့ ကမ္ဘာကျော် formula ကို တောက ဖိုးတုတ် သိတဲ့ အသိ နဲ့ Brian Greene တို့လို Physicists တွေ သိတဲ့ အသိ မတူတော့။ Interpretation ချင်း မတူတော့လို့ ပြောနိုင်ပါတယ်။
စာရေးသူ ဟာ အသက် ၆၀ ပြည့်ခဲ့ ပြီးပါပြီ။ ဤ ဘ၀ခရီးစဉ်ကို ကျော်ဖြတ်ရတဲ့ အချိန် အတွင်း တွေ့ရှိရတဲ့ အတွေ့အကြုံ ၊ ဗဟုသုတ ကို မြန်မာနိုင်ငံ မှ လူငယ်လေးတွေကို တဆင့် လက်ကမ်းချင်တာ စာရေးသူရဲ့ စေတနာပါ။

တခါတရံ ယ္ခု ကဲ့ သို့ ဘာသာရေး ဆွေးနွေးတင်ပြတဲ့ အခါ Definition တစ်ခုထဲနဲ့ (မပြည့်စုံ) နိုင်တော့ပါ။ Concept ပါလာပါတယ်။ ဥပမာ စာရေးသူ က Absolute ၊ Relative  ဆိုတဲ့ အသုံး အနှုန်း တွေသုံးရတဲ့ အခါ ၊ Definition သက်သက် မဟုတ်တော့ ပဲ Concept ပါ ၊ ပါလာတတ်ပါတယ်။ ထို့ကြောင့် အပေါ်ယံ သာဖတ်တတ်သူတို့ဖြစ်စေ ၊ Capacity ချင်းမတူ၍ ဖြစ်စေ ၊ Definition သက်သက်ကို သာ ကွက်ကြည့်ပြီး Concept ကိုပါ ထဲ့ မစဉ်းစားလျှင် အဓိပ္ပါယ် ပုံဖေါ်တာ ချင်း လုံဝမတူတော့ပါ။
နောက်ဆုံး အနေနဲ့ စာရေးသူက Macro level ကရေးထားတာကို Micro level ကိုသွားကြည့်နေလျှင် အဓိပ္ပါယ် လွဲထွက် သွားပါလိမ့်မည်။

ဥပမာ Marco level အရကြည့်လျှင် ဗုဒ္ဓလာသာ၏ Essence အနှစ်သာရမှာ (သစ္စာ(၄)ပါး) ဖြစ်ပါသည်။ ဇာတ်တော်ကြီး များမှာ အရှင်ဂေါတမ ၏ ဘ၀ဖြစ်စဉ်တွေရဲ့ Story Telling တွေပါ။
Micro level ကကြည့်ပြီး ဇာတ်တော်ကြီးတွေကို ဆွဲထုတ်လာပြီး သက်သေထူဖို့ကြိုးစားလျှင် macro level သမားအတွက် ဘာအဓိပ္ပါယ်မှ မရှိပါ။

ဒါကြောင့် ဆောင်းပါး တစ်ဆောင်ကို ဖတ်ရှု သုံးသပ်ရာမှာ ငါ၏အတွေး နှင့် လွဲတာနဲ့ (မှားပြီ) လို့ (မထင်) စေလို။ Definition + Concept ရေးထားတာကို Definition တစ်ခု ထဲကြည့်လျှင်လည်း လွဲတတ်ပါတယ်။ Capacity ချင်းမတူုလျှင်လည်း (လွဲ) တတ်ပါတယ်။ Macro – Micro ကြည်တဲ့ level မတူလျှင်လည်း (လွဲ) တတ်ပါတယ်။

ရေလောင်း၍ ရေခံသည် ဆိုကြပါစို့။ လ္ဘက်ရည် ခွက် နှင့် ခံ တာနှင့် ဂါလံပုံးနှင့် ခံ တာချင်း ဘယ်တူပါ့မလဲ။ ရေလောင်းသူက ဆက်လောင်းနေသော်လည်း မိမိ Capacity ပြည့်သွားလျှင် လျှံ ထွက်သွားတာပဲမဟုတ်ပါလား။ Knowledge ဆိုတာ (ရေ) နဲ့ တူပါတယ်။ လက္ခံ သူရဲ့ Capacity လက္ခံနိုင်မှု အတိုင်းအတာ အရ ၊ သာ နောက်ဆုံး Interpret လုပ်နိုင်တာပါ။
ထို့ကြောင့် ကိုရန် ဖတ်ပြီး ငြင်းရအောင် ၊ Bible ဖတ်ပြီး ငြင်းရအောင်ဆိုတာတွေကို က ငါ့ဘုရား ငါ့ဘာသာမှ အမှန် လို့ (အတ္တအစွဲ) ကြီးတဲ့ သူတွေရဲ့ (မာန) တွေ သက်သက်ပါ။

ကျမ်းစာတွေက ရေးချင်တာရေး နောက်ဆုံး (လူသား) တွေကသာ Interpret လုပ်ရ၍ (မူကွဲ) အမျိုးစုံ ထွက်ပေါ်လာရသည် မဟုတ်ပါလား။ ထို့ကြောင့် စာရေးသူ ရဲ့ အမြင် မှာ နောက်ဆုံး RELATIVE မှာပဲ ဂိတ်ဆုံးရတာပါပဲ

အကြမ်းဖက်ဝါဒကို လက်မခံတဲ့ ဂန္ဒီကြီးကို အကြမ်းဖက်ဝါဒ ကို စုပ်ကိုင်ထားတဲ့ တာလီဘန် မူလားအိုမား က အဖိုးကြီးလာ ပြိုင်ကြမ်းပြိုင်ရမ်းရအောင် လို့ လာစိမ်ခေါ်လျှင် ဂန္ဒီကြီး က လိုက်ရမ်းမည်တဲ့လား။ ဂန္ဒီကြီး က အိုမိုက်လိုက်တဲ့ ၊ ဥါဏ်နဲလိုက်တဲ့ ငမိုက်သား လို့ တွေးနိုင်သလို ၊ မူလားအိုမား အတွက်ကတော့ အဖိုးကြီး သတ္တိမရှိဖူး ၊ ငါ့ကို မပြိုင်ရဲဖူး လို့ထင်ချင်ထင်မှာပေါ့။ ဂန္ဒီကြီး က Concept ကိုကိုင်ထားတာ။ တာလီဘန် မူလားအိုမား အတွက် က လူမိုက်အတွေး။ ငါ့ဘုရား ၊ ငါ့ဘာသာ ၊ ငါ့ Wahhabi လို့သာစိတ်ထဲရှိတာ။ အတ္တအစွဲကြီးနေတာ။ Macro အကြည့်နဲ့ Micro အကြည့်ကလည်း မတူနိုင်ပြန်ဖူး။ နောက်ဆုံးတော့ Capacity ချင်းမတူတော့ Interpretation ချင်းလည်း လွဲ ထွက်သွားကြတာပေါ့။

အန္တရာယ်ဆိုတာ တွေးတတ်ရင် အစွန်းရောက်တွေတောင် ကျေးဇူးတင်ကြမှာ
ဥါဏ်အင်မတန် နဲတဲ့ မူလားအိုမား တို့လို အကြမ်းဖက် ဘာသာရေးဆရာတွေ က အကြမ်းဖက်နည်း နဲ့ လူတွေသတ်ဖြတ်ပြီး ဘာသာရေးလွှမ်းမိုးဖို့ ကြိုးစားနေရကြတဲ့ အချိန်မှာ ပညာတတ်တွေ က အစ္စလမ်ဘာသာဟာ World Peace ကို ခြိမ်းခြောက်လာပြီ လို့ အများကထင်လာတာကို စိုးရိမ်လာကြပြီ။ ဥါဏ်နဲတဲ့ အစ္စလမ်အကြမ်းဖက်သမားတွေ မသိတာက ကမ္ဘာကြီး ရဲ့ Silent Majority က အစ္စလမ်အကြမ်းဖက်သမားတွေ ကို အတော်အော့နှလုံး နာနေကြပြီ။ အစ္စလမ်အကြမ်းဖက်သမားတွေ အတွက် ကတော့ အတ္တစွဲ နဲ့ ငါတို့ အောင်မြင်နေပြီ ထင်ချင်ထင်နေကြမယ်။ နောက်ဆုံး တချိန်ချိန်မှာ အားလုံးကိုလိုက်ရမ်းရင်း(မျှားဦး) ကိုယ်ဖက် လှည့်လာမှာ ထဲ့မတွက် ထားကြဖူး။ ၂၀၁၂ မေလ အထဲမှာ ပဲ အမေရိကန်စစ်တပ် စစ်ကျောင်းတွေမှာ ခေတ်သစ် ရန်သူဟာ အစ္စလမ်အကြမ်းဖက်သမားတွေ ဖြစ်တယ်။ ဒါကြောင့် မက်ကာ နဲ့ မဒီနာ ကို ဘယ်လို ချေမှုန်းရမယ် ဆိုတာကို သင်ကြားနေတာ သတင်းပေါက်ကြားလို့ အမေရိကန်မှာ ရှိတဲ့ မွပ်စလင် အသင်းတွေက အော်လိုက်ကြတာ။ တနေ့ အားလုံးက ENOUGH IS ENOUGH လို့ဆုံးဖြတ်တဲ့တနေ့မှာ Mecca နဲ့ Medina ပျောက်သွားနိုင်တယ်။ တနေ့ George Bush လိုအမေရိကန် သမ္မတ ၊ Putin လို ရုရှားသမ္မတ ၊ မော်လို တရုတ်သမ္မတ (၃) ယောက်ဆုံပြီး ၊ အန္တရယ်လွန်ကဲလာပြီ လို့ ဆုံးဖြတ်မိရင် မတွေးဝံ့ စရာတွေဖြစ်သွားနိုင်တယ်။

ဒါကြောင့် အကြမ်းဖက်နည်းနဲ့ ဘာသာရေးလွှမ်းမိုးဖို့ ကြိုးစားခြင်းဟာ တခြားဘာသာတွေသာ မက မိမိဘာသာကိုလည်း အန္တရာယ် ရှိတယ်ဆိုတာ (သတိ) ရလာရင် အမုန်းခံပြီး (သတိ) ပေးတဲ့ စာရေးသူတို့လိုလူစားမျိုးတွေကို ဥါဏ်ရှိရင် ကျေးဇူးတင်ကြမှာပါ။

အစ္စလမ်ကို ဘယ်လို ရင်ဆိုင်မလဲ
ဘာသာရေး ကို ဘာသာရေးနှင့်ပဲကိုင်တာအကောင်ဆုံးပါ။
အစ္စလမ်ဘာသာ၏ ကျူးကျော်မှု များကိုရင်ဆိုင်ရန် ဗုဒ္ဓဘာသာ ဘုန်းကြီးတွေရဲ့ တာဝန်သာဖြစ်ပါစေ
အစ္စလမ်ဘာသာဝင်တွေ ဆုံရာဟာ ပလီ
ဘာသာရေး အကြမ်းဖက်မှု ကို တကမ္ဘာလုံးမှာ လှုံ့ဆော်နေတာ ပလီဆရာတွေ။
ဒါကြောင့် ပလီ တိုးချဲ့မှု ကို သတိနဲ့ ကြပ်မတ်တာ သဘာဝကျတယ်။
မွပ်စလင်တွေ ကန့်ကွက်လာရင် ပေးစရာအဖြေက ရှင်းရှင်းလေးပါ။
Mecca မှာ ရွှေတိဂုံ ပုံတူဆောက် ခွင့်ရတဲ့ နေ့မှာ ပလီတွေ လွပ်လွပ်လပ်လပ် ဆောင့်ခွင့်ပေးမယ်လို့ ဖြေရုံသာ။
မွပ်စလင် မဟုတ်ရင် Mecca ကိုပေးမ၀င်ပါ။
အခွင့်အရေး နဲ့ ဘာသာရေးလွပ်လပ်ခွင့် ဆိုတာ နှစ်ဖက်သွားလမ်းဖြစ်ရ ပါတယ်။ တလမ်းသွား မဖြစ်သင့်ပါ။

ဤဆောင်းပါး၏ရည်ရွယ်ချက်
ဤဆောင်းပါး၏ရည်ရွယ်ချက် က ရှင်းရှင်းလေးပါ။
ရိုဟင်ဂျာ ပြဿနာ သည် လူမျိုးရေးလွှမ်းမိုးမှု အန္တရာယ်
အစ္စလမ်သည် ဘာသာရေး လွှမ်မိုးမှု အန္တရာယ်
အတိအကျ ပြောရသော် wahhabi တွေရဲ့ အန္တရယ် မသေး
အစ္စလမ်ဘာသာ အလွှမ်းမိုးခံရလျှင် ဗုဒ္ဓဘာသာပျောက်ရုံ မက မြန်မာ့ ယဉ်ကျေးမှုပါ ပျောက်ဆုံးသွားနိုင်သည်။
တိုင်းပြည် ၊ လူမျိုးနှင့် ဘာသာ ၊ ယဉ်ကျေးမှု ပပျောက်သွားလျှင် ဒီမိုကရေစီ စနစ်ဆိုတာလည်း ဘာမှ အဓပ္ပါယ် မရှိ နိုင်တော့ပါ
ဒို့ကြောင့် သာ အမုန်းခံ၍ မြန်မာနိုင်ငံသားများ သတိရှိစေရန် တင်ပြရပါသည် ခင်ဗျား
တိုင်းပြည်ချစ်တာ ရှက်စရာ မဟုတ်ပါ။ ဂုဏ်ယူစရာပါ
လူမျိုးကိုချစ်တာ ရှက်စရာ မဟုတ်ပါ။ ဂုဏ်ယူစရာပါ
ဘာသာကို ချစ်တာ ရှက်စရာ မဟုတ်ပါ။ ဂုဏ်ယူစရာပါ
ကိုယ့်ယဉ်ကျေးမှု ကိုမြတ်နိုးတာ ရှက်စရာ မဟုတ်ပါ။ ဂုဏ်ယူစရာပါ
လစ်ဖရယ်တွေ စွပ်စွဲလာမှာကို ကြောက်စရာ မရှိပါ။
ဥါဏ်မမှီလို့ လူမျိုးပျောက် သွားရင် ပြန်ဆည် လို့မရတော့ မှာကိုသာ ကြောက်စရာကောင်းတာပါ

အမျိုး နိုင်ငံ နှင့် ဘာသာ ၊ ယဉ်ကျေးမှု အဓွန့်ရှည်ပါစေသား

ဘိုဘိုကျော်ငြိမ်း
ချင်းမိုင်
ဇွန်လ ၂၃ရက် ၂၀၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...