Sunday, June 24, 2012

သိစေချင်ပါသည်နှင့် ဦးဘိုကျော်ငြိမ်းသို့ ....

by Bo K Nyein on Sunday, June 17, 2012 at 1:37am ·
 
 
တူမောင် ရဲရင့်သစ္စာရေ

ပေးလာတဲ့စာ ကိုရပါတယ်။ ကျေးဇူးတင်ပါတယ်။
ဦးနဲ့ အသက် ၂၁နှစ်ကွာတာမို့ တူမောင်လို့ ပဲရင်းရင်းနှီးနှီး ခေါ်ပါရစေ။
ဦးမှာ လက်ခံထားတဲ့ အသိ တစ်ချက်က ဦးဟာ Absolute Truth နဲ့ Absolutism ကိုမယုံကြည်ပါ။ Relativity ကိုပဲလက္ခံပါတယ်။ ဦးရဲ့ ဆောင်းပါးတွေမှာရေးပြပြီးသားပါ။


ဒီ အသိကြောင့် ဘာသာရေးမှာ ပင် Absolute Truth ဆိုတာ Interpretation လို့ပဲခံယူထားပါတယ်။
လူတိုင်းကိုလည်း လိုက်ရှင်းပြနေဖို့ အချိန်မရှိပါ။ ထို့ကြောင့် ဆောင်းပါးရေး၍ တွေးထင်ချက်ကို တင်ပြခြင်းသာဖြစ်သည်။

Creation ကို လက်ခံတဲ့ ဘာသာကြီး (၃) ခုစလုံးရဲ့ Creator ဘုရားသခင်ဟာ တဦးထဲ တဆူထဲပါ။
Thou shalt have no other Gods before me လို့ပြောထားတယ် မဟုတ်ပါလား
တမန်တော် တွေသာ ကွာခြားသွားတာကြောင့် Old Testment - New Testment – Koran ဆိုတဲ့ ကျမ်းဂန်တွေ ခြားနားသွားပြီး
ဘာသာ တွေ ကွဲသွားကြတာပဲ မဟုတ်လား။
Creator ကို လက္ခံတယ်။ ပြီးရင် Judgment Day မှာ ဘုရားသခင် ရဲ့ အဆုံးအဖြတ်ကို ခံယူရမယ်ဆိုတဲ့ Baseline သဘောတူမှု မှာ ဘာသာ (၃) ခုလုံးမှာ အတူတူပဲ မဟုတ်လား။
ဒီကမှ အကျယ် အဓိပ္ပါယ်ဖွင့် ဆိုရာမှ ကွဲသွားကြတာပဲလေ

တဆူထဲသော ဘုရားသခင် ရဲ့ ပြောကြားချက်တွေကို တမန်တော်တွေကတဆင့် ဟောကြားတဲ့ အတွက် ဘာသာကြီး (၃) ခု ကွဲသွားကြရတယ်။
ဒီကမှ တဆင့် မိမိတို့ရဲ့ ဘာသာက ကျမ်းဂန်ကို အဓိပ္ပါယ်ဖွင့်ဆိုရာမှ Interpretation ထပ်ကွဲလွဲ ကြပြီး Denomination ဆိုပြီး ထပ်ကွဲကြတယ်လေ။
ခရိယန်မှာ Roman Catholic – Protestant ဆိုပြီးကွဲသွားကြပြီး ထပ်ကွဲကြသေးတယ်။ အစ္စလမ်မှာ Sunni – Shia  ကွဲတယ်မဟုတ်လား
ပြီး လူတစ်ယောက် က God နဲ့ စကါးပြောရတယ် ဆိုပြီး ထပြောလို့ လူအများ ယုံကြည်ကြတယ်ဆိုရင် နောက် Denomination တခု ထပ်တိုးပေါ့။
Mormon ဆိုတာ အမေရိကားမှာ သည်လိုပဲ ထပ်ပေါ်လာတာပဲ။
တခြား Denomination တွေက သူ့ကို Christianity လို့ လက်မခံကြဖူး။
သို့သော် Mormon ဘာသာဟာ ယနေ့ တိုးပွားမှု အမြန်ဆုံးလို့ ဆိုတဲ့သူတွေရှိတယ်။ ကံကောင်းရင်လာမဲ့ အမေရိကန် ရွေးကောက်ပွဲမှာ Mormon သမ္မတဖြစ်လာနိုင်စရာရှိတယ်။
Islam ထက် Expansion rate မြန်တယ်လို့ ဆိုတဲ့သူတွေရှိတယ်။ သိချင်ရင် research လုပ်ကြည့်ပါလေ။

ဒီအောက်က မှ နောက်လိုက် နဲ တဲ့ Sects ဆိုတာတွေရှိ သေးတယ်လေ။ Jim Jones ဟောတာတွေကို ယုံပြီး သူနဲ့ အတူ သတ်သေသွားတဲ့ သူတွေတောင်ရှိသေးတယ် မဟုတ်လား။

ဒါကြောင့် နောက်ဆုံး ဘာသာရေးဆိုတာလည်း INTERPRETATION လို့ပဲ ကောက်ချက်ချရမှာပဲ

ထို့နည်းတူစွာပဲ History ဆိုတာလည်း Interpretation ပါပဲ။

ထို့ပြင် History ဆိုတာ ရေးတဲ့သူရဲ့ View သာဖြစ်တာကြောင့် ဖက်လိုက်မှု ဆိုတာပါလာတာပဲ။ ဘယ်သူမှ မလွပ်ဖူး။ Credible ဖြစ်တာနဲ့ Credible မဖြစ်တာပဲ ကွာချင်ကွာမယ်။
ဥပမာ 9/11 မှာ နယူးရောက် က World Trade Center ကြီးပြိုသွားတယ်။ ဒါငြင်းလို့မရဖူး။ Osama Bin Laden ကိုယ်တိုင် ဂုဏ်ယူခဲ့သေးတာပဲ။ ဒါကို Plan လုပ်တဲ့ Khalid Sheikh Mohammed ကို အမေရိကန်တွေက မိပြီး Water Boarding အကြိမ်ကြိမ် လုပ်ခဲ့သေးတယ်။ ဒါတွေဟာ facts တွေပဲ။

ဒါတောင် Islamic Extremists နဲ့ Conspiracy Theorists တချို့ဟာ Jews တွေလုပ်ကြံတာပါ ဆိုပြီး ရေးတဲ့ ရီပို့ တွေ အင်တာနက် မှာ ပလူပျံနေတာပဲ။ ဒါကို ယုံတဲ့သူတွေလည်း ရှိတာပဲလေ။
နောက်အနှစ် ၁၀၀ မှာ ဒီ Conspiracy story line ကိုလက္ခံပြီး ရေးတဲ့သူတွေ ရှိချင် ရှိမှာပဲပေါ့

ဒါကြောင့် နှစ်ပေါင်းများစွာက ဖြစ်ခဲ့တဲ့ ဖြစ်ရပ် ၊ INTERPRETATION ဖြစ်တဲ့ History ကို ဘယ်လို အထောက်အထားတွေ နဲ့ သက်သေပြနိုင်မှာလဲ။
Historians တွေရေးတာကိုပဲ လက္ခံ သလား လက်မခံ ဖူးလား လို ဆုံးဖြတ်ကြရမှာပဲ။
မွပ်စလင် ဘုန်းကြီးတွေ ဗုဒ္ဓဘာသာဘုန်းကြီး တွေကို သတ်နိုင် မသတ်နိုင်ဆိုတာ ရုပ်ထုကိုးကွယ်မှု ဘာသာရေးအယူဆနဲ့ ဆန့်ကျင်တယ်ဆိုပြီး တန်ဖိုးမဖြတ်နိုင်တဲ့ ဗုဒ္ဓ ရုပ်ပွားတော်တွေကို ဖျက်စီးပစ်တဲ့ စိတ်ဓါတ်အောက်တန်းကျ တဲ့ ရုတ်မာပက်စက်တဲ့ Mullah Omar ဟာ အကောင်းဆုံး အထောက်အထားပဲ။ ဒီလို ဘုန်းကြီးမျိုး တွေ မွပ်စလင် ဘာသာမှာ ရှိတာ ငြင်းလို့မရ တဲ့ သက်သေပဲ။ ဟိုအရင် ခေတ်အချိန်ကလည်း ရှိမှာပေါ့။ Mullah Omar ဟာ ဘာသာရေးအကြောင်းပြပြီး အပြစ်မဲ့တဲ့ သူတွေသတ်တဲ့ လူသတ်သမား အာဏါရူး ဆိုတာ ကမ္ဘာက အသိပဲ။ ဒါကြောင့် ဖြစ်နိုင်စရာရှိတယ်။

ဒီ ဗုဒ္ဓရုပ်ပွားတော်တွေ အကြောင်းရေးပြခဲ့တဲ့ တရုတ်ဘုန်းကြီး Xuangzang ရေးခဲ့တဲ့ Da Tang Xiyu Ji မှာ ပိုမိုကြီးမားတဲ့ လဲလျောင်းတော်ရှိသေးတယ်ဆိုတာကို ရေးပြခဲ့တယ်။ အခုလိုက်ရှာဖွေ တူးနေတဲ့ သူတွေရှိတယ်။ ဘာကြောင့် မြှုပ်ခဲ့ရသလဲဆိုတာကို ရှင်းပြရာမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေ ကို မွပ်စလင်ဘုန်းကြီးတွေက လိုက်သတ်လို့ ထွက်ပြေးရင်း မြှုပ်ခဲ့ရတာပါလို့ ပြောတဲ့သူတွေရှိတယ်။ အသေးစိတ် သိချင်ရင်တော့ Da Tang Xiyu Ji ကိသွားဖတ်ကြည့်စေချင်တယ်။ တရုတ်စာတတ်သူ ရဲ့အကူအညီတော့လိုလိမ့်မယ်ထင်တယ်။

စိတ်ဝင်စားလို့ Afgan နဲ့ အဲဒီဒေသက ရာဇ၀င်ကို အတိုင်းအတာတခုအထိ လေ့လာဖူးပါတယ်။ စိတ်ဝင်စားစရာ အင်မတန်ကောင်းပါတယ်။ ဦးကတော့ အာဖကန် နဲ့ Vedic ယဉ်ကျေးမှု ၊ Indo Aryans ကာလ ၊ Gandharvas ကာလ နဲ့ Indus Valley civilization ကာလကို စိတ်ဝင်စားတယ်။  Alexander the Great ခန့်ခဲ့တဲ့ Seleucus I အုပ်ချုပ်မှု ပျော့ညံ့လို့ Maurya Empire ကိုထောင်ခဲ့တဲ့
Chandragupta Maurya ကအောင်နိုင်ခဲ့တာမဟုတ်လား။ Chandragupta ရဲ့မြေးက က ဗုဒ္ဓဘာသာမှာ နံမည်ကြီးတဲ့ မြန်မာတွေ အတွက် အာသောကမင်းကြီးလို့ နားလည်တဲ့ Ashoka ဘုရင်ကြီးလေ။ သူ့ခေတ်မှာ ဗုဒ္ဓဘာသာ ဟာ အဖကန်အပါအ၀င် သူ့နယ်ပယ်မှာ အလွန်ပြန့်ပွားခဲ့ပါတယ်။ အခု သတ်ဖြတ်မှုတွေကြီးထွားနေတဲ့ Swat Valley ဟာ တချိန်က ဗုဒ္ဓဘာသာ ထွန်းကားရာ ဒေသကြီးပေါ့။ အာဖကန်ရာဇ၀င် ဟာ တဗိုလ်ဆင်းတဗိုလ်တက် အလွန်ရှုပ်ထွေးလှပါတယ်။

ဗုဒ္ဓဘာသာကို ရုပ်ထုကိုးကွယ်တဲ့ဘာသာ ဆိုပြီး အစ္စလမ်လာသာဝင် တွေကနှိပ်ကွပ်တယ်ဆိုပြီး Arun Shourie ဆိုတဲ့သူက အခုလိုရေးခဲ့ပါတယ်။
"There can be no doubt that the fall of Buddhism in India was due to the invasions of the Musalmans," writes the author. "Islam came out as the enemy of the 'But'. The word 'But,' as everybody knows, is an Arabic word and means an idol. Not many people, however, know that the derivation of the word 'But' is the Arabic corruption of Buddha. Thus the origin of the word indicates that in the Moslem mind idol worship had come to be identified with the Religion of the Buddha. To the Muslims, they were one and the same thing. The mission to break the idols thus became the mission to destroy Buddhism. Islam destroyed Buddhism not only in India but wherever it went. Before Islam came into being Buddhism was the religion of Bactria, Parthia, Afghanistan, Gandhar and Chinese Turkestan, as it was of the whole of Asia...."
ဦးဟာဘယ်ဘာသာကိုမှ မုန်းတီးတဲ့သူ မဟုတ်ဖူးလို့ ကိုယ့်ကိုယ်ကို ကိုယ်ယူဆတာပဲ။
Tradtional Islam ကိုယုံတဲ့ လူကောင်းတွေအကြောင်း တဲ့ရေးပြခဲ့သားပဲ
သို့သော် ဦးဟာမြန်မာနိုင်ငံမှာမွေး ၊ မြန်မာနိုငံရေ ၊ မြန်မာမြေမှာ ကြီးလာရတဲ့ မြန်မာနိုင်ငံသား စစ်စစ်ဖြစ်တယ်
ဒါကြောင့် မြန်မာနိုင်အတွင်းက ရခိုင်မြေကို ကျူးကျော်ဝင်ရောက်လာတဲ့ ဘင်္ဂါလီကုလားတွေနဲ့ အတူပါလာတဲ့
ဘာသာရေး ၊ လူမျိုးရေး ၊ ယဉ်ကျေးမှု လွှမ်းမိုးရေး အန္တရယ်ကို တွေ့မြင်ရတဲ့ အခါ မြင်တဲ့အတိုင်းပြောရမှာ ဦးရဲ့တာဝန်ပဲ။
ဘယ်သူ့မျက်နှာမှလည်း မထောက်နိုင်ဖူး ၊ ဘယ်သူ့မှလည်း မကြောက်နိုင်ဖူး
ဆောင်းပါးဆိုတာ စာရေးသူရဲ့ အမြင် ၊ တင်ပြချက်ပဲ
စာဖတ်သူရဲ့ နောက်ခံ အခြေခံ ၊ အတွေးအခေါ် ၊ ဥါဏ်အဆင့် အပေါ် မူတည်ပြီး စာဖတ်သူ တွေက ကောက်ချက်ချ လိမ့်မယ်။
လက္ခံတယ် ၊ လက်မခံဖူးဆိုတာ စာဖတ်သူနဲ့ ပဲဆိုင်တယ်။ ဒါစာဖတ်သူတွေရဲ့ တာဝန်ပဲ။
လူတိုင်းကို လိုက်ဆွေးနွေးဖို့ အချိန်မရှိလို့ ဆောင်းပါးရေးပြီး တင်ပြတာပေါ့။ လူအများကို သိစေချင်တာကြောင့် သာအခုလို ပြန်လိုက်တာပါ။
နိုင်ငံ ၊ ဘာသာ နဲ့ လူုမျိုး အတိုက် ခံနေရတဲ့ အချိန်မှာ  … ရေးစရာတွေက အများသား။
တူမောင်တို့လည်းစာရေးတတ်တာပဲ။ ဦးရေးတာကို သဘောမတူရင် ကိုယ့်အမြင်ကို စာရေးတင်ပြကြပါလို့ တိုက်တွန်းချင်တယ်။
တာလီဖန်တွေ မိန်းတွေကိုရိုက်နှက်နေတာ လိမ္မာစေချင်တဲ့ စေတနာ ကြောင့်ပါ ၊ ဘင်ကြီးတို့အဖွဲ့ လူတွေသတ်နေတာ ကမ္ဘာကြီး ငြိမ်းချမ်းစေချင်လို့ပါ ဆိုပြီး ရေးပြပေါ့
အင်တာနက်မှာ လွပ်လပ်စွာတင်ပြ နိုင်တာပဲ။
တူမောင်ရဲ့ နံမည်နဲ့ လိုက်ဖက်အောင် သစ္စာရှိနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်
မိမိတိုင်းပြည် နဲ့ လူမျိုးကိုပြောတာနော်။
ဦးကတော့ မွေးရာမြေ အမိနိုင်ငံအပေါ် ဘယ်တော့မှ သစ္စာမဖေါက်ဖူး။ ဒီအသိစိတ် နဲ့ ခံယူချက်ကြောင့် စိတ်ချမ်းတဲ့ အကျိုးခံစားရတယ်။
တူမောင်တို့လည်း စိတ်ချမ်းသာမှု တွေ့နိုင်ကြပါစေ
BKN

13 hours ago
Ye Yint Thitsar
  •  
    • ဦးဘိုကျော်ငြိမ်း ခင်ဗျား
      ဦးဘိုကျော်ငြိမ်းရေးသားထားတဲ့ notes အချို့ ကို ဖတ်ပြီး၊ မေးခွန်း (၃)
      ခု မေးချင်လာပါတယ်။ မေးခွန်းမေးတယ်လို့ ဆိုတာထက် ဆွေးနွေး
      လိုတယ်လို့ပြောရင် ပိုသင့်တော်မှာပါ။
      ၁။ "ငြိမ်းချမ်းတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကို အဓမ္မဘာသာရေး
      ဖြန့်ချီမှုကို လက်ကိုင်ထားတဲ့ အစ္စလမ်ဘုန်းကြီး တွေက လိုက်
      သတ်ပြီး အာဖဂန်နိုင်ငံဟာ အစ္စလမ် နိုင်ငံဖြစ်လာရတယ်။"
      ဆိုတဲ့ အရေးအသားအတွက် အထောက်အထားပေးပါ။
      ဆွေးနွေးမယ်ဆိုရင်ရောလူကြီးမင်းမှာ ဆွေးနွေးဖို့ အရည်အချင်း
      ရှိသလား? မရှိဘူးလား ခင်ဗျား။
      ၂။ အစ္စလာမ် ဘာသာဟာ ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ
      ဖော်ဆောင်ခိုင်းတဲ့ ဘာသာဆိုတာ လူကြီးမင်း လက်ခံပါသလား?
      လက်မခံဘူးလားခင်ဗျား?
      ၃။ လူကြီးမင်း ဘိုကျော်ငြိမ်းဟာ အစ္စလာမ်ဘာသာကို မုန်းတီးပြီး
      အများကလည်းမုန်းတီးအောင် ဝါဒဖြန့်နေသူ တစ်ယောက်
      ဟုတ်ပါသလား? မဟုတ်ဘူးလားခင်ဗျား။
      Idea တစ်ခုခု ကို public ရှေ့ဖော်ထုတ်ပြီ ဆိုရင် အဝေဖန်
      ခံနိုင်ဖို့၊ ဆွေးနွေးဖို့လည်း အသင့်ဖြစ်နေရမယ် ဆိုတဲ့
      သဘောတရားကို တော့လူကြီးမင်း သိလောက်မယ်လို့
      ယူဆ ထားပါတယ်။ ဒါကြောင့် အထက်ပါမေးခွန်းတွေ
      ကို ပြန်ကြားပြီးဆက်လက်ဆွေးနွေးဖို့ ကြွလှမ်းခဲ့ပါခင်ဗျား။
      လူကြီးမင်းရဲ့ page မှာဘဲဆွေးနွေးရအောင်လားခင်ဗျာ။
      လေးစားစွာဖြင့်
      ရဲရင့်သစ္စာ

ီရည်ရွက်ချက် က ကြီးမားသား
အိမ်ဖြူမှတောင် အလံထောင်မယ်တဲ့
ဒါတွေအဖျက်ခံခဲ့ရတယ်
ဒီယဉ်ကျေးမှုကို မယူလာကြပါနဲ့
ဖျက်စီးတာချင်း အတူတူပါပဲနော်
 
အော်တိုင်း ရရိုးလား
 ။။။။။။။။။။။။။။။။။။။။။။။။။

ဦးဘိုကျော်ငြိမ်းသို့

by Ye Yint Thitsar on Wednesday, June 20, 2012 at 7:42am ·
ဟုတ်ကဲ့၊ အခုလို ပြန်ကြားစာ ရေးသားလာတဲ့ အတွက် စာပေးစာပြန်
ယဉ်ကျေးမှုအရ ဦးဘိုကျော်ငြိမ်း ကို thanks for your reply လို့ ပြော
လိုပါတယ်။ ဦးဘိုကျော်ငြိမ်း ရဲ့ ပြန်ကြားစာမှာ ကျွန်တော် ဟာ ဦးဘိုကျော်ငြိမ်း
နဲ့ အသက် ၂၁ နှစ်ကွာတာမို့ ကျွန်တော့် ကို ဦးဘိုကျော်ငြိမ်းက "တူမောင်"
လို့ ခေါ်လိုကြောင်း ယဉ်ကျေးစွာခွင့်ပန် ခေါ်ဝေါ်လာခြင်း ကို ခေါ်ဝေါ်
ခွင့်ပြုကြောင်းလေးစားစွာ ပြန်ကြားလိုက်ပါတယ်။

ဦးဘိုကျော်ငြိမ်း က ကျွန်တော့်ကို ရင်းရင်းနှီးနှီး "တူမောင်" လို့ ခေါ်နေ
တာမြင်ရခြင်း အစမှာ ကျွန်တော်လည်းဘဲ ဦးဘိုကျော်ငြိမ်း ကို ရင်းနှီး
စွာနဲ့ "ဦး"(သို့) "အန်ကယ်" လို့ ခေါ်ဝေါ်ချင်စိတ် ဖြစ်ခဲ့မိပါတယ်။
ဒါပေမဲ့ ခင်ဗျာ-
ဦးဘိုကျော်ငြိမ်း က စာရေးဆရာကြီး လူထုဦးစိန်ဝင်းရဲ့ "သေဆုံးခြင်း"
အပေါ် ရေးထားတဲ့ အရေးအသားတွေကို မြင်ရတော့ ဦးဘိုကျော်ငြိမ်း
ကို ရင်းနှီးလိုစိတ်တွေ ချက်ချင်းပျောက်ကွယ်သွားသလို၊ "ဦး" (သို့)
"အန်ကယ်" လို့ ခေါ်ဝေါ်ချင်စိတ်လည်း တစ်မုဟုတ်ချင်း အဝေးကို
လွင့်စဉ်သွားပါတော့တယ်။

ဦးဘိုကျော်ငြိမ်း အပါအဝင် အခြားစာဖတ်သူ တွေ အနေနဲ့ မေးစရာရှိလာ
နိုင်ပါတယ်။ "ဦးဘိုကျော်ငြိမ်း က ဆရာလူထုစိန်ဝင်းနဲ့ ပတ်သက်ပြီး ဘာ
တွေကို ဘယ်လိုတွေများ ရေးလိုက်လို့ ရဲရင့်သစ္စာ က ဦးဘိုကျော်ငြိမ်း ကို
ရင်းနှီးလိုစိတ်၊ "ဦး" လို့ခေါ်ဝေါ်လိုစိတ်တွေ ပျောက်သွားရတာလဲ?"
ဒါကြောင့် အဲဒါနဲ့ပတ်သက်ပြီး နည်းနည်းရှင်းပြသင့်တယ်လို့ယူဆမိပါတယ်။

ကျွန်တော်တို့ အစ္စလာမ် ဘာသာမှာ အလွန်တရာလက်တွေ့ကျတဲ့
အဆုံးအမတွေ ရှိတဲ့ အထဲက တစ်ခုက ဘာလဲဆိုရင် ကွယ်လွန်သေဆုံး
သွားတဲ့ လူတစ်ယောက် ကို ဆဲဆိုခြင်း နှိမ့်ချစော်ကားခြင်း မပြုပါနဲ့ တဲ့။
ကျွန်တော် ဟာ အစ္စလာမ်ဘာသာဝင် တစ်ယောက်ဖြစ်တဲ့ အတွက်
ဦးဘိုကျော်ငြိမ်း က ဆရာလူထုစိန်ဝင်းရဲ့ "သေဆုံးခြင်း"အပေါ်အများ
သူငါရှေ့ ပေါ်ပေါ်ထင်ထင် စော်ကားမော်ကား ရေးသားရုံမက တိုင်းပြည်
ရဲ့ အဖိုးတန်သားကောင်း ပညာရှင်တစ်ဦးဖြစ်တဲ့ဆရာလူထုစိန်ဝင်း ရဲ့
"သေဆုံးခြင်း" အပေါ် အလွန်တရာမှ နှစ်ထောင်းအားရ ပီတိ သောမနဿ
အပြည့် ရွှင်နေကြောင်း ဝန်ခံပြတဲ့အနေနဲ့-
"PLEASE DO NOT DISTURB
ENJOYING THE MOMENT" လို့ ရေးသားလိုက်တော့ ကျွန်တော့်
ယဉ်ကျေးမှု နဲ့ interpret လုပ်လိုက်ရင် ဒါဟာ အလွန်ကို မလျော်ကန်
တဲ့ အမှုကြီး တစ်ခုဖြစ်နေရော ပေါ့ခင်ဗျာ။ အစၥလာမ္ဘာသာတင္မက
ဗုဒ္ဓဘာသာ အဆုံးအမ မှာလည်း အဲဒီလိုဘဲ ဖြစ်မှာပါ။  သို့သော်လည်း
ဦးဘိုကျော်ငြိမ်း ရဲ့ ယဉ်ကျေးမှု မှာတော့ အဲဒီလို ပြုမူခြင်းဟာ အလွန်
ကောင်းမြတ်လက်သင့်ခံဖွယ်ရာ အမှု ဖြစ်နေရင်တော့ I should recognize
even though cannot be justified according to our norms ပေါ့ခင်ဗျာ။

ဦးဘိုကျော်ငြိမ်း က ပြန်စာ မှာ ဦးဘိုကျော်ငြိမ်းဟာ Absolute Truth
နဲ့ Absolutism ကိုမယုံကြည်ကြောင်း၊ Relativity ကိုဘဲ လက်ခံ
ကြောင်း ဖွင့်ဟဝန်ချက်ဟာ ဆရာလူထုစိန်ဝင်း နဲ့ပတ်သက်ပြီးရေး
လိုက်တော့မှ အလွန်ကိုသေချာ သွားပါတော့တယ်။

ကျွန်တော် ဦးဘိုကျော်ငြိမ်း ကိုမေးခွန်း (၃) ခုဘဲ မေးခဲ့တာပါ။
ဦးဘိုကျော်ငြိမ်း က မေးခွန်း (၃) ခု ကို practically explicitly ပြန်မဖြေဘဲ
"ism" တွေ အကြောင်း  စာအရှည် ရေးလာပါတယ်။ (အချိန်မရှိဘူးပြောရင်း)
တည့်တည့်မေးတာကို တည့်တည့် မဖြေဘဲ ဒီလိုရေးလာခြင်းဟာလည်းဘဲ
relativism ကို တစ်ထစ်ချယုံကြည်ကျင့်သုံးတဲ့ "ဟိုကွေ့ဟိုတက် ဒီကွေ့ဒီတက်"
ပုံစံတစ်မျိုး ပါဘဲလို့မှတ်ချက်ပြုလိုပါတယ်။

တစ်ကယ်တမ်းပြောရရင် ကျွန်တော်ဟာ theory တွေကို argument
လုပ်ပြရတာ သိပ်စိတ်မဝင်စားပါဘူး။ ဒါပေမဲ့လည်း ဦးဘိုကျော်ငြိမ်း က
ဝါသနာအရ (သို့) ပညာအရ absolutism တွေ relativism တွေ  ပြော
လာတော့ကျွန်တော့် အနေနဲ့လည်း ပြန်လည် analyse လုပ်ပြရတော့မှာ
ပေါ့ခင်ဗျာ။

အများသာမန်စာဖတ်သူတွေ အနေနဲ့ ဦးဘိုကျော်ငြိမ်းပြောနေတဲ့ absolutism နဲ့
relativism ရဲ့ အခြေခံ အယူအဆကို ရှင်းရှင်းလင်းလင်း နားလည်နိုင်ဖို့အတွက်
ကျွန်တော်အရင်ဆုံး Definition ကို ရိုးရှင်းစွာတင်ပြပေးလိုက်ပါ့မယ်။

Absolutism ဆိုတာက အပြုအမူ အခြင်းအရာ တစ်ခုကို  မှန်သည် မှားသည်
လို့ဆုံးဖြတ်ရာမှာ ဘယ်လိုအကြောင်းပြချက် ကိုမှ မှီခိုခြင်းမရှိဘဲ တစ်ထစ်ချ
ဆုံးဖြတ်အသိအမှတ်ပြုခြင်းမျိုးပါ။ ဥပမာ- အသက် ဇီဝ တစ်ခုကို ပျက်အောင်
လုပ်ခြင်း၊ အသက်သတ်ခြင်းအမှု ဆိုပါစို့။ ဘာကြောင့်သတ်သတ် ၊ ဘယ်လို
အကြောင်းပြချက်နဲ့ ဘဲ သတ်သတ် သတ်ခြင်း ဟာ မှားတယ် (သို့) မှန်တယ်
လို့ ခံယူခြင်းမျိုး။

Relativism ဆိုတာက အပြုအမူ အခြင်းအရာ တစ်ခုကို  မှန်သည် မှားသည်
လို့ဆုံးဖြတ်ရာမှာ အကြောင်းပြချက် အပေါ်မူတည်ပြီး ဆုံးဖြတ်ခြင်းမျိုးပါ။
ဥပမာ-အသက် ဇီဝ တစ်ခုကို ပျက်အောင်လုပ်ခြင်း၊ အသက်သတ်ခြင်းအမှု
ဆိုပါစို့။ လူသားတွေ အကျိုးအတွက် တိရိစ္ဆာန်တွေကို သတ်ပြီးအသုံးချခြင်း၊
လူသားတွေအကျိုးအတွက် လူဆိုးလူယုတ်မာတွေ ကိုသတ်ခြင်းဟာမှန်တယ်
လို့ခံယူတာမျိုး။

ဦးဘိုကျော်ငြိမ်း က relativism ကို ဘဲ ယုံကြည်ပြီး absolutism ကို မယုံ
ကြည်ဘူးလို့ဆိုထားပါတယ်။ နောက်တစ်ဖက်မှာ ဦးဘိုကျော်ငြိမ်း က
ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာဖြစ်ကြောင်း ဝန်ခံထားပါသေးတယ်။
ဦးဘိုကျော်ငြိမ်းရဲ့ ခံယူချက် တွေဟာ အချင်းချင်းဝိရောဓိဖြစ်နေကြောင်း
အသာအယာ ဆန်းစစ်လိုက်ရင် သိရမှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ မှာ
အသက်တစ်ခုခု ကို သတ်ခြင်း ဟာ လုံးဝကိုမှားယွင်းတဲ့ အမှုဖြစ်ပါတယ်။
ဘယ်လိုအကြောင်းပြချက် ကို မှ လက်မခံပါဘူး။ အသက်သတ်ခြင်းဥပမာ
လို ဘဲ အခြားဥပမာတွေကိုအစားထိုး လေ့လာကြည့်ပါ။ ဒါကြောင့်
ဗုဒ္ဓဘာသာ မှာ အချို့အချို့ ခံယူမှုတွေဟာ Absolutism theory
နဲ့ လုံးဝ ကိုက်ညီနေကြောင်း တွေ့နိုင်ပါတယ်။ အချို့အချို့ ခံယူမှုတွေ
ဟာတော့ relativism နဲ့ကိုက်ညီတာတွေလည်းရှိပါတယ်။ ဥပမာ-
သတ္တဝါ ရဲ့ အသား စားသောက်ခြင်းဆိုင်ရာ ကိစ္စ ကိုကြည့်ပါ။
ကိုယ်တိုင် သတ်ဖြတ်စီရင် ထားတဲ့ ကြားသား၊ မြင်သားမျိုးကို စားရင်
အပြစ်ဖြစ်ပေမဲ့၊ သူတစ်ပါးသတ်ဖြတ်စီရင် ထားတဲ့ အသားကို စားရင်
အာပတ်လွတ် တယ်ဆိုတာမျိုး။

အစ္စလာမ်ဘာသာ မှာလည်း Absolutism နဲ့ကိုက်ညီတာရှိသလို၊
Relativism နဲ့ကိုက်ညီတာ ရှိပါတယ်။ ဥပမာပေးရရင် လူဆိုးလူမိုက်
တစ်ဦးဦးကို အပြစ်ဒဏ်ပေးစီရင်ရာမှာ တောင် မသေမချင်းညှင်းပန်း
နှိပ်စက်ပြီး သတ်ဖြတ် တာမျိုးကို ဘယ်လို အကြောင်းပြချက်နဲ့မှ
လက်ခံမပေးပါဘူး။ ဘယ်လောက်ဆိုးသွမ်းတဲ့ တရားခံလူဆိုး
ဖြစ်ပါစေ။ မသေမချင်းညှင်းပန်း နှိပ်စက်ပြီး သတ်ဖြတ် တာမျိုး
ကို ခွင့်မပြုခြင်း Absolutism ပါ။ Relativism နဲ့ ကိုက်ညီတာကို
ပြောရရင် အစ္စလာမ် ဘာသာ မှာ လူ ကို ဖြစ်စေ၊ တိရိစ္ဆာန် ကို
ဖြစ်စေ အကြောင်းတစ်စုံတစ်ရာမရှိဘဲ အပြစ်မရှိဘဲ သတ်ဖြတ်
ခြင်းဟာ အလွန်မှားယွင်း တဲ့ အမှုဖြစ်ပေမဲ့ လူသားတွေ အကျိုး
အတွက် သတ်ဖြတ်တာမျိုးကျတော့ မှားယွင်းတဲ့ အမှု မဖြစ်တဲ့
အပြင် မှန်ကန် တဲ့ အမှုလို့တောင် မြင်ပါတယ်။ အဲဒါ နဲ့ပတ်သက်
လို့ အထောက်အထား အနေနဲ့ ကုရ်အာန် ကျမ်းလာ အာယသ်
တော် တစ်ပါးကို တင်ပြပေးပါ့မယ်။

ဧကန်စင်စစ် မည်သူမဆို အကြင်သူတစ်ဦးတစ်ယောက်အား အသက်
တစ်ချောင်း၏ အစားလည်းမဟုတ်ဘဲ၊ တိုင်းပြည်၌ ဆူပူသောင်းကျန်း
(မှုကို ပြုလုပ်)ခြင်းကြောင့်လည်းမဟုတ်ဘဲ (မတရားသက်သက်)
သတ်ဖြတ်ခဲ့ပါလျှင်၊ ထိုသူသည်လူခပ်သိမ်းတို့ကို သတ်ဖြတ်ဘိသကဲ့
သို့ပင်ဖြစ်၏။ ထိုနည်းတူစွာ မည်သူမဆို လူတဦးတယောက် ကို
(အသက်ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်းအား ဖြင့်) အသက်ရှင်စေ
ခဲ့ပါမူ၊ ထိုသူသည်လူအပေါင်းတို့အား အသက်ရှင်စေဘိသကဲ့သို့ပင်ဖြစ်၏။
(ကုရ်အာန်ကျမ်း ၅း၃၂)

ဗုဒ္ဓဘာသာ နဲ့ အစ္စလာမ် ဘာသာ ထဲက  ဥပမာ ကိုသာပေးခဲ့
ပေးမဲ့၊ အခြားဘာသာအယူဝါဒတွေ မှာလည်း  Absolutism နဲ့
Relativism ဟာ တွဲလျှက်ရှိနေပါတယ်။ ကျွန်တော်ဘာကို အဓိက
ဆိုလိုချင်တာလဲပြောရရင် ဘာသာတရားတိုင်း၊ Philosophy တိုင်း
မှာ Absolutism နဲ့ Relativism ဟာ ဒွန်တွဲလျှက်ရှိပါတယ်။
ငါကတော့  Absolutism ကိုဘဲ လက်ခံတယ်၊ Relativism ကို
လက်မခံဘူး (သို့)  အပြန်အလှန် ပြောခြင်းဟာ Illogical ယုတ္ထိ
မကျပါဘူး။ စာတွေပေတွေ လေ့လာရေးသားနေတဲ့ ဦးဘိုကျော်ငြိမ်း
အနေနဲ့လည်း Relativism ကိုဘဲ ယုံကြည်တယ်၊ Absolutism
ကို မယုံကြည်ဘူးလို့ နက်နက်နဲနဲတွေးတောစဉ်းစားဆင်ခြင်ခြင်း
ကင်းစွာ ပြောဆိုခြင်းမျိုး ကိုရှောင်ရှားသင့်ပါတယ်။ ဒီနေရာ မှာ
ကျွန်တော့် ထက် အသက်အရွယ်ငယ်သူသာဆိုရင်၊ မောင်ရင် ဒီလို
မပြောရဘူး ဒီလို ပြောရတယ် ဆိုပြီး ကျွန်တော်လူကြီးအနေနဲ့ဆုံးမ
စကားပြောမိမှာပါ။ အခု ဦးဘိုကျော်ငြိမ်းကျတော့ ကျွန်တော့်ထက်
အသက် ၂၁ နှစ် ကြီးရင့်တဲ့ သူဖြစ်နေလေတော့ ကျွန်တော် က
လေးလေးစားစား အကြံပေးတာပါလို့ ပြောချင်ပါတယ် ခင်ဗျာ။

Absolute Truth ဆိုတာ Interpretation လို့ပဲခံယူထား ကြောင်း
ဦးဘိုကျော်ငြိမ်း ပြောထားပါတယ်။ ကျွန်တော် ပြောချင်တာက
Absolute Truth ဆိုတာ သီးသန့်ဂုဏ်ပုဒ်နဲ့ရှိနေတာဖြစ်ပြီး
Interpretation ဆိုတာ အဲဒီဂုဏ်ပုဒ် နဲ့ နှိုင်းရလောက်အောင် အမြဲတမ်း
တစ်ထပ်ထဲမကျဘူးဆိုတာပါ။  Interpretationတိုင်းဟာ Absolute Truth
ကို မရောက်စေနိုင်ပါဘူး။ Interpretation တိုင်းကိုလည်း Absolute Truth
လို့ ယူဆလိုက်လို့မရပါဘူး။ မှန်မှန်ကန်ကန် ရောက်စေနိုင်တာရှိသလို၊
Absolute Truth နဲ့ လုံးဝကြီး deviate သွေဖယ်သွားတာ ရှိပါတယ်။
ဘာသာတရားတိုင်းမှာ authentic teaching တွေ ရှိပါတယ်။ fundamental
teaching တွေပေါ့ဗျာ။ အဲဒီ teaching တွေကို Interpret လုပ်ရာမှာ
ကွက်တိ မှန်သွားတာတွေရှိသလို ၊ လုံးဝ ကို လွဲချော်သွားတာတွေရှိပါတယ်။
ဦးဘိုကျော်ငြိမ်း ဟာ ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်တယ် လို့ မိမိကိုယ်တိုင်
ဖွင့်ဟဝန်ခံထားတဲ့ အတွက် ကျွန်တော်က ဥပမာ ပေးရာမှာ ဗုဒ္ဓ ရဲ့ ကျမ်း
စာထဲ က ဥပမာ ပေးရှင်းပြပါ့မယ်။ Just for your easy understanding
and acceptance ပါ။

ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ် က ဝေသာလီမြို့ ကျောင်းတစ်ကျောင်းမှာ
ရဟန်းတွေကို အသုဘကမ္မဋ္ဌာန်း ဟောကြားတော်မူခဲ့ပါတယ်။ အဲဒီလို
ဟောကြားပြီးတဲ့ အခါမှာ ရဟန်း အတော်များများဟာ ဗုဒ္ဓရဲ့ အသုဘ
ကမ္မဋ္ဌာန်း တရားကို မိမိတို့ အဆင်အခြင်နဲ့ interpret လုပ်ကြပြီး
ကိုယ့်ကိုကိုယ် သတ်သေခဲ့ကြပါတယ်။ (သူတစ်ပါးကိုအခပေးပြီးကိုယ့်
အသက် သတ်ခိုင်းတာကိုဆိုလိုပါတယ်။) တစ်ကယ်တော့ ဗုဒ္ဓ က
သူတို့ကို သေခိုင်းခဲ့တာလည်း မဟုတ်ပါဘူး။ ခန္ဓာရဲ့စက်ဆုပ်ဖွယ်ရာ
တွေကို ကိုယ်တိုင် မြင်တဲ့ အတိုင်း အသုဘသမာပတ် ဟောခဲ့ရုံသက်သက်ပါဘဲ။
ရဟန်းတွေက သူတို့ဟာသူတို့ interpret လုပ်ပြီး ကိုယ့်ကိုကိုယ်သတ်သေ
ခဲ့ခြင်းဟာ interpretation မှားတာပါဘဲ။ ဗုဒ္ဓအလိုရှိတဲ့ absolute truth
(ဦးဘိုကျော်ငြိမ်း အလိုအရ ဆို Universal Truth) နဲ့ ရဟန်းတွေရဲ့
interpretation တို့ဟာ လုံးဝ ကိုလွဲတာပါ။ ဒါက ဥပမာလေး တစ်ခုထဲပါ။
အဲဒီလို ဥပမာတွေ ဘာသာတရားတိုင်းရဲ့ ဖြစ်စဉ်တွေမှာ ရှိပါတယ်။ ဒါကြောင့်
ဦးဘိုကျော်ငြိမ်း က Interpretation ဟာ Absolute Truth လို့ ပြောခြင်း
ဟာလည်းလုံးဝကို အလွဲကြီးဖြစ်နေကြောင်းရိုသေစွာ ပြောကြားလိုက်ပါတယ်။

Creation ကို လက်ခံတဲ့ ဘာသာကြီး (၃) ခုစလုံး (Judaism, Christianity,
Islam) မှာ တမန်တော်တွေ ကွာသွားလို့ ဘုရားတစ်ဆူအယူအဆသာတူညီပြီး၊
ဘာသာတွေ ကွဲသွားတာ မဟုတ်ဘဲ၊ လူတွေရဲ့ Interpretation ကြောင့်
လူတွေရဲ့ လိုတိုးပိုလျှော့ လုပ်မှုကြောင့် အယူအဆတွေ ကွာသွားတာဖြစ်ပါတယ်။
ဂျူး၊ ခရစ်ယျာန် နဲ့ အစ္စလာမ် ဘာသာတွေလိုဘဲ ဗုဒ္ဓဘာသာမှာလည်း
Interpretation ကြောင့် ဂိုဏ်းကွဲတွေ အများကြီးကွဲသွားခဲ့ပါသေးတယ်။
ဗုဒ္ဓဘာသာ ဂိုဏ်းကွဲ တစ်ခုဖြစ်တဲ့ ဝဇီရယာန (တန္တရ မန္တရ) ဂိုဏ်းကွဲ
ဟာ ဆိုရင် ဗုဒ္ဓဘာသာ ဂိုဏ်းကွဲ လို့သာအမည်ခံထားပေမဲ့ တစ်ကယ်
ကျတော့ သူတို့ရဲ့ အတွေးအခေါ်အယူအဆ ကျင့်စဉ်တွေဟာ ဗုဒ္ဓရဲ့
အဆုံးအမ ဓမ္မနဲ့ ညှိယူလို့မရအောင်ကို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေ
တာဖြစ်ပါတယ်။ အဲဒီ တန္တရ မန္တရ Interpretation ကို ယူပြီး ဒါလည်းဘဲ
Buddhism ရဲ့ Absolute Truth Universal Truth ဘဲလို့ ပြောမရတာ
ဦးဘိုကျော်ငြိမ်းသိလောက်မယ် ထင်ပါတယ်။ ဗုဒ္ဓ ဟောကြားခဲ့တဲ့ Universal
Truth Absolute Truth ကို သိချင်ရင် ဗုဒ္ဓရဲ့ fundamental teachings တွေ
က တစ်ဆင့်ချဉ်းကပ်ရပါတယ်။ အစၥလာမ္ဘာသာရဲ့ Absolute Truth ကိုသိ
ချင်ရင် အစ္စလာမ်ဘာသာရဲ့ fundamental teachings တွေ က တစ်ဆင့်ချဉ်း
ကပ် ရပါတယ်။ ဒါကြောင့် ဦးဘိုကျော်ငြိမ်း ရဲ့ ကောက်ချက် "ဘာသာရေးဆို
တာလည်း INTERPRETATION လို့ပဲ ကောက်ချက်ချရမှာပဲ" ဟာ လုံးဝ ကိုလွဲ
မှားနေကြောင်း ပြောလိုပါတယ်။

လူတစ်ယောက် က God နဲ့ စကါးပြောရတယ် ဆိုပြီး ထပြောလို့ လူ
အများ ယုံကြည်ကြတာရှိသလို၊ အတွေးအခေါ်လိုလို ဒဿန လိုလို တွေ
ကရားရေလွတ်တတွတ်တွတ်ပြောလို့ လူအများယုံကြည်နောက်လိုက်ပြီး
အလိမ်ခံရတာမျိုးတွေလည်း ရှိပါတယ်။ ဒါတွေ ကိုကြည့်ပြီး ဘာသာတရား
တစ်ခုခု ရဲ့ original teachings တွေကို သုံးသပ်ဝေဖန်လိုက်လို့မရပါဘူး။
You cannot judge a car by its driver ပါ။

ကမ္ဘာတစ်ခုလုံး နဲ့ချိန်ကြည့်ရင် Mormonism ဟာ Islam ရဲ့ expansion
rate နဲ့ ယှဉ်ပြောလို့မရလောက်အောင်ကို negligible ပါ။ USA တစ်ခုထဲ
မှာဆိုရင်တော့ Islam ထက် expansion rate များတယ်ဆိုတာ မှန်ချင်
မှန်နိုင်ပါတယ်။ အချို့ research တွေကဆိုရင် Mormonism ဟာ အမေရိ
ကားရဲ့ တစ်ဝက်မှာ ဘဲ အမြန်ဆန်ဆုံးပြန့်နှန့်တဲ့ ဘာသာအယူဝါဒဖြစ်ကြောင်း
သုတေသန ပြုကြေညာ ထားတာရှိပါတယ်။ ဦးဘိုကျော်ငြိမ်းရေးသားပုံ က
ကမ္ဘာတစ်ခုလုံးမှာ Mormonism ဟာ Islam ထက် expansion rate ပိုများ
သလိုလို ဘာလိုလို။ အများအတွက်စာရေးရင် ရိုးရိုးသားသားနဲ့ရှင်းရှင်း
လင်းလင်း ရေးသင့်ပါတယ်။ ဟိုလိုလို ဒီလိုလို လုံးပြီးရေးခြင်းဟာ စာဖတ်
သူတွေရဲ့ အသိ ကို contaminate ဖြစ်စေပါတယ်။ ဒါကြောင့်အဲဒီလို ရေး
သားခြင်းမျိုးကို ရှောင်ရှားသင့်ကြောင်းတလေးတစားအကြံပေးလိုက်ရပြန်ပါတယ်။

History လို့ဆိုလိုက်တာနဲ့ Interpratation ဘဲလို့ တစ်သမတ်တည်း ယူဆလိုက်
လို့မရပါဘူး။ History ကို Interpret လုပ် လိုရာစွဲ ဘက်လိုက်ရေးတဲ့ Counterfactual
Historian တွေရှိ သလို ၊ အရှိကို အရှိ အတိုင်း အစွဲကင်းကင်းရေးတဲ့ Factual Historian
တွေ လည်းရှိပါတယ်။ Historian အများစုက unanimously လက်ခံထားတဲ့ history
မျိုးနဲ့ တစ်ဦးတစ်လေ က လက်ဆော့ပြီး ပုံပြင်လိုလို ဒဏ္ဍာရီလိုလိုရေးထားတာမျိုး
တွေဟာ နှိုင်းမရအောင်ကို value ခြင်းကွာခြားလှပါတယ်။ Counterfactual History
နမူနာကြည့်ချင်ရင် အောက်က link မှာသွားကြည့်ပါ။
https://www.dropbox.com/s/9t48bnhcx68rq9m/PDF%20Anti%20islam.pdf
Factual History နမူနာကြည့်ချင် ရင်တော့
ဒီ link (http://www.scribd.com/YEYINTTHITSAR) မှာသွားကြည့်ပါ။

9/11 မှာ နယူးယောက် က World Trade Center ကြီးပြိုသွားတယ်။
ဟုတ်ပါတယ်။ အဲဒါ fact ဘဲ။ Khalid Sheikh Mohammed ကို အမေရိကန်တွေက
Water Boarding Torture အပါအဝင် အမျိုးမျိုးနှိပ်စက်ပြီး မှ အဲဒီ အမှုကြီးကို plan
လုပ်တယ်လို့ ဝန်ခံခဲ့တာ လည်း fact ပါဘဲ။ ဒါ့အပြင် Khalid Sheikh Mohammed
ကိုယ်တိုင်က သူ့ရဲ့ public statement မှာ အပြစ်မဲ့လူတွေသေဆုံးခဲ့တဲ့အတွက် သူ
အလွန်နောင်တရကြောင်း၊ "Islam doesn't give a "green light" to killing" အစ္စလာမ်
ဘာသာဟာ သတ်ဖြတ်ဖို့ မီးစိမ်းပြတဲ့ ဘာသာမဟုတ်ကြောင်းပြောခဲ့တာလည်း fact
ပါဘဲ။ အမေရိကန် ဦးဆောင်ပြီး အာဖဂန်တို့အီရတ်တို့ က အပြစ်မဲ့ ကလေးသူငယ်
အပါအဝင် များစွာသော အပြစ်မဲ့လူတွေကို အစုလိုက်အပြုံလိုက် သတ်တာတွေ၊
အစ္စရေး က ပါလက်စတိုင်းလူမျိုးတွေ ကို အစုလိုက်အပြုံလိုက်သတ်တာတွေ ဟာ
လည်းဘဲ facts တွေပါဘဲ။

ကျွန်တော် က ဦးဘိုကျော်ငြိမ်း ကို historical reference နဲ့ဘဲ အထောက်
အထားပြခိုင်းတာပါ။ အာဖဂန်မှာ မွတ်စလင်ဘုန်းကြီး တွေ က ဗုဒ္ဓဘာသာ
ဘုန်းကြီးတွေကို လိုက်သတ်ခဲ့ကြောင်း ဘယ် သမိုင်းပညာရှင်တွေကတော့ဖြင့်
unanimously agreed ဖြစ်ရေးသားထားပါတယ် ဆိုတဲ့ အထောက်အထားမျိုးပါ။
ဦးဘိုကျော်ငြိမ်း အနေနဲ့ အဲဒီလို အထောက်အထားမျိုးကို ဒီတစ်သက်မဟုတ်၊
နောက်ဘဝ ဆက်တိုင်းဆက်တိုင်း လူဖြစ်မယ်ဆိုရင်တောင်ပေးနိုင်မှာ မဟုတ်ပါဘူး။
ဘာကြောင့် ဒီလို အပိုင်ပြောရလဲ ဆိုရင်အစ္စလာမ် ဘာသာမှာ "ဘုန်းကြီး" ရယ်
လို့ အခွင့်ထူးခံသာသနာ့ဝန်ထမ်းမရှိဘူးခင်ဗျ။ မွတ်စလင်ဘုန်းကြီး က ဗုဒ္ဓဘာ
သာဘုန်းကြီး ကိုသတ်တယ် ဆိုတဲ့ အချက်ကိုက factual errorr ဖြစ်နေပြီ။
နောက်တစ်ခုကမွတ်စလင်တွေ အနေနဲ့ စစ်တိုက်ရင်တောင် တစ်ပါးဘာသာဝင်
ဘုန်းကြီးတွေ ရဟန်းတွေ တရားအားထုတ်သူတွေကို မသတ်ဖြတ်ဖို့၊ မထိပါးဖို့
အစ္စလာမ်ဘာသာမှာ တမန်တော်မုဟမ္မဒ် က ဥပဒေပြဋ္ဌာန်းထားပါသေးတယ်။

Mullah Omar နဲ့တာလီဘန် တွေက ဗာမီယမ် ဗုဒ္ဓရုပ်ပွါးတော်တွေကို ဖျက်စီး
ပစ်တဲ့ စိတ်ဓာတ် ဟာ တစ်ကယ်ကိုအောက်တန်းကျလှပါတယ်။ ယုတ်ညံ့လှပါ
တယ်။ အဲဒီ လုပ်ရပ်ကို ဆန့်ကျင်တဲ့ မွတ်စလင် တွေဟာ နိုင်ငံအလိုက်ကိုရှိပါတယ်။
 ဆော်ဒီအာရေဗျ တို့ပါကစ္စတန်တို့ အပါအဝင် OIC (Organization of Islamic
Conference) လို့ခေါ်တဲ့ မွတ်စလင် နိုင်ငံပေါင်းစုံ အဖွဲ့အစည်းကြီးကို က statement
ထုတ်တားဆီးကန့်ကွက် ရှုံ့ချ ခဲ့တာပါ။

အဲဒီ Mullah Omar နဲ့တာလီဘန်တွေ ထက်ပိုပြီး ယုတ်ညံ့ အောက်တန်းကျတဲ့
လူတွေရှိပါသေးတယ်။ ဘယ်သူတွေလဲဆိုရင် ထစ်ကနဲရှိ တစ်ပါးဘာသာတရား
ကိုအထောက်အထားမဲ့ညစ်ညမ်းစွာ ဆဲဆိုတဲ့လူတွေ၊ hate speech ဖြန့်တဲ့လူတွေ၊
လူပေါင်းများစွာ က တန်ဖိုးထားတဲ့ဗလီဝတ်ကျောင်းတော်တွေ၊ ခရစ်ယျာန်
ဘုရားကျောင်းတွေ ကို ဖျက်စီးတဲ့လူတွေ၊ နေ့ခင်းကြောင်တောင် လူမြင်ကွင်းရှေ့
မှာ ရာနဲ့ချီတဲ့လူတွေကဆယ်ဂဏန်းမျှ အပြစ်မဲ့ ခရီးသွားတွေကို ကားပေါ်ကဆွဲချ
သတ်ဖြတ်၊ အလောင်းတွေကိုမဖွယ်မရာလုပ် အဲလိုလူတွေ က တာလီဘန်တွေ
ထက်တောင် ပိုယုတ်မာညစ်ညမ်း လှပါတယ်။ ဦးဘိုကျော်ငြိမ်း အနေနဲ့ အဲဒီ
လူတွေ ယုတ်မာကြောင်း လက်ခံပါလိမ့်မယ်။ တာလီဘန်တွေရဲ့ လုပ်ရပ်ကြောင့်
အစ္စလာမ်ဘာသာကို လက်ညှိုးထိုးမရနိုင်သလို၊ အထက်မှာပြောထားတဲ့ လုပ်
ရပ်တွေကို ကျူးလွန်တဲ့ လူတွေကြောင့်သူတို့ကိုးကွယ်ရာဘာသာကို လက်ညှိုး
ထိုးလို့ မရပါဘူး။ အစ္စလာမ်ဘာသာ မှာ က ဘာသာခြားတွေနဲ့ အတူယှဉ်တွဲနေ
ထိုင်နိုင်ဖို့ ဟောဒီလို ဆုံးမသွန်သင်ထားပါတယ်။

(အို-နဗီတမန်တော်) အသင်သည် (ဤသို့)ပြောကြားပါလေ၊
အို-ကာဖိရ် ငြင်းပယ်သူအပေါင်းတို့။ ငါသည် အသင်တို့
ကိုးကွယ်လျက်ရှိကြသောကိုးကွယ်ရာများကို ကိုးကွယ်
ဆည်းကပ်သည် မဟုတ်ပေ။ အသင်တို့သည်လည်း ငါ၏
ကိုးကွယ်ရာကိုကိုးကွယ်ကြသူများ မဟုတ်ပေ။ဖြစ်အံ့သတည်း။
ထို့ပြင် ငါသည် အသင်တို့၏ ကိုးကွယ်ရာကိုကိုးကွယ်မည့်သူ
မဟုတ်ပေ။ ထိုနည်းတူစွာ အသင်တို့သည်လည်း ငါကိုး
ကွယ်သော ကိုးကွယ်ရာကို ကိုးကွယ်ဆည်းကပ် ကြမည့်
သူများမဟုတ်ပေ။(စင်စစ်မှာကား) အသင်တို့အဖို့ အသင်
တို့၏အကျိုး၊ လမ်းစဉ်၊ သာသနာဖြစ်၍ ငါ၏အဖို့ ငါ၏
အကျိုး၊လမ်းစဉ်၊ သာသနာပင်ဖြစ်ပေသည်။
(ကုရ်အာန်ကျမ်း ၁၀၉း၁-၆)

တရားမျှတမှု justice နဲ့ပတ်သက်လာရင်  ဘာသာခြားရယ် မွတ်စလင်ရယ်
ခွဲခြားမနေ တရားမျှတစွာ ပြုကျင့်ရမယ့် အကြောင်း ကုရ်အာန်ကျမ်းမှာ
အခုလို လာရှိပါတယ်။

အလ္လာဟ်အရှင်မြတ်သည် အသင်တို့အားအကြင်သူတို့ကို
 ကျေးဇူးပြုခြင်းမှလည်းကောင်း၊ တရားမျှတစွာဆက်ဆံခြင်း
မှလည်းကောင်း၊ တားမြစ်တော်မူသည် မဟုတ်ပေ။ထိုသူတို့
သည် အသင်တို့ အား ဒီန် သာသနာနှင့်စပ်လျဉ်း၍တိုက်ခိုက်
ခဲ့ကြသည်လည်း မဟုတ်ပေ။ အသင်တို့အား အသင်တို့၏
 နေအိမ်များမှ နှင်ထုတ်ခဲ့ကြသည်လည်း မဟုတ်ပေ။
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တရားမျှတ သော
သူတို့အား နှစ်သက်ချစ်တော်မူ၏။
(ကုရ်အာန်ကျမ်း ၆၀း၈)

လူမျိုးတစ်မျိုး ကို မုန်းတီးတဲ့စိတ်ကြောင့် တရားမျှတမှု ကို မပစ်ပယ်
မိဖို့ ဒီလိုဆုံးမ ထားပါသေးတယ်။

"အို-မုအ်မင်န်သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည်
အလ္လာဟ်အရှင်မြတ်(၏ နှစ်သက်မှုရယူရန်)အလို့ငှာဖြောင့်မတ်
တည်ကြည် သောသူများ၊ (သက်သေခံရာတွင်) တရားမျှတစွာ
သက်သေခံသူများဖြစ်ကြလေကုန်။၎င်းပြင် မည်သည့် လူမျိုး
တစ်မျိုးကိုမဆို မုန်းတီးခြင်းသည်အသင်တို့အား တရားမျှတမှု
ကို မပြုဘဲနေကြရန် လှုံ့ဆော်သည်မရှိစေရ။ အသင်တို့သည်
(မည်သည့် ကိစ္စမျိုး၌မဆို) တရားမျှတကြလေကုန်။ ယင်းတရား
မျှတမှုသည်ကား ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ခြင်းနှင့် အနီး
စပ်ဆုံးပင်တည်း။"
(ကုရ်အာန်ကျမ်း ၅း၈)

ဦးဘိုကျော်ငြိမ်း ကို ကျွန်တော် က သမိုင်းအထောက်အထားတောင်းတာကို
ဦးဘိုကျော်ငြိမ်း က ခပ်တည်တည် နဲ့ တရုတ်ဘုန်းတော်ကြီး Xuangzang
ရဲ့ Da Tang Xiyu Ji မှာ ပါတယ်၊ မွပ်စလင်ဘုန်းကြီးတွေက ဗုဒ္ဓဘာသာ
ဘုန်းကြီးတွေ ကိုလိုက်သတ်တဲ့ အကြောင်း ဆိုပြီး ကျွန်တော့် ကို Da Tang Xiyu Ji
ဖတ်ရှုလေ့လာခိုင်းပါတယ်။  Da Tang Xiyu Ji ကို တရုတ်လိုဖတ်စရာမလို
ပါဘူး ခင်ဗျာ။ အင်္ဂလိပ်လိုဘာသာပြန်ပြီးသားရှိပါတယ်။ ဟောဒီမှာပါ။
ota.ahds.ac.uk/headers/2512.xml. ကဲရှာပြပါဦးခင်ဗျာ။ ဦးဘိုကျော်ငြိမ်း ပြောတဲ့
မွပ်စလင်ဘုန်းကြီးတွေက ဗုဒ္ဓဘာသာဘုန်းကြီးတွေ ကို လိုက်သတ်တဲ့ အကြောင်း။

အစ္စလာမ် ဘာသာမှာ ဘုန်းကြီးဆိုတာရှိကို မရှိတာပါ။ အဲဒါကို ဦးဘိုကျော်ငြိမ်း
တစ်ယောက် ဘယ်နှယ်ဘယ်လိုတွေ သင်ယူလေ့လာပြီး "ဒီလို ဘုန်းကြီးမျိုး
တွေ မွပ်စလင် ဘာသာမှာရှိတာ ငြင်းလို့မရ တဲ့ သက်သေပဲ။" လို့ ရေးလိုက်
တာပါလဲ ခင်ဗျာ။ ဦးဘိုကျော်ငြိမ်း လို ခေတ်ပညာတတ်တစ်ဦးရဲ့ လေ့လာမှု က
ဒီလောက်ဘဲ ရှိပါလားလို့ တွေးမိရင်း စာဖတ်သူတွေ အတွက်ရင်လေးမိပါ
တယ်ခင်ဗျား။

ဦးဘိုကျော်ငြိမ်း က အိန္ဒိယ သား ကုလား Arun Shourie ဆိုသူကို reference
လုပ်ပြီး၊ ဗုဒ္ဓဘာသာကို ရုပ်ထုကိုးကွယ်တဲ့ဘာသာ ဆိုပြီး အစ္စလမ်လာသာဝင်
 တွေကနှိပ်ကွပ်တယ် လို့ အထောက်အထားပေးရေးထားပါတယ်။ Arun Shourie
ဆိုတဲ့ လူက အစ္စလာမ်ဘာသာ နဲ့ပတ်သက်ပြီး မဟုတ်မဟတ်တွေရေးနေတဲ့
လူ၊ hate speech ဖြန့်နေတဲ့ လူဆိုတာ အိန္ဒိယ တစ်နိုင်ငံလုံးတင်မက ၊
တစ်ကမ္ဘာလုံးသိပါတယ်။ အဲဒီလူကို အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့အခြေစိုက်
ကမ္ဘာကျော် အစ္စလာမ်ပညာရှင်ကြီး Dr Zakir Naik က သိန်းနဲ့ချီတဲ့ လူထု
ကြီးရှေ့ စင်မြင့်ပေါ်မှာ public debate လုပ်ရအောင်လို့ ဖိတ်ခေါ်တာ
အကြိမ်ကြိမ်ပါဘဲ။ Arun Shourie က တစ်ခါမှ လက်မခံခဲ့ဘဲ စာရီခြုံ
ထဲက လက်သီးပြနေတာ ကြာပါပကော။ အိန္ဒိယ နဲ့ အာဖဂန် (Gandhara)
မှာ ဗုဒ္ဓဘာသာကွယ်ပျောက်တာဟာ ဟိန္ဒူဗြဟ္မဏ တို့ရဲ့ လက်ချက်ဆိုတာ
သမိုင်းကို တစ်ကယ်တတ်ကျွမ်းသူတိုင်းနားလည်ပါတယ်။ စတိသဘော
သိချင်ရင် ကျွန်တော်ရေးသားပြုစု ထားတဲ့ "သမိုင်းဟူသည် ဤသို့တည်"
ကျမ်းငယ် ကို ဖတ်ရှုကြည့်ပါ။ သမိုင်းအထောက်အထား ပေးပါတယ် ဆိုမှ
လူလိမ်ကလိမ်ကကျစ်အောက်တန်းကျတဲ့ Arun Shourie လို လူစားရေးတာ
ကို မှအထောက်အထားပေးရတယ် ဦးဘိုကျော်ငြိမ်းရယ်။

ဦးဘိုကျော်ငြိမ်း က ကိုယ့်ကိုကိုယ် ဘယ်ဘာသာကို မှ မုန်းတီးသူမဟုတ်ကြောင်း
ယူဆနေတာသိရပါတယ်။ တစ်ကယ်တမ်းကျတော့ ဦးဘိုကျော်ငြိမ်း ဟာ ကိုယ်တိုင်
အစ္စလာမ်ဘာသာကို မုန်းတီးသူတစ်ဦးဖြစ်ပြီး အများကိုလည်း အစ္စလာမ်ဘာသာ
နဲ့ ပတ်သက်ပြီး မဟုတ်မတရားဝါဒဖြန့်နေသူသာဖြစ်ကြောင်း ကျွန်တော်
အထောက်အထားနဲ့တင်ပြပေးပါ့မယ်။

ဦးဘိုကျော်ငြိမ်းရေးသားတဲ့ "ဘာသာရေး ၊ ဒီမိုကရေစီ နှင့် ဘင်္ဂါလီ ရိုဟင်ဂျာ ပြဿနာ"
by Bo K Nyein on Wednesday, June 13, 2012 at 6:57am note မှာ

"အစ္စလမ် ဘာသာဟာ လည်းထောက်လျှောက် ဘာသာရေးပညာရှင်တွေ
က ငြိမ်းချမ်းရေးဘာသာ ပါ ။ အလွန်သိမ်မွေ့တဲ့ ဘာသာပါဆိုပြီး ကြေငြာမောင်း
ခပ် နေကြရာမှ ၊ အိုစာမာ တို့က မြင်မြင်သမျှသတ် ၊ ရက်ရက်စက်စက် သတ်ကွ၊
ဘာသာပြောင်းမလား ၊ မပြောင်းရင် Infidel တွေကို သတ်ဆိုပြီး ကြမ်းပြတော့မှ
မြတ်စွာဘုရား ကယ်ကြပါဦး ဖြစ်ကုန်ရတယ်။ ဒါကြောင့် အစ္စလမ်ဘာသာဝင်
အနေနဲ့ ကြည့်တတ်ရင် ရင်နာစရာပဲ။ ဒိထက် တဆင့်ပို ကြည့်တတ်ရင် အခု
ကမ္ဘာကြီးမှာ အစ္စလမ်ဘာသာ ဆိုတာနဲ့ မယုံကြတော့ဖူး။ မုတ်ဆိတ်မွှေး ၊
ပုသိုင်းမွှေးနဲ့ အစ္စလမ် ပုံတွေ ၊ ခေါင်းပူးခြုံတွေ ပါလာရင် ၊ ခရီးသည်တွေ
ကိုယ်နှိုက် က သံသယ နဲ့ ၀ိုင်းကြည့်နေကြပြီ ၊ ကျုပ်မမောင်းနိုင်ဖူး ဆိုတဲ့
 လေယဉ်မှူးတွေတောင် ပေါ် လာကြပြီ။ ဒါ အိုစာမာ တို့ရဲ့ အစ္စလမ် အကြမ်း
ဖက်တွေကြောင့်ပဲ။ ဒါ အိုစာမာတို့ရဲ့ Extremism က ရလာတဲ့ Negative
effect & Negative Image ပဲလေ။ တနည်းအားဖြင့် ရုပ်ပုံမှန် ကို ပုံဖေါ်
သွားပေးတဲ့ ဥါဏ်ကြီးရှင်ကို ကျေးဇူးတင်ရမှာပါ။"

"ရုပ်မှန်ကို ပုံဖော်သွားပေးတဲ့  ဥါဏ်ကြီးရှင်ကို ကျေးဇူးတင်ရမှာပါ"လို့
ဆိုပြီး အစ္စလာမ်ဘာသာရဲ့ သရုပ်မှန် ဟာ အကြမ်းဖက်မှုဖြစ်တယ်၊
ငြိမ်းချမ်းရေးမဟုတ်ဘူးလို့ ဦးဘိုကျော်ငြိမ်း က တိုက်ရိုက်ကို အသိ
မရှိစွာ ရေးသားသွားတာပါ။ ဦးဘိုကျော်ငြိမ်းသာ တစ်ကယ်စေတနာ
မှန်နဲ့ လေ့လာသုံးသပ်သူ တစ်ဦးဆိုရင် အစ္စလာမ်ဘာသာရဲ့ အုတ်မြစ်
ဖြစ်တဲ့ ကုရ်အာန်ကျမ်း ကို လေ့လာပြီးမှ တစ်စုံတစ်ရာ အထောက်အထား
နဲ့ ရေးမှာဖြစ်ပါတယ်။ အစ္စလာမ်ဘာသာကို မုန်းတီးနေတဲ့သူ တစ်ယောက်
ဖြစ်လို့သာလျှင် စူးစမ်းလေ့လာဆန်းစစ်ခြင်း မပြုဘဲ၊ ဘင်လာဒင်
တို့လို အုပ်စု ကိုသာ ကြည့်ပြီး ငရမန်ကန်းလို တစ်ဖက်လပ်အမြင်နဲ့
ရေးသားဝါဒ ဖြန့်နေတာဖြစ်ပါတယ်။

အများကို ရေးသားဖြန့်ချီတယ် ဆိုရာမှာ ငါထင်တာမြင်တာရေးမယ်၊
လက်ခံချင် လက်ခံ လက်မခံချင်နေ လို့ စိတ်ထားပြီး ရေးလို့မရပါဘူး။
ကလောင်သွား ဟာ ဓားသွားထက် ထက်ပါတယ်။ ကလောင်ဆော့
လိုက်လို့ လူ့အဖွဲ့အစည်းကြီးတွေ clash ဖြစ်သွားနိုင်ပါတယ်။
ဖြစ်ခဲ့တဲ့ သာဓက တွေ အများကြီးပါ။

ကျွန်တော့် အနေနဲ့ တာလီဘန် တွေကိုထောက်ခံရေးမှာ မဟုတ်သလို
ဘင်လာဒင်တို့အဖွဲ့ကို လည်း ပံ့ပိုးရေးမှာမဟုတ်ပါဘူး။ အဲဒီလို မရေး
တာဟာလည်းဘဲ သူတို့ရဲ့လုပ်ရပ်တွေကို လုံးဝဆန့်ကျင်လို့ပါ။
ကျွန်တော် အဲဒီလူဆိုးတွေကို ဆန့်ကျင်ရှုံ့ချရေးပါတယ်။ ဦးဘိုကျော်ငြိမ်း
ကရော ဗလီတွေ ၊ ခရစ်ယျာန် ဘုရားကျောင်းတွေဖျက်စီးနေတဲ့လူတွေ၊
 တောင်ကုတ် မှာ မိုက်ရိုင်းပြခဲ့တဲ့လူတွေနဲ့ ပတ်သက်ပြီးဆန့်ကျင် ရှုံ့ချရေး
ဝံ့ပါသလားခင်ဗျား? ဦးဘိုကျော်ငြိမ်းကတစ်ဖက် ချင်းမိုင်မှာနေပြီး ဘယ်
သူ့မှ မကြောက်ဘူး ဘယ်သူ့မျက်နှာမှမထောက်ဘူး လို့ကြွေးကြော်ဝံ့ရင်၊
ကျွန်တော့်လို မြန်မာပြည်မှာနေထိုင်နေတဲ့ လူကလည်း အမှန်တရားကို
သစ္စာရှိရှိ ရေးသားဖော်ထုတ်ဖို့ဘယ်သူ့မျက်နှာမှ မကြည့်ဘူး၊ ဘယ်သူ့
ကိုမှ မကြောက်ဘူး လို့ပြောလိုပါတယ်။

ဒါပေမဲ့ ကျွန်တော် က အင်တာနက်မှာလွတ်လပ်စွာ တင်ပြနိုင်တာဘဲ
ဆိုပြီး ရေးချင်ရာစွတ်ရေး နားမလည်သူတွေရဲ့ လက်ခုပ်လက်ဝါးသံကို
ပီတိ နဲ့နားဆင် တဲ့ အလုပ်မျိုးကိုဘယ်တော့မှ မလုပ်ပါ။ လုပ်ချင်သူ
တွေလုပ်ကြပါစေ။

"တူမောင်ရဲ့ နံမည်နဲ့ လိုက်ဖက်အောင် သစ္စာရှိနိုင်ပါစေလို့ ဆုတောင်း
လိုက်ပါတယ်" လို့ ဦးဘိုကျော်ငြိမ်း က ရေးထားပါတယ်။ ဗုဒ္ဓဘာသာဝင်
တစ်ယောက်ဖြစ်တဲ့ ဦးဘိုကျော်ငြိမ်း ဟာ ဘယ်သူ့ထံမှာ ဆုတောင်းတာ
လဲ ခင်ဗျာ?

ကျွန်တော် တိုင်းပြည် အပေါ်သစ္စာ မဖောက်ပါဘူး။  လူမျိုးအပေါ်လည်း
သစ္စာမဖောက်ပါဘူး။ တိုင်းသူပြည်သားတွေအပေါ်လည်းသစ္စာမဖောက်
ပါဘူး။ ရဲရင့်သစ္စာ ရဲ့ သစ္စာ ဟာ မွေးရပ်မြေ ဖြစ်တဲ့ ဒီတိုင်းပြည် အပေါ်
ဘဲ တည်နေပါလိမ့်မယ်။ ကောင်းရင်လည်း စံ ပါ့မယ်၊ ဆိုးရင်လည်း ခံ
လိုက်ပါ့မယ်။ ဒီမှာဘဲမွေးတယ်၊ ဒီမှာဘဲ နေတယ်၊ ဒီမှာဘဲ သေမှာပါ။

ဦးဘိုကျော်ငြိမ်း က ကျွန်တော့် ကို ပြန်စာရေးရာမှာ မွတ်စလင်တွေ
ဆန္ဒပြနေတဲ့ ပုံတွေ၊ ကလေးငယ် က ခါးမှာ ဗုံး ပတ်ထားတဲ့
သရုပ်ပုံတွေ စတာတွေပါ တင်ပေးထားပါတယ်။ အဲဒီပုံတွေမှာ
caption ပုံညွှန်းစာတွေ ရေးပြီး ရိထားပါသေးတယ်။ အဲဒီပုံတွေ
ရဲ့နောက်ခံအကြောင်းတရား context တွေ တော့ ဦးဘိုကျော်ငြိမ်း
အကျယ်ရေးပြရဲမယ် မထင်ပါဘူး။ အဲဒါတွေ ကမတရားဖိနှိပ်
ညှင်းပန်း ခံနေရလို့ ပေါ်လာတဲ့ ပုံရိပ်တွေပါ။ Islam will dominate
all ဆိုတာကလည်း သူတို့စိတ်ထဲမှာ ရှိတာကိုပွင့်ပွင့်လင်းလင်းဖော်ပြ
တာပါဘဲ။ မဆန်းပါဘူး။ ဦးဘိုကျော်ငြိမ်းရဲ့ အတွင်းစိတ်ထဲမှာလည်း
တစ်ကမ္ဘာလုံး က လူသားတွေကို ဗုဒ္ဓဘာသာဝင် ဖြစ်စေချင်မှာပါဘဲ။
အခြားဘာသာဝင်တွေ ရဲ့စိတ်ထဲမှာလည်း သူတို့ဘာသာဟာ အားလုံး
ကို dominate ဖြစ်စေချင်မှာပါဘဲ။ မဖြစ်စေချင်ဘူး၊အဲဒီလိုစိတ်ထဲ
မှာမရှိဘူး လို့ပြောသူတွေ ဟာ လူလိမ်လူညာတွေ ဘဲဖြစ်မှာပါ။
ကွာခြားသွားတာ က တော့ ပုံထဲက လူတွေက ရိုးသားပွင့်လင်းလွန်း
နေတာပါဘဲ ခင်ဗျာ။ မိမိ က ပြည်တွင်းမှာနေတာမဟုတ်ဘူးဆိုပြီး
ပြည်တွင်းမှာ နှစ်ပေါင်းများစွာ အေးအတူပူအမျှ နေထိုင်လာခဲ့
တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေကို မီးတောက်
မမွေးပေးပါနဲ့ ခင်ဗျာ။ မီးလောင်ပြီဆိုရင် လူမျိုးဘာသာရွေးလောင်
မှာ မဟုတ်ပါဘူး။ တိုင်းပြည် အတွက် အဝေးက အော်ပြနေရုံ ကလွဲ
လို့ တစ်ခြားဘာမှ မလုပ်နိုင်ရင် တိုင်းပြည်ကို မီးတော့မရှို့ပါနဲ့ခင်ဗျား။
သင့်ကြောင့် မီးမလောင်ပါစေနှင့်။

အချိန် က တော့ ကျွန်တော့် မှာလည်း အပိုမရှိပါဘူး။ ဒါပေမဲ့ အမှန်တရားကို
 ဖော်ထုတ်ဖို့ရာ ဆွေးနွေးဖို့အတွက် ကျွန်တော်အချိန်တွေ လူတွေရွေးမနေတတ်ပါ။
ဦးဘိုကျော်ငြိမ်း ဟာ တစ်ကယ်ဘဲ ဘာသာရေးနဲ့သမိုင်းကို ဆွေးနွေးဝေဖန်
နိုင်တဲ့ သူ တစ်ဦးဖြစ်တယ် ဆိုရင် အစ္စလာမ်ဘာသာရဲ့ primary authentic
teaching ဖြစ်တဲ့ ကုရ်အာန်ကျမ်း ပါ အချက်အလက်တွေကို ထုတ်နှုတ်ပြီး
ဆွေးနွေးဖို့ ကြွလှမ်းနိုင်ပါကြောင်း ရိုသေလေးစားစွာ ပြောကြားလိုပါတယ်
ခင်ဗျား။

ဦးဘိုကျော်ငြိမ်း တစ်ယောက် အစွဲတွေ ဇောတွေ ကင်းပြီး မိမိရဲ့ ကလောင်
နဲ့ လူသားတွေကို အကျိုးပြုနိုင်ပါစေဗျာ။

ရဲရင့်သစ္စာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...